HomeCelebs Update NewsKoreaEXO ကိုေက်ာခိုင္းသြားတဲ့ အဖြဲ႕၀င္ေတြနဲ႔ ျဖစ္ေၾကာင္းကုန္စင္မ်ား

EXO ကိုေက်ာခိုင္းသြားတဲ့ အဖြဲ႕၀င္ေတြနဲ႔ ျဖစ္ေၾကာင္းကုန္စင္မ်ား

အောက်တွင် ယူနီကုဒ်ဖြင့် ဖတ်ရှုပါ။

၂၀၁၄ – ၂၀၁၅ခုႏွစ္၀န္းက်င္မွာမွ EXO အဖြဲ႕ရဲ႕ ပရိသတ္ျဖစ္လာသူေတြအေနနဲ႔ အဲ့ဒီ့အရင္ႏွစ္ေတြတုန္းက ဗီြဒီယိုအေဟာင္းေတြကို ျပန္ၾကည့္မိတဲ့အခါ အဖြဲ႕၀င္ေတြ ပိုမ်ားေနတာကို သတိျပဳမိၾကမွာပါ။ အ့ဲဒီ့ေနာက္မွာမွ အဖြဲ႕စဖြဲ႕တုန္းက (၁၂)ေယာက္နဲ႔ စပြဲထြက္ခဲ့တာျဖစ္ၿပီး အခုေနာက္ပိုင္းမွာမွ (၉)ေယာက္ျဖစ္သြားမွန္း သေဘာေပါက္သြားၾကပါလိမ့္မယ္။ ဒါေပမယ့္ အဲ့သလို အဖြဲ႕၀င္အေျပာင္းအလဲေတြရဲ႕ ေနာက္ကြယ္က အေၾကာင္းရင္းေတြကို ဂဃနဏ သိခ်င္မွ သိၾကပါလိမ့္မယ္။ အေသးစိတ္ မသိေသးသူေတြအတြက္ ရည္ရြယ္ၿပီး အဖြဲ႕၀င္အေျပာင္းအလဲ ျဖစ္ခဲ့ရတဲ့အေၾကာင္းေလးေတြကို ေဖာ္ျပေပးလိုက္ပါတယ္။

EXO အဖြဲ႕ တရား၀င္စၿပီးပြဲထြက္ခဲ့တာဟာ ၂၀၁၂ခုႏွစ္မွာပါ။ စစခ်င္းမွာ အဖြဲ႕၀င္(၁၂)ေယာက္ရိွခဲ့တာေၾကာင့္ အဖြဲ႕၀င္အမ်ားဆုံး ကိုရီးယားေတးဂီတအဖြဲ႕တစ္ခုအေနနဲ႔ သတ္မွတ္ခံခဲ့ရပါေသးတယ္။ အဖြဲ႕၀င္ေတြ အမ်ားႀကီးဆိုေပမယ့္ စထြက္ၿပီးၿပီးခ်င္းမွာတင္ပဲ ပရိသတ္ေတြရဲ႕ အားေပးမႈက တစ္ခဲနက္မ်ားျပားလာခဲ့ပါတယ္။ ဒီလိုနဲ႔မၾကာခင္မွာပဲ EXO အဖြဲ႕ရဲ႕ ပထမဆုံး စတူဒီယိုအယ္လ္ဘမ္ျဖစ္တဲ့ XOXO ကို ကုိရီးယားနဲ႔ မန္ဒရင္း ႏွစ္ဘာသာနဲ႔ ထုတ္ေ၀ျဖန္႔ခ်ိခဲ့ပါတယ္။ အဲ့ဒီ့အေခြရဲ႕ ေအာင္ျမင္မႈေၾကာင့္ပဲ Overdose EP အပါအ၀င္ အျခားအေခြအသစ္ေတြ ဆက္လက္ထြက္ရိွႏိုင္ခဲ့ပါတယ္။ သို႔ေပမယ့္ ေနာက္ဆက္တြဲအေနနဲ႔ EXO-L အသိုင္းအ၀ိုင္းႀကီးတစ္ခုလုံး တုန္လႈပ္သြားေစမယ့္ သတင္းတစ္ခု ထြက္ေပၚလာခဲ့ပါတယ္။

