HomeEntertainmentMusicThe Weeknd နဲ့ Ariana Grande တို့ရဲ့ အချစ်သီချင်းသစ် Off The Table

The Weeknd နဲ့ Ariana Grande တို့ရဲ့ အချစ်သီချင်းသစ် Off The Table

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

The Weeknd နဲ့ Ariana Grande တို့ဟာ ခြောက်နှစ်ကြာပြီးမှ နောက်ထပ် collaboration တစ်ခုကို ပြုလုပ်လိုက်ပါပြီ။ Off The Table လို့ အမည်ရတဲ့ ဒီသီချင်းကိုတော့ ယနေ့ အောက်တိုဘာလ(၃၀)ရက်နေ့မှာ ထွက်ရှိလာတာ ဖြစ်ပါတယ်။

ဒါဟာ The Weeknd နဲ့ Ariana တို့ရဲ့ ဒုတိယမြောက် ပူးပေါင်းဖန်တီးထားတဲ့ သီချင်းတစ်ပုဒ်လည်း ဖြစ်ပါတယ်။ ၂၀၁၄ခုနှစ်တုန်းက‌တော့ ပထမဆုံးအကြိမ်အဖြစ် Love Me Harder ဆိုတဲ့သီချင်းကို ပူးပေါင်းဖန်တီးခဲ့ကြဖူးပါတယ်။ Off The Table လို့ အမည်ရတဲ့ ယခုအချစ်သီချင်းကတော့ Ariana ရဲ့ ခြောက်ခွေမြောက် စတူဒီယိုအယ်လ်ဘမ် positions ထဲက ငါးပုဒ်မြောက် သီချင်း ဖြစ်ပါတယ်။

Photo: arianagrande/ Instagram

သီချင်းရဲ့အဓိပ္ပာယ်ကတော့ အဆိပ်သင့်ခဲ့ဖူးတဲ့ အချစ်ရေးတစ်ခုကို အနက်ရှိုင်းဆုံးနေရာအထိ သွားကြည့်ဖို့ အဆင်သင့်ဖြစ်နေပါ့မလားလို့ မိန်းကလေးဘက်က သူမကိုယ်ကို မေးမြန်းနေပါတယ်။ ယောက်ျားလေးဘက်ကတော့ ယခင်က ဆိုးခဲ့၊မိုက်ခဲ့ဖူးတာတွေလို မဟုတ်တော့ဘဲ ပိုကောင်းတဲ့ လူတစ်ယောက်အဖြစ် ရှိနေပါပြီလို့ သူ့ကိုယ်သူ အာမခံကာ မိန်းကလေးကို ပြန်လာဖို့ ခေါ်နေတဲ့ အဓိပ္ပာယ် ဖြစ်ပါတယ်။

သီချင်းပုံစံကတော့ အနှေးဖြစ်ပြီး synth-heavy instrumental နဲ့ ဖမ်းစားထားတာကို ခံစားရမှာပါ။ ချစ်သူနှစ်ယောက်ကြားက အပြန်အလှန် ဒိုင်ယာလော့ခ်တွေကို ဆက်ဆီကျကျ တီးလုံးနဲ့ နားထောင်ရမှာ ဖြစ်ပါတယ်။

Glasgow
(Zawgyi Version)

The Weeknd နဲ႔ Ariana Grande တို႔ဟာ ေျခာက္ႏွစ္ၾကာၿပီးမွ ေနာက္ထပ္ collaboration တစ္ခုကို ျပဳလုပ္လိုက္ပါၿပီ။ Off The Table လို႔ အမည္ရတဲ့ ဒီသီခ်င္းကိုေတာ့ ယေန႔ ေအာက္တိုဘာလ(၃၀)ရက္ေန႔မွာ ထြက္ရွိလာတာ ျဖစ္ပါတယ္။

ဒါဟာ The Weeknd နဲ႔ Ariana တို႔ရဲ႕ ဒုတိယေျမာက္ ပူးေပါင္းဖန္တီးထားတဲ့ သီခ်င္းတစ္ပုဒ္လည္း ျဖစ္ပါတယ္။ ၂၀၁၄ခုႏွစ္တုန္းက‌ေတာ့ ပထမဆုံးအႀကိမ္အျဖစ္ Love Me Harder ဆိုတဲ့သီခ်င္းကို ပူးေပါင္းဖန္တီးခဲ့ၾကဖူးပါတယ္။ Off The Table လို႔ အမည္ရတဲ့ ယခုအခ်စ္သီခ်င္းကေတာ့ Ariana ရဲ႕ ေျခာက္ေခြေျမာက္ စတူဒီယိုအယ္လ္ဘမ္ positions ထဲက ငါးပုဒ္ေျမာက္ သီခ်င္း ျဖစ္ပါတယ္။

Photo: arianagrande/ Instagram

သီခ်င္းရဲ႕အဓိပၸာယ္ကေတာ့ အဆိပ္သင့္ခဲ့ဖူးတဲ့ အခ်စ္ေရးတစ္ခုကို အနက္ရႈိင္းဆုံးေနရာအထိ သြားၾကည့္ဖို႔ အဆင္သင့္ျဖစ္ေနပါ့မလားလို႔ မိန္းကေလးဘက္က သူမကိုယ္ကို ေမးျမန္းေနပါတယ္။ ေယာက္်ားေလးဘက္ကေတာ့ ယခင္က ဆိုးခဲ့၊မိုက္ခဲ့ဖူးတာေတြလို မဟုတ္ေတာ့ဘဲ ပိုေကာင္းတဲ့ လူတစ္ေယာက္အျဖစ္ ရွိေနပါၿပီလို႔ သူ႔ကိုယ္သူ အာမခံကာ မိန္းကေလးကို ျပန္လာဖို႔ ေခၚေနတဲ့ အဓိပၸာယ္ ျဖစ္ပါတယ္။

သီခ်င္းပုံစံကေတာ့ အေႏွးျဖစ္ၿပီး synth-heavy instrumental နဲ႔ ဖမ္းစားထားတာကို ခံစားရမွာပါ။ ခ်စ္သူႏွစ္ေယာက္ၾကားက အျပန္အလွန္ ဒိုင္ယာေလာ့ခ္ေတြကို ဆက္ဆီက်က် တီးလုံးနဲ႔ နားေထာင္ရမွာ ျဖစ္ပါတယ္။

Glasgow
RELATED ARTICLES

Most Popular