HomeCelebs Update NewsKoreaIdol ေတြအတြက္ ပရိသတ္ေတြေပးဖူးတဲ့ ထူးထူးဆန္းဆန္း လက္ေဆာင္မ်ား

Idol ေတြအတြက္ ပရိသတ္ေတြေပးဖူးတဲ့ ထူးထူးဆန္းဆန္း လက္ေဆာင္မ်ား

အောက်တွင် ယူနီကုဒ်ဖြင့် ဖတ်ပါ။

ပရိသတ္တစ္ေယာက္အေနနဲ႔ ကိုယ္ခ်စ္ရတဲ့ Idol ကို လက္ေဆာင္ေပးေတာ့မယ္ဆိုရင္ ကိုယ့္ကိုသတိတရ ရိွေနေအာင္ စဥ္းစားၿပီး ေပးခ်င္ၾကမွာပါ။ Idol ေတြအတြက္ အမွတ္တရလည္းျဖစ္၊ ေမ့လည္းမေမ့ႏိုင္ ျဖစ္သြားေစေလာက္ေအာင္ ထူးျခားတဲ့ လက္ေဆာင္ေတြကို ေပးခဲ့ၾကတဲ့ ပရိသတ္ေတြလည္း အမ်ားအျပားပဲ ရိွေနမွာပါ။ အဲ့ဒီ့ထဲကမွ တကယ္ ထူးျခားတဲ့ လက္ေဆာင္(၁၀)မ်ိဳးကို ေဖာ္ျပေပးလိုက္ပါတယ္။

(၁) NCT နာမည္နဲ႔ ၾကယ္

Photo: koreaboo

ဗီယက္နမ္ႏိုင္ငံက NCT အဖြဲ႕ရဲ႕ အမာခံပရိသတ္ အုပ္စုတစ္စုဟာ NCT တစ္ဖြဲ႕လုံးအတြက္ အမွတ္တရျဖစ္သြားေအာင္ ထူးျခားတဲ့ အေတြးတစ္ခု ရခဲ့ပါတယ္။ အဲ့ဒါကေတာ့ NCT အဖြဲ႕ တရား၀င္ပြဲထြက္ခြင့္ ရခဲ့တဲ့ အထိမ္းအမွတ္နဲ႔ ေကာင္းကင္ေပၚမွာ ျမင္ေနရတဲ့ ၾကယ္တစ္လုံးကို NCT ရဲ႕ နာမည္နဲ႔ ၀ယ္ယူေပးခဲ့တာ ျဖစ္ပါတယ္။ အဆိုပါ ၾကယ္ဟာ Ursa Major လို႔ ေခၚတဲ့ ေတာင္ဘက္အျခမ္းက ၾကယ္တာရာ အစုအေ၀းမွာ ရိွၿပီး ကိုၾသဒိနိတ္အေနနဲ႔ ၃၉ ဒီဂရီ ၃၃ မိနစ္ ၁၈ စကၠန္႔မွာ တည္ရိွတယ္လို႔ သိရပါတယ္။

(၂) Block B နာမည္နဲ႔ တူးေပးတဲ့ေရတြင္း

Photo: koreaboo
Photo: koreaboo

Block B အဖြဲ႕ရဲ႕ ေလးႏွစ္ေျမာက္ အထိမ္းအမွတ္အေနနဲ႔ ကေမာၻဒီးယားႏိုင္ငံ၊ ဆီယမ္ရိပ္က ပရိသတ္မ်ားဟာ ေကာင္းမႈတစ္ခု ျပဳလုပ္ေပးခဲ့ၾကပါတယ္။ အဲ့ဒါကေတာ့ “Block B Well” လို႔ အမည္ေပးထားတဲ့ ေရတြင္းတစ္တြင္းကို တူးေပးခဲ့တာျဖစ္ၿပီး အနီးအနားပတ္လည္က လူေတြကို သန္႔ရွင္းၾကည္လင္တဲ့ ေရကို ေပးေ၀ေစခဲ့တာ ျဖစ္ပါတယ္။