Photo: koreaboo

၂၀၁၄ခုႏွစ္ ေမလ (၁၅)ရက္ေန႔မွာေတာ့ တရုတ္အဖြဲ႕၀င္ Kris ဟာ သူနဲ႔ကုမၸဏီၾကားက စာခ်ဳပ္ကို ဖ်က္သိမ္းေပးဖို႔ ကုမၸဏီကိုတရားစြဲခဲ့ေၾကာင္း SM Entertainment က အတည္ျပဳေျပာၾကားလိုက္ပါတယ္။ အေၾကာင္းရင္းကေတာ့ လူ႔အခြင့္အေရး ခ်ိဳးေဖာက္မႈေၾကာင့္လို႔ ဆိုပါတယ္။

လအနည္းငယ္ၾကာၿပီးေနာက္ ေအာက္တိုဘာလကို ေရာက္တဲ့အခါ Luhan ကလည္း Kris လိုပဲ ကုမၸဏီကို စာခ်ဳပ္ဖ်က္သိမ္းေပးဖို႔အတြက္ တရားရင္ဆိုင္ခဲ့ျပန္ပါတယ္။ အဖြဲ႕ကေန ထြက္ခြာဖို႔ ဆုံးျဖတ္လိုက္ရတဲ့ အေၾကာင္းကေတာ့ သူ႔ရဲ႕က်န္းမာေရးအေျခအေနေၾကာင့္ျဖစ္ၿပီး တရုတ္အဖြဲ႕၀င္တစ္ေယာက္အေနနဲ႔ ကိုရီးယားအဖြဲ႕၀င္ေတြနဲ႔ ခြဲျခားဆက္ဆံခံရတယ္လို႔ ခံစားရတဲ့အတြက္ ႏုတ္ထြက္ရျခင္း ျဖစ္တယ္လို႔ ဆိုပါတယ္။ အဲ့ဒီ့အခ်ိန္မွာပဲ က်န္ရိွေနတဲ့ အဖြဲ႕၀င္(၁၀)ေယာက္နဲ႔ ဆက္ၿပီးလႈပ္ရွားသြားမယ့္အေၾကာင္းကို SM Entertainment က ခ်က္ခ်င္းဆိုသလို သတင္းထုတ္ျပန္ခဲ့ပါတယ္။

Photo: wikimedia commons

EXO-L ေတြအတြက္ စိတ္ထိခိုက္စရာေတြဟာ ဒီေလာက္နဲ႔ပဲ အဆုံးသတ္မသြားေသးပါဘူး။ ၂၀၁၅ခုႏွစ္ ဧၿပီလ (၂၂)ရက္ေန႔မွာေတာ့ သားျဖစ္သူအတြက္ စိတ္ပူေၾကာင္းနဲ႔ အဖြဲ႕ထဲကေန ထုတ္ပယ္ဖို႔အတြက္ အေတြးေတြကို Tao ရဲ႕ ဖခင္ျဖစ္သူက Weibo ကေနတစ္ဆင့္ စာတစ္ေစာင္ ေရးသားလိုက္ပါတယ္။ အဲ့ဒီ့စာထဲမွာေတာ့ ယခင္က Tao ဟာ အဖြဲ႕ထဲမွာ ထိခိုက္ဒဏ္ရာရခဲ့ဖူးေပမယ့္ သင့္တင့္ေလ်ာက္ပတ္တဲ့ ကုသမႈမ်ိဳးကို ဘယ္ေသာအခါမွ မရရိွခဲ့ဘူးလို႔ ေျပာထားပါတယ္။

