HomeCelebs Update NewsKoreaအိပ်မက်တွေ တပွေ့တပိုက်နဲ့ Taeyeon ရဲ့ Girls' Generation နဲ့ ဘဝအစခရီး 

အိပ်မက်တွေ တပွေ့တပိုက်နဲ့ Taeyeon ရဲ့ Girls’ Generation နဲ့ ဘဝအစခရီး 

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

Girls’ Generation အဖွဲ့ ၂၀၀၇ခုနှစ်မှာ ပွဲထွက်လာတုန်းက အားလုံးအတွက် အံ့အားသင့်စရာ ဖြစ်ခဲ့ရပါတယ်။ မိန်းကလေးအဖွဲ့ဝင်တွေ အများကြီးနဲ့ ဖွဲ့စည်းထားတဲ့ ဒီအဖွဲ့မှာ အဖွဲ့ဝင်အများစုဟာ visual တွေ ဖြစ်ကြသလို talent မျိုးစုံနဲ့လည်း ပြည့်ဝနေကြသူတွေ ဖြစ်ပါတယ်။ ကေပေါ့ပ်ရဲ့ generation တစ်ခုစာ လွှမ်းမိုးမှုအပြည့် ရှိခဲ့ကြတဲ့ ဒီအဖွဲ့ကို အဖွဲ့ဝင်တွေ ဘယ်လိုရောက်လာကြပြီး SM Entertainment နဲ့ စာချုပ်ချုပ်ဖြစ်ခဲ့တယ်ဆိုတာ စိတ်ဝင်စားစရာပါ။ ဒါကြောင့် ပထမဦးဆုံးအနေနဲ့ Taeyeon တစ်ယောက် SM ကို ဘယ်လိုရောက်လာပြီး Girls’ Generation အဖွဲ့နဲ့ ပွဲထွက်ဖြစ်ခဲ့တယ်ဆိုတာကို ဖော်ပြပေးလိုက်ပါတယ်။

Taeyeon ရဲ့ ပွဲထွက်လာခဲ့တဲ့ ရာဇဝင်ကို ပြောရမယ်ဆိုရင် မိသားစုရဲ့နောက်ခံကိုပါ အရင်ဆုံး ပြောရပါလိမ့်မယ်။ သူမရဲ့ ဖခင်ဟာ ကောလိပ်ကျောင်းသားတုန်းက ကျောင်းကတီးဝိုင်းအဖွဲ့ရဲ့ ပင်တိုင်အဆိုတော် ဖြစ်ပါတယ်။ မိခင်ဖြစ်သူကတော့ ကလေးသီချင်းအဆိုပြိုင်ပွဲများစွာမှာ အနိုင်ရရှိခဲ့တဲ့ အဆိုတော်တစ်ဦး ဖြစ်ခဲ့တာပါ။ ဒီလိုဇနီးမောင်နှံက ဆင်းသက်လာတဲ့ Taeyeon ဟာ ဂီတမှာ ဝါသနာကြီးခဲ့တာကတော့ အံ့ဩစရာ မရှိတော့ပါဘူး။

Photo: taeyeon_ss/ Instagram

Taeyeon ဟာ အဆိုဘက်ကို စိတ်ဝင်စားတယ်လို့ သိလာတဲ့အချိန်မှာလည်း သူမရဲ့မိဘတွေက ထောက်ခံအားပေးခဲ့ကြပါတယ်။ ဒီလိုနဲ့ အဆိုပြိုင်ပွဲတွေမှာ ဝင်ပြိုင်ခဲ့တဲ့ Taeyeon ဟာ ဆုတွေလည်း တောက်လျှောက်ရလာတဲ့အခါမှာတော့ အဆိုတော်အနေနဲ့ပဲ အသက်မွေးသွားဖို့ စဉ်းစားခဲ့ပါတယ်။

