HomeCelebs Update NewsKoreaမိသားစုလိုက္ အက္ဆစ္နဲ႔ေလာင္းခ်မယ္လို႔ ၿခိမ္းေျခာက္ေငြညွစ္ခံခဲ့ရဖူးတဲ့ Song Hye Kyo

မိသားစုလိုက္ အက္ဆစ္နဲ႔ေလာင္းခ်မယ္လို႔ ၿခိမ္းေျခာက္ေငြညွစ္ခံခဲ့ရဖူးတဲ့ Song Hye Kyo

အောက်တွင် ယူနီကုဒ်ဖြင့် ဖတ်ပါ။

ေလာကႀကီးမွာ ကိုယ့္ဘက္က ဘယ္ေလာက္ေကာင္းေကာင္း၊ ေစတနာ ဘယ္ေလာက္ထားထား၊ ကိုယ့္အေပၚကို နည္းနည္းေလးမွ အားမနာဘဲ ရက္စက္ဖို႔ လက္မရြံ႕တဲ့သူေတြ ရိွေနတတ္ပါတယ္။ ဒါဟာ လူ႔ေလာကကို ေရာက္လာသူတိုင္း ႀကံဳရတတ္တဲ့အရာမ်ိဳးမို႔လို႔ သာမန္လူေသာ၊ နာမည္ႀကီးအေက်ာ္အေမာ္ေသာေတြဆိုၿပီး မျခားနားသြားပါဘူး။ အခုေျပာျပခ်င္တာကေတာ့ ၿခိမ္းေျခာက္အက်ပ္ကိုင္ၿပီး ေငြညွစ္ခံခဲ့ရတဲ့ မင္းသမီးေခ်ာ Song Hye Kyo ရဲ႕အေၾကာင္းပဲ ျဖစ္ပါတယ္။

Song Hye Kyo နဲ႔ သူမရဲ႕မိခင္တို႔ကို သူတို႔နဲ႔အတူတူ အလုပ္လုပ္ခဲ့ဖူးတဲ့ လူတစ္ေယာက္ကပဲ ျပန္ၿပီးၿခိမ္းေျခာက္ကာ ေငြညွစ္ခဲ့တာ ျဖစ္ပါတယ္။ Channel A ရုပ္သံလိုင္းက ထုတ္လႊင့္တဲ့ Rumor Has It အစီအစဥ္မွာေတာ့ Song Hye Kyo ရဲ႕မိခင္ျဖစ္သူဟာ ၂၀၀၅ခုႏွစ္ ဇန္န၀ါရီလတုန္းက ကိုရီးယား၀မ္ သန္း(၂၅၀)ကို ေပးဖို႔ အက်ပ္ကိုင္ထားတဲ့ ၿခိမ္းေျခာက္စာတစ္ခုကို ရရိွခဲ့ဖူးတယ္လို႔ ေဖာ္ျပလာပါတယ္။

Photo: koreaboo

အဆိုပါ ၿခိမ္းေျခာက္စာထဲမွာ အက်ပ္ကိုင္သူဟာ သူေတာင္းထားတဲ့ ပိုက္ဆံကို ေပးရင္ေပး၊ မေပးရင္ ဟိုက္ဒရိုကေလာရစ္အက္ဆစ္ စည္ပိုင္းမ်ားစြာနဲ႔ Hallucinogen လို႔ေခၚတဲ့ စိတ္ေျခာက္ျခားေစတဲ့ ေဆး၀ါးမ်ားစြာကို ျပင္ဆင္ထားၿပီး ျဖစ္လို႔ Song Hye Kyo တို႔မိသားစုရဲ႕ ခႏၶာကိုယ္ေပၚကို ေလာင္းခ်သြားမယ္လို႔ ၿခိမ္းေျခာက္ထားေၾကာင္း ေဖာ္ျပထားပါတယ္။