အဲ့ဒီ့စာတက္လာၿပီး ေနာက္တစ္ေန႔မွာပဲ Tao နဲ႔ သူ႔ဖခင္ ႏွစ္ေယာက္လုံးနဲ႔ ေျပလည္ေစမယ့္ ညိွႏိႈင္းမႈတစ္ခုကို ရွာေဖြသြားမယ္လို႔ SM Entertainment က တရား၀င္ထုတ္ျပန္ေၾကျငာခဲ့ပါတယ္။ ေနာက္ပိုင္းမွာေတာ့ ေဆြးေႏြးညိွႏိႈင္းမႈ ျပဳလုပ္ရာမွာ သေဘာတူညီခ်က္ မရရိွခဲ့တဲ့အတြက္ တရားရင္ဆိုင္မွာျဖစ္တဲ့အေၾကာင္း Tao က ေျပာျပခဲ့ပါတယ္။

Photo: koreaboo

အဲ့ဒီ့အခ်ိန္ကာလအတြင္းမွာ Kris ၊ Luhan နဲ႔ Tao တို႔ သုံးေယာက္စလုံးဟာ တရုတ္ျပည္ကို ျပန္သြားခဲ့ၾကၿပီး သီးျခားစီ ရပ္တည္ကာ အႏုပညာလႈပ္ရွားမႈေတြ ျပဳလုပ္ခဲ့ၾကပါတယ္။ သုံးေယာက္လုံးဟာ SM Entertainment နဲ႔ တရား၀င္သေဘာတူညီခ်က္ မရရိွခဲ့ၾကတာေၾကာင့္ ကုမၸဏီဘက္ကေန သုံးေယာက္လုံးကို ျပန္ၿပီးတရားစြဲခဲ့ပါတယ္။

၂၀၁၆ခုႏွစ္မွာေတာ့ Tao နဲ႔ တရားရင္ဆိုင္မႈမွာ ကုမၸဏီဘက္က အႏိုင္ရရိွခဲ့ပါတယ္။ Tao ဟာ အဖြဲ႕ထဲက မထြက္ခြာခင္မွာ ကုမၸဏီကို နစ္နာေၾကးမေပးေဆာင္ခဲ့တဲ့အတြက္ တရားေရးမွာ ရႈံးနိမ့္ခဲ့တာျဖစ္ၿပီး အဆိုပါနစ္နာေၾကးနဲ႔တကြ ေပးေဆာင္ရန္ အခ်ိန္ၾကန္႔ၾကာမႈတို႔ေၾကာင့္ အတိုးပါ ေပါင္းၿပီး ေပးေဆာင္ရမယ္လို႔ တရားရံုးက အမိန္႔ခ်မွတ္ခဲ့ပါတယ္။

ေနာက္တစ္ႏွစ္မွာေတာ့ Luhan ၊ Kris နဲ႔ ကုမၸဏီတို႔ သုံးဦးစလုံး ကိုယ္စီအထိုင္က်သြားခဲ့ပါတယ္။ Idol ႏွစ္ေယာက္လုံးဟာ ကုိရီးယားေဖ်ာ္ေျဖေရးေလာကရဲ႕ ဘီလူးႀကီး SM Entertainment နဲ႔ ၂၀၂၂ခုႏွစ္အထိ စာခ်ဳပ္ေတြ ဆက္လက္ခ်ဳပ္ဆိုခဲ့ၾကပါတယ္။ အဆိုပါ စာခ်ဳပ္ေတြက ရရိွမယ့္အက်ိဳးအျမတ္ေတြကိုေတာ့ တရုတ္အထိုင္ေအဂ်င္စီနဲ႔ SM တို႔က အခ်ိဳးက် ခြဲေ၀ခံစားၾကမွာ ျဖစ္ပါတယ္။

