HomeDramaBridgerton ကို ကျော်တက်ပြီး Netflix ရဲ့ ထိပ်ဆုံးနေရာကို ရောက်ရှိလာတဲ့ Squid Game 

Bridgerton ကို ကျော်တက်ပြီး Netflix ရဲ့ ထိပ်ဆုံးနေရာကို ရောက်ရှိလာတဲ့ Squid Game 

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

လက်ရှိ ရေပန်းစားနေတဲ့ Squid Game ရဲ့ လူကြိုက်များမှုကတော့ အရှိန်အဟုန်ကောင်းနေဆဲ ဖြစ်ပါတယ်။ Squid Game ဟာ Netflix ရဲ့ original ဇာတ်လမ်းတွဲတစ်ခု ဖြစ်ပြီး ဒေါ်လာသန်း(၄၀) ဆုကြေးငွေကို ရရှိဖို့ အသက်လုရတဲ့ ကစားပွဲတွေကို ကစားရတဲ့အကြောင်း ဖြစ်ပါတယ်။

ယနေ့ အောက်တိုဘာလ(၁၃)ရက်နေ့မှာတော့ Squid Game ဇာတ်လမ်းတွဲကို ကမ္ဘာအနှံ့က subscriber ပေါင်း (၁၁၁)သန်းက ကြည့်ရှုထားတယ်လို့ Netflix က ထုတ်ပြန်လိုက်ပါတယ်။ ဒါဟာ ဇာတ်လမ်းထွက်ရှိပြီး (၂၈)ရက်အတွင်း ရရှိလာတဲ့ ကြည့်ရှုနှုန်း ဖြစ်ပြီး ယခင်က ထိပ်ဆုံးနေရာကို (၈၂)သန်းနဲ့ ရယူထားတဲ့ Bridgerton ဇာတ်လမ်းတွဲကို ကျော်တက်သွားတာလည်း ဖြစ်ပါတယ်။

ဒီဇာတ်လမ်းတွဲကိုတော့ စက်တင်ဘာလ(၁၇)ရက်နေ့က စတင်ပြသခဲ့တာဖြစ်ပြီး ဘရာဇီးလ်၊ အိန္ဒိယ၊ တူရကီတို့ အပါအဝင် ကမ္ဘာ့နိုင်ငံများစွာက ကြိုက်နှစ်သက်တယ်ဆိုတဲ့ တုံ့ပြန်မှုကောင်းတွေ ရရှိထားပါတယ်။

Photo via IMDb

ဒါ့အပြင် Squid Game ဟာ နိုင်ငံပေါင်း (၉၄)နိုင်ငံရဲ့ “Today’s Top 10” chart မှာ ထိပ်ဆုံးက ရပ်တည်ခဲ့သလို ယူအက်စ်ရဲ့ “Today’s Top 10” chart မှာလည်း (၂၁)ရက်ဆက်တိုက် ထိပ်ဆုံးနေရာက ရပ်တည်ခဲ့ပါသေးတယ်။

Netflix Content ဌာနရဲ့ ဒုဥက္ကဌ Kim Min Young ကတော့ “၂၀၁၅ ခုနှစ်မှာ Netflix က ကိုရီးယားနဲ့ ပတ်သက်ပြီး စတင်ရင်းနှီးမြှုပ်နှံခဲ့တုန်းက ကိုရီးယားဇာတ်လမ်းတွဲ နှစ်ခြိုက်တဲ့ ပရိသတ်တွေအတွက် ကမ္ဘာ့အဆင့်မီ content တွေကို ပြသဖို့က ကျွန်မတို့ရဲ့ ရည်ရွယ်ချက် ဖြစ်ခဲ့ပါတယ်။ အာရှတိုက်တစ်ခုတည်းတင် မဟုတ်ဘဲ ကမ္ဘာအထိ စျေးကွက်ဖြန့်ချင်ခဲ့တာပါ။ Squid Game ကတော့ ကျွန်မတို့ရဲ့ အိပ်မက်ကို တကယ်လက်တွေ့ဖြစ်အောင် ပြောင်းလဲပေးလိုက်တာပါပဲ … ” လို့ မှတ်ချက်ပေးထားပါတယ်။

Photo via IMDb

ဆက်လက်ပြီး “ဒါရိုက်တာ Hwang Dong Hyuk က ဒီဇာတ်လမ်းကို စိတ်ကူးထားခဲ့ပြီး ဘယ်မှာမှ ဖန်တီးဖို့ မဖြစ်နိုင်ခဲ့ချိန်မှာ Netflix ဟာ ကိုရီးယားဒရာမာ ပရိသတ်တွေအတွက်ရော၊ ကမ္ဘာအနှံ့က တခြားပရိသတ်တွေအတွက်ပါ Squid Game က စိတ်နှလုံးကို ကိုင်လှုပ်နိုင်မယ်လို့ အသေအချာ ယုံကြည်ခဲ့တာပါ …. ” လို့ သူမက ပြောထားပါသေးတယ်။

Squid Game ဇာတ်လမ်းတွဲထဲမှာ ပါဝင်သရုပ်ဆောင်ထားတဲ့ အဓိကသရုပ်ဆောင်တွေကတော့ Lee Jung Jae ၊ Park Hae Soo ၊ Wi Ha Joon နဲ့ Jung Ho Yeon တို့ပဲ ဖြစ်ပါတယ်။ သူတို့ဟာ မကြာသေးခင်ကပဲ နာမည်ကျော် The Tonight Show Starring Jimmy Fallon ရှိုးမှာ ဧည့်သည်အဖြစ် ပါဝင်ခွင့်ရခဲ့ကြပါသေးတယ်။

