HomeCelebs Update NewsKoreaေကာလာဟလနဲ႔ သတင္းအမွား လိုက္ျဖန္႔ေနသူေတြကို တရားစြဲေတာ့မယ့္ Song Hye Kyo

ေကာလာဟလနဲ႔ သတင္းအမွား လိုက္ျဖန္႔ေနသူေတြကို တရားစြဲေတာ့မယ့္ Song Hye Kyo

အောက်တွင် ယူနီကုဒ်ဖြင့် ဖတ်ပါ။

Song Hye Kyo ဟာ ေကာလာဟလေတြနဲ႔ သတင္းအမွားေတြကို ရည္ရြယ္ခ်က္ရိွရိွ လိုက္လံျဖန္႔ျဖဴးေနသူေတြကို တရားဥပေဒအရ အေရးယူႏိုင္ဖို႔ ျပဳလုပ္ထားတယ္လို႔ သိရပါတယ္။ Song Hye Kyo ရဲ႕ ေအဂ်င္စီ UAA က တရား၀င္ထုတ္ျပန္ေၾကျငာခ်က္အရ ယင္းကဲ့သို႔ ျပဳလုပ္ေနသူေတြကို တရား၀င္အသိေပး အေၾကာင္းၾကားၿပီး တရားဥပေဒအရ ဆက္လက္အေရးယူ ေဆာင္ရြက္သြားမယ္လို႔ သိရပါတယ္။

“သတင္းအမွား ျဖန္႔ခ်ိသူေတြ၊ ဂုဏ္သေရညိဳးႏြမ္းေအာင္ စြပ္စြဲခ်က္အတုေတြ လိုက္လံဖန္တီးေနမႈေတြအတြက္ သံသယရိွသူေတြကို ဇူလိုင္လ(၂၅)ရက္ေန႔က Bundang ရဲစခန္းမွာ အမႈဖြင့္ထားပါတယ္” လို႔ Song Hye Kyo ရဲ႕ေအဂ်င္စီ UAA က ေၾကျငာခ်က္ ထုတ္ျပန္ထားပါတယ္။

https://www.instagram.com/p/BwjSJiRnQlJ/

Song Hye Kyo ဟာ Song Joong Ki နဲ႔ ကြာရွင္းျပတ္စဲတဲ့သတင္းကို တရား၀င္ထုတ္ျပန္လိုက္ၿပီးကတည္းက ေကာလာဟလေပါင္းစုံနဲ႔ စြပ္စြဲျပစ္တင္တာေတြကို ခံစားေနရတာပါ။ Song Hye Kyo နဲ႔ ပတ္သက္တဲ့ သတင္းအေၾကာင္းအရာတစ္ခု မီဒီယာေတြေပၚ တက္လာၿပီဆိုတာနဲ႔ သူမရဲ႕ ကြာရွင္းျပတ္စဲမႈနဲ႔ ပတ္သက္တဲ့ လုပ္ႀကံဇာတ္လမ္းေတြကို အဲ့ဒီ့ပို႔စ္ေတြေအာက္မွာ လိုက္ေရးေနၾကတယ္လို႔ သိရၿပီး အခ်ိဳ႕ေတြဆိုရင္ Song Hye Kyo ကို အႏၱရာယ္ေပးခ်င္တဲ့ အဓိပၸါယ္ပါ၀င္တဲ့ comment ေတြကိုပါ ေရးေနၾကတယ္လို႔ သိရပါတယ္။ အခ်ိဳ႕ေသာ အြန္လိုင္းအဖြဲ႕အစည္းေတြကေတာ့ Song-Song စုံတြဲ ကြာရွင္းရတဲ့ အေၾကာင္းရင္းဆိုၿပီး သတင္းအမွားေတြကိုပါ ျဖန္႔ခ်ိေနတာေတြ ေတြ႕လာရတယ္လို႔ ဆိုပါတယ္။

