HomeCelebs Update NewsKoreaမူလတုန်းက Kim Jong Kook နဲ့ပြောရတဲ့ love line တွေကို မုန်းတီးခဲ့တယ်ဆိုတဲ့ Song Ji Hyo

မူလတုန်းက Kim Jong Kook နဲ့ပြောရတဲ့ love line တွေကို မုန်းတီးခဲ့တယ်ဆိုတဲ့ Song Ji Hyo

မင်းသမီးချော Song Ji Hyo ကတော့ မကြာသေးခင်ကပဲ သူမနဲ့ Kim Jong Kook ကြားက love line တွေနဲ့ ပတ်သက်ပြီး သူမရဲ့တကယ့်စိတ်ရင်းကို ပြောပြခဲ့သလို date လုပ်တာ၊ လက်ထပ်တာတွေနဲ့ ပတ်သက်ပြီးတော့လည်း သူမရဲ့အမြင်တွေကို ပြောပြခဲ့ပါတယ်။

Song Ji Hyo ဟာ မေလ(၁၀)ရက်နေ့မှာ MBC က ထုတ်လွှင့်တဲ့ Every1’s Tteokbokki Brothers အစီအစဉ်ကို ဧည့်သည်အဖြစ် လာရောက်ခဲ့စဉ်က အခုလို ပြောသွားတာ ဖြစ်ပါတယ်။ ဒီအစီအစဉ်ကတော့ သူမနဲ့အတူ Running Man အဖွဲ့ဝင်ဖြစ်တဲ့ Ji Suk Jin က host အဖြစ် ဆောင်ရွက်ထားတာ ဖြစ်ပါတယ်။

Photo via soompi

အဲဒီအစီအစဉ်မှာပဲ Song Ji Hyo ဟာ Running Man မှာ Kim Jong Kook နဲ့ ပြောရတဲ့ love line တွေနဲ့ ပတ်သက်ပြီး သူမရဲ့စိတ်ရင်းအမှန်ကို ဖွင့်ဟဝန်ခံသွားတာ ဖြစ်ပါတယ်။ “အမှန်အတိုင်း ပြောရရင် အစတုန်းက အဲဒါတွေပြောရတာ အရမ်းမုန်းခဲ့တာ။ ကျွန်မတို့ ဒါချည်း မလုပ်ဘဲနေရအောင်လို့ အစ်ကို Jong Kook ကိုတောင် သွားပြောခဲ့ဖူးသေးတယ် …” လို့ Ji Hyo က ဆိုပါတယ်။

တကယ်တော့ Ji Hyo ဟာ Kim Jong Kook နဲ့မတိုင်ခင်မှာ အဖွဲ့ဝင်ဟောင်း Gary နဲ့ love line တွေ ပြောခဲ့ရတာ ဖြစ်ပါတယ်။ သူတို့နှစ်ယောက်ကတော့ Monday Couple တွေလို့ပါ လူသိများတာ ဖြစ်ပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့လည်း Ji Hyo က ပြောပြထားပါသေးတယ်။

Photo via soompi

“အစ်ကို Gary နဲ့လည်း love line တွေ ပြောခဲ့ရတယ်။ သူထွက်သွားပြီး နောက်ပိုင်းကျတော့ ရုတ်တရက်ကြီး ကျွန်မက အစ်ကို Jong Kook နဲ့ အဲဒါတွေ ပြောရပြန်ရော။ ကျွန်မကိုယ့်ကိုယ်ကို ယောက်ျားနှစ်ယောက်နဲ့ love line တွေ ပြောရတဲ့သူအဖြစ် ခွင့်မပြုနိုင်ဘူးလေ။ ကျွန်မ အရမ်းမုန်းခဲ့တာ အဲဒါကြီးကို။ အဲဒါကြောင့် အစ်ကို Jong Kook ကိုတောင် သွားပြောခဲ့သေးတာ …” လို့ ဆိုပါတယ်။

“ဒါပေမယ့် တစ်နေ့ကျတော့ ကျွန်မတို့ရဲ့ love line တွေအပေါ် တုံ့ပြန်ချက်တွေကို တွေ့လိုက်မိတယ်။ လူတွေရဲ့ တုံ့ပြန်မှုက အဆင်ပြေတယ်။ အဲဒါနဲ့ တွေးမိတာ။ ငါ လုပ်လိုက်ရင် ကောင်းပါမလားပေါ့။ ဒါပေမယ့် အခုကျတော့ လူတွေက ကျွန်မတို့ကို ဒီလိုလေးတွေ များများလုပ်ပေးဖို့ တောင်းဆိုနေကြတယ်လေ …” လို့ သူမက ရယ်မောလျက် ပြောပြထားပါတယ်။

Photo via soompi

အရင်တုန်းကတော့ Ji Suk Jin ဟာ တကယ်လို့ Ji Hyo နဲ့ Jong Kook တို့နှစ်ယောက်သာ လက်ထပ်ဖြစ်ကြမယ်ဆိုရင် သူပိုင်ဆိုင်သမျှ အားလုံးကို ပေးမယ်လို့ ပြောခဲ့ဖူးတာ ရှိပါတယ်။ အဲဒီကမ်းလှမ်းချက်ဟာ အခုထိ ရဦးမလားလို့ သူ့ကို ပြန်လည် မေးမြန်းတဲ့အခါမှာတော့ “မရတော့ပါဘူး”လို့ Ji Suk Jin က အရွှန်းဖောက်ပြီး ပြန်ပြောထားပါတယ်။

ဒါ့အပြင် Kim Jong Kook နဲ့ အခုလို love line တွေ ပြောရ၊ ရိုက်ကူးရေးတွေ လုပ်ရတဲ့အပေါ် ရင်ခုန်မိတာမျိုး ရှိသလားလို့ Ji Hyo ကို မေးမြန်းတဲ့အခါမှာတော့ “မရှိပါဘူး …”လို့ ပြန်ဖြေထားပါတယ်။ သူမရဲ့ ပြောကြားချက်အရ သူမ ကြိုက်နှစ်သက်တဲ့ ပုံစံဟာ Kim Jong Kook နဲ့ ဆန့်ကျင်ဘက်ပုံစံ ဖြစ်တယ်လို့ ဆိုပါတယ်။

“ကျွန်မက ဗိုက်လေး နည်းနည်းရွှဲနေတဲ့ လူမျိုးကို သဘောကျတယ်။ Winnie the Pooh လိုမျိုးပေါ့ …” လို့ သူမက ဆိုပါတယ်။

Vancouver

Source: soompi

RELATED ARTICLES

Most Popular