HomeDramaဇာတ်လမ်းတိုတစ်ခုမှာ ပြန်ဆုံကြဦးမယ့် The Penthouse အဖွဲ့သားများ

ဇာတ်လမ်းတိုတစ်ခုမှာ ပြန်ဆုံကြဦးမယ့် The Penthouse အဖွဲ့သားများ

နာမည်ကျော် ကိုရီးယားဒရာမာ The Penthouse ထဲက သရုပ်ဆောင်တွေ ဖြစ်ကြတဲ့ Kim So Yeon ၊ Lee Ji Ah ၊ Uhm Ki Joon ၊ Yoon Jong Hoon နဲ့ ကျန်အဖွဲ့သားတွေဟာ ဇာတ်လမ်းတိုတစ်ခုအတွက် ပြန်လည်ဆုံစည်းကြဦးမှာ ဖြစ်ပါတယ်။

သူတို့အဖွဲ့သားတွေကတော့ The Penthouse ဒရာမာကို ရိုက်ကူးခဲ့တဲ့ ဒါရိုက်တာ Joo Dong Min ရဲ့ ပွဲဦးထွက် ဇာတ်လမ်းတိုမှာ ပါဝင်သရုပ်ဆောင်ကြမှာ ဖြစ်ပါတယ်။ အဆိုပါ ဇာတ်လမ်းတိုကိုတော့ TVING ရုပ်သံလိုင်းရဲ့ မူပိုင်အစီအစဉ်တစ်ခု ဖြစ်တဲ့ All Viewers + Shortbuster မှာ ပြသမှာ ဖြစ်ပါတယ်။

Photo Credit: SBS

လက်ရှိမှာတော့ အဆိုပါ ဇာတ်လမ်းတိုရဲ့အမည်ကို It’s Alright လို့ ပေးထားပြီး ကိုဗစ်ကာလအတွင်း မတူညီတဲ့ လူမှုအဖွဲ့အစည်းတွေအကြောင်းကို ပြသမှာ ဖြစ်ပါတယ်။ ဇာတ်လမ်းအမျိုးအစားကတော့ dark comedy အမျိုးအစား ဖြစ်ပြီး ဇာတ်လမ်းကို အပိုင်းခြောက်ပိုင်း ခွဲထားတယ်လို့ သိရပါတယ်။

ဒါရိုက်တာ Joo Dong Min ကတော့ ကပ်ရောဂါကာလအတွင်း လူတွေမှာ တွေ့ကြုံရတဲ့ စိတ်ခံစားချက်တွေနဲ့ အတွေ့အကြုံတွေကို ယခုဇာတ်လမ်းတိုကတဆင့် တင်ဆက်ပြသမှာ ဖြစ်ပါတယ်။ ဇာတ်လမ်းပိုရှည်တဲ့ ဒရာမာ မရိုက်ကူးဘဲ ဇာတ်လမ်းတိုပဲ ရိုက်ကူးမှာ ဖြစ်တာကြောင့် လူတွေရဲ့ စိတ်ဝင်စားမှုကို ပိုမိုဆွဲဆောင်နိုင်ဖို့ ရည်ရွယ်တယ်လို့လည်း ဆိုပါတယ်။

Photo Credit: SBS

ဒီဇာတ်လမ်းတိုထဲမှာတော့ The Penthouse စတားတွေ ဖြစ်ကြတဲ့ Kim So Yeon ၊ Lee Ji Ah ၊ Uhm Ki Joon ၊ Yoon Jong Hoon ၊ Shim Eun Kyung ၊ Bong Tae Gyu နဲ့ Yoon Joo Hee တို့ ပါဝင်မယ်လို့ သိရပါတယ်။ သူတို့အားလုံးဟာ အချိန်ဇယားတွေ ပြည့်ကျပ်နေပြီး အလုပ်များကြပေမယ့် The Penthouse အဖွဲ့သားတွေ ပြန်ဆုံပြီး ဒါရိုက်တာကြီးနဲ့ ပရောဂျက်အသစ်တစ်ခု ဖန်တီးရမှာ ဖြစ်လို့ ကမ်းလှမ်းမှုကို ဝမ်းပန်းတသာနဲ့ အားလုံးက လက်ခံကြတယ်လို့ သိရပါတယ်။

It’s Alright လို့ အမည်ပေးထားတဲ့ ဒီဇာတ်လမ်းတိုကို လာမယ့် ဧပြီလမှာ ထုတ်လွှင့်ပြသမယ်လို့ သိရပါတယ်။

Glasgow

Source: soompi

 

RELATED ARTICLES

Most Popular