HomeEntertainmentMusicမြန်မာလူငယ်တွေအတွက် စိတ်ဓာတ်ခွန်အားတွေ ယူဆောင်ပေးလာတဲ့ Taylor Swift ရဲ့ Only The Young

မြန်မာလူငယ်တွေအတွက် စိတ်ဓာတ်ခွန်အားတွေ ယူဆောင်ပေးလာတဲ့ Taylor Swift ရဲ့ Only The Young

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

ကမ္ဘာမှာရော၊ မြန်မာလူငယ်တွေကြားမှာပါ အောင်မြင်ကျော်ကြားတဲ့ အဆိုတော် Taylor Swift ရဲ့ သီချင်းတစ်ပုဒ်ဟာ လက်ရှိ မြန်မာနိုင်ငံရဲ့အခြေအနေနဲ့ တိုက်ဆိုင်လွန်းစွာ တူညီနေပါတယ်။

သီချင်းရဲ့အမည်ကတော့ Only The Young ဖြစ်ပြီး ဒီသီချင်းဟာ Taylor ရဲ့ Miss Americana မှတ်တမ်းရုပ်ရှင်ထဲမှာ ဇာတ်ဝင်တေးအဖြစ် ပါဝင်ခဲ့တာ ဖြစ်ပါတယ်။ သီချင်းထွက်ရှိခဲ့တဲ့ အချိန်ကတော့ မှတ်တမ်းရုပ်ရှင် ထွက်ရှိခဲ့တဲ့ ဇန်နဝါရီလ ၂၀၂၀ခုနှစ် ဖြစ်ပါတယ်။

Photo: taylorswift/ Instagram

ဒီသီချင်းကိုတော့ ၂၀၁၈ခုနှစ် အမေရိကန်နိုင်ငံရဲ့ ကြားဖြတ်ရွေးကောက်ပွဲကာလမှာ ရေးသားခဲ့တာဖြစ်တယ်လို့ Taylor က ဆိုထားပါတယ်။ အဆိုပါကာလတုန်းက အမေရိကန်နိုင်ငံမှာ သမ္မတထရမ့်ရဲ့ ထင်တိုင်းကြဲမှုတွေကြောင့် လူငယ်များစွာရဲ့ တတ်အားသမျှ ကြိုးစားထားမှုတွေနဲ့ မျှော်လင့်ချက်တွေဟာ သဲထဲရေသွန် ဖြစ်ခဲ့ရပါတယ်။ ဒါကို မျက်မြင်ကိုယ်တွေ့ ကြုံတွေ့ခဲ့ရတဲ့ Taylor ဟာ လူငယ်တွေရဲ့ မျှော်လင့်ချက်မဲ့သွားတဲ့ ခံစားချက်နဲ့ ဝမ်းနည်းမှု၊ ခံပြင်းမှုတွေကို ခွန်အားအဖြစ် ပြောင်းလဲပေးဖို့ ရည်ရွယ်ပြီး ဒီသီချင်းကို ရေးသားခဲ့တာလို့ ဆိုပါတယ်။

အထူးသဖြင့် နိုင်ငံတစ်နိုင်ငံမှာ မတည်ငြိမ်မှုတွေ၊ အကြမ်းဖက်မှုတွေ ဖြစ်ပေါ်လာပြီဆိုရင် ဒီဖြစ်ရပ်တွေရဲ့ ဆိုးကျိုးဆက်ကို အဆိုးဆုံး ထိခိုက်ခံစားရသူတွေဟာ လူငယ်တွေ ဖြစ်လို့ပါပဲလို့ သူမက ဆိုပါတယ်။ လူငယ်တွေအနေနဲ့ ဘဝရပ်တည်ရေး၊ ပညာသင်ကြားနိုင်ရေး၊ ရှေ့အနာဂတ်အတွက် လမ်းရွေးချယ်နိုင်ရေး စတဲ့အရာတွေနဲ့ လေးလံဗျာများနေရတုန်းမှာ သူတို့ရဲ့မျှော်လင့်ချက်တွေအားလုံး ရုတ်တရက် ပျက်သုဉ်းသွားရတဲ့ ခံစားချက်ဟာ ထိချက်ပြင်းလွန်းတယ်လို့ Taylor က ဆိုပါတယ်။

Photo Credit to rightful owner

ဒါကြောင့်လည်း လူငယ်တွေအနေနဲ့ ကိုယ်ယုံကြည်ရာအတွက် ရဲရဲဝံ့ဝံ့ ပြောဆိုကြစေဖို့အတွက် ဒီသီချင်းကို ရေးသားပေးခဲ့တာဖြစ်ပြီး ၂၀၂၀ခုနှစ် အမေရိကန်နိုင်ငံရဲ့ ရွေးကောက်ပွဲမှာလည်း သမ္မတ ဂျိုးဘိုင်ဒန်နဲ့ ဒုသမ္မတ ကန်မလာ ဟဲရစ်တို့အတွက် တရားဝင်မဲဆွယ်တဲ့သီချင်းအဖြစ် အသုံးပြုခံခဲ့ရတာ ဖြစ်ပါတယ်။