(၃) Kyuhyun အတြက္ေပးတဲ့ လူႀကီးေဆာ့စရာ

Photo: koreaboo

Super Junior အဖြဲ႕က Kyuhyun ဟာ အလုပ္ကိစၥနဲ႔ ဂ်ပန္မွာ သြားေနရတုန္း ပရိသတ္တစ္ေယာက္ဆီက ထူးဆန္းတဲ့ လက္ေဆာင္တစ္ခုကို ရရိွခဲ့ပါတယ္။ အဲ့ဒီ့လက္ေဆာင္ကေတာ့ လူႀကီးေဆာ့စရာျဖစ္ၿပီး လက္ေဆာင္နဲ႔အတူ မွတ္ခ်က္စာရြက္ေလးလည္း ပါတယ္လို႔ ဆိုပါတယ္။ စာရြက္ထဲမွာ ေရးထားတာကေတာ့ Kyuhyun အေနနဲ႔ ဒီလက္ေဆာင္ကို ဘယ္လိုသုံးရမယ္မွန္းမသိရင္ Eunhyuk ကို ေမးပါဆိုၿပီး ေရးထားတယ္လုိ႔ သိရပါတယ္။ ဒီအေၾကာင္းကိုေတာ့ MBC ရုပ္သံလိုင္းက ထုတ္လႊင့္တဲ့ Radio Star အစီအစဥ္မွာ Kyuhyun ကိုယ္တိုင္က ျပန္လည္ေျပာျပခဲ့တာ ျဖစ္ပါတယ္။

(၄) Sehun အတြက္ စေကာ့တလန္မွ ေျမကြက္

Photo: koreaboo

Sehun ရဲ႕ (၂၃)ႏွစ္ေျမာက္ ေမြးေန႔အတြက္ သာမန္ေပးေနက် မဟုတ္တဲ့ လက္ေဆာင္မ်ိဳးကို ေပးဖို႔ EXO ပရိသတ္ေတြက စဥ္းစားခဲ့ၾကပါတယ္။ Warmwind လို႔ေခၚတဲ့ တရုတ္ fan site တစ္ခုဟာ စေကာ့တလန္ႏိုင္ငံက ေျမကြက္တစ္ကြက္ကို ၀ယ္ေပးခဲ့ၾကၿပီး Sehun ကိုလည္း Lord ဘြဲ႕ အပ္ႏွင္းခဲ့ၾကပါတယ္။

(၅) TVXQ နာမည္နဲ႔ စာၾကည့္တိုက္မ်ား

Photo: koreaboo
Photo: koreaboo

TVXQ ရဲ႕ ပရိသတ္ေတြဟာ ကိုရီးယားႏိုင္ငံမွာသာမက အျခားႏိုင္ငံေတြမွာပါ TVXQ နာမည္နဲ႔ စာၾကည့္တိုက္ေပါင္းမ်ားစြာကို လွဴဒါန္းေပးခဲ့ပါတယ္။ ဒါဟာ အထူးသျဖင့္ ပရဟိတလုပ္ငန္းေတြမွာ အားသန္တဲ့ Yunho အတြက္ ရည္ရြယ္တယ္လို႔လည္း ဆိုပါတယ္။

