HomeCelebs Update NewsKoreaဖြိုချဖျက်ဆီးခံရတော့မယ့် Song Song စုံတွဲရဲ့ မင်္ဂလာဦးနေအိမ်

ဖြိုချဖျက်ဆီးခံရတော့မယ့် Song Song စုံတွဲရဲ့ မင်္ဂလာဦးနေအိမ်

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ဖတ္ပါ။

Song Joong Ki နဲ့ Song Hye Kyo တို့ မင်္ဂလာဦးက နေထိုင်ခဲ့ကြတဲ့အိမ်ကို ဖြိုချဖျက်ဆီးပစ်တော့မယ်လို့ သိရပါတယ်။

ဟောင်ကောင်အခြေစိုက် သတင်းဌာနတစ်ခုဖြစ်တဲ့ South China Morning Post ရဲ့ ဖော်ပြချက်အရ Song Song စုံတွဲ မင်္ဂလာဆောင်ပြီးကာစက နေထိုင်ခဲ့တဲ့ မင်္ဂလာဦးအိမ်ကို ဖျက်ဆီးပစ်တော့မယ်လို့ သိလိုက်ရပါတယ်။ အဆိုပါအိမ်ကို ကိုရီးယား ဝမ်(၁၀)ဘီလျံနဲ့ Song Joong Ki က ဝယ်ပေးခဲ့တာဖြစ်ပြီး ဒေါ်လာနဲ့တွက်မယ်ဆိုရင်တော့ အမေရိကန်ဒေါ်လာ (၈)သန်းကျော် တန်ကြေးရှိပါတယ်။ အိမ်ကို ဖျက်မယ့်အစီအစဉ်ကတော့ ပြီးခဲ့တဲ့လက စတင်တယ်လို့ ဆိုပါတယ်။

အဆိုပါနေအိမ်ကို ဖြိုချဖျက်ဆီးပစ်ပြီး အဆောက်အဦးအသစ် ပြန်လည်တည်ဆောက်မှာဖြစ်တယ်လို့လည်း ဆိုပါတယ်။ အသစ်ပြန်ဆောက်မယ့် နေအိမ်မှာတော့ အလွှာပေါင်းငါးလွှာ ပါဝင်မှာဖြစ်ပြီး မြေအောက်မှာ အလွှာနှစ်လွှာနဲ့ မြေပေါ်မှာ သုံးလွှာ တည်ဆောက်မှာဖြစ်ပါတယ်။ နေအိမ်သစ် တည်ဆောက်မှုကိုတော့ လာမယ့် ၂၀၂၁ခုနှစ် ဇွန်လမှာ အချောသတ် ပြီးစီးဖို့ လျာထားတယ်လို့ သိရပါတယ်။

Photo via koreaboo

South China Morning Post ရဲ့ ဖော်ပြချက်အရ ယခင်နေအိမ်ကို ဖြိုချပြီး အသစ်ပြန်ဆောက်ဖို့အတွက် သက်ဆိုင်ရာက ခွင့်ပြုချက်ကို အစောပိုင်းတည်းက ရရှိပြီးသားဖြစ်ပေမယ့် တည်ဆောက်မှုကိုတော့ မကြာသေးခင်ကမှ စတင်နိုင်ခဲ့တယ်လို့ သိရပါတယ်။ ကြန့်ကြာနေရတဲ့ အကြောင်းကတော့ Song Song စုံတွဲကြားမှာ ကွာရှင်းပြီးနောက် ပိုင်ဆိုင်မှုတွေ ခွဲဝေရာမှာ မပြီးပြတ်သေးတဲ့အတွက် စောင့်ဆိုင်းနေရလို့ဖြစ်တယ်လို့ ဆိုပါတယ်။

ဒီသတင်းနဲ့ပတ်သက်လို့ Song Jong Ki ရဲ့ အေဂျင်စီ History D&C ကတော့ ယခုလို ပြန်လည်တုံ့ပြန်ထားပါတယ်။ “ဒါကတော့ Song Joong Ki ရဲ့ ပုဂ္ဂိုလ်ရေးအပိုင်းမို့လို့ ကျွန်တော်တို့ ဘာကိုမှ အတည်ပြုမပေးနိုင်ပါဘူး…” လို့ ပြန်လည်ပြောကြားထားပါတယ်။