Taylor ဟာ သူမ နိုင်ငံက နိုင်ငံရေးအဖြစ်အပျက်တွေနဲ့ လူငယ်တွေရဲ့ခံစားချက်ကို ရောင်ပြန်ဟပ်နိုင်ဖို့ Only The Young ကို ရေးသားသီဆိုခဲ့ပေမယ့် ဒီသီချင်းဟာ လက်ရှိမြန်မာနိုင်ငံအရေးနဲ့ လူငယ်တွေရဲ့ ခံစားချက်ကိုပါ တိုက်တိုက်ဆိုင်ဆိုင် လာရောက် ထင်ဟပ်နေတာ ဖြစ်ပါတယ်။

လက်ရှိ မြန်မာလူငယ်တွေအနေနဲ့ စစ်အာဏာရှင်ကို ရဲရဲဝံ့ဝံ့ ရင်ဆိုင်နေကြတာဖြစ်ပြီး ဘယ်သူတစ်ဦးတစ်ယောက်ရဲ့ ခေါင်းဆောင်မှုနဲ့ သွားနေတာ မဟုတ်ပေမယ့် အားလုံးဟာ စည်းလုံးညီညွတ်စွာ၊ စည်းကမ်းရှိစွာ၊ ငြိမ်းချမ်းစွာနဲ့ လွတ်လပ်တဲ့ မြန်မာနိုင်ငံတော်ကြီးအဖြစ် အမြန်ဆုံး ပြန်လည်ရပ်တည်နိုင်ဖို့ ကြိုးပမ်းနေကြတာဟာ တကယ်ကို ချီးကျူးဂုဏ်ပြုစရာ ဖြစ်ပါတယ်။

လက်ရှိ အခြေအနေဆိုးကြီးကနေ အမြန်ဆုံး ဖောက်ထွက်ပြီး ထွန်းလင်းသာယာတဲ့ မြန်မာနိုင်ငံတော်အဖြစ် တစ်ဖန် ပြန်လည်ရပ်တည်နိုင်ဖို့ ရှေ့ဆုံးက ပြေးနိုင်သူတွေဟာ လူငယ်တွေသာ ဖြစ်ပါတယ်။ လူငယ်တွေသာလျှင် ဉာဏ်ရည်အပွင့်လင်းဆုံး၊ အကြောက်တရား အကင်းမဲ့ဆုံး၊ စိတ်ဓာတ်နဲ့ ခန္ဓာမှာလည်း ခွန်အားအကြီးမားဆုံး ဖြစ်ပါတယ်။

Photo Credit to rightful owner

ဒီအချိန်မှာ လူငယ်တွေ မောပန်းနေကြမယ်၊ ပင်ပန်းနေကြမယ်ဆိုတာ သိပါတယ်။ ဒါပေမယ့် ကျွန်မတို့အားလုံး အလျှော့ပေးလိုက်လို့ လုံးဝမရပါဘူး။ ကျွန်မတို့ နိုင်နေပါတယ်။ အထူးသဖြင့် ဓမ္မဘက်က ရပ်တည်နေတဲ့ ကျွန်မတို့ အသာစီး ရနေပါတယ်။ ဒါကြောင့် မကြာခင် ရောင်နီမြင်ရတော့မယ့် မြန်မာနိုင်ငံတော်ကြီးအတွက် Generation Z ဦးဆောင်တဲ့ လူငယ်ထုနဲ့ ပြည်သူတစ်ရပ်လုံးဟာ လက်နက်အားကိုးနဲ့ အနိုင်ကျင့် နှိပ်စက်ချင်နေတဲ့ အဓမ္မဝါဒီ အာဏာရှင်လူတစ်စုကို နည်းနည်းလေးမှ မဖြုံဘဲ အားလုံးအတူ ပူးပေါင်းတိုက်ထုတ်ကြရအောင်ပါလို့ တိုက်တွန်းလိုက်ပါတယ်။

Only the young can run. So run.
Glasgow

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

(Zawgyi Version)

ကမာၻမွာေရာ၊ ျမန္မာလူငယ္ေတြၾကားမွာပါ ေအာင္ျမင္ေက်ာ္ၾကားတဲ့ အဆိုေတာ္ Taylor Swift ရဲ႕ သီခ်င္းတစ္ပုဒ္ဟာ လက္ရွိ ျမန္မာႏိုင္ငံရဲ႕အေျခအေနနဲ႔ တိုက္ဆိုင္လြန္းစြာ တူညီေနပါတယ္။