Linda December

Source: soompi

(Zawgyi Version)

လက္ရွိ ေရပန္းစားေနတဲ့ Squid Game ရဲ့ လူႀကိဳက္မ်ားမွုကေတာ့ အရွိန္အဟုန္ေကာင္းေနဆဲ ျဖစ္ပါတယ္။ Squid Game ဟာ Netflix ရဲ့ original ဇာတ္လမ္းတြဲတစ္ခု ျဖစ္ၿပီး ေဒၚလာသန္း(၄၀) ဆုေၾကးေငြကို ရရွိဖို႔ အသက္လုရတဲ့ ကစားပြဲေတြကို ကစားရတဲ့အေၾကာင္း ျဖစ္ပါတယ္။

ယေန႔ ေအာက္တိုဘာလ(၁၃)ရက္ေန႔မွာေတာ့ Squid Game ဇာတ္လမ္းတြဲကို ကမၻာအႏွံ့က subscriber ေပါင္း (၁၁၁)သန္းက ၾကည့္ရွုထားတယ္လို႔ Netflix က ထုတ္ျပန္လိုက္ပါတယ္။ ဒါဟာ ဇာတ္လမ္းထြက္ရွိၿပီး (၂၈)ရက္အတြင္း ရရွိလာတဲ့ ၾကည့္ရွုႏွုန္း ျဖစ္ၿပီး ယခင္က ထိပ္ဆုံးေနရာကို (၈၂)သန္းနဲ႔ ရယူထားတဲ့ Bridgerton ဇာတ္လမ္းတြဲကို ေက်ာ္တက္သြားတာလည္း ျဖစ္ပါတယ္။

ဒီဇာတ္လမ္းတြဲကိုေတာ့ စက္တင္ဘာလ(၁၇)ရက္ေန႔က စတင္ျပသခဲ့တာျဖစ္ၿပီး ဘရာဇီးလ္၊ အိႏၵိယ၊ တူရကီတို႔ အပါအဝင္ ကမၻာ့နိုင္ငံမ်ားစြာက ႀကိဳက္ႏွစ္သက္တယ္ဆိုတဲ့ တုံ႔ျပန္မွုေကာင္းေတြ ရရွိထားပါတယ္။

Photo via IMDb

ဒါ့အျပင္ Squid Game ဟာ နိုင္ငံေပါင္း (၉၄)နိုင္ငံရဲ့ “Today’s Top 10” chart မွာ ထိပ္ဆုံးက ရပ္တည္ခဲ့သလို ယူအက္စ္ရဲ့ “Today’s Top 10” chart မွာလည္း (၂၁)ရက္ဆက္တိုက္ ထိပ္ဆုံးေနရာက ရပ္တည္ခဲ့ပါေသးတယ္။

Netflix Content ဌာနရဲ့ ဒုဥကၠဌ Kim Min Young ကေတာ့ “၂၀၁၅ ခုႏွစ္မွာ Netflix က ကိုရီးယားနဲ႔ ပတ္သက္ၿပီး စတင္ရင္းႏွီးျမႇုပ္ႏွံခဲ့တုန္းက ကိုရီးယားဇာတ္လမ္းတြဲ ႏွစ္ၿခိဳက္တဲ့ ပရိသတ္ေတြအတြက္ ကမၻာ့အဆင့္မီ content ေတြကို ျပသဖို႔က ကၽြန္မတို႔ရဲ့ ရည္ရြယ္ခ်က္ ျဖစ္ခဲ့ပါတယ္။ အာရွတိုက္တစ္ခုတည္းတင္ မဟုတ္ဘဲ ကမၻာအထိ ေစ်းကြက္ျဖန႔္ခ်င္ခဲ့တာပါ။ Squid Game ကေတာ့ ကၽြန္မတို႔ရဲ့ အိပ္မက္ကို တကယ္လက္ေတြ႕ျဖစ္ေအာင္ ေျပာင္းလဲေပးလိုက္တာပါပဲ … ” လို႔ မွတ္ခ်က္ေပးထားပါတယ္။

Photo via IMDb

ဆက္လက္ၿပီး “ဒါရိုက္တာ Hwang Dong Hyuk က ဒီဇာတ္လမ္းကို စိတ္ကူးထားခဲ့ၿပီး ဘယ္မွာမွ ဖန္တီးဖို႔ မျဖစ္နိုင္ခဲ့ခ်ိန္မွာ Netflix ဟာ ကိုရီးယားဒရာမာ ပရိသတ္ေတြအတြက္ေရာ၊ ကမၻာအႏွံ့က တျခားပရိသတ္ေတြအတြက္ပါ Squid Game က စိတ္ႏွလုံးကို ကိုင္လွုပ္နိုင္မယ္လို႔ အေသအခ်ာ ယုံၾကည္ခဲ့တာပါ …. ” လို႔ သူမက ေျပာထားပါေသးတယ္။

Squid Game ဇာတ္လမ္းတြဲထဲမွာ ပါဝင္သ႐ုပ္ေဆာင္ထားတဲ့ အဓိကသ႐ုပ္ေဆာင္ေတြကေတာ့ Lee Jung Jae ၊ Park Hae Soo ၊ Wi Ha Joon နဲ႔ Jung Ho Yeon တို႔ပဲ ျဖစ္ပါတယ္။ သူတို႔ဟာ မၾကာေသးခင္ကပဲ နာမည္ေက်ာ္ The Tonight Show Starring Jimmy Fallon ရွိုးမွာ ဧည့္သည္အျဖစ္ ပါဝင္ခြင့္ရခဲ့ၾကပါေသးတယ္။

Linda December

Source: soompi

RELATED ARTICLES

Most Popular