“က်ဳပ္ဆီကို ၀မ္သန္း(၂၅၀) ပို႔ေပးရင္ေပး။ မပို႔ေပးရင္ ခင္ဗ်ားနဲ႔ ခင္ဗ်ားသမီး Song Hye Kyo ရဲ႕ ခႏၶာကိုယ္ေပၚကို အက္ဆစ္နဲ႔ ေလာင္းခ်မယ္။ ခင္ဗ်ားသမီးရဲ႕ ခႏၶာကိုယ္ေပၚက အသားေတြ အရည္ေပ်ာ္က်ၿပီး ရုပ္ပ်က္ဆင္းပ်က္ ျဖစ္သြားတာကို ခင္ဗ်ားတစ္ဘ၀လုံး ျမင္မသြားခ်င္ဘူးဆိုရင္ ပိုက္ဆံေပးဖို႔ကိစၥကို ေသေသခ်ာခ်ာ စဥ္းစားသင့္တယ္။ ဟိုက္ဒရိုကေလာရစ္အက္ဆစ္ စည္ပိုင္းေတြနဲ႔ စိတ္ေျခာက္ျခားေစတဲ့ေဆးေတြ က်ဳပ္ဆီမွာ အဆင္သင့္ ျပင္ထားၿပီးၿပီ” လို႔ အဆိုပါ ၿခိမ္းေျခာက္သူက ေျပာထားတာပါ။

အဆိုပါ ၿခိမ္းေျခာက္စာကို ရၿပီးၿပီးခ်င္းပဲ Song Hye Kyo ရဲ႕ မိခင္ျဖစ္သူဟာ Song Hye Kyo ကို သူတို႔ရဲ႕ေနအိမ္ထဲကေန ခ်က္ခ်င္းထြက္ခြာခိုင္းၿပီး အျခားတစ္ေနရာကို ေျပာင္းေရႊ႕ခိုင္းကာ ရဲကို သတင္းပို႔၊ အေၾကာင္းၾကားခဲ့တယ္လို႔ ဆိုပါတယ္။

Photo: koreaboo

ရဲေတြရဲ႕ စုံစမ္းစစ္ေဆးမႈေတြ အၿပီးမွာေတာ့ ၿခိမ္းေျခာက္သူဟာ အျခားသူမဟုတ္ဘဲ Song Hye Kyo ရဲ႕ အရင္မန္ေနဂ်ာေဟာင္း ျဖစ္ေနပါတယ္။ အဲ့ဒီ့မန္ေနဂ်ာဟာ Song Hye Kyo အတြက္ သုံးႏွစ္တာ အလုပ္လုပ္ေပးခဲ့ဖူးၿပီး စားအတူ၊ သြားအတူ ေနထိုင္ခဲ့သူလို႔ ဆိုပါတယ္။

ရဲအစီရင္ခံစာအရ ၿခိမ္းေျခာက္သူကို သိလိုက္ရတဲ့အခါ Song Hye Kyo ရဲ႕မိခင္ဟာ မထိန္းႏိုင္မသိမ္းႏိုင္ ၀မ္းနည္းငိုေၾကြးခဲ့တယ္လို႔ သိရပါတယ္။ သူတို႔မိသားစုကို ေငြေၾကးအကူအညီ ေတာင္းခဲ့ဖူးသူကပဲ ဒီလိုလုပ္တာ ျဖစ္ႏိုင္မယ္လို႔ စစခ်င္းကတည္းကပင္ Song Hye Kyo မိခင္က ေတြးထင္ခဲ့မိတယ္လို႔ ဆိုပါတယ္။ သမီးျဖစ္သူရဲ႕ မန္ေနဂ်ာျဖစ္ခဲ့ဖူးသူကိုယ္တိုင္က ဒီလိုလုပ္ရပ္ကို လုပ္ခဲ့တယ္လို႔ စစ္ေဆးသိရိွရတဲ့အခါ “မျဖစ္ႏိုင္ပါဘူး။ ကၽြန္မေတာ့ မယုံႏိုင္ဘူး” လို႔ မိခင္ျဖစ္သူက ျငင္းဆန္ခဲ့ေသးတယ္လို႔လည္း သိရပါတယ္။

