HomeDramaလေးနှစ်အတွင်း ပထမဆုံးဒရာမာအသစ်မှာ သရုပ်ဆောင်တော့မယ့် So Ji Sub 

လေးနှစ်အတွင်း ပထမဆုံးဒရာမာအသစ်မှာ သရုပ်ဆောင်တော့မယ့် So Ji Sub 

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

ပရိသတ်တွေ စောင့်စားနေကြတဲ့ မင်းသားချော So Ji Sub ကတော့ လေးနှစ်မျှ ကြာမြင့်ပြီးနောက်မှာ ဒရာမာအသစ်တစ်ခုကို လက်ခံလိုက်ပြီ ဖြစ်ပါတယ်။

Dr. Lawyer လို့ အမည်ပေးထားတဲ့ ဒရာမာမှာ ခေါင်းဆောင်မင်းသားအဖြစ် ပါဝင်သရုပ်ဆောင်သွားမယ့်အကြောင်း ယနေ့ ဇူလိုင်လ(၅)ရက်နေ့မှာ အတည်ပြုလိုက်တာ ဖြစ်ပါတယ်။ ဒီဇာတ်လမ်းတွဲကတော့ ပါရမီထူးတဲ့ ဆရာဝန်တစ်ယောက်အဖြစ်ကနေ ရှေ့နေအဖြစ် ပြောင်းလဲလိုက်ရတဲ့ လူတစ်ယောက်နဲ့ ဘဝမှာ ခင်တွယ်စရာ လူတစ်ယောက်သာ ရှိပြီး အဲဒီလူကိုလည်း မသင်္ကာစရာကောင်းတဲ့ ခွဲစိတ်မှုမှာ ဆုံးရှုံးလိုက်ရတဲ့ အစိုးရရှေ့နေတစ်ယောက်တို့ရဲ့ ကလဲ့စားချေမယ့် ဇာတ်လမ်း ဖြစ်ပါတယ်။

Photo: sojisubofficial/ Instagram

So Ji Sub ကတော့ Han Yi Han ဆိုတဲ့ ကာရိုက်တာကနေ သရုပ်ဆောင်ရမှာ ဖြစ်ပါတယ်။ Han Yi Han ဟာ ပါရမီထူးတဲ့ ဆရာဝန်တစ်ယောက်ဖြစ်ပြီး နယ်ပယ်နှစ်ခုမှာ ကျွမ်းကျင်သူပါ။ သူဟာ အထွေထွေ ခွဲစိတ်ဆရာဝန်ဖြစ်သလို ရင်ခေါင်းပိုင်းအထူးကု ခွဲစိတ်ဆရာဝန်တစ်ယောက်လည်း ဖြစ်ပါတယ်။

Han Yi Han ဟာ လူကုံထံ အသိုင်းအဝိုင်းက ဆင်းသက်လာသူဖြစ်ပြီး ထိပ်ဆုံးတက္ကသိုလ်က ဘွဲ့နှစ်ခုနဲ့ ဘဝကို အောင်မြင် ကျော်ကြားစွာ ဖြတ်သန်းနေသူပါ။ ဒီလိုနဲ့ တစ်နေ့မှာတော့ သူ့ကိုယ်သူ အကောင်းဆုံး လုပ်လိုက်တယ်လို့ ယုံကြည်ထားပါလျက်နဲ့ သူ တာဝန်ယူ ခွဲစိတ်ပေးလိုက်တဲ့ လူနာဟာ သေဆုံးသွားခဲ့ပါတယ်။ အကျိုးဆက်အနေနဲ့ Han Yi Han ဟာ ဆရာဝန်လိုင်စင်လည်း အသိမ်းခံလိုက်ရပါတယ်။

Photo: sojisubofficial/ Instagram

ဒီမှာတင် သူ့ဘဝကို တဆစ်ချိုး ပြောင်းလဲစေခဲ့တဲ့ ဒီဖြစ်ရပ်ရဲ့ နောက်ကွယ်က မသမာမှုကို စုံစမ်းဖော်ထုတ်ဖို့ ရှေ့နေတစ်ယောက်အဖြစ် ပြောင်းလဲ လုပ်ကိုင်ပါတော့တယ်။ တစ်ဖက်မှာလည်း Han Yi Han ရဲ့ ခွဲစိတ်မှုကြောင့်‌ ဘဝရဲ့ အရေးကြီးဆုံး ပုဂ္ဂိုလ်ကို ဆုံးရှုံးထားရတဲ့ အစိုးရရှေ့နေကလည်း အဲဒီခွဲစိတ်မှုအတွက် အမှန်တရားကို လိုချင်နေပါယ်။ သူတို့နှစ်ယောက် ပူးပေါင်းပြီး တကယ့် ဖြစ်ရပ်မှန်ကို ဖော်ထုတ်ကြတဲ့ ဇာတ်လမ်းကို ကြည့်ရှုရမှာ ဖြစ်ပါတယ်။

ဒီဇာတ်လမ်းတွဲမှာတော့ အပိုင်း(၁၆)ပိုင်း ပါဝင်မှာ ဖြစ်ပြီး ၂၀၂၂ ရဲ့ ပထမနှစ်ဝက်မှာ MBC ရုပ်သံလိုင်းက ထုတ်လွှင့်ပြသဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။

Glasgow

Source: soompi

(Zawgyi Version)