(၆) Jin ဆီကို ပို႔လိုက္တဲ့ ကြန္ဒုံး

Photo: koreaboo
Photo: koreaboo

တစ္ခ်ိဳ႕ပရိသတ္ေတြကေတာ့ ရွာရွာႀကံႀကံ အစအေနာက္ ၾကမ္းတယ္လို႔ပဲ ေျပာရမွာပါ။ Jin တစ္ေယာက္ သူမုန္႔စားေနတဲ့ ပုံတစ္ပုံကို အြန္လိုင္းေပၚ တင္လိုက္ၿပီးေနာက္မွာေတာ့ ရွာရွာေဖြေဖြ စုံေထာက္မ်က္လုံးနဲ႔ ျမင္တတ္တဲ့ ပရိသတ္အခ်ိဳ႕က ဓာတ္ပုံထဲက Jin ရဲ႕ ေနာက္ကြယ္မွာ ပါေနတဲ့ ကြန္ဒုံးတစ္ခုကို ျမင္သြားခဲ့ပါတယ္။ အစပိုင္းမွာ သို႔ေလာ သို႔ေလာေတြ ျဖစ္ခဲ့ၾကေပမယ့္ ေနာက္ဆုံးမွာေတာ့ ပရိသတ္ေတြဆီက လာတဲ့ လက္ေဆာင္မွန္း သိခဲ့ၾကရပါတယ္။

(၇) Idol မ်ားအတြက္ လက္ေဆာင္ ခ်ိဳလိမ္

Photo: koreaboo
Photo: koreaboo

Idol ေတြကို ခ်ိဳလိမ္ လက္ေဆာင္ေပးတာဟာ ထူးဆန္းတယ္လို႔ေတာ့ မေခၚႏိုင္ေတာ့ပါဘူး။ ဒါဟာ ပရိသတ္ေတြဆီက အမ်ားဆုံးရတတ္တဲ့ လက္ေဆာင္တစ္မ်ိဳးလို႔ေတာင္ ေခၚရမလို ျဖစ္ေနတာပါ။

(၈) G-Dragon ရဲ႕နာမည္နဲ႔ စိုက္ပ်ိဳးတဲ့ သစ္ပင္မ်ား

Photo: koreaboo
Photo: koreaboo

BIGBANG ပရိသတ္ေတြဟာ G-Dragon ရဲ႕ နာမည္နဲ႔ သစ္ေတာႏွစ္ခု စိုက္ပ်ိဳးေပးခဲ့ပါတယ္။ G-Dragon ရဲ႕ (၂၉)ႏွစ္ေျမာက္ ေမြးေန႔အတြက္ စိုက္ပ်ိဳးေပးထားတဲ့ သံပုရာပင္ေတာအုပ္ေလးဟာ ဂ်ယ္ဂ်ဴးကၽြန္းေပၚမွာ တည္ရိွပါတယ္။ ေနာက္တစ္ခုကေတာ့ ၂၀၁၄ခုႏွစ္က စိုက္ပ်ိဳးေပးထားတာျဖစ္ၿပီး ဆိုးလ္ၿမိဳ႕မွာ တည္ရိွပါတယ္။

(၉) Junsu နာမည္နဲ႔ အိမ္ရာသစ္မ်ား ထူေထာင္ေပးျခင္း

Photo: koreaboo
Photo: koreaboo

JYJ အဖြဲ႕က Junsu ရဲ႕ fan club ဟာ ကေမာၻဒီးယားႏိုင္ငံက AdraKore ဆိုတဲ့ အဖြဲ႕အစည္းကို အလွဴေငြေတြ လွဴဒါန္းေပးခဲ့ပါတယ္။ အဲ့ဒီ့အဖြဲ႕ကေတာ့ ေက်းလက္ေန ျပည္သူေတြရဲ႕ အိမ္ယာေတြကို ျပန္လည္ထူေထာင္ေပးၿပီး လူေနမႈအဆင့္အတန္း ျမင့္မားေအာင္ ကူညီေပးေနတဲ့ အဖြဲ႕အစည္းပါ။ Junsu fan club ရဲ႕ အကူအညီနဲ႔ ၿပိဳပ်က္လုဆဲဆဲ အိမ္ေပါင္းအလုံး(၃၀)ကို ျပန္လည္ၿပီး အသက္သြင္းေပးႏိုင္ခဲ့ပါတယ္။ အဲ့ဒီ့ရြာေလးရဲ႕ နာမည္ကိုေတာ့ “Xia Junsu Village” လို႔ အမည္ေပးထားပါသတဲ့။