ဒီလိုနဲ့ အလယ်တန်းကျောင်း ဒုတိယနှစ်ကျောင်းသူအရွယ်ပဲ ရှိသေးတဲ့ Taeyeon ဟာ သူမအဖေရဲ့လက်ကိုဆွဲပြီး SM ကဖွင့်ထားတဲ့ Starlight အကယ်ဒမီသင်တန်းကျောင်းကို ရောက်လာခဲ့ပါတယ်။ သူမရဲ့ဖခင်ဟာ အဲ့ဒီ့အချိန်က မျက်မှန်ဆိုင်ဖွင့်ထားတာဖြစ်ပြီး Jeonju ဆိုတဲ့ မြို့လေးကနေ Seoul အထိ သားအဖနှစ်ယောက် လာခဲ့ရတာ ဖြစ်ပါတယ်။ စစချင်းမှာတော့ ဖခင်ဖြစ်သူဟာ သူ့သမီးလေးကို တကယ့်အဆိုတော်ကြီး ဖြစ်ရမယ်ဆိုတဲ့ ဆန္ဒမျိုး မရှိခဲ့ပါဘူး။ အကြောင်းကတော့ ဒီလမ်းကို ရွေးချယ်လိုက်ရင် သိပ်ကိုခက်ခက်ခဲခဲနဲ့ ပင်ပန်းစွာ လျှောက်လှမ်းရမှာကို သိနေတာကြောင့် သမီးလေးကို မပင်ပန်းစေချင်တဲ့ စိတ်ကသာ ကြီးစိုးနေတာပါ။

Photo via koreaboo

ဒါကြောင့်လည်း Starlight အကယ်ဒမီသင်တန်းကျောင်းရဲ့ ဥက္ကဌ Lee Solim နဲ့ တွေ့တဲ့အခါ သမီးဖြစ်သူမှာသာ အခြေခံမကောင်းဘူးဆိုရင် လက်လျှော့သွားအောင် ပြောပေးဖို့ Taeyeon ရဲ့ ဖခင်က အကူအညီတောင်းခဲ့ပါတယ်။ ဒီလိုနဲ့ ဥက္ကဌဖြစ်သူ Lee Solim ဟာ Taeyeon လေးကို အရင်ဆုံး သီချင်းဆိုပြခိုင်းလိုက်ပါတယ်။ ကလေးပဲရှိသေးတာမို့ ဒီနေ့လို အသံမျိုးတော့ မဟုတ်သေးပေမယ့် သေသေချာချာ ကြိုးစားလေ့ကျင့်မယ်ဆိုရင် ဖြစ်နိုင်ချေရှိတယ်လို့ ဥက္ကဌရဲ့ စိတ်ထဲမှာတော့ သိလိုက်ပါတယ်။

ဒီလိုနဲ့ Lee Solim ဟာ Taeyeon လေးကို နှစ်ယောက်တည်း သီးသန့်စကားပြောခဲ့ပြီး အဆိုပညာကို ဘာလို့ဝါသနာပါတာလည်းလို့ မေးမြန်းခဲ့ပါတယ်။ ဒီမှာတင် Taeyeon ဟာ သူမရဲ့ကွန်ပျူတာကနေ သီချင်းတီးလုံးကိုဖွင့်ပြီး လိုက်အဆိုကျင့်တဲ့အကြောင်းနဲ့ ဘယ်သူကမှ သူမကို တကူးတက မသင်ပေးပေမယ့် သူမဘာသာ လေ့လာနေတာ ဖြစ်တယ်လို့ ဖြေခဲ့ပါတယ်။

