HomeCelebs Update NewsKoreaနောက်ဆုံးထွက် ဆင်ဂယ်လ် Weekend နဲ့ iTunes Chart မှာ နံပါတ်(၁)ချိတ်နေတဲ့ Taeyeon 

နောက်ဆုံးထွက် ဆင်ဂယ်လ် Weekend နဲ့ iTunes Chart မှာ နံပါတ်(၁)ချိတ်နေတဲ့ Taeyeon 

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

Girls’ Generation အဖွဲ့ဝင် Taeyeon ကတော့ သူမရဲ့ comeback နဲ့ music charts တွေမှာ စိုးမိုးနေပါပြီ။ မနေ့က ဇူလိုင်လ(၆)ရက်နေ့မှာ ထွက်ရှိခဲ့တဲ့ သူမရဲ့ ဆင်ဂယ်လ်သီချင်း Weekend ဟာ Genie ၊ Bugs ၊ VIBE တို့ အပါအဝင် music chart တော်တော်များများမှာ ထိပ်ဆုံးနေရာကို ရောက်ရှိနေပါတယ်။

ဒါ့အပြင် ဒီသီချင်းဟာ iTunes chart မှာလည်း နိုင်ငံ(၁၄)ခုမှာ နံပါတ်(၁)ချိတ်နေပါသေးတယ်။ အဆိုပါ နိုင်ငံ(၁၄)ခုကတော့ ယူအေအီး၊ ဆော်ဒီအာရေဘီယား၊ ချီလီ၊ ပီရူး၊ စင်ကာပူ၊ ထိုင်ဝမ်၊ ဗီယက်နမ်၊ ဟောင်ကောင်၊ ကမ္ဘောဒီးယား၊ ဖိလစ်ပိုင်၊ မလေးရှား၊ အင်ဒိုနီးရှားနဲ့ လူဇမ်ဘာ့တို့ ဖြစ်ပါတယ်။

Photo: taeyeon_ss/ Instagram

ဒါတင်မက Weekend ဟာ တရုတ်ပြည်ရဲ့ QQ Music Digital Album Sale chart မှာလည်း နံပါတ်(၁) ချိတ်နေပါသေးတယ်။

Weekend ဟာ ဂစ်တာသံလွင်လွင်နဲ့ ခေတ်ဟောင်း synth အသံတွေ ပါဝင်နေတဲ့ ဒစ်စကို ပေါ့ပ် တေးသီချင်းတစ်ပုဒ် ဖြစ်ပါတယ်။ စာသားကတော့ ပျင်းရိဖွယ် နေ့စဉ်ဘဝက လွတ်မြောက်ပြီး ပိတ်ရက်မှာ ပေါ့ပေါ့ပါးပါး ပျော်ရွှင်ချင်တဲ့အကြောင်းကို ရေးသားထားတာ ဖြစ်ပါတယ်။

Taeyeon ဟာ သူမရဲ့ သီချင်းသစ်ကို ယခုအပတ်ရဲ့ ဂီတအစီအစဉ်တွေမှာ ပရိုမုတ် လုပ်သွားမှာ ဖြစ်ပါတယ်။ အဲဒီအစီအစဉ်တွေကတော့ ဇူလိုင်လ(၈)ရက်နေ့မှာ Mnet ရဲ့ MCountdown ၊ (၉)ရက်နေ့မှာ KBS2 ရဲ့ Music Bank ၊ (၁၀)ရက်နေ့မှာ MBC ရဲ့ Music Core နဲ့ (၁၁)ရက်နေ့မှာတော့ SBS ရဲ့ Inkigayo တို့မှာ အသီးသီး ပရိုမုတ် လုပ်သွားမှာ ဖြစ်ပါတယ်။

Glasgow

Source: soompi

(Zawgyi Version)

Girls’ Generation အဖြဲ႕ဝင္ Taeyeon ကေတာ့ သူမရဲ႕ comeback နဲ႔ music charts ေတြမွာ စိုးမိုးေနပါၿပီ။ မေန႔က ဇူလိုင္လ(၆)ရက္ေန႔မွာ ထြက္ရွိခဲ့တဲ့ သူမရဲ႕ ဆင္ဂယ္လ္သီခ်င္း Weekend ဟာ Genie ၊ Bugs ၊ VIBE တို႔ အပါအဝင္ music chart ေတာ္ေတာ္မ်ားမ်ားမွာ ထိပ္ဆုံးေနရာကို ေရာက္ရွိေနပါတယ္။

ဒါ့အျပင္ ဒီသီခ်င္းဟာ iTunes chart မွာလည္း ႏိုင္ငံ(၁၄)ခုမွာ နံပါတ္(၁)ခ်ိတ္ေနပါေသးတယ္။ အဆိုပါ ႏိုင္ငံ(၁၄)ခုကေတာ့ ယူေအအီး၊ ေဆာ္ဒီအာေရဘီယား၊ ခ်ီလီ၊ ပီ႐ူး၊ စင္ကာပူ၊ ထိုင္ဝမ္၊ ဗီယက္နမ္၊ ေဟာင္ေကာင္၊ ကေမာၻဒီးယား၊ ဖိလစ္ပိုင္၊ မေလးရွား၊ အင္ဒိုနီးရွားနဲ႔ လူဇမ္ဘာ့တို႔ ျဖစ္ပါတယ္။

Photo: taeyeon_ss/ Instagram

ဒါတင္မက Weekend ဟာ တ႐ုတ္ျပည္ရဲ႕ QQ Music Digital Album Sale chart မွာလည္း နံပါတ္(၁) ခ်ိတ္ေနပါေသးတယ္။

Weekend ဟာ ဂစ္တာသံလြင္လြင္နဲ႔ ေခတ္ေဟာင္း synth အသံေတြ ပါဝင္ေနတဲ့ ဒစ္စကို ေပါ့ပ္ ေတးသီခ်င္းတစ္ပုဒ္ ျဖစ္ပါတယ္။ စာသားကေတာ့ ပ်င္းရိဖြယ္ ေန႔စဥ္ဘဝက လြတ္ေျမာက္ၿပီး ပိတ္ရက္မွာ ေပါ့ေပါ့ပါးပါး ေပ်ာ္႐ႊင္ခ်င္တဲ့အေၾကာင္းကို ေရးသားထားတာ ျဖစ္ပါတယ္။

Taeyeon ဟာ သူမရဲ႕ သီခ်င္းသစ္ကို ယခုအပတ္ရဲ႕ ဂီတအစီအစဥ္ေတြမွာ ပ႐ိုမုတ္ လုပ္သြားမွာ ျဖစ္ပါတယ္။ အဲဒီအစီအစဥ္ေတြကေတာ့ ဇူလိုင္လ(၈)ရက္ေန႔မွာ Mnet ရဲ႕ MCountdown ၊ (၉)ရက္ေန႔မွာ KBS2 ရဲ႕ Music Bank ၊ (၁၀)ရက္ေန႔မွာ MBC ရဲ႕ Music Core နဲ႔ (၁၁)ရက္ေန႔မွာေတာ့ SBS ရဲ႕ Inkigayo တို႔မွာ အသီးသီး ပ႐ိုမုတ္ လုပ္သြားမွာ ျဖစ္ပါတယ္။

Glasgow

Source: soompi

RELATED ARTICLES

Most Popular