(၁၀) Yunho အတြက္ ေဆာက္ေပးတဲ့ စာသင္ေက်ာင္းကေလး

Photo: koreaboo
Photo: koreaboo
Photo: koreaboo

KBS ရဲ႕ Road For Hope အစီအစဥ္အတြက္ TVXQ အဖြဲ႕က ဂါနာႏိုင္ငံကို အလည္အပတ္ သြားေရာက္ၿပီးေနာက္မွာေတာ့ အဖြဲ႕၀င္ Yunho နဲ႔ သူ႔ရဲ႕ပရိသတ္ေတြဟာ ဂါနာႏိုင္ငံက ကေလးငယ္ေတြအတြက္ စာသင္ေက်ာင္းေဆာက္လုပ္ဖို႔ ရန္ပုံေငြေတြ လွဴဒါန္းခဲ့ၾကပါတယ္။ Yunho Education Center လို႔ အမည္ေပးထားတဲ့ ေက်ာင္းေလးကို ၂၀၁၅ခုႏွစ္မွာ စတင္ဖြင့္လွစ္ခဲ့ပါတယ္။ ေက်ာင္းေလးကေတာ့ ဂါနာႏိုင္ငံေတာင္ပိုင္း၊ ဘြန္ဂိုၿမိဳ႕ေလးမွာ တည္ရိွပါတယ္။ အဲ့ဒီ့ေက်ာင္းေလးဟာ ေက်ာင္းသားအေယာက္(၂၀၀)ခန္႔ကို ပညာသင္ၾကားေပးရုံသာမက ထမင္းပါ ေကၽြးေသးတယ္လို႔ သိရပါတယ္။

ဒါကေတာ့ ပရိသတ္ေတြက Idol ေတြကို ေပးဖူးတဲ့ ထူးထူးဆန္းဆန္း လက္ေဆာင္ေလးေတြ အေၾကာင္းပါ။ အခ်ိဳ႕က ရယ္စရာ၊ စိတ္ဆိုးစရာျဖစ္ေစသလို အခ်ိဳ႕ကေတာ့ လိုက္အတုယူစရာ၊ ၾကည္ႏူးမုဒိတာပြားစရာေလးေတြ ျဖစ္ေစပါတယ္လို႔ ဆိုရင္း …။

LaNina

(ဆံရစ္ဝိုင္းမီဒီယာစာမ်က္ႏွာေပၚတြင္ ေဖာ္ျပထားေသာ သတင္း၊ေဆာင္းပါးမ်ားကို ခြင့္ျပဳခ်က္ တစ္စုံတစ္ရာ မရရွိဘဲ မိမိတို႔ကိုယ္က်ိဳးအတြက္ ကူးယူသုံးစြဲျခင္း မျပဳလုပ္ၾကပါရန္ သတိေပးအပ္ပါသည္။)

(Unicode Version)

ပရိသတ်တစ်ယောက်အနေနဲ့ ကိုယ်ချစ်ရတဲ့ Idol ကို လက်ဆောင်ပေးတော့မယ်ဆိုရင် ကိုယ့်ကိုသတိတရ ရှိနေအောင် စဉ်းစားပြီး ပေးချင်ကြမှာပါ။ Idol တွေအတွက် အမှတ်တရလည်းဖြစ်၊ မေ့လည်းမမေ့နိုင် ဖြစ်သွားစေလောက်အောင် ထူးခြားတဲ့ လက်ဆောင်တွေကို ပေးခဲ့ကြတဲ့ ပရိသတ်တွေလည်း အများအပြားပဲ ရှိနေမှာပါ။ အဲ့ဒီ့ထဲကမှ တကယ် ထူးခြားတဲ့ လက်ဆောင်(၁၀)မျိုးကို ဖော်ပြပေးလိုက်ပါတယ်။