Photo via koreaboo

တောက်ပတဲ့မျက်လုံးလေးတွေထဲက ယုံကြည်ချက်အပြည့်နဲ့ အိပ်မက်တွေကို လှမ်းမြင်လိုက်ရတဲ့ Lee Solim ဟာ Taeyeon ရဲ့ဖခင်ကို ပြန်ပြီးနားချခဲ့ရပါတယ်။ ကလေးဟာ အဆိုပညာကို သိပ်ဝါသနာပါနေတာဖြစ်ပြီး ဒီမှာလက်မခံဘဲ ငြင်းလွှတ်လိုက်ရင်လည်း သူ့ဘာသာ ဆက်လုပ်နေဦးမှာဖြစ်လို့ သင်တန်းကျောင်းမှာ ခြောက်လ၊ တစ်နှစ်လောက် သင်ခိုင်းပြီး တိုးတက်လာမှု အခြေအနေကို ကြည့်ပြီးမှ တစ်ခုခု ဆုံးဖြတ်ပါလို့ Lee Solim က Taeyeon ရဲ့ဖခင်ကို ပြောပြ၊ နားချခဲ့ပါတယ်။

ဒီအခါမှာတော့ Taeyeon ဟာ ဖခင်ဖြစ်သူနဲ့ တနင်္ဂနွေနေ့တိုင်း Jeonju ကနေ ဆိုးလ်အထိ တက်လာပြီး တစ်ရက်လုံး အဆိုသင်ခန်းစာတွေကို လေ့ကျင့်ပြီးမှ အိမ်ကိုပြန်ရပါတယ်။ အဖေဖြစ်သူကလည်း တနင်္ဂနွေတစ်နေ့လုံး သမီးဖြစ်သူ သင်တန်းတက်နေတာကို ငုတ်တုတ်ထိုင်စောင့်ပြီး အကြိုအပို့ လုပ်ပေးခဲ့တာဟာ တစ်နှစ်လောက်အထိ ရှိခဲ့ပါတယ်။

Photo: taeyeon_ss/ Instagram

ဒီလိုနဲ့ အပျိုပေါက်အရွယ် ကြီးကောင်ဝင်လာတဲ့အခါမှာတော့ အမြင့်သံတွေကို ဆိုလို့မရတဲ့ အသံပြောင်းလဲမှု ဖြစ်ခဲ့ပါတော့တယ်။ လူတိုင်းကြုံတွေ့ရတဲ့ သဘာဝဖြစ်ပေမယ့် အဆိုတော်ဖြစ်ချင်လွန်းတဲ့ Taeyeon ဟာ အမြင့်သံတေွကို မဆိုနိုင်တော့လို့ ငိုကြွေးခဲ့ရတာပါ။ သို့ပေမယ့် ခါတိုင်းကထက် ပိုပြီး ကြိုးစားရင်းနဲ့ပဲ အဲ့ဒီ့အခက်အခဲကို ကျော်ဖြတ်နိုင်ခဲ့ပါတယ်။ Super Junior အဖွဲ့သားတွေရဲ့ ပြောပြချက်အရဆိုရင် Taeyeon ဟာ လေ့ကျင့်မှုတွေနဲ့ ပတ်သက်ရင် သိပ်ကိုစိတ်နှစ်ထားသူဖြစ်ပြီး လေ့ကျင့်ရေးအခန်းကို လုဖို့ဖြစ်လာပြီဆိုရင်လည်း သူတို့တောင်ကို အလျှော့မပေးသူ ဖြစ်တယ်လို့ ဆိုပါတယ်။

၂၀၀၄ခုနှစ်ကို ရောက်တဲ့အခါမှာတော့ (၁၅)နှစ်အရွယ် Taeyeon ဟာ အဆိုတော် The One ရဲ့ You Bring Me Joy (Part 2) ဆိုတဲ့အယ်လ်ဘမ်ထဲမှာ သရုပ်ဆောင်ခွင့်ရခဲ့ပါတယ်။ အဲ့ဒီ့နှစ်ရဲ့ ဩဂုတ်လမှာပဲ Dance Queen အဖြစ် အနိုင်ရခဲ့ပြီး SM ရဲ့(၈)ကြိမ်မြောက် Teen Best Contest မှာ အနိုင်ရရှိခဲ့ပြန်ပါတယ်။ အဲ့ဒီ့ပြိုင်ပွဲမှာ အနိုင်ရခဲ့တာကြောင့် SM Entertainment ရဲ့ တရားဝင် ထရိန်နီအဖြစ် ရွေးချယ်ခံခဲ့ရပါတယ်။