Luhan နဲ႔ Kris တို႔က အထိုင္က်သြားၾကေပမယ့္ Tao ကေတာ့ ကုမၸဏီနဲ႔ ဆက္လက္ၿပီး တရားရင္ဆိုင္ေနခဲ့ရပါတယ္။ ၂၀၁၈ခုႏွစ္ မတ္လ ေရာက္တဲ့အခါမွာေတာ့ အမႈနဲ႔ပတ္သက္တဲ့ ေနာက္ဆုံးအယူခံ၀င္ခ်က္အရ Tao နဲ႔ SM ၾကားက စာခ်ဳပ္ဟာ တရား၀င္ေသးတယ္လို႔ ကိုရီးယားရဲ႕ ႏိုင္ငံေတာ္တရားရုံးခ်ဳပ္က အမိန္႔ခ်မွတ္လိုက္ပါတယ္။ အဲ့ဒီ့အမိန္႔အရ Tao ဟာ တရား၀င္စာခ်ဳပ္သက္တမ္း ၿပီးဆုံးတဲ့အထိ စာခ်ဳပ္ပါအခ်က္အလက္ေတြကို လိုက္နာရမွာ ျဖစ္ပါတယ္။

Photo: koreaboo

တရုတ္အဖြဲ႕၀င္သုံးေယာက္ ထြက္သြားၿပီးတဲ့ေနာက္မွာ ေနာက္ဆုံးေသာ တရုတ္အဖြဲ႕၀င္အျဖစ္ Lay တစ္ေယာက္တည္းသာ က်န္ရိွခဲ့ပါတယ္။ ပရိသတ္ေတြကလည္း သူပါ ထြက္သြားေတာ့မလားဆိုၿပီး မ်ားစြာစိုးရိမ္ပူပန္ခဲ့ၾကေပမယ့္ သူဟာ EXO ရဲ႕အဖြဲ႕၀င္ျဖစ္ရတာ ဂုဏ္ယူေၾကာင္းနဲ႔ အၿမဲတမ္း အဖြဲ႕၀င္ျဖစ္ေနမယ့္အေၾကာင္းကို ပြဲတိုင္းမွာ ထုတ္ေျပာေလ့ရိွတာေၾကာင့္ ပရိသတ္ေတြအေနနဲ႔ စိတ္ေအးခဲ့ရပါတယ္။

အဖြဲ႕၀င္ေတြ ဆုံးရႈံးခဲ့ရလို႔ ရင္နာခဲ့ရေပမယ့္ က်န္ရိွေနတဲ့ အဖြဲ႕၀င္ေတြရဲ႕ အားေကာင္းတဲ့ ေဖ်ာ္ေျဖမႈေတြေၾကာင့္ EXO-L ေတြအေနနဲ႔ ေျဖသာစရာ ရိွခဲ့တယ္လို႔ပဲ ဆိုရင္း …။

Xei

(Unicode Version)

၂၀၁၄ – ၂၀၁၅ခုနှစ်ဝန်းကျင်မှာမှ EXO အဖွဲ့ရဲ့ ပရိသတ်ဖြစ်လာသူတွေအနေနဲ့ အဲ့ဒီ့အရင်နှစ်တွေတုန်းက ဗွီဒီယိုအဟောင်းတွေကို ပြန်ကြည့်မိတဲ့အခါ အဖွဲ့ဝင်တွေ ပိုများနေတာကို သတိပြုမိကြမှာပါ။ အဲ့ဒီ့နောက်မှာမှ အဖွဲ့စဖွဲ့တုန်းက (၁၂)ယောက်နဲ့ စပွဲထွက်ခဲ့တာဖြစ်ပြီး အခုနောက်ပိုင်းမှာမှ (၉)ယောက်ဖြစ်သွားမှန်း သဘောပေါက်သွားကြပါလိမ့်မယ်။ ဒါပေမယ့် အဲ့သလို အဖွဲ့ဝင်အပြောင်းအလဲတွေရဲ့ နောက်ကွယ်က အကြောင်းရင်းတွေကို ဂဃနဏ သိချင်မှ သိကြပါလိမ့်မယ်။ အသေးစိတ် မသိသေးသူတွေအတွက် ရည်ရွယ်ပြီး အဖွဲ့ဝင်အပြောင်းအလဲ ဖြစ်ခဲ့ရတဲ့အကြောင်းလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