(၁) NCT နာမည်နဲ့ ကြယ်

Photo: koreaboo

ဗီယက်နမ်နိုင်ငံက NCT အဖွဲ့ရဲ့ အမာခံပရိသတ် အုပ်စုတစ်စုဟာ NCT တစ်ဖွဲ့လုံးအတွက် အမှတ်တရဖြစ်သွားအောင် ထူးခြားတဲ့ အတွေးတစ်ခု ရခဲ့ပါတယ်။ အဲ့ဒါကတော့ NCT အဖွဲ့ တရားဝင်ပွဲထွက်ခွင့် ရခဲ့တဲ့ အထိမ်းအမှတ်နဲ့ ကောင်းကင်ပေါ်မှာ မြင်နေရတဲ့ ကြယ်တစ်လုံးကို NCT ရဲ့ နာမည်နဲ့ ဝယ်ယူပေးခဲ့တာ ဖြစ်ပါတယ်။ အဆိုပါ ကြယ်ဟာ Ursa Major လို့ ခေါ်တဲ့ တောင်ဘက်အခြမ်းက ကြယ်တာရာ အစုအဝေးမှာ ရှိပြီး ကိုသြဒိနိတ်အနေနဲ့ ၃၉ ဒီဂရီ ၃၃ မိနစ် ၁၈ စက္ကန့်မှာ တည်ရှိတယ်လို့ သိရပါတယ်။

(၂) Block B နာမည်နဲ့ တူးပေးတဲ့ရေတွင်း

Photo: koreaboo
Photo: koreaboo

Block B အဖွဲ့ရဲ့ လေးနှစ်မြောက် အထိမ်းအမှတ်အနေနဲ့ ကမ္ဘောဒီးယားနိုင်ငံ၊ ဆီယမ်ရိပ်က ပရိသတ်များဟာ ကောင်းမှုတစ်ခု ပြုလုပ်ပေးခဲ့ကြပါတယ်။ အဲ့ဒါကတော့ “Block B Well” လို့ အမည်ပေးထားတဲ့ ရေတွင်းတစ်တွင်းကို တူးပေးခဲ့တာဖြစ်ပြီး အနီးအနားပတ်လည်က လူတွေကို သန့်ရှင်းကြည်လင်တဲ့ ရေကို ပေးဝေစေခဲ့တာ ဖြစ်ပါတယ်။

(၃) Kyuhyun အတွက်ပေးတဲ့ လူကြီးဆော့စရာ

Photo: koreaboo

Super Junior အဖွဲ့က Kyuhyun ဟာ အလုပ်ကိစ္စနဲ့ ဂျပန်မှာ သွားနေရတုန်း ပရိသတ်တစ်ယောက်ဆီက ထူးဆန်းတဲ့ လက်ဆောင်တစ်ခုကို ရရှိခဲ့ပါတယ်။ အဲ့ဒီ့လက်ဆောင်ကတော့ လူကြီးဆော့စရာဖြစ်ပြီး လက်ဆောင်နဲ့အတူ မှတ်ချက်စာရွက်လေးလည်း ပါတယ်လို့ ဆိုပါတယ်။ စာရွက်ထဲမှာ ရေးထားတာကတော့ Kyuhyun အနေနဲ့ ဒီလက်ဆောင်ကို ဘယ်လိုသုံးရမယ်မှန်းမသိရင် Eunhyuk ကို မေးပါဆိုပြီး ရေးထားတယ်လို့ သိရပါတယ်။ ဒီအကြောင်းကိုတော့ MBC ရုပ်သံလိုင်းက ထုတ်လွှင့်တဲ့ Radio Star အစီအစဉ်မှာ Kyuhyun ကိုယ်တိုင်က ပြန်လည်ပြောပြခဲ့တာ ဖြစ်ပါတယ်။