Photo: taeyeon_ss/ Instagram

အေဂျင်စီနဲ့ သင်ခန်းစာတွေ စတင်သင်ကြားတဲ့အချိန်မှာပဲ ကိုရီးယားနိုင်ငံရဲ့ နာမည်ကြီး R&B အဆိုတော် Johan Kim ဆီကနေ အဆိုပညာရပ်တွေကို သင်ကြားခဲ့ရပါတယ်။ ထရိန်နီဘဝနဲ့ သုံးနှစ်လောက် လေ့ကျင့်ခဲ့ပြီး ၂၀၀၇ခုနှစ် ဩဂုတ်လမှာတော့ Girls’ Generation အဖွဲ့ရဲ့ ခုနှစ်ယောက်မြောက် အဖွဲ့ဝင်အဖြစ် ပွဲထွက်ဖို့ ရွေးချယ်ခံခဲ့ရပါတော့တယ်။

Glasgow

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

(Zawgyi Version)

Girls’ Generation အဖြဲ႕ ၂၀၀၇ခုႏွစ္မွာ ပြဲထြက္လာတုန္းက အားလုံးအတြက္ အံ့အားသင့္စရာ ျဖစ္ခဲ့ရပါတယ္။ မိန္းကေလးအဖြဲ႕ဝင္ေတြ အမ်ားႀကီးနဲ႔ ဖြဲ႕စည္းထားတဲ့ ဒီအဖြဲ႕မွာ အဖြဲ႕ဝင္အမ်ားစုဟာ visual ေတြ ျဖစ္ၾကသလို talent မ်ိဳးစုံနဲ႔လည္း ျပည့္ဝေနၾကသူေတြ ျဖစ္ပါတယ္။ ေကေပါ့ပ္ရဲ႕ generation တစ္ခုစာ လႊမ္းမိုးမႈအျပည့္ ရွိခဲ့ၾကတဲ့ ဒီအဖြဲ႕ကို အဖြဲ႕ဝင္ေတြ ဘယ္လိုေရာက္လာၾကၿပီး SM Entertainment နဲ႔ စာခ်ဳပ္ခ်ဳပ္ျဖစ္ခဲ့တယ္ဆိုတာ စိတ္ဝင္စားစရာပါ။ ဒါေၾကာင့္ ပထမဦးဆုံးအေနနဲ႔ Taeyeon တစ္ေယာက္ SM ကို ဘယ္လိုေရာက္လာၿပီး Girls’ Generation အဖြဲ႕နဲ႔ ပြဲထြက္ျဖစ္ခဲ့တယ္ဆိုတာကို ေဖာ္ျပေပးလိုက္ပါတယ္။

Taeyeon ရဲ႕ ပြဲထြက္လာခဲ့တဲ့ ရာဇဝင္ကို ေျပာရမယ္ဆိုရင္ မိသားစုရဲ႕ေနာက္ခံကိုပါ အရင္ဆုံး ေျပာရပါလိမ့္မယ္။ သူမရဲ႕ ဖခင္ဟာ ေကာလိပ္ေက်ာင္းသားတုန္းက ေက်ာင္းကတီးဝိုင္းအဖြဲ႕ရဲ႕ ပင္တိုင္အဆိုေတာ္ ျဖစ္ပါတယ္။ မိခင္ျဖစ္သူကေတာ့ ကေလးသီခ်င္းအဆိုၿပိဳင္ပြဲမ်ားစြာမွာ အႏိုင္ရရွိခဲ့တဲ့ အဆိုေတာ္တစ္ဦး ျဖစ္ခဲ့တာပါ။ ဒီလိုဇနီးေမာင္ႏွံက ဆင္းသက္လာတဲ့ Taeyeon ဟာ ဂီတမွာ ဝါသနာႀကီးခဲ့တာကေတာ့ အံ့ဩစရာ မရွိေတာ့ပါဘူး။