သီခ်င္းရဲ႕အမည္ကေတာ့ Only The Young ျဖစ္ၿပီး ဒီသီခ်င္းဟာ Taylor ရဲ႕ Miss Americana မွတ္တမ္း႐ုပ္ရွင္ထဲမွာ ဇာတ္ဝင္ေတးအျဖစ္ ပါဝင္ခဲ့တာ ျဖစ္ပါတယ္။ သီခ်င္းထြက္ရွိခဲ့တဲ့ အခ်ိန္ကေတာ့ မွတ္တမ္း႐ုပ္ရွင္ ထြက္ရွိခဲ့တဲ့ ဇန္နဝါရီလ ၂၀၂၀ခုႏွစ္ ျဖစ္ပါတယ္။

Photo: taylorswift/ Instagram

ဒီသီခ်င္းကိုေတာ့ ၂၀၁၈ခုႏွစ္ အေမရိကန္ႏိုင္ငံရဲ႕ ၾကားျဖတ္ေ႐ြးေကာက္ပြဲကာလမွာ ေရးသားခဲ့တာျဖစ္တယ္လို႔ Taylor က ဆိုထားပါတယ္။ အဆိုပါကာလတုန္းက အေမရိကန္ႏိုင္ငံမွာ သမၼတထရမ့္ရဲ႕ ထင္တိုင္းႀကဲမႈေတြေၾကာင့္ လူငယ္မ်ားစြာရဲ႕ တတ္အားသမွ် ႀကိဳးစားထားမႈေတြနဲ႔ ေမွ်ာ္လင့္ခ်က္ေတြဟာ သဲထဲေရသြန္ ျဖစ္ခဲ့ရပါတယ္။ ဒါကို မ်က္ျမင္ကိုယ္ေတြ႕ ႀကဳံေတြ႕ခဲ့ရတဲ့ Taylor ဟာ လူငယ္ေတြရဲ႕ ေမွ်ာ္လင့္ခ်က္မဲ့သြားတဲ့ ခံစားခ်က္နဲ႔ ဝမ္းနည္းမႈ၊ ခံျပင္းမႈေတြကို ခြန္အားအျဖစ္ ေျပာင္းလဲေပးဖို႔ ရည္႐ြယ္ၿပီး ဒီသီခ်င္းကို ေရးသားခဲ့တာလို႔ ဆိုပါတယ္။

အထူးသျဖင့္ ႏိုင္ငံတစ္ႏိုင္ငံမွာ မတည္ၿငိမ္မႈေတြ၊ အၾကမ္းဖက္မႈေတြ ျဖစ္ေပၚလာၿပီဆိုရင္ ဒီျဖစ္ရပ္ေတြရဲ႕ ဆိုးက်ိဳးဆက္ကို အဆိုးဆုံး ထိခိုက္ခံစားရသူေတြဟာ လူငယ္ေတြ ျဖစ္လို႔ပါပဲလို႔ သူမက ဆိုပါတယ္။ လူငယ္ေတြအေနနဲ႔ ဘဝရပ္တည္ေရး၊ ပညာသင္ၾကားႏိုင္ေရး၊ ေရွ႕အနာဂတ္အတြက္ လမ္းေ႐ြးခ်ယ္ႏိုင္ေရး စတဲ့အရာေတြနဲ႔ ေလးလံဗ်ာမ်ားေနရတုန္းမွာ သူတို႔ရဲ႕ေမွ်ာ္လင့္ခ်က္ေတြအားလုံး ႐ုတ္တရက္ ပ်က္သုဥ္းသြားရတဲ့ ခံစားခ်က္ဟာ ထိခ်က္ျပင္းလြန္းတယ္လို႔ Taylor က ဆိုပါတယ္။

Photo Credit to rightful owner

ဒါေၾကာင့္လည္း လူငယ္ေတြအေနနဲ႔ ကိုယ္ယုံၾကည္ရာအတြက္ ရဲရဲဝံ့ဝံ့ ေျပာဆိုၾကေစဖို႔အတြက္ ဒီသီခ်င္းကို ေရးသားေပးခဲ့တာျဖစ္ၿပီး ၂၀၂၀ခုႏွစ္ အေမရိကန္ႏိုင္ငံရဲ႕ ေ႐ြးေကာက္ပြဲမွာလည္း သမၼတ ဂ်ိဳးဘိုင္ဒန္နဲ႔ ဒုသမၼတ ကန္မလာ ဟဲရစ္တို႔အတြက္ တရားဝင္မဲဆြယ္တဲ့သီခ်င္းအျဖစ္ အသုံးျပဳခံခဲ့ရတာ ျဖစ္ပါတယ္။