(၄) Sehun အတွက် စကော့တလန်မှ မြေကွက်

Photo: koreaboo

Sehun ရဲ့ (၂၃)နှစ်မြောက် မွေးနေ့အတွက် သာမန်ပေးနေကျ မဟုတ်တဲ့ လက်ဆောင်မျိုးကို ပေးဖို့ EXO ပရိသတ်တွေက စဉ်းစားခဲ့ကြပါတယ်။ Warmwind လို့ခေါ်တဲ့ တရုတ် fan site တစ်ခုဟာ စကော့တလန်နိုင်ငံက မြေကွက်တစ်ကွက်ကို ဝယ်ပေးခဲ့ကြပြီး Sehun ကိုလည်း Lord ဘွဲ့ အပ်နှင်းခဲ့ကြပါတယ်။

(၅) TVXQ နာမည်နဲ့ စာကြည့်တိုက်များ

Photo: koreaboo
Photo: koreaboo

TVXQ ရဲ့ ပရိသတ်တွေဟာ ကိုရီးယားနိုင်ငံမှာသာမက အခြားနိုင်ငံတွေမှာပါ TVXQ နာမည်နဲ့ စာကြည့်တိုက်ပေါင်းများစွာကို လှူဒါန်းပေးခဲ့ပါတယ်။ ဒါဟာ အထူးသဖြင့် ပရဟိတလုပ်ငန်းတွေမှာ အားသန်တဲ့ Yunho အတွက် ရည်ရွယ်တယ်လို့လည်း ဆိုပါတယ်။

(၆) Jin ဆီကို ပို့လိုက်တဲ့ ကွန်ဒုံး

Photo: koreaboo
Photo: koreaboo

တစ်ချို့ပရိသတ်တွေကတော့ ရှာရှာကြံကြံ အစအနောက် ကြမ်းတယ်လို့ပဲ ပြောရမှာပါ။ Jin တစ်ယောက် သူမုန့်စားနေတဲ့ ပုံတစ်ပုံကို အွန်လိုင်းပေါ် တင်လိုက်ပြီးနောက်မှာတော့ ရှာရှာဖွေဖွေ စုံထောက်မျက်လုံးနဲ့ မြင်တတ်တဲ့ ပရိသတ်အချို့က ဓာတ်ပုံထဲက Jin ရဲ့ နောက်ကွယ်မှာ ပါနေတဲ့ ကွန်ဒုံးတစ်ခုကို မြင်သွားခဲ့ပါတယ်။ အစပိုင်းမှာ သို့လော သို့လောတွေ ဖြစ်ခဲ့ကြပေမယ့် နောက်ဆုံးမှာတော့ ပရိသတ်တွေဆီက လာတဲ့ လက်ဆောင်မှန်း သိခဲ့ကြရပါတယ်။

(၇) Idol များအတွက် လက်ဆောင် ချိုလိမ်

Photo: koreaboo
Photo: koreaboo

Idol တွေကို ချိုလိမ် လက်ဆောင်ပေးတာဟာ ထူးဆန်းတယ်လို့တော့ မခေါ်နိုင်တော့ပါဘူး။ ဒါဟာ ပရိသတ်တွေဆီက အများဆုံးရတတ်တဲ့ လက်ဆောင်တစ်မျိုးလို့တောင် ခေါ်ရမလို ဖြစ်နေတာပါ။

(၈) G-Dragon ရဲ့နာမည်နဲ့ စိုက်ပျိုးတဲ့ သစ်ပင်များ

Photo: koreaboo
Photo: koreaboo

BIGBANG ပရိသတ်တွေဟာ G-Dragon ရဲ့ နာမည်နဲ့ သစ်တောနှစ်ခု စိုက်ပျိုးပေးခဲ့ပါတယ်။ G-Dragon ရဲ့ (၂၉)နှစ်မြောက် မွေးနေ့အတွက် စိုက်ပျိုးပေးထားတဲ့ သံပုရာပင်တောအုပ်လေးဟာ ဂျယ်ဂျူးကျွန်းပေါ်မှာ တည်ရှိပါတယ်။ နောက်တစ်ခုကတော့ ၂၀၁၄ခုနှစ်က စိုက်ပျိုးပေးထားတာဖြစ်ပြီး ဆိုးလ်မြို့မှာ တည်ရှိပါတယ်။