တရားသူႀကီးေတြကိုယ္တိုင္က ဒီကိစၥနဲ႔ပတ္သက္လို႔ အ့ံၾသခဲ့ရတယ္လို႔လည္း သိရပါတယ္။ အေၾကာင္းကေတာ့ မင္းသား၊ မင္းသမီးစတဲ့ အေက်ာ္အေမာ္ေတြဟာ သူတို႔ရဲ႕မန္ေနဂ်ာေတြကို တကယ့္ မိသားစု၀င္တစ္ေယာက္လိုပဲ ဆက္ဆံေလ့ရိွၾကၿပီး အတူတူ အလုပ္လုပ္ေလ့ရိွၾကသူေတြ ျဖစ္လို႔ပါပဲ။ မန္ေနဂ်ာေဟာင္းက ဒီလိုက်ဴးလြန္ခဲ့ေပမယ့္ Song Hye Kyo ရဲ႕မိခင္ကေတာ့ သူဒီလိုလုပ္တာ မျဖစ္ႏိုင္ဘူးလို႔ ယုံၾကည္ၿပီး တရားမစြဲခ်င္ဘူးလို႔ ေျပာခဲ့ဖူးေၾကာင္း သိရပါတယ္။

အဆိုပါ မန္ေနဂ်ာျဖစ္သူဟာ Song Hye Kyo ရဲ႕ photo shoot ေတြက ရရိွတဲ့ သူ႔ရဲ႕ေကာ္မရွင္ခေတြကိုလည္း ေအဂ်င္စီကို ျပန္ၿပီးတင္ျပျခင္းမရိွဘဲ သူ႔ဘာသာ သုံးစြဲပစ္ခဲ့တာေၾကာင့္ ေအဂ်င္စီေနကလည္း ထုတ္ပယ္ခံခဲ့ရပါတယ္။ သူဟာ ေအဂ်င္စီကေန အထုတ္ခံခဲ့ရၿပီးေနာက္ ေငြေရးေၾကးေရးအရ ပင္ပန္းခက္ခဲစြာ ရုန္းကန္ခဲ့ရၿပီး လမ္းေပၚမွာ အိပ္စက္ရကာ တစ္ေနရာၿပီးတစ္ေနရာ ေျပာင္းေရႊ႕ရင္း ထြက္ေျပးေနခဲ့ရတယ္လို႔ ဆိုပါတယ္။ အဲ့လို ရုန္းကန္ေနရခ်ိန္မွာ သူအလုပ္လုပ္ေပးခဲ့ဖူးတဲ့ မင္းသမီး Song Hye Kyo ကို သတိရသြားၿပီး ဘယ္လိုေနေနတဲ့အေၾကာင္း ေတြးမိခဲ့တယ္လို႔ ဆိုပါတယ္။ ဒါနဲ႔ပဲ ေနာက္ဆုံးမွာေတာ့ မတတ္သာတဲ့အဆုံး Song Hye Kyo နဲ႔ သူမရဲ႕မိသားစုကိုပါ ၿခိမ္းေျခာက္အက်ပ္ကိုင္ၿပီး ေငြညွစ္ခဲ့တာျဖစ္တယ္လို႔ သိရပါတယ္။

Channel A က ထုတ္လႊင့္ခဲ့တဲ့ full clip video ကိုေတာ့ ေအာက္မွာ ၾကည့္ရႈႏိုင္ပါတယ္။

Xei

Source: koreaboo

(Unicode Version)

လောကကြီးမှာ ကိုယ့်ဘက်က ဘယ်လောက်ကောင်းကောင်း၊ စေတနာ ဘယ်လောက်ထားထား၊ ကိုယ့်အပေါ်ကို နည်းနည်းလေးမှ အားမနာဘဲ ရက်စက်ဖို့ လက်မရွံ့တဲ့သူတွေ ရှိနေတတ်ပါတယ်။ ဒါဟာ လူ့လောကကို ရောက်လာသူတိုင်း ကြုံရတတ်တဲ့အရာမျိုးမို့လို့ သာမန်လူသော၊ နာမည်ကြီးအကျော်အမော်သောတွေဆိုပြီး မခြားနားသွားပါဘူး။ အခုပြောပြချင်တာကတော့ ခြိမ်းခြောက်အကျပ်ကိုင်ပြီး ငွေညှစ်ခံခဲ့ရတဲ့ မင်းသမီးချော Song Hye Kyo ရဲ့အကြောင်းပဲ ဖြစ်ပါတယ်။