Photo via scmp

Song Song စုံတွဲဟာ ၂၀၁၇ခုနှစ် အောက်တိုဘာလမှာ လက်ထပ်ပြီးနောက်ပိုင်း အဆိုပါ ဇိမ်ခံအိမ်ကြီးကို ပြောင်းရွှေ့နေထိုင်ခဲ့ကြဖို့ စီစဉ်ထားတာပါ။ သို့ပေမယ့် ပတ်ဝန်းကျင်က မြင်တွေ့သူတွေနဲ့ သတင်းဌာနတွေရဲ့ ဖော်ပြချက်အရ မကွာရှင်းခင် ကာလအတန်ကြာတည်းက သူတို့နှစ်ဦးဟာ အဲ့ဒီ့အိမ်ကြီးကနေ ထွက်ခွာသွားခဲ့ကြပြီး ဖြစ်တယ်လို့ ဆိုကြပြန်ပါတယ်။ တစ်ချို့ကတော့ သူတို့မောင်နှံဟာ အဲ့ဒီ့အိမ်ကြီးမှာ နေကို မနေလိုက်ရဘူးလို့ ပြောနေကြပါတယ်။ အဲ့ဒီ့နောက်ပိုင်းမှာတော့ Song Joong Ki ဟာ အမေရိကန်နိုင်ငံက ဟာဝိုင်ယီကမ်းခြေအနီးမှာ ဒေါ်လာ(၂.၈၈)သန်း တန်ကြေးရှိတဲ့ ဇိမ်ခံတိုက်ခန်းကို ဝယ်ယူထားတယ်လို့လည်း သိရပါတယ်။

LaNina
(Zawgyi Version)

Song Joong Ki နဲ႔ Song Hye Kyo တို႔ မဂၤလာဦးက ေနထိုင္ခဲ့ၾကတဲ့အိမ္ကို ၿဖိဳခ်ဖ်က္ဆီးပစ္ေတာ့မယ္လို႔ သိရပါတယ္။

ေဟာင္ေကာင္အေျခစိုက္ သတင္းဌာနတစ္ခုျဖစ္တဲ့ South China Morning Post ရဲ႕ ေဖာ္ျပခ်က္အရ Song Song စုံတြဲ မဂၤလာေဆာင္ၿပီးကာစက ေနထိုင္ခဲ့တဲ့ မဂၤလာဦးအိမ္ကို ဖ်က္ဆီးပစ္ေတာ့မယ္လို႔ သိလိုက္ရပါတယ္။ အဆိုပါအိမ္ကို ကိုရီးယား ဝမ္(၁၀)ဘီလ်ံနဲ႔ Song Joong Ki က ဝယ္ေပးခဲ့တာျဖစ္ၿပီး ေဒၚလာနဲ႔တြက္မယ္ဆိုရင္ေတာ့ အေမရိကန္ေဒၚလာ (၈)သန္းေက်ာ္ တန္ေၾကးရွိပါတယ္။ အိမ္ကို ဖ်က္မယ့္အစီအစဥ္ကေတာ့ ၿပီးခဲ့တဲ့လက စတင္တယ္လို႔ ဆိုပါတယ္။

အဆိုပါေနအိမ္ကို ၿဖိဳခ်ဖ်က္ဆီးပစ္ၿပီး အေဆာက္အဦးအသစ္ ျပန္လည္တည္ေဆာက္မွာျဖစ္တယ္လို႔လည္း ဆိုပါတယ္။ အသစ္ျပန္ေဆာက္မယ့္ ေနအိမ္မွာေတာ့ အလႊာေပါင္းငါးလႊာ ပါဝင္မွာျဖစ္ၿပီး ေျမေအာက္မွာ အလႊာႏွစ္လႊာနဲ႔ ေျမေပၚမွာ သုံးလႊာ တည္ေဆာက္မွာျဖစ္ပါတယ္။ ေနအိမ္သစ္ တည္ေဆာက္မႈကိုေတာ့ လာမယ့္ ၂၀၂၁ခုႏွစ္ ဇြန္လမွာ အေခ်ာသတ္ ၿပီးစီးဖို႔ လ်ာထားတယ္လို႔ သိရပါတယ္။

