HomeCelebs Update NewsKoreaပွဲထွက်ပြီးဆယ်နှစ်အကြာမှာ ပြောင်းလဲမှုတွေကို ပြန်လည်သုံးသပ်မိခဲ့တဲ့ Suzy 

ပွဲထွက်ပြီးဆယ်နှစ်အကြာမှာ ပြောင်းလဲမှုတွေကို ပြန်လည်သုံးသပ်မိခဲ့တဲ့ Suzy 

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

Suzy ဟာ ELLE Korea မဂ္ဂဇင်းရဲ့ ဩဂုတ်လစာစောင်အတွက် မျက်နှာဖုံးရှင်အဖြစ် ဓာတ်ပုံရိုက်ပေးခဲ့ပြီး သူမရဲ့အနုပညာသက်တမ်း ဆယ်နှစ်ပြည့်မြောက်တဲ့အချိန်မှာ ယခင်ပွဲထွက်ပြီးစအချိန်နဲ့ ပြောင်းလဲမှုတွေ ဖြစ်ခဲ့တဲ့အကြောင်းကို အင်တာဗျူးတစ်ပုဒ်လည်း ဖြေဆိုခဲ့ပါတယ်။

လွန်ခဲ့သော ဆယ်နှစ်တာကာလကို ပြန်လည်တွေးတောလိုက်တဲ့အခါ သူမကို အစဉ်တစိုက် အားပေးလာကြတဲ့ လူငယ်တွေဟာလည်း သူမနဲ့အတူတူ အရွယ်ရောက် ကြီးပြင်းလာကြတာကို တွေ့ရပြီး ပရိသတ်တွေကြောင့်သာ ဒီနေ့အထိ ဒီလိုနေရာမှာ ရပ်တည်နေနိုင်တဲ့အကြောင်းကို ပြောပြခဲ့ပါတယ်။

Photo: koreaboo

“ကောင်းကောင်း ထိန်းသိမ်းနိုင်ခဲ့တယ်။ အလုပ်တွေလည်း ကြိုးစားခဲ့တယ်။ အခုဆို ဆယ်နှစ်တောင် ရှိခဲ့ပြီ။ နင် .. တော်တယ်။ ဒီလိုမျိုးပေါ့။ တကယ်တမ်း တွေးကြည့်လိုက်မယ်ဆိုရင် ကျွန်မ ပွဲထွက်တည်းက အားပေးလာတဲ့ ကျွန်မရဲ့လူငယ်ပရိသတ်လေးတွေဟာ တစ်ချိန်လုံး ကျွန်မနဲ့အတူတူ ရှိနေခဲ့ကြတယ်။ အခုဆိုရင် သူတို့လည်း အရွယ်တွေရောက်လာကြပြီဆိုတော့ .. ပြောရရင် သိပ်ကိုကြာခဲ့ပြီပေါ့။ ဆယ်နှစ်လောက်အထိ ဆက်လုပ်နိုင်ခဲ့တယ်ဆိုတာ ကျွန်မကိုယ်တိုင်ကိုက ဒီအလုပ်ကို နှစ်သက်လို့ပါ…” လို့ Suzy က ဆိုပါတယ်။

ပြီးခဲ့တဲ့ ဆယ်နှစ်အတွင်းမှာ ဘဝအပေါ် ရှုမြင်တဲ့ သူမရဲ့သဘောထား၊ အမြင်တွေဟာလည်း ပြောင်းလဲခဲ့ကြောင်း Suzy က ဝန်ခံထားပါသေးတယ်။ ယခင်ကဆိုရင် ဘဝဆိုတာ တစ်ကြိမ်တစ်ခါပဲ ရတဲ့အရာဆိုတာ သဘောမပေါက်မိခဲ့ပေမယ့် အခုဆိုရင်တော့ ဘဝမှာ ရှင်သန်ရတုန်းလေး အပြည့်အဝ အဓိပ္ပာယ်ရှိရှိ ရှင်သန်နေထိုင်ဖို့ ဆုံးဖြတ်ထားတယ်လို့ ဆိုပါတယ်။