Song Hye Kyo နဲ့ သူမရဲ့မိခင်တို့ကို သူတို့နဲ့အတူတူ အလုပ်လုပ်ခဲ့ဖူးတဲ့ လူတစ်ယောက်ကပဲ ပြန်ပြီးခြိမ်းခြောက်ကာ ငွေညှစ်ခဲ့တာ ဖြစ်ပါတယ်။ Channel A ရုပ်သံလိုင်းက ထုတ်လွှင့်တဲ့ Rumor Has It အစီအစဉ်မှာတော့ Song Hye Kyo ရဲ့မိခင်ဖြစ်သူဟာ ၂၀၀၅ခုနှစ် ဇန်နဝါရီလတုန်းက ကိုရီးယားဝမ် သန်း(၂၅၀)ကို ပေးဖို့ အကျပ်ကိုင်ထားတဲ့ ခြိမ်းခြောက်စာတစ်ခုကို ရရှိခဲ့ဖူးတယ်လို့ ဖော်ပြလာပါတယ်။

Photo: koreaboo

အဆိုပါ ခြိမ်းခြောက်စာထဲမှာ အကျပ်ကိုင်သူဟာ သူတောင်းထားတဲ့ ပိုက်ဆံကို ပေးရင်ပေး၊ မပေးရင် ဟိုက်ဒရိုကလောရစ်အက်ဆစ် စည်ပိုင်းများစွာနဲ့ Hallucinogen လို့ခေါ်တဲ့ စိတ်ခြောက်ခြားစေတဲ့ ဆေးဝါးများစွာကို ပြင်ဆင်ထားပြီး ဖြစ်လို့ Song Hye Kyo တို့မိသားစုရဲ့ ခန္ဓာကိုယ်ပေါ်ကို လောင်းချသွားမယ်လို့ ခြိမ်းခြောက်ထားကြောင်း ဖော်ပြထားပါတယ်။

“ကျုပ်ဆီကို ဝမ်သန်း(၂၅၀) ပို့ပေးရင်ပေး။ မပို့ပေးရင် ခင်ဗျားနဲ့ ခင်ဗျားသမီး Song Hye Kyo ရဲ့ ခန္ဓာကိုယ်ပေါ်ကို အက်ဆစ်နဲ့ လောင်းချမယ်။ ခင်ဗျားသမီးရဲ့ ခန္ဓာကိုယ်ပေါ်က အသားတွေ အရည်ပျော်ကျပြီး ရုပ်ပျက်ဆင်းပျက် ဖြစ်သွားတာကို ခင်ဗျားတစ်ဘဝလုံး မြင်မသွားချင်ဘူးဆိုရင် ပိုက်ဆံပေးဖို့ကိစ္စကို သေသေချာချာ စဉ်းစားသင့်တယ်။ ဟိုက်ဒရိုကလောရစ်အက်ဆစ် စည်ပိုင်းတွေနဲ့ စိတ်ခြောက်ခြားစေတဲ့ဆေးတွေ ကျုပ်ဆီမှာ အဆင်သင့် ပြင်ထားပြီးပြီ” လို့ အဆိုပါ ခြိမ်းခြောက်သူက ပြောထားတာပါ။

အဆိုပါ ခြိမ်းခြောက်စာကို ရပြီးပြီးချင်းပဲ Song Hye Kyo ရဲ့ မိခင်ဖြစ်သူဟာ Song Hye Kyo ကို သူတို့ရဲ့နေအိမ်ထဲကနေ ချက်ချင်းထွက်ခွာခိုင်းပြီး အခြားတစ်နေရာကို ပြောင်းရွှေ့ခိုင်းကာ ရဲကို သတင်းပို့၊ အကြောင်းကြားခဲ့တယ်လို့ ဆိုပါတယ်။

Photo: koreaboo

ရဲတွေရဲ့ စုံစမ်းစစ်ဆေးမှုတွေ အပြီးမှာတော့ ခြိမ်းခြောက်သူဟာ အခြားသူမဟုတ်ဘဲ Song Hye Kyo ရဲ့ အရင်မန်နေဂျာဟောင်း ဖြစ်နေပါတယ်။ အဲ့ဒီ့မန်နေဂျာဟာ Song Hye Kyo အတွက် သုံးနှစ်တာ အလုပ်လုပ်ပေးခဲ့ဖူးပြီး စားအတူ၊ သွားအတူ နေထိုင်ခဲ့သူလို့ ဆိုပါတယ်။