(၉) Junsu နာမည်နဲ့ အိမ်ရာသစ်များ ထူထောင်ပေးခြင်း

Photo: koreaboo
Photo: koreaboo

JYJ အဖွဲ့က Junsu ရဲ့ fan club ဟာ ကမ္ဘောဒီးယားနိုင်ငံက AdraKore ဆိုတဲ့ အဖွဲ့အစည်းကို အလှူငွေတွေ လှူဒါန်းပေးခဲ့ပါတယ်။ အဲ့ဒီ့အဖွဲ့ကတော့ ကျေးလက်နေ ပြည်သူတွေရဲ့ အိမ်ယာတွေကို ပြန်လည်ထူထောင်ပေးပြီး လူနေမှုအဆင့်အတန်း မြင့်မားအောင် ကူညီပေးနေတဲ့ အဖွဲ့အစည်းပါ။ Junsu fan club ရဲ့ အကူအညီနဲ့ ပြိုပျက်လုဆဲဆဲ အိမ်ပေါင်းအလုံး(၃၀)ကို ပြန်လည်ပြီး အသက်သွင်းပေးနိုင်ခဲ့ပါတယ်။ အဲ့ဒီ့ရွာလေးရဲ့ နာမည်ကိုတော့ “Xia Junsu Village” လို့ အမည်ပေးထားပါသတဲ့။

(၁၀) Yunho အတွက် ဆောက်ပေးတဲ့ စာသင်ကျောင်းကလေး

Photo: koreaboo
Photo: koreaboo
Photo: koreaboo

KBS ရဲ့ Road For Hope အစီအစဉ်အတွက် TVXQ အဖွဲ့က ဂါနာနိုင်ငံကို အလည်အပတ် သွားရောက်ပြီးနောက်မှာတော့ အဖွဲ့ဝင် Yunho နဲ့ သူ့ရဲ့ပရိသတ်တွေဟာ ဂါနာနိုင်ငံက ကလေးငယ်တွေအတွက် စာသင်ကျောင်းဆောက်လုပ်ဖို့ ရန်ပုံငွေတွေ လှူဒါန်းခဲ့ကြပါတယ်။ Yunho Education Center လို့ အမည်ပေးထားတဲ့ ကျောင်းလေးကို ၂၀၁၅ခုနှစ်မှာ စတင်ဖွင့်လှစ်ခဲ့ပါတယ်။ ကျောင်းလေးကတော့ ဂါနာနိုင်ငံတောင်ပိုင်း၊ ဘွန်ဂိုမြို့လေးမှာ တည်ရှိပါတယ်။ အဲ့ဒီ့ကျောင်းလေးဟာ ကျောင်းသားအယောက်(၂၀၀)ခန့်ကို ပညာသင်ကြားပေးရုံသာမက ထမင်းပါ ကျွေးသေးတယ်လို့ သိရပါတယ်။

ဒါကတော့ ပရိသတ်တွေက Idol တွေကို ပေးဖူးတဲ့ ထူးထူးဆန်းဆန်း လက်ဆောင်လေးတွေ အကြောင်းပါ။ အချို့က ရယ်စရာ၊ စိတ်ဆိုးစရာဖြစ်စေသလို အချို့ကတော့ လိုက်အတုယူစရာ၊ ကြည်နူးမုဒိတာပွားစရာလေးတွေ ဖြစ်စေပါတယ်လို့ ဆိုရင်း …။

LaNina

(ဆံရစ်ဝိုင်းမီဒီယာစာမျက်နှာပေါ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို ခွင့်ပြုချက် တစ်စုံတစ်ရာ မရရှိဘဲ မိမိတို့ကိုယ်ကျိုးအတွက် ကူးယူသုံးစွဲခြင်း မပြုလုပ်ကြပါရန် သတိပေးအပ်ပါသည်။)

RELATED ARTICLES

Most Popular