EXO အဖွဲ့ တရားဝင်စပြီးပွဲထွက်ခဲ့တာဟာ ၂၀၁၂ခုနှစ်မှာပါ။ စစချင်းမှာ အဖွဲ့ဝင်(၁၂)ယောက်ရှိခဲ့တာကြောင့် အဖွဲ့ဝင်အများဆုံး ကိုရီးယားတေးဂီတအဖွဲ့တစ်ခုအနေနဲ့ သတ်မှတ်ခံခဲ့ရပါသေးတယ်။ အဖွဲ့ဝင်တွေ အများကြီးဆိုပေမယ့် စထွက်ပြီးပြီးချင်းမှာတင်ပဲ ပရိသတ်တွေရဲ့ အားပေးမှုက တစ်ခဲနက်များပြားလာခဲ့ပါတယ်။ ဒီလိုနဲ့မကြာခင်မှာပဲ EXO အဖွဲ့ရဲ့ ပထမဆုံး စတူဒီယိုအယ်လ်ဘမ်ဖြစ်တဲ့ XOXO ကို ကိုရီးယားနဲ့ မန်ဒရင်း နှစ်ဘာသာနဲ့ ထုတ်ဝေဖြန့်ချိခဲ့ပါတယ်။ အဲ့ဒီ့အခွေရဲ့ အောင်မြင်မှုကြောင့်ပဲ Overdose EP အပါအဝင် အခြားအခွေအသစ်တွေ ဆက်လက်ထွက်ရှိနိုင်ခဲ့ပါတယ်။ သို့ပေမယ့် နောက်ဆက်တွဲအနေနဲ့ EXO-L အသိုင်းအဝိုင်းကြီးတစ်ခုလုံး တုန်လှုပ်သွားစေမယ့် သတင်းတစ်ခု ထွက်ပေါ်လာခဲ့ပါတယ်။

Photo: koreaboo

၂၀၁၄ခုနှစ် မေလ (၁၅)ရက်နေ့မှာတော့ တရုတ်အဖွဲ့ဝင် Kris ဟာ သူနဲ့ကုမ္ပဏီကြားက စာချုပ်ကို ဖျက်သိမ်းပေးဖို့ ကုမ္ပဏီကိုတရားစွဲခဲ့ကြောင်း SM Entertainment က အတည်ပြုပြောကြားလိုက်ပါတယ်။ အကြောင်းရင်းကတော့ လူ့အခွင့်အရေး ချိုးဖောက်မှုကြောင့်လို့ ဆိုပါတယ်။

လအနည်းငယ်ကြာပြီးနောက် အောက်တိုဘာလကို ရောက်တဲ့အခါ Luhan ကလည်း Kris လိုပဲ ကုမ္ပဏီကို စာချုပ်ဖျက်သိမ်းပေးဖို့အတွက် တရားရင်ဆိုင်ခဲ့ပြန်ပါတယ်။ အဖွဲ့ကနေ ထွက်ခွာဖို့ ဆုံးဖြတ်လိုက်ရတဲ့ အကြောင်းကတော့ သူ့ရဲ့ကျန်းမာရေးအခြေအနေကြောင့်ဖြစ်ပြီး တရုတ်အဖွဲ့ဝင်တစ်ယောက်အနေနဲ့ ကိုရီးယားအဖွဲ့ဝင်တွေနဲ့ ခွဲခြားဆက်ဆံခံရတယ်လို့ ခံစားရတဲ့အတွက် နုတ်ထွက်ရခြင်း ဖြစ်တယ်လို့ ဆိုပါတယ်။ အဲ့ဒီ့အချိန်မှာပဲ ကျန်ရှိနေတဲ့ အဖွဲ့ဝင်(၁၀)ယောက်နဲ့ ဆက်ပြီးလှုပ်ရှားသွားမယ့်အကြောင်းကို SM Entertainment က ချက်ချင်းဆိုသလို သတင်းထုတ်ပြန်ခဲ့ပါတယ်။