Photo: skuukzky/ Instagram

“ဟိုးအရင်တုန်းကတော့ ဘဝက တစ်ကြိမ် တစ်ခါပဲ နေထိုင်ခွင့်ရတယ်ဆိုတာ ကျွန်မ သဘောမပေါက်မိခဲ့ဘူး။ နောက်တစ်ခေါက် ပြန်ရှင်သန်လို့ရဦးမယ်လို့ ခံစားနေမိခဲ့တာ။ ဒါပေမယ့် အခုနှစ်ပိုင်းကစပြီး ဘဝဆိုတာ အကန့်အသတ် ရှိတယ်လို့ ကျွန်မ သိခဲ့ရတယ်။ အဲ့ဒါကြောင့် အရာရာတိုင်းကို ပိုပြီးတန်ဖိုးထား၊ ခံစားတတ်လာတယ်။ တစ်ချို့အရာတွေမှာဆိုရင်လည်း ဆုံးဖြတ်ချက်တွေ ပိုပြီးပြတ်သားလာတယ်…” လို့ Suzy က ဘဝအပေါ် သူမရဲ့အမြင်ကို ဖွင့်ဟခဲ့ပါတယ်။

Suzy ဟာ ၂၀၀၉ခုနှစ်မှာ Superstar K အတွက် လူရွေးပွဲဝင်ပြိုင်ခဲ့ပြီး ၂၀၁၀ခုနှစ်မှာတော့ Miss A အဖွဲ့နဲ့အတူ ပွဲထွက်ခဲ့ပါတယ်။ ပွဲထွက်ခဲ့ပြီးချိန်ကစလို့ နာမည်ကျော်ကြားတဲ့ Idol တစ်ယောက်အဖြစ် အောင်မြင်လာခဲ့ပြီး အဲ့ဒီ့နောက်မှာ သရုပ်ဆောင် မင်းသမီးဘက်ကို ကူးပြောင်းလာခဲ့ပါတယ်။ အခုအချိန်မှာတော့ သူမဟာ စွယ်စုံရ နာမည်ကျော် အမျိုးသမီးတစ်ယောက်အဖြစ် ကိုရီးယားဖျော်ဖြေရေးလောကထဲမှာ နာမည်တစ်လုံးနဲ့ ရပ်တည်နေနိုင်ပြီ ဖြစ်ပါတယ်။

Photo: skuukzky/ Instagram

Suzy ဟာ မကြာခင်မှာ ထွက်ရှိလာမယ့် သူမရဲ့ရုပ်ရှင်ဇာတ်ကား Wonderland နဲ့ ဒရာမာအသစ် Start Up တို့ကြောင့် အလုပ်တွေ မအားမလပ်ပဲ ရှိနေပါတယ်။ ဒါ့အပြင် နာမည်ကျော် ဇိမ်ခံအမှတ်တံဆိပ်တစ်ခုဖြစ်တဲ့ Dior ရဲ့ brand ambassador အဖြစ်လည်း လုပ်ကိုင်နေရသေးတာကြောင့် သူမရဲ့အချိန်ဇယားတွေဟာ အမြဲတမ်း ပြည့်ကျပ်နေမယ်ဆိုတာ အံ့ဩစရာ မရှိပါဘူး။

ဒီလိုအလုပ်တွေ ကြိုးစားလို့လည်း ပရိသတ်တွေရဲ့ ရင်ထဲမှာ နေရာတစ်နေရာ အခိုင်အမာ ရရှိထားတာပါလို့ ဆိုလိုက်ရင်း … ။

LaNina

Source: koreaboo

(Zawgyi Version)