Photo: taeyeon_ss/ Instagram

Taeyeon ဟာ အဆိုဘက္ကို စိတ္ဝင္စားတယ္လို႔ သိလာတဲ့အခ်ိန္မွာလည္း သူမရဲ႕မိဘေတြက ေထာက္ခံအားေပးခဲ့ၾကပါတယ္။ ဒီလိုနဲ႔ အဆိုၿပိဳင္ပြဲေတြမွာ ဝင္ၿပိဳင္ခဲ့တဲ့ Taeyeon ဟာ ဆုေတြလည္း ေတာက္ေလွ်ာက္ရလာတဲ့အခါမွာေတာ့ အဆိုေတာ္အေနနဲ႔ပဲ အသက္ေမြးသြားဖို႔ စဥ္းစားခဲ့ပါတယ္။

ဒီလိုနဲ႔ အလယ္တန္းေက်ာင္း ဒုတိယႏွစ္ေက်ာင္းသူအ႐ြယ္ပဲ ရွိေသးတဲ့ Taeyeon ဟာ သူမအေဖရဲ႕လက္ကိုဆြဲၿပီး SM ကဖြင့္ထားတဲ့ Starlight အကယ္ဒမီသင္တန္းေက်ာင္းကို ေရာက္လာခဲ့ပါတယ္။ သူမရဲ႕ဖခင္ဟာ အဲ့ဒီ့အခ်ိန္က မ်က္မွန္ဆိုင္ဖြင့္ထားတာျဖစ္ၿပီး Jeonju ဆိုတဲ့ ၿမိဳ႕ေလးကေန Seoul အထိ သားအဖႏွစ္ေယာက္ လာခဲ့ရတာ ျဖစ္ပါတယ္။ စစခ်င္းမွာေတာ့ ဖခင္ျဖစ္သူဟာ သူ႔သမီးေလးကို တကယ့္အဆိုေတာ္ႀကီး ျဖစ္ရမယ္ဆိုတဲ့ ဆႏၵမ်ိဳး မရွိခဲ့ပါဘူး။ အေၾကာင္းကေတာ့ ဒီလမ္းကို ေ႐ြးခ်ယ္လိုက္ရင္ သိပ္ကိုခက္ခက္ခဲခဲနဲ႔ ပင္ပန္းစြာ ေလွ်ာက္လွမ္းရမွာကို သိေနတာေၾကာင့္ သမီးေလးကို မပင္ပန္းေစခ်င္တဲ့ စိတ္ကသာ ႀကီးစိုးေနတာပါ။

Photo via koreaboo

ဒါေၾကာင့္လည္း Starlight အကယ္ဒမီသင္တန္းေက်ာင္းရဲ႕ ဥကၠဌ Lee Solim နဲ႔ ေတြ႕တဲ့အခါ သမီးျဖစ္သူမွာသာ အေျခခံမေကာင္းဘူးဆိုရင္ လက္ေလွ်ာ့သြားေအာင္ ေျပာေပးဖို႔ Taeyeon ရဲ႕ ဖခင္က အကူအညီေတာင္းခဲ့ပါတယ္။ ဒီလိုနဲ႔ ဥကၠဌျဖစ္သူ Lee Solim ဟာ Taeyeon ေလးကို အရင္ဆုံး သီခ်င္းဆိုျပခိုင္းလိုက္ပါတယ္။ ကေလးပဲရွိေသးတာမို႔ ဒီေန႔လို အသံမ်ိဳးေတာ့ မဟုတ္ေသးေပမယ့္ ေသေသခ်ာခ်ာ ႀကိဳးစားေလ့က်င့္မယ္ဆိုရင္ ျဖစ္ႏိုင္ေခ်ရွိတယ္လို႔ ဥကၠဌရဲ႕ စိတ္ထဲမွာေတာ့ သိလိုက္ပါတယ္။