ပရိသတ္ေတြ ေစာင့္စားေနၾကတဲ့ မင္းသားေခ်ာ So Ji Sub ကေတာ့ ေလးႏွစ္မွ် ၾကာျမင့္ၿပီးေနာက္မွာ ဒရာမာအသစ္တစ္ခုကို လက္ခံလိုက္ၿပီ ျဖစ္ပါတယ္။

Dr. Lawyer လို႔ အမည္ေပးထားတဲ့ ဒရာမာမွာ ေခါင္းေဆာင္မင္းသားအျဖစ္ ပါဝင္သ႐ုပ္ေဆာင္သြားမယ့္အေၾကာင္း ယေန႔ ဇူလိုင္လ(၅)ရက္ေန႔မွာ အတည္ျပဳလိုက္တာ ျဖစ္ပါတယ္။ ဒီဇာတ္လမ္းတြဲကေတာ့ ပါရမီထူးတဲ့ ဆရာဝန္တစ္ေယာက္အျဖစ္ကေန ေရွ႕ေနအျဖစ္ ေျပာင္းလဲလိုက္ရတဲ့ လူတစ္ေယာက္နဲ႔ ဘဝမွာ ခင္တြယ္စရာ လူတစ္ေယာက္သာ ရွိၿပီး အဲဒီလူကိုလည္း မသကၤာစရာေကာင္းတဲ့ ခြဲစိတ္မႈမွာ ဆုံးရႈံးလိုက္ရတဲ့ အစိုးရေရွ႕ေနတစ္ေယာက္တို႔ရဲ႕ ကလဲ့စားေခ်မယ့္ ဇာတ္လမ္း ျဖစ္ပါတယ္။

Photo: sojisubofficial/ Instagram

So Ji Sub ကေတာ့ Han Yi Han ဆိုတဲ့ ကာ႐ိုက္တာကေန သ႐ုပ္ေဆာင္ရမွာ ျဖစ္ပါတယ္။ Han Yi Han ဟာ ပါရမီထူးတဲ့ ဆရာဝန္တစ္ေယာက္ျဖစ္ၿပီး နယ္ပယ္ႏွစ္ခုမွာ ကြၽမ္းက်င္သူပါ။ သူဟာ အေထြေထြ ခြဲစိတ္ဆရာဝန္ျဖစ္သလို ရင္ေခါင္းပိုင္းအထူးကု ခြဲစိတ္ဆရာဝန္တစ္ေယာက္လည္း ျဖစ္ပါတယ္။

Han Yi Han ဟာ လူကုံထံ အသိုင္းအဝိုင္းက ဆင္းသက္လာသူျဖစ္ၿပီး ထိပ္ဆုံးတကၠသိုလ္က ဘြဲ႕ႏွစ္ခုနဲ႔ ဘဝကို ေအာင္ျမင္ ေက်ာ္ၾကားစြာ ျဖတ္သန္းေနသူပါ။ ဒီလိုနဲ႔ တစ္ေန႔မွာေတာ့ သူ႔ကိုယ္သူ အေကာင္းဆုံး လုပ္လိုက္တယ္လို႔ ယုံၾကည္ထားပါလ်က္နဲ႔ သူ တာဝန္ယူ ခြဲစိတ္ေပးလိုက္တဲ့ လူနာဟာ ေသဆုံးသြားခဲ့ပါတယ္။ အက်ိဳးဆက္အေနနဲ႔ Han Yi Han ဟာ ဆရာဝန္လိုင္စင္လည္း အသိမ္းခံလိုက္ရပါတယ္။

Photo: sojisubofficial/ Instagram

ဒီမွာတင္ သူ႔ဘဝကို တဆစ္ခ်ိဳး ေျပာင္းလဲေစခဲ့တဲ့ ဒီျဖစ္ရပ္ရဲ႕ ေနာက္ကြယ္က မသမာမႈကို စုံစမ္းေဖာ္ထုတ္ဖို႔ ေရွ႕ေနတစ္ေယာက္အျဖစ္ ေျပာင္းလဲ လုပ္ကိုင္ပါေတာ့တယ္။ တစ္ဖက္မွာလည္း Han Yi Han ရဲ႕ ခြဲစိတ္မႈေၾကာင့္‌ ဘဝရဲ႕ အေရးႀကီးဆုံး ပုဂၢိဳလ္ကို ဆုံးရႈံးထားရတဲ့ အစိုးရေရွ႕ေနကလည္း အဲဒီခြဲစိတ္မႈအတြက္ အမွန္တရားကို လိုခ်င္ေနပါယ္။ သူတို႔ႏွစ္ေယာက္ ပူးေပါင္းၿပီး တကယ့္ ျဖစ္ရပ္မွန္ကို ေဖာ္ထုတ္ၾကတဲ့ ဇာတ္လမ္းကို ၾကည့္ရႈရမွာ ျဖစ္ပါတယ္။

ဒီဇာတ္လမ္းတြဲမွာေတာ့ အပိုင္း(၁၆)ပိုင္း ပါဝင္မွာ ျဖစ္ၿပီး ၂၀၂၂ ရဲ႕ ပထမႏွစ္ဝက္မွာ MBC ႐ုပ္သံလိုင္းက ထုတ္လႊင့္ျပသဖို႔ စီစဥ္ထားတယ္လို႔ သိရပါတယ္။

Glasgow

Source: soompi

RELATED ARTICLES

Most Popular