Photo: wikimedia commons

EXO-L တွေအတွက် စိတ်ထိခိုက်စရာတွေဟာ ဒီလောက်နဲ့ပဲ အဆုံးသတ်မသွားသေးပါဘူး။ ၂၀၁၅ခုနှစ် ဧပြီလ (၂၂)ရက်နေ့မှာတော့ သားဖြစ်သူအတွက် စိတ်ပူကြောင်းနဲ့ အဖွဲ့ထဲကနေ ထုတ်ပယ်ဖို့အတွက် အတွေးတွေကို Tao ရဲ့ ဖခင်ဖြစ်သူက Weibo ကနေတစ်ဆင့် စာတစ်စောင် ရေးသားလိုက်ပါတယ်။ အဲ့ဒီ့စာထဲမှာတော့ ယခင်က Tao ဟာ အဖွဲ့ထဲမှာ ထိခိုက်ဒဏ်ရာရခဲ့ဖူးပေမယ့် သင့်တင့်လျောက်ပတ်တဲ့ ကုသမှုမျိုးကို ဘယ်သောအခါမှ မရရှိခဲ့ဘူးလို့ ပြောထားပါတယ်။

အဲ့ဒီ့စာတက်လာပြီး နောက်တစ်နေ့မှာပဲ Tao နဲ့ သူ့ဖခင် နှစ်ယောက်လုံးနဲ့ ပြေလည်စေမယ့် ညှိနှိုင်းမှုတစ်ခုကို ရှာဖွေသွားမယ်လို့ SM Entertainment က တရားဝင်ထုတ်ပြန်ကြေငြာခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ ဆွေးနွေးညှိနှိုင်းမှု ပြုလုပ်ရာမှာ သဘောတူညီချက် မရရှိခဲ့တဲ့အတွက် တရားရင်ဆိုင်မှာဖြစ်တဲ့အကြောင်း Tao က ပြောပြခဲ့ပါတယ်။

Photo: koreaboo

အဲ့ဒီ့အချိန်ကာလအတွင်းမှာ Kris ၊ Luhan နဲ့ Tao တို့ သုံးယောက်စလုံးဟာ တရုတ်ပြည်ကို ပြန်သွားခဲ့ကြပြီး သီးခြားစီ ရပ်တည်ကာ အနုပညာလှုပ်ရှားမှုတွေ ပြုလုပ်ခဲ့ကြပါတယ်။ သုံးယောက်လုံးဟာ SM Entertainment နဲ့ တရားဝင်သဘောတူညီချက် မရရှိခဲ့ကြတာကြောင့် ကုမ္ပဏီဘက်ကနေ သုံးယောက်လုံးကို ပြန်ပြီးတရားစွဲခဲ့ပါတယ်။

၂၀၁၆ခုနှစ်မှာတော့ Tao နဲ့ တရားရင်ဆိုင်မှုမှာ ကုမ္ပဏီဘက်က အနိုင်ရရှိခဲ့ပါတယ်။ Tao ဟာ အဖွဲ့ထဲက မထွက်ခွာခင်မှာ ကုမ္ပဏီကို နစ်နာကြေးမပေးဆောင်ခဲ့တဲ့အတွက် တရားရေးမှာ ရှုံးနိမ့်ခဲ့တာဖြစ်ပြီး အဆိုပါနစ်နာကြေးနဲ့တကွ ပေးဆောင်ရန် အချိန်ကြန့်ကြာမှုတို့ကြောင့် အတိုးပါ ပေါင်းပြီး ပေးဆောင်ရမယ်လို့ တရားရုံးက အမိန့်ချမှတ်ခဲ့ပါတယ်။