Song Hye Kyo ဟာ ကြာရွင္းျပတ္စဲေၾကာင္း တရား၀င္ထုတ္ျပန္ၿပီးတဲ့ ေနာက္တစ္ရက္ ဇြန္လ(၂၈)ရက္ေန႔ကတည္းက Kim & Change လို႔ အမည္ရတဲ့ ေရွ႕ေနကုမၸဏီကေန ေရွ႕ေနတစ္ေယာက္ ငွားရမ္းထားၿပီးသားျဖစ္ၿပီး အဆိုပါ ေကာလာဟလေတြကို ေျဖရွင္းဖို႔ တိတ္တဆိတ္ ျပင္ဆင္ေနခဲ့တယ္လို႔ သိရပါတယ္။ တစ္လခန္႔ သက္ေသအေထာက္အထားေတြကို ရွာေဖြစုေဆာင္းၿပီးေနာက္ ဇူလိုင္လ(၂၅)ရက္ေန႔မွာေတာ့ သံသယရိွသူမ်ားစြာ ေပၚထြက္လာခဲ့တယ္လို႔ သိရပါတယ္။

https://www.instagram.com/p/BuN-XGInig_/

“အႏၱရာယ္ျဖစ္ေစႏိုင္တဲ့ လုပ္ရပ္ေတြ၊ သတင္းအမွား ျဖန္႔ခ်ိမႈေတြနဲ႔ Song Hye Kyo ရဲ႕ ဂုဏ္သေရညိဳးႏြမ္းေအာင္ ျပဳလုပ္မႈေတြနဲ႔ ပတ္သက္ၿပီး သက္ေသအေထာက္အထားေတြ စုေဆာင္းထားၿပီး သံသယရိွသူေတြကို Bundang ရဲစခန္းမွာ အမႈဖြင့္တိုင္ၾကားထားပါတယ္။ က်န္ရိွေနတဲ့ အြန္လိုင္းအဖြဲ႕အစည္းေတြ၊ မွတ္ခ်က္ေရးသားသူေတြနဲ႔ YouTuber ေတြကိုေတာ့ သက္ေသအေထာက္အထားေတြ စုေဆာင္းၿပီးတာနဲ႔ ျပစ္မႈေျမာက္ေၾကာင္း တရားစြဲဆိုမႈေတြကို ျပဳလုပ္သြားဖို႔ ကၽြန္ေတာ္တို႔ ကုမၸဏီက စီစဥ္ေနပါတယ္” လို႔ Song Hye Kyo ရဲ႕ ကိုယ္စားလွယ္ေရွ႕ေနက ေျပာၾကားသြားပါတယ္။

ဆက္လက္ၿပီး ကိုယ္စားလွယ္ေရွ႕ေနက “Song Hye Kyo နဲ႔ ပတ္သက္တဲ့ ေကာလာဟလေတြ၊ မဟုတ္မမွန္ ေျပာဆိုမႈေတြ၊ စိတ္ေတာင္ကူးလို႔မေကာင္းတဲ့ ဇာတ္လမ္းေတြကို လုပ္ႀကံဖန္တီးၿပီး ျဖန္႔ျဖဴးတာေတြက ျဖစ္ေနတုန္းပါပဲ။ ဒါဟာ ဆိုရွယ္မီဒီယာရဲ႕ သည္းခံရမယ့္အတိုင္းအတာကို ေက်ာ္လြန္သြားရုံတင္မက Song Hye Kyo အတြက္လည္း သည္းမခံႏိုင္ေလာက္တဲ့ ၀မ္းနည္းနာက်င္မႈကို ျဖစ္ေစပါတယ္”လို႔ ရွင္းျပထားပါတယ္။