Taylor ဟာ သူမ ႏိုင္ငံက ႏိုင္ငံေရးအျဖစ္အပ်က္ေတြနဲ႔ လူငယ္ေတြရဲ႕ခံစားခ်က္ကို ေရာင္ျပန္ဟပ္ႏိုင္ဖို႔ Only The Young ကို ေရးသားသီဆိုခဲ့ေပမယ့္ ဒီသီခ်င္းဟာ လက္ရွိျမန္မာႏိုင္ငံအေရးနဲ႔ လူငယ္ေတြရဲ႕ ခံစားခ်က္ကိုပါ တိုက္တိုက္ဆိုင္ဆိုင္ လာေရာက္ ထင္ဟပ္ေနတာ ျဖစ္ပါတယ္။

လက္ရွိ ျမန္မာလူငယ္ေတြအေနနဲ႔ စစ္အာဏာရွင္ကို ရဲရဲဝံ့ဝံ့ ရင္ဆိုင္ေနၾကတာျဖစ္ၿပီး ဘယ္သူတစ္ဦးတစ္ေယာက္ရဲ႕ ေခါင္းေဆာင္မႈနဲ႔ သြားေနတာ မဟုတ္ေပမယ့္ အားလုံးဟာ စည္းလုံးညီၫြတ္စြာ၊ စည္းကမ္းရွိစြာ၊ ၿငိမ္းခ်မ္းစြာနဲ႔ လြတ္လပ္တဲ့ ျမန္မာႏိုင္ငံေတာ္ႀကီးအျဖစ္ အျမန္ဆုံး ျပန္လည္ရပ္တည္ႏိုင္ဖို႔ ႀကိဳးပမ္းေနၾကတာဟာ တကယ္ကို ခ်ီးက်ဴးဂုဏ္ျပဳစရာ ျဖစ္ပါတယ္။

လက္ရွိ အေျခအေနဆိုးႀကီးကေန အျမန္ဆုံး ေဖာက္ထြက္ၿပီး ထြန္းလင္းသာယာတဲ့ ျမန္မာႏိုင္ငံေတာ္အျဖစ္ တစ္ဖန္ ျပန္လည္ရပ္တည္ႏိုင္ဖို႔ ေရွ႕ဆုံးက ေျပးႏိုင္သူေတြဟာ လူငယ္ေတြသာ ျဖစ္ပါတယ္။ လူငယ္ေတြသာလွ်င္ ဉာဏ္ရည္အပြင့္လင္းဆုံး၊ အေၾကာက္တရား အကင္းမဲ့ဆုံး၊ စိတ္ဓာတ္နဲ႔ ခႏၶာမွာလည္း ခြန္အားအႀကီးမားဆုံး ျဖစ္ပါတယ္။

Photo Credit to rightful owner

ဒီအခ်ိန္မွာ လူငယ္ေတြ ေမာပန္းေနၾကမယ္၊ ပင္ပန္းေနၾကမယ္ဆိုတာ သိပါတယ္။ ဒါေပမယ့္ ကြၽန္မတို႔အားလုံး အေလွ်ာ့ေပးလိုက္လို႔ လုံးဝမရပါဘူး။ ကြၽန္မတို႔ ႏိုင္ေနပါတယ္။ အထူးသျဖင့္ ဓမၼဘက္က ရပ္တည္ေနတဲ့ ကြၽန္မတို႔ အသာစီး ရေနပါတယ္။ ဒါေၾကာင့္ မၾကာခင္ ေရာင္နီျမင္ရေတာ့မယ့္ ျမန္မာႏိုင္ငံေတာ္ႀကီးအတြက္ Generation Z ဦးေဆာင္တဲ့ လူငယ္ထုနဲ႔ ျပည္သူတစ္ရပ္လုံးဟာ လက္နက္အားကိုးနဲ႔ အႏိုင္က်င့္ ႏွိပ္စက္ခ်င္ေနတဲ့ အဓမၼဝါဒီ အာဏာရွင္လူတစ္စုကို နည္းနည္းေလးမွ မၿဖဳံဘဲ အားလုံးအတူ ပူးေပါင္းတိုက္ထုတ္ၾကရေအာင္ပါလို႔ တိုက္တြန္းလိုက္ပါတယ္။

Only the young can run. So run.
Glasgow

(ဆံရစ္ဝိုင္းဝက္ဘ္ဆိုဒ္တြင္ ေဖာ္ျပထားေသာ သတင္း၊ေဆာင္းပါးမ်ားကို အျခားမည္သည့္ ဝက္ဘ္ဆိုဒ္၊ Facebook စာမ်က္ႏွာတြင္မွ် ကူးယူေဖာ္ျပခြင့္ မျပဳပါေၾကာင္း အသိေပးအပ္ပါသည္။)

 

RELATED ARTICLES

Most Popular