နောက်တစ်နှစ်မှာတော့ Luhan ၊ Kris နဲ့ ကုမ္ပဏီတို့ သုံးဦးစလုံး ကိုယ်စီအထိုင်ကျသွားခဲ့ပါတယ်။ Idol နှစ်ယောက်လုံးဟာ ကိုရီးယားဖျော်ဖြေရေးလောကရဲ့ ဘီလူးကြီး SM Entertainment နဲ့ ၂၀၂၂ခုနှစ်အထိ စာချုပ်တွေ ဆက်လက်ချုပ်ဆိုခဲ့ကြပါတယ်။ အဆိုပါ စာချုပ်တွေက ရရှိမယ့်အကျိုးအမြတ်တွေကိုတော့ တရုတ်အထိုင်အေဂျင်စီနဲ့ SM တို့က အချိုးကျ ခွဲဝေခံစားကြမှာ ဖြစ်ပါတယ်။

Luhan နဲ့ Kris တို့က အထိုင်ကျသွားကြပေမယ့် Tao ကတော့ ကုမ္ပဏီနဲ့ ဆက်လက်ပြီး တရားရင်ဆိုင်နေခဲ့ရပါတယ်။ ၂၀၁၈ခုနှစ် မတ်လ ရောက်တဲ့အခါမှာတော့ အမှုနဲ့ပတ်သက်တဲ့ နောက်ဆုံးအယူခံဝင်ချက်အရ Tao နဲ့ SM ကြားက စာချုပ်ဟာ တရားဝင်သေးတယ်လို့ ကိုရီးယားရဲ့ နိုင်ငံတော်တရားရုံးချုပ်က အမိန့်ချမှတ်လိုက်ပါတယ်။ အဲ့ဒီ့အမိန့်အရ Tao ဟာ တရားဝင်စာချုပ်သက်တမ်း ပြီးဆုံးတဲ့အထိ စာချုပ်ပါအချက်အလက်တွေကို လိုက်နာရမှာ ဖြစ်ပါတယ်။

Photo: koreaboo

တရုတ်အဖွဲ့ဝင်သုံးယောက် ထွက်သွားပြီးတဲ့နောက်မှာ နောက်ဆုံးသော တရုတ်အဖွဲ့ဝင်အဖြစ် Lay တစ်ယောက်တည်းသာ ကျန်ရှိခဲ့ပါတယ်။ ပရိသတ်တွေကလည်း သူပါ ထွက်သွားတော့မလားဆိုပြီး များစွာစိုးရိမ်ပူပန်ခဲ့ကြပေမယ့် သူဟာ EXO ရဲ့အဖွဲ့ဝင်ဖြစ်ရတာ ဂုဏ်ယူကြောင်းနဲ့ အမြဲတမ်း အဖွဲ့ဝင်ဖြစ်နေမယ့်အကြောင်းကို ပွဲတိုင်းမှာ ထုတ်ပြောလေ့ရှိတာကြောင့် ပရိသတ်တွေအနေနဲ့ စိတ်အေးခဲ့ရပါတယ်။

အဖွဲ့ဝင်တွေ ဆုံးရှုံးခဲ့ရလို့ ရင်နာခဲ့ရပေမယ့် ကျန်ရှိနေတဲ့ အဖွဲ့ဝင်တွေရဲ့ အားကောင်းတဲ့ ဖျော်ဖြေမှုတွေကြောင့် EXO-L တွေအနေနဲ့ ဖြေသာစရာ ရှိခဲ့တယ်လို့ပဲ ဆိုရင်း …။

Xei

RELATED ARTICLES

Most Popular