စကားလုံးေပါင္းေျမာက္မ်ားစြာနဲ႔ လူတစ္ေယာက္ရဲ႕စိတ္ကို နာက်င္ရေအာင္၊ ဂုဏ္က်က္သေရ ထိခိုက္ရေအာင္ က်ဴးလြန္ထားသူေတြနဲ႔ ဆက္လက္ၿပီး က်ဴးလြန္ေနဆဲသူေတြအားလုံးကို ဘယ္လိုညိွႏိႈင္းမႈမ်ိဳးနဲ႔မွ လက္မခံဘဲ ဥပေဒလမ္းေၾကာင္းအတိုင္း တင္းတင္းၾကပ္ၾကပ္ ေဆာင္ရြက္သြားမွာ ျဖစ္တယ္လို႔ အဆိုပါ ကိုယ္စားလွယ္ေရွ႕ေနက ထပ္ေလာင္းရွင္းလင္းသြားခဲ့ပါေသးတယ္။

Xei

Ref: koreaboo

(Unicode Version)

Song Hye Kyo ဟာ ကောလာဟလတွေနဲ့ သတင်းအမှားတွေကို ရည်ရွယ်ချက်ရှိရှိ လိုက်လံဖြန့်ဖြူးနေသူတွေကို တရားဥပဒေအရ အရေးယူနိုင်ဖို့ ပြုလုပ်ထားတယ်လို့ သိရပါတယ်။ Song Hye Kyo ရဲ့ အေဂျင်စီ UAA က တရားဝင်ထုတ်ပြန်ကြေငြာချက်အရ ယင်းကဲ့သို့ ပြုလုပ်နေသူတွေကို တရားဝင်အသိပေး အကြောင်းကြားပြီး တရားဥပဒေအရ ဆက်လက်အရေးယူ ဆောင်ရွက်သွားမယ်လို့ သိရပါတယ်။

“သတင်းအမှား ဖြန့်ချိသူတွေ၊ ဂုဏ်သရေညိုးနွမ်းအောင် စွပ်စွဲချက်အတုတွေ လိုက်လံဖန်တီးနေမှုတွေအတွက် သံသယရှိသူတွေကို ဇူလိုင်လ(၂၅)ရက်နေ့က Bundang ရဲစခန်းမှာ အမှုဖွင့်ထားပါတယ်” လို့ Song Hye Kyo ရဲ့အေဂျင်စီ UAA က ကြေငြာချက် ထုတ်ပြန်ထားပါတယ်။

https://www.instagram.com/p/BwjSJiRnQlJ/

Song Hye Kyo ဟာ Song Joong Ki နဲ့ ကွာရှင်းပြတ်စဲတဲ့သတင်းကို တရားဝင်ထုတ်ပြန်လိုက်ပြီးကတည်းက ကောလာဟလပေါင်းစုံနဲ့ စွပ်စွဲပြစ်တင်တာတွေကို ခံစားနေရတာပါ။ Song Hye Kyo နဲ့ ပတ်သက်တဲ့ သတင်းအကြောင်းအရာတစ်ခု မီဒီယာတွေပေါ် တက်လာပြီဆိုတာနဲ့ သူမရဲ့ ကွာရှင်းပြတ်စဲမှုနဲ့ ပတ်သက်တဲ့ လုပ်ကြံဇာတ်လမ်းတွေကို အဲ့ဒီ့ပို့စ်တွေအောက်မှာ လိုက်ရေးနေကြတယ်လို့ သိရပြီး အချို့တွေဆိုရင် Song Hye Kyo ကို အန္တရာယ်ပေးချင်တဲ့ အဓိပ္ပါယ်ပါဝင်တဲ့ comment တွေကိုပါ ရေးနေကြတယ်လို့ သိရပါတယ်။ အချို့သော အွန်လိုင်းအဖွဲ့အစည်းတွေကတော့ Song-Song စုံတွဲ ကွာရှင်းရတဲ့ အကြောင်းရင်းဆိုပြီး သတင်းအမှားတွေကိုပါ ဖြန့်ချိနေတာတွေ တွေ့လာရတယ်လို့ ဆိုပါတယ်။