Suzy ဟာ ELLE Korea မဂၢဇင္းရဲ႕ ဩဂုတ္လစာေစာင္အတြက္ မ်က္ႏွာဖုံးရွင္အျဖစ္ ဓာတ္ပုံ႐ိုက္ေပးခဲ့ၿပီး သူမရဲ႕အႏုပညာသက္တမ္း ဆယ္ႏွစ္ျပည့္ေျမာက္တဲ့အခ်ိန္မွာ ယခင္ပြဲထြက္ၿပီးစအခ်ိန္နဲ႔ ေျပာင္းလဲမႈေတြ ျဖစ္ခဲ့တဲ့အေၾကာင္းကို အင္တာဗ်ဴးတစ္ပုဒ္လည္း ေျဖဆိုခဲ့ပါတယ္။

လြန္ခဲ့ေသာ ဆယ္ႏွစ္တာကာလကို ျပန္လည္ေတြးေတာလိုက္တဲ့အခါ သူမကို အစဥ္တစိုက္ အားေပးလာၾကတဲ့ လူငယ္ေတြဟာလည္း သူမနဲ႔အတူတူ အ႐ြယ္ေရာက္ ႀကီးျပင္းလာၾကတာကို ေတြ႕ရၿပီး ပရိသတ္ေတြေၾကာင့္သာ ဒီေန႔အထိ ဒီလိုေနရာမွာ ရပ္တည္ေနႏိုင္တဲ့အေၾကာင္းကို ေျပာျပခဲ့ပါတယ္။

Photo: koreaboo

“ေကာင္းေကာင္း ထိန္းသိမ္းႏိုင္ခဲ့တယ္။ အလုပ္ေတြလည္း ႀကိဳးစားခဲ့တယ္။ အခုဆို ဆယ္ႏွစ္ေတာင္ ရွိခဲ့ၿပီ။ နင္ .. ေတာ္တယ္။ ဒီလိုမ်ိဳးေပါ့။ တကယ္တမ္း ေတြးၾကည့္လိုက္မယ္ဆိုရင္ ကြၽန္မ ပြဲထြက္တည္းက အားေပးလာတဲ့ ကြၽန္မရဲ႕လူငယ္ပရိသတ္ေလးေတြဟာ တစ္ခ်ိန္လုံး ကြၽန္မနဲ႔အတူတူ ရွိေနခဲ့ၾကတယ္။ အခုဆိုရင္ သူတို႔လည္း အ႐ြယ္ေတြေရာက္လာၾကၿပီဆိုေတာ့ .. ေျပာရရင္ သိပ္ကိုၾကာခဲ့ၿပီေပါ့။ ဆယ္ႏွစ္ေလာက္အထိ ဆက္လုပ္ႏိုင္ခဲ့တယ္ဆိုတာ ကြၽန္မကိုယ္တိုင္ကိုက ဒီအလုပ္ကို ႏွစ္သက္လို႔ပါ…” လို႔ Suzy က ဆိုပါတယ္။

ၿပီးခဲ့တဲ့ ဆယ္ႏွစ္အတြင္းမွာ ဘဝအေပၚ ရႈျမင္တဲ့ သူမရဲ႕သေဘာထား၊ အျမင္ေတြဟာလည္း ေျပာင္းလဲခဲ့ေၾကာင္း Suzy က ဝန္ခံထားပါေသးတယ္။ ယခင္ကဆိုရင္ ဘဝဆိုတာ တစ္ႀကိမ္တစ္ခါပဲ ရတဲ့အရာဆိုတာ သေဘာမေပါက္မိခဲ့ေပမယ့္ အခုဆိုရင္ေတာ့ ဘဝမွာ ရွင္သန္ရတုန္းေလး အျပည့္အဝ အဓိပၸာယ္ရွိရွိ ရွင္သန္ေနထိုင္ဖို႔ ဆုံးျဖတ္ထားတယ္လို႔ ဆိုပါတယ္။

