HomeDramaနာမည်ကြီးသရုပ်ဆောင်တွေနဲ့ လကမ္ဘာပေါ်က မစ်ရှင်အကြောင်းကို ကြည့်ရှုရမယ့် The Silent Sea 

နာမည်ကြီးသရုပ်ဆောင်တွေနဲ့ လကမ္ဘာပေါ်က မစ်ရှင်အကြောင်းကို ကြည့်ရှုရမယ့် The Silent Sea 

Netflix က အသစ်ထုတ်လွှင့်မယ့် ကိုရီးယားဇာတ်လမ်းတွဲ The Silent Sea ထဲမှာတော့ အာကာသစူးစမ်း လေ့လာတဲ့ ပညာရှင်အချို့ဟာ လကမ္ဘာပေါ်က စွန့်ပစ်ထားတဲ့ သုတေသနဌာနတစ်ခုမှာ အမျိုးအမည်မသိတဲ့ ခြိမ်းခြောက်မှုတစ်ခုနဲ့ ရင်ဆိုင်ကြုံတွေ့ရတာကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။

သိပ္ပံစိတ်ကူးယဉ် သည်းထိတ်ရင်ဖို အမျိုးအစားဖြစ်တဲ့ The Silent Sea ဇာတ်လမ်းတွဲရဲ့ ထွေလာကိုတော့ မကြာသေးခင်ကပဲ Netflix က ထုတ်ပေးလိုက်တာ ဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ အနာဂတ် ၂၀၇၅ ခုနှစ်မှာ ဇာတ်အိမ်တည်ထားပါတယ်။

Photo via IMDb

ဇာတ်လမ်းပုံစံကတော့ အာကာသယာဉ်မှူးတစ်စုဟာ လကမ္ဘာပေါ်က စွန့်ပစ်ထားတဲ့ ကိုရီးယားပိုင် သုတေသနဌာနတစ်ခုမှာ အမျိုးအမည်မသိရတဲ့ နမူနာတစ်ခုကို သွားယူရတာပဲ ဖြစ်ပါတယ်။ အဆိုပါ နမူနာဟာ ကမ္ဘာမြေပေါ်က သဘာဝရင်းမြစ်တွေ ယုတ်လျော့ဆုံးရှုံးမှုကို အဖြေရှာပေးနိုင်မယ့် အလားအလာ ရှိနေတာကြောင့် အခုလို စွန့်စားပြီး သွားယူကြရတာ ဖြစ်ပါတယ်။ သို့သော်လည်း သူတို့ရဲ့ မစ်ရှင်မပြီးဆုံးခင်မှာတင် အာကာသယာဉ်မှူးအုပ်စုဟာ ကြောက်မက်ဖွယ် အသက်ဘေးနဲ့ တွေ့ကြုံရမယ့် အရာတစ်ခုနဲ့ ရင်ဆိုင်ရပါတော့တယ်။

ဒါရိုက်တာ Choi Hang Yong ရဲ့ နာမည်ကျော်ဝတ္ထုတိုကို မှီငြမ်းရိုက်ကူးထားပြီး လက်ရှိ ကိုရီးယားရုပ်ရှင်လောကရဲ့ နာမည်ကြီး သရုပ်ဆောင်တွေဖြစ်တဲ့ Gong Yoo ၊ Bae Doona ၊ Lee Joon ၊ Heo Sung Tae ၊ Lee Moo Saeng နဲ့ Kim Sun Young တို့ ပါဝင်ထားပါတယ်။

Photo via IMDb

ပထမဆုံး ထွက်ရှိလာတဲ့ ထွေလာထဲမှာတော့ ကမ္ဘာပေါ်က ရေအရင်းအမြစ်တွေဟာ လာမယ့်ဆယ်နှစ်အတွင်းမှာ (၄၀)ရာခိုင်နှုန်းအထိ လျော့ကျသွားမယ်လို့ သတင်းက ကြေညာနေတာကို ပြထားပါတယ်။ ပျက်စီးကိန်းကြုံရတော့မယ့် ကမ္ဘာကြီးထက် နောက်ထပ် ဇာတ်ဝင်ခန်းတွေမှာတော့ လူသားတွေရဲ့ ပြဿနာကို ဖြေရှင်းဖို့ အာကာသယာဉ်မှူးတစ်စုက လကမ္ဘာပေါ် မစ်ရှင်သွားတာကို ပြသထားပါတယ်။

ဒီလိုနဲ့ လကမ္ဘာပေါ်က သုတေသနနေရာအဟောင်းကြီးကို ရောက်သွားတဲ့အခါမှာတော့ အာသာယာဉ်မှူးအုပ်စုဟာ အဆိုပါနေရာမှာ တစုံတခု မှားယွင်းနေတယ်လို့ ခံစားလာကြရပါတယ်။ ဒီလိုနဲ့ အတွင်းဘက် တစ်နေရာမှာ လူသေအလောင်းတွေကို တွေ့မြင်လိုက်ရတဲ့အခါမှာတော့ သူတို့ရဲ့ခံစားချက် မှန်ကန်နေကြောင်း သိလိုက်ရပါတော့တယ်။

The Silent Sea ဟာ သာမန်မြင်တွေ့နေကျ ကိုရီးယားဇာတ်လမ်းတွဲတွေလို မဟုတ်ဘဲ အနောက်တိုင်း ဇာတ်လမ်းတွဲစျေးကွက်ကို ရည်ရွယ်ထားတဲ့ Netflix ရဲ့ နောက်ထပ် ပရောဂျက်တစ်ခု ဖြစ်ပါတယ်။ ဒါဟာ Squid Game နဲ့ Hellbound တို့လို ဇာတ်လမ်းတွဲတွေရဲ့ အောင်မြင်မှုနောက်မှာ နောက်ထပ် ကြီးမားတဲ့ အောင်မြင်မှု ရရှိဦးမယ့် အလားအလာလည်း ရှိနေပါတယ်။

ဘတ်ဂျက်များစွာ သုံးစွဲထားပြီး နာမည်ကြီး သရုပ်ဆောင်တွေကို အသုံးပြုထားတဲ့ ဒီဇာတ်လမ်းတွဲကိုတော့ လာမယ့် ဒီဇင်ဘာလ(၂၄)ရက်နေ့မှာ Netflix မှာ စတင်ပြသတော့မှာ ဖြစ်ပါတယ်။

Glasgow

Source: screenrant

RELATED ARTICLES

Most Popular