ဒီလိုနဲ႔ Lee Solim ဟာ Taeyeon ေလးကို ႏွစ္ေယာက္တည္း သီးသန႔္စကားေျပာခဲ့ၿပီး အဆိုပညာကို ဘာလို႔ဝါသနာပါတာလည္းလို႔ ေမးျမန္းခဲ့ပါတယ္။ ဒီမွာတင္ Taeyeon ဟာ သူမရဲ႕ကြန္ပ်ဴတာကေန သီခ်င္းတီးလုံးကိုဖြင့္ၿပီး လိုက္အဆိုက်င့္တဲ့အေၾကာင္းနဲ႔ ဘယ္သူကမွ သူမကို တကူးတက မသင္ေပးေပမယ့္ သူမဘာသာ ေလ့လာေနတာ ျဖစ္တယ္လို႔ ေျဖခဲ့ပါတယ္။

Photo via koreaboo

ေတာက္ပတဲ့မ်က္လုံးေလးေတြထဲက ယုံၾကည္ခ်က္အျပည့္နဲ႔ အိပ္မက္ေတြကို လွမ္းျမင္လိုက္ရတဲ့ Lee Solim ဟာ Taeyeon ရဲ႕ဖခင္ကို ျပန္ၿပီးနားခ်ခဲ့ရပါတယ္။ ကေလးဟာ အဆိုပညာကို သိပ္ဝါသနာပါေနတာျဖစ္ၿပီး ဒီမွာလက္မခံဘဲ ျငင္းလႊတ္လိုက္ရင္လည္း သူ႔ဘာသာ ဆက္လုပ္ေနဦးမွာျဖစ္လို႔ သင္တန္းေက်ာင္းမွာ ေျခာက္လ၊ တစ္ႏွစ္ေလာက္ သင္ခိုင္းၿပီး တိုးတက္လာမႈ အေျခအေနကို ၾကည့္ၿပီးမွ တစ္ခုခု ဆုံးျဖတ္ပါလို႔ Lee Solim က Taeyeon ရဲ႕ဖခင္ကို ေျပာျပ၊ နားခ်ခဲ့ပါတယ္။

ဒီအခါမွာေတာ့ Taeyeon ဟာ ဖခင္ျဖစ္သူနဲ႔ တနဂၤေႏြေန႔တိုင္း Jeonju ကေန ဆိုးလ္အထိ တက္လာၿပီး တစ္ရက္လုံး အဆိုသင္ခန္းစာေတြကို ေလ့က်င့္ၿပီးမွ အိမ္ကိုျပန္ရပါတယ္။ အေဖျဖစ္သူကလည္း တနဂၤေႏြတစ္ေန႔လုံး သမီးျဖစ္သူ သင္တန္းတက္ေနတာကို ငုတ္တုတ္ထိုင္ေစာင့္ၿပီး အႀကိဳအပို႔ လုပ္ေပးခဲ့တာဟာ တစ္ႏွစ္ေလာက္အထိ ရွိခဲ့ပါတယ္။

