HomeDramaသည်းထိတ်ရင်ဖို ဒရာမာတစ်ခုမှာ သရုပ်ဆောင်ဖို့ ဆွေးနွေးနေတဲ့ Suzy 

သည်းထိတ်ရင်ဖို ဒရာမာတစ်ခုမှာ သရုပ်ဆောင်ဖို့ ဆွေးနွေးနေတဲ့ Suzy 

မင်းသမီးချောလေး Suzy ကတော့ သည်းထိတ်ရင်ဖို ဇာတ်လမ်းတွဲအသစ်တစ်ခုမှာ ခေါင်းဆောင်မင်းသမီးနေရာက ပါဝင်ဖို့ ဆွေးနွေးနေပါတယ်။

ဒရာမာရဲ့ အမည်ကတော့ The Second Anna လို့ သိရပြီး လတ်တလောမှာတော့ Suzy အနေနဲ့ ဒီဇာတ်ရုပ်အတွက် စဉ်းစားနေဆဲ ဖြစ်တယ်လို့ အေဂျင်စီဘက်က တုံ့ပြန်ထားပါတယ်။ ဒီဇာတ်လမ်းတွဲကိုတော့ ၂၀၁၇ခုနှစ်မှာ ထွက်ရှိခဲ့ပြီး Lee Byung Hun နဲ့ Gong Hyo Jin တို့ ပါဝင်သရုပ်ဆောင်ထားတဲ့ A Single Rider ရုပ်ရှင်ကို ရိုက်ကူးခဲ့တဲ့ ဒါရိုက်တာ Lee Joo Young က ဖန်တီး ရိုက်ကူးသွားမှာ ဖြစ်ပါတယ်။

Photo: skuukzky/ Instagram

ဒီဒရာမာဟာ မူလက ရုပ်ရှင်အဖြစ် ရိုက်ကူးဖို့ စီစဉ်ခဲ့ပေမယ့်လည်း နောက်ပိုင်းမှာတော့ အပိုင်း(၈)ပိုင်း ပါဝင်တဲ့ ဒရာမာဇာတ်လမ်းတွဲအဖြစ် ရိုက်ကူးဖို့ ပြောင်းလဲလိုက်တာ ဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ တခြားသူတစ်ယောက်ရဲ့ ဘဝနဲ့ နေထိုင်ဖို့ ကြိုးစားနေတဲ့ Anna ဆိုတဲ့ မိန်းကလေးတစ်ယောက်အကြောင်း ဖြစ်ပါတယ်။ အဲဒီမိန်းကလေးဟာ တကယ်မရှိတဲ့ အရာတွေကို ယုံကြည်နေပြီး မိမိကိုယ်ကို တောက်လျှောက် လိမ်ညာကာ လူတွေရဲ့အဝေးမှာ နေထိုင်တတ်တဲ့ စိတ္တဇရောဂါသည်တစ်ဦး ဖြစ်ပါတယ်။

Photo: skuukzky/ Instagram

အချို့သော သတင်းဌာနတွေကတော့ ဒါရိုက်တာ Lee Joo Young ရဲ့ ဇာတ်ညွှန်းနဲ့ ဒါရိုက်တာပညာကြောင့် Suzy ဘက်က လက်ခံလိုက်ပြီလို့လည်း ဖော်ပြနေကြတာ ရှိပါတယ်။ သို့ပေမယ့် အေဂျင်စီဘက်ကတော့ Suzy အနေနဲ့ ဒီဇာတ်ရုပ်ကို လိုလိုလားလားနဲ့ စဉ်းစားနေဆဲပါလို့ တုံ့ပြန်ထားပါတယ်။ ရိုက်ကူးရေးကိုတော့ သရုပ်ဆောင် ရွေးချယ်မှုတွေ အတည်ပြုပြီးတာနဲ့ စတင်မယ်လို့ သိရပါတယ်။

Glasgow

Source: soompi

 

RELATED ARTICLES

Most Popular