Photo via koreaboo

South China Morning Post ရဲ႕ ေဖာ္ျပခ်က္အရ ယခင္ေနအိမ္ကို ၿဖိဳခ်ၿပီး အသစ္ျပန္ေဆာက္ဖို႔အတြက္ သက္ဆိုင္ရာက ခြင့္ျပဳခ်က္ကို အေစာပိုင္းတည္းက ရရွိၿပီးသားျဖစ္ေပမယ့္ တည္ေဆာက္မႈကိုေတာ့ မၾကာေသးခင္ကမွ စတင္ႏိုင္ခဲ့တယ္လို႔ သိရပါတယ္။ ၾကန႔္ၾကာေနရတဲ့ အေၾကာင္းကေတာ့ Song Song စုံတြဲၾကားမွာ ကြာရွင္းၿပီးေနာက္ ပိုင္ဆိုင္မႈေတြ ခြဲေဝရာမွာ မၿပီးျပတ္ေသးတဲ့အတြက္ ေစာင့္ဆိုင္းေနရလို႔ျဖစ္တယ္လို႔ ဆိုပါတယ္။

ဒီသတင္းနဲ႔ပတ္သက္လို႔ Song Jong Ki ရဲ႕ ေအဂ်င္စီ History D&C ကေတာ့ ယခုလို ျပန္လည္တုံ႔ျပန္ထားပါတယ္။ “ဒါကေတာ့ Song Joong Ki ရဲ႕ ပုဂၢိဳလ္ေရးအပိုင္းမို႔လို႔ ကြၽန္ေတာ္တို႔ ဘာကိုမွ အတည္ျပဳမေပးႏိုင္ပါဘူး…” လို႔ ျပန္လည္ေျပာၾကားထားပါတယ္။

Photo via scmp

Song Song စုံတြဲဟာ ၂၀၁၇ခုႏွစ္ ေအာက္တိုဘာလမွာ လက္ထပ္ၿပီးေနာက္ပိုင္း အဆိုပါ ဇိမ္ခံအိမ္ႀကီးကို ေျပာင္းေ႐ႊ႕ေနထိုင္ခဲ့ၾကဖို႔ စီစဥ္ထားတာပါ။ သို႔ေပမယ့္ ပတ္ဝန္းက်င္က ျမင္ေတြ႕သူေတြနဲ႔ သတင္းဌာနေတြရဲ႕ ေဖာ္ျပခ်က္အရ မကြာရွင္းခင္ ကာလအတန္ၾကာတည္းက သူတို႔ႏွစ္ဦးဟာ အဲ့ဒီ့အိမ္ႀကီးကေန ထြက္ခြာသြားခဲ့ၾကၿပီး ျဖစ္တယ္လို႔ ဆိုၾကျပန္ပါတယ္။ တစ္ခ်ိဳ႕ကေတာ့ သူတို႔ေမာင္ႏွံဟာ အဲ့ဒီ့အိမ္ႀကီးမွာ ေနကို မေနလိုက္ရဘူးလို႔ ေျပာေနၾကပါတယ္။ အဲ့ဒီ့ေနာက္ပိုင္းမွာေတာ့ Song Joong Ki ဟာ အေမရိကန္ႏိုင္ငံက ဟာဝိုင္ယီကမ္းေျခအနီးမွာ ေဒၚလာ(၂.၈၈)သန္း တန္ေၾကးရွိတဲ့ ဇိမ္ခံတိုက္ခန္းကို ဝယ္ယူထားတယ္လို႔လည္း သိရပါတယ္။

LaNina

 

RELATED ARTICLES

Most Popular