Photo: taeyeon_ss/ Instagram

ဒီလိုနဲ႔ အပ်ိဳေပါက္အ႐ြယ္ ႀကီးေကာင္ဝင္လာတဲ့အခါမွာေတာ့ အျမင့္သံေတြကို ဆိုလို႔မရတဲ့ အသံေျပာင္းလဲမႈ ျဖစ္ခဲ့ပါေတာ့တယ္။ လူတိုင္းႀကဳံေတြ႕ရတဲ့ သဘာဝျဖစ္ေပမယ့္ အဆိုေတာ္ျဖစ္ခ်င္လြန္းတဲ့ Taeyeon ဟာ အျမင့္သံေတြကို မဆိုႏိုင္ေတာ့လို႔ ငိုေႂကြးခဲ့ရတာပါ။ သို႔ေပမယ့္ ခါတိုင္းကထက္ ပိုၿပီး ႀကိဳးစားရင္းနဲ႔ပဲ အဲ့ဒီ့အခက္အခဲကို ေက်ာ္ျဖတ္ႏိုင္ခဲ့ပါတယ္။ Super Junior အဖြဲ႕သားေတြရဲ႕ ေျပာျပခ်က္အရဆိုရင္ Taeyeon ဟာ ေလ့က်င့္မႈေတြနဲ႔ ပတ္သက္ရင္ သိပ္ကိုစိတ္ႏွစ္ထားသူျဖစ္ၿပီး ေလ့က်င့္ေရးအခန္းကို လုဖို႔ျဖစ္လာၿပီဆိုရင္လည္း သူတို႔ေတာင္ကို အေလွ်ာ့မေပးသူ ျဖစ္တယ္လို႔ ဆိုပါတယ္။

၂၀၀၄ခုႏွစ္ကို ေရာက္တဲ့အခါမွာေတာ့ (၁၅)ႏွစ္အ႐ြယ္ Taeyeon ဟာ အဆိုေတာ္ The One ရဲ႕ You Bring Me Joy (Part 2) ဆိုတဲ့အယ္လ္ဘမ္ထဲမွာ သ႐ုပ္ေဆာင္ခြင့္ရခဲ့ပါတယ္။ အဲ့ဒီ့ႏွစ္ရဲ႕ ဩဂုတ္လမွာပဲ Dance Queen အျဖစ္ အႏိုင္ရခဲ့ၿပီး SM ရဲ႕(၈)ႀကိမ္ေျမာက္ Teen Best Contest မွာ အႏိုင္ရရွိခဲ့ျပန္ပါတယ္။ အဲ့ဒီ့ၿပိဳင္ပြဲမွာ အႏိုင္ရခဲ့တာေၾကာင့္ SM Entertainment ရဲ႕ တရားဝင္ ထရိန္နီအျဖစ္ ေ႐ြးခ်ယ္ခံခဲ့ရပါတယ္။

Photo: taeyeon_ss/ Instagram

ေအဂ်င္စီနဲ႔ သင္ခန္းစာေတြ စတင္သင္ၾကားတဲ့အခ်ိန္မွာပဲ ကိုရီးယားႏိုင္ငံရဲ႕ နာမည္ႀကီး R&B အဆိုေတာ္ Johan Kim ဆီကေန အဆိုပညာရပ္ေတြကို သင္ၾကားခဲ့ရပါတယ္။ ထရိန္နီဘဝနဲ႔ သုံးႏွစ္ေလာက္ ေလ့က်င့္ခဲ့ၿပီး ၂၀၀၇ခုႏွစ္ ဩဂုတ္လမွာေတာ့ Girls’ Generation အဖြဲ႕ရဲ႕ ခုႏွစ္ေယာက္ေျမာက္ အဖြဲ႕ဝင္အျဖစ္ ပြဲထြက္ဖို႔ ေ႐ြးခ်ယ္ခံခဲ့ရပါေတာ့တယ္။

Glasgow

(ဆံရစ္ဝိုင္းဝက္ဘ္ဆိုဒ္တြင္ ေဖာ္ျပထားေသာ သတင္း၊ေဆာင္းပါးမ်ားကို အျခားမည္သည့္ ဝက္ဘ္ဆိုဒ္၊ Facebook စာမ်က္ႏွာတြင္မွ် ကူးယူေဖာ္ျပခြင့္ မျပဳပါေၾကာင္း အသိေပးအပ္ပါသည္။)

 

RELATED ARTICLES

Most Popular