ရဲအစီရင်ခံစာအရ ခြိမ်းခြောက်သူကို သိလိုက်ရတဲ့အခါ Song Hye Kyo ရဲ့မိခင်ဟာ မထိန်းနိုင်မသိမ်းနိုင် ဝမ်းနည်းငိုကြွေးခဲ့တယ်လို့ သိရပါတယ်။ သူတို့မိသားစုကို ငွေကြေးအကူအညီ တောင်းခဲ့ဖူးသူကပဲ ဒီလိုလုပ်တာ ဖြစ်နိုင်မယ်လို့ စစချင်းကတည်းကပင် Song Hye Kyo မိခင်က တွေးထင်ခဲ့မိတယ်လို့ ဆိုပါတယ်။ သမီးဖြစ်သူရဲ့ မန်နေဂျာဖြစ်ခဲ့ဖူးသူကိုယ်တိုင်က ဒီလိုလုပ်ရပ်ကို လုပ်ခဲ့တယ်လို့ စစ်ဆေးသိရှိရတဲ့အခါ “မဖြစ်နိုင်ပါဘူး။ ကျွန်မတော့ မယုံနိုင်ဘူး” လို့ မိခင်ဖြစ်သူက ငြင်းဆန်ခဲ့သေးတယ်လို့လည်း သိရပါတယ်။

တရားသူကြီးတွေကိုယ်တိုင်က ဒီကိစ္စနဲ့ပတ်သက်လို့ အံ့သြခဲ့ရတယ်လို့လည်း သိရပါတယ်။ အကြောင်းကတော့ မင်းသား၊ မင်းသမီးစတဲ့ အကျော်အမော်တွေဟာ သူတို့ရဲ့မန်နေဂျာတွေကို တကယ့် မိသားစုဝင်တစ်ယောက်လိုပဲ ဆက်ဆံလေ့ရှိကြပြီး အတူတူ အလုပ်လုပ်လေ့ရှိကြသူတွေ ဖြစ်လို့ပါပဲ။ မန်နေဂျာဟောင်းက ဒီလိုကျူးလွန်ခဲ့ပေမယ့် Song Hye Kyo ရဲ့မိခင်ကတော့ သူဒီလိုလုပ်တာ မဖြစ်နိုင်ဘူးလို့ ယုံကြည်ပြီး တရားမစွဲချင်ဘူးလို့ ပြောခဲ့ဖူးကြောင်း သိရပါတယ်။

အဆိုပါ မန်နေဂျာဖြစ်သူဟာ Song Hye Kyo ရဲ့ photo shoot တွေက ရရှိတဲ့ သူ့ရဲ့ကော်မရှင်ခတွေကိုလည်း အေဂျင်စီကို ပြန်ပြီးတင်ပြခြင်းမရှိဘဲ သူ့ဘာသာ သုံးစွဲပစ်ခဲ့တာကြောင့် အေဂျင်စီနေကလည်း ထုတ်ပယ်ခံခဲ့ရပါတယ်။ သူဟာ အေဂျင်စီကနေ အထုတ်ခံခဲ့ရပြီးနောက် ငွေရေးကြေးရေးအရ ပင်ပန်းခက်ခဲစွာ ရုန်းကန်ခဲ့ရပြီး လမ်းပေါ်မှာ အိပ်စက်ရကာ တစ်နေရာပြီးတစ်နေရာ ပြောင်းရွှေ့ရင်း ထွက်ပြေးနေခဲ့ရတယ်လို့ ဆိုပါတယ်။ အဲ့လို ရုန်းကန်နေရချိန်မှာ သူအလုပ်လုပ်ပေးခဲ့ဖူးတဲ့ မင်းသမီး Song Hye Kyo ကို သတိရသွားပြီး ဘယ်လိုနေနေတဲ့အကြောင်း တွေးမိခဲ့တယ်လို့ ဆိုပါတယ်။ ဒါနဲ့ပဲ နောက်ဆုံးမှာတော့ မတတ်သာတဲ့အဆုံး Song Hye Kyo နဲ့ သူမရဲ့မိသားစုကိုပါ ခြိမ်းခြောက်အကျပ်ကိုင်ပြီး ငွေညှစ်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

Channel A က ထုတ်လွှင့်ခဲ့တဲ့ full clip video ကိုတော့ အောက်မှာ ကြည့်ရှုနိုင်ပါတယ်။

Xei

Source: koreaboo

 

RELATED ARTICLES

Most Popular