Photo: skuukzky/ Instagram

“ဟိုးအရင္တုန္းကေတာ့ ဘဝက တစ္ႀကိမ္ တစ္ခါပဲ ေနထိုင္ခြင့္ရတယ္ဆိုတာ ကြၽန္မ သေဘာမေပါက္မိခဲ့ဘူး။ ေနာက္တစ္ေခါက္ ျပန္ရွင္သန္လို႔ရဦးမယ္လို႔ ခံစားေနမိခဲ့တာ။ ဒါေပမယ့္ အခုႏွစ္ပိုင္းကစၿပီး ဘဝဆိုတာ အကန႔္အသတ္ ရွိတယ္လို႔ ကြၽန္မ သိခဲ့ရတယ္။ အဲ့ဒါေၾကာင့္ အရာရာတိုင္းကို ပိုၿပီးတန္ဖိုးထား၊ ခံစားတတ္လာတယ္။ တစ္ခ်ိဳ႕အရာေတြမွာဆိုရင္လည္း ဆုံးျဖတ္ခ်က္ေတြ ပိုၿပီးျပတ္သားလာတယ္…” လို႔ Suzy က ဘဝအေပၚ သူမရဲ႕အျမင္ကို ဖြင့္ဟခဲ့ပါတယ္။

Suzy ဟာ ၂၀၀၉ခုႏွစ္မွာ Superstar K အတြက္ လူေ႐ြးပြဲဝင္ၿပိဳင္ခဲ့ၿပီး ၂၀၁၀ခုႏွစ္မွာေတာ့ Miss A အဖြဲ႕နဲ႔အတူ ပြဲထြက္ခဲ့ပါတယ္။ ပြဲထြက္ခဲ့ၿပီးခ်ိန္ကစလို႔ နာမည္ေက်ာ္ၾကားတဲ့ Idol တစ္ေယာက္အျဖစ္ ေအာင္ျမင္လာခဲ့ၿပီး အဲ့ဒီ့ေနာက္မွာ သ႐ုပ္ေဆာင္ မင္းသမီးဘက္ကို ကူးေျပာင္းလာခဲ့ပါတယ္။ အခုအခ်ိန္မွာေတာ့ သူမဟာ စြယ္စုံရ နာမည္ေက်ာ္ အမ်ိဳးသမီးတစ္ေယာက္အျဖစ္ ကိုရီးယားေဖ်ာ္ေျဖေရးေလာကထဲမွာ နာမည္တစ္လုံးနဲ႔ ရပ္တည္ေနႏိုင္ၿပီ ျဖစ္ပါတယ္။

Photo: skuukzky/ Instagram

Suzy ဟာ မၾကာခင္မွာ ထြက္ရွိလာမယ့္ သူမရဲ႕႐ုပ္ရွင္ဇာတ္ကား Wonderland နဲ႔ ဒရာမာအသစ္ Start Up တို႔ေၾကာင့္ အလုပ္ေတြ မအားမလပ္ပဲ ရွိေနပါတယ္။ ဒါ့အျပင္ နာမည္ေက်ာ္ ဇိမ္ခံအမွတ္တံဆိပ္တစ္ခုျဖစ္တဲ့ Dior ရဲ႕ brand ambassador အျဖစ္လည္း လုပ္ကိုင္ေနရေသးတာေၾကာင့္ သူမရဲ႕အခ်ိန္ဇယားေတြဟာ အၿမဲတမ္း ျပည့္က်ပ္ေနမယ္ဆိုတာ အံ့ဩစရာ မရွိပါဘူး။

ဒီလိုအလုပ္ေတြ ႀကိဳးစားလို႔လည္း ပရိသတ္ေတြရဲ႕ ရင္ထဲမွာ ေနရာတစ္ေနရာ အခိုင္အမာ ရရွိထားတာပါလို႔ ဆိုလိုက္ရင္း … ။

LaNina

Source: koreaboo

 

RELATED ARTICLES

Most Popular