Song Hye Kyo ဟာ ကွာရှင်းပြတ်စဲကြောင်း တရားဝင်ထုတ်ပြန်ပြီးတဲ့ နောက်တစ်ရက် ဇွန်လ(၂၈)ရက်နေ့ကတည်းက Kim & Change လို့ အမည်ရတဲ့ ရှေ့နေကုမ္ပဏီကနေ ရှေ့နေတစ်ယောက် ငှားရမ်းထားပြီးသားဖြစ်ပြီး အဆိုပါ ကောလာဟလတွေကို ဖြေရှင်းဖို့ တိတ်တဆိတ် ပြင်ဆင်နေခဲ့တယ်လို့ သိရပါတယ်။ တစ်လခန့် သက်သေအထောက်အထားတွေကို ရှာဖွေစုဆောင်းပြီးနောက် ဇူလိုင်လ(၂၅)ရက်နေ့မှာတော့ သံသယရှိသူများစွာ ပေါ်ထွက်လာခဲ့တယ်လို့ သိရပါတယ်။

https://www.instagram.com/p/BuN-XGInig_/

“အန္တရာယ်ဖြစ်စေနိုင်တဲ့ လုပ်ရပ်တွေ၊ သတင်းအမှား ဖြန့်ချိမှုတွေနဲ့ Song Hye Kyo ရဲ့ ဂုဏ်သရေညိုးနွမ်းအောင် ပြုလုပ်မှုတွေနဲ့ ပတ်သက်ပြီး သက်သေအထောက်အထားတွေ စုဆောင်းထားပြီး သံသယရှိသူတွေကို Bundang ရဲစခန်းမှာ အမှုဖွင့်တိုင်ကြားထားပါတယ်။ ကျန်ရှိနေတဲ့ အွန်လိုင်းအဖွဲ့အစည်းတွေ၊ မှတ်ချက်ရေးသားသူတွေနဲ့ YouTuber တွေကိုတော့ သက်သေအထောက်အထားတွေ စုဆောင်းပြီးတာနဲ့ ပြစ်မှုမြောက်ကြောင်း တရားစွဲဆိုမှုတွေကို ပြုလုပ်သွားဖို့ ကျွန်တော်တို့ ကုမ္ပဏီက စီစဉ်နေပါတယ်” လို့ Song Hye Kyo ရဲ့ ကိုယ်စားလှယ်ရှေ့နေက ပြောကြားသွားပါတယ်။

ဆက်လက်ပြီး ကိုယ်စားလှယ်ရှေ့နေက “Song Hye Kyo နဲ့ ပတ်သက်တဲ့ ကောလာဟလတွေ၊ မဟုတ်မမှန် ပြောဆိုမှုတွေ၊ စိတ်တောင်ကူးလို့မကောင်းတဲ့ ဇာတ်လမ်းတွေကို လုပ်ကြံဖန်တီးပြီး ဖြန့်ဖြူးတာတွေက ဖြစ်နေတုန်းပါပဲ။ ဒါဟာ ဆိုရှယ်မီဒီယာရဲ့ သည်းခံရမယ့်အတိုင်းအတာကို ကျော်လွန်သွားရုံတင်မက Song Hye Kyo အတွက်လည်း သည်းမခံနိုင်လောက်တဲ့ ဝမ်းနည်းနာကျင်မှုကို ဖြစ်စေပါတယ်”လို့ ရှင်းပြထားပါတယ်။

စကားလုံးပေါင်းမြောက်များစွာနဲ့ လူတစ်ယောက်ရဲ့စိတ်ကို နာကျင်ရအောင်၊ ဂုဏ်ကျက်သရေ ထိခိုက်ရအောင် ကျူးလွန်ထားသူတွေနဲ့ ဆက်လက်ပြီး ကျူးလွန်နေဆဲသူတွေအားလုံးကို ဘယ်လိုညှိနှိုင်းမှုမျိုးနဲ့မှ လက်မခံဘဲ ဥပဒေလမ်းကြောင်းအတိုင်း တင်းတင်းကြပ်ကြပ် ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ အဆိုပါ ကိုယ်စားလှယ်ရှေ့နေက ထပ်လောင်းရှင်းလင်းသွားခဲ့ပါသေးတယ်။

Xei

Ref: koreaboo

RELATED ARTICLES

Most Popular