HomeCelebs Update NewsKoreaShawn Mendes နဲ႔ ေတြ႕ဆုံခဲ့တဲ့ BLACKPINK သုံးေယာက္

Shawn Mendes နဲ႔ ေတြ႕ဆုံခဲ့တဲ့ BLACKPINK သုံးေယာက္

အောက်တွင် ယူနီကုဒ်ဖြင့် ဖတ်ပါ။

အဆိုေတာ္ Shawn Mendes ဟာ ေတာင္ကိုရီးယားက သူ႔ပရိသတ္ေတြကို လာေရာက္ေဖ်ာ္ေျဖဖို႔ မၾကာေသးခင္ကပဲ ေရာက္ရိွလာခဲ့ၿပီး ဆိုးလ္ၿမိဳ႕မွာ ေဖ်ာ္ေျဖသြားခဲ့ပါတယ္။ အဆိုပါ ေဖ်ာ္ေျဖပြဲကို နာမည္ေက်ာ္ ေကေပါ့ပ္အဖြဲ႔တစ္ဖြဲ႔ျဖစ္တဲ့ BLACKPINK ရဲ႕အဖြဲ႔၀င္ေတြ ျဖစ္တဲ့ Jisoo ၊ Jennie နဲ႔ Lisa တို႔ သုံးေယာက္လည္း တက္ေရာက္အားေပးခဲ့ၾကပါတယ္။

Jisoo ၊ Jennie နဲ႔ Lisa တို႔ သုံးေယာက္ဟာ ပရိသတ္ၾကားထဲကေန Shawn Mendes ကို ေပ်ာ္ရႊင္စြာနဲ႔ အားရပါးရ အားေပးခဲ့ၾကတာ ျဖစ္ပါတယ္။ Shawn Mendes ရဲ႕ ေဖ်ာ္ေျဖပြဲမွာ ေပ်ာ္ရႊင္ေနတဲ့ အေၾကာင္းကိုလည္း တစ္ေယာက္ခ်င္းစီရဲ႕ Instagram story မွာ တင္ထားၾကတာ ေတြ႕ရပါေသးတယ္။

Photo: koreaboo

မေခ်ာေလးသုံးေယာက္ဟာ ပရိသတ္ၾကားထဲကေန အားေပးၿပီးရုံနဲ႔တင္ ေက်နပ္သြားၾကသူေတြေတာ့ မဟုတ္ပါဘူး။ ေဖ်ာ္ေျဖပြဲၿပီးသြားတဲ့အခါမွာလည္း စင္ေနာက္ဘက္ျခမ္းမွာ Shawn ကို လူကိုယ္တိုင္ သြားေရာက္ေတြ႕ဆုံႏႈတ္ဆက္ခဲ့ၾကပါေသးတယ္။ ဒီလိုေပ်ာ္ရႊင္စြာ ေတြ႕ဆုံခဲ့တဲ့ ေတြ႕ဆုံမႈကို Shawn ကလည္း သူ႔ရဲ႕ Instagram နဲ႔ Twitter မွာ ျပန္လည္ေ၀မွ်ထားပါေသးတယ္။

Photo: Shawn Mendes Twitter

ဒီေတြ႕ဆုံမႈဟာ BLINK ေတြအတြက္လည္း သိပ္ကိုႏွစ္ေထာင္းအားရစရာ ျဖစ္ေနၾကတာကို လူမႈကြန္ယက္ေတြမွာ ေတြ႕ရပါေသးတယ္။ ဒါ့အျပင္ Jisoo ၊ Jennie ၊ Lisa တို႔ သုံးေယာက္နဲ႔အတူ Rosé ပါ တစ္ခါတည္း ရိွေနၿပီး စုံစုံလင္လင္ ေတြ႕ဆုံၾကဖို႔ကိုလည္း BLINK ေတြက ေမွ်ာ္လင့္ေနၾကပါေသးတယ္။ ယခုလအေစာပိုင္းက Shawn ရဲ႕ “Fallin’ All In You” သီခ်င္းကို Rosé က ကာဗာျပန္ဆိုထားတာေလးကလည္း ပရိသတ္ေတြအႀကိဳက္ေတြ႕ခဲ့တာမို႔ Rosé ကိုလည္း ဒီအခ်ိန္မွာ အတူရိွေနေစခ်င္ၾကတာ ျဖစ္ပါတယ္။

Photo: koreaboo

Rosé တစ္ေယာက္ က်န္တဲ့သုံးေယာက္နဲ႔အတူ Shawn ကို လာမေတြ႕ႏိုင္တဲ့ အေၾကာင္းကလည္း အမိုက္စားပါပဲ။ Rosé ဟာ ကမာၻ႕ဖက္ရွင္ေတြရဲ႕ ရင္းျမစ္၊ ျမစ္ဖ်ားခံရာ ေနရာတစ္ခုျဖစ္တဲ့ Paris Fashion Week ကို တက္ေရာက္ေနတာေၾကာင့္လည္း ဒီဘက္ကပြဲတစ္ပြဲကို လြတ္သြားရတာ ျဖစ္ပါတယ္။ Rosé  အေနနဲ႔လည္း ေနာင္မၾကာခင္အခ်ိန္မွာ Shawn နဲ႔ လူခ်င္း ေတြ႕ဆုံႏိုင္လိမ့္မယ္လို႔ ေမွ်ာ္လင့္ပါတယ္။

LaNina

Ref: koreaboo

(ဆံရစ္ဝိုင္းမီဒီယာစာမ်က္ႏွာေပၚတြင္ ေဖာ္ျပထားေသာ သတင္း၊ေဆာင္းပါးမ်ားကို ခြင့္ျပဳခ်က္ တစ္စုံတစ္ရာ မရရွိဘဲ မိမိတို႔ကိုယ္က်ိဳးအတြက္ ကူးယူသုံးစြဲျခင္း မျပဳလုပ္ၾကပါရန္ သတိေပးအပ္ပါသည္။)

(Unicode Version)

အဆိုတော် Shawn Mendes ဟာ တောင်ကိုရီးယားက သူ့ပရိသတ်တွေကို လာရောက်ဖျော်ဖြေဖို့ မကြာသေးခင်ကပဲ ရောက်ရှိလာခဲ့ပြီး ဆိုးလ်မြို့မှာ ဖျော်ဖြေသွားခဲ့ပါတယ်။ အဆိုပါ ဖျော်ဖြေပွဲကို နာမည်ကျော် ကေပေါ့ပ်အဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ BLACKPINK ရဲ့အဖွဲ့ဝင်တွေ ဖြစ်တဲ့ Jisoo ၊ Jennie နဲ့ Lisa တို့ သုံးယောက်လည်း တက်ရောက်အားပေးခဲ့ကြပါတယ်။

Jisoo ၊ Jennie နဲ့ Lisa တို့ သုံးယောက်ဟာ ပရိသတ်ကြားထဲကနေ Shawn Mendes ကို ပျော်ရွှင်စွာနဲ့ အားရပါးရ အားပေးခဲ့ကြတာ ဖြစ်ပါတယ်။ Shawn Mendes ရဲ့ ဖျော်ဖြေပွဲမှာ ပျော်ရွှင်နေတဲ့ အကြောင်းကိုလည်း တစ်ယောက်ချင်းစီရဲ့ Instagram story မှာ တင်ထားကြတာ တွေ့ရပါသေးတယ်။

Photo: koreaboo

မချောလေးသုံးယောက်ဟာ ပရိသတ်ကြားထဲကနေ အားပေးပြီးရုံနဲ့တင် ကျေနပ်သွားကြသူတွေတော့ မဟုတ်ပါဘူး။ ဖျော်ဖြေပွဲပြီးသွားတဲ့အခါမှာလည်း စင်နောက်ဘက်ခြမ်းမှာ Shawn ကို လူကိုယ်တိုင် သွားရောက်တွေ့ဆုံနှုတ်ဆက်ခဲ့ကြပါသေးတယ်။ ဒီလိုပျော်ရွှင်စွာ တွေ့ဆုံခဲ့တဲ့ တွေ့ဆုံမှုကို Shawn ကလည်း သူ့ရဲ့ Instagram နဲ့ Twitter မှာ ပြန်လည်ဝေမျှထားပါသေးတယ်။

Photo: Shawn Mendes Twitter

ဒီတွေ့ဆုံမှုဟာ BLINK တွေအတွက်လည်း သိပ်ကိုနှစ်ထောင်းအားရစရာ ဖြစ်နေကြတာကို လူမှုကွန်ယက်တွေမှာ တွေ့ရပါသေးတယ်။ ဒါ့အပြင် Jisoo ၊ Jennie ၊ Lisa တို့ သုံးယောက်နဲ့အတူ Rosé ပါ တစ်ခါတည်း ရှိနေပြီး စုံစုံလင်လင် တွေ့ဆုံကြဖို့ကိုလည်း BLINK တွေက မျှော်လင့်နေကြပါသေးတယ်။ ယခုလအစောပိုင်းက Shawn ရဲ့ “Fallin’ All In You” သီချင်းကို Rosé က ကာဗာပြန်ဆိုထားတာလေးကလည်း ပရိသတ်တွေအကြိုက်တွေ့ခဲ့တာမို့ Rosé ကိုလည်း ဒီအချိန်မှာ အတူရှိနေစေချင်ကြတာ ဖြစ်ပါတယ်။

Photo: koreaboo

Rosé တစ်ယောက် ကျန်တဲ့သုံးယောက်နဲ့အတူ Shawn ကို လာမတွေ့နိုင်တဲ့ အကြောင်းကလည်း အမိုက်စားပါပဲ။ Rosé ဟာ ကမ္ဘာ့ဖက်ရှင်တွေရဲ့ ရင်းမြစ်၊ မြစ်ဖျားခံရာ နေရာတစ်ခုဖြစ်တဲ့ Paris Fashion Week ကို တက်ရောက်နေတာကြောင့်လည်း ဒီဘက်ကပွဲတစ်ပွဲကို လွတ်သွားရတာ ဖြစ်ပါတယ်။ Rosé  အနေနဲ့လည်း နောင်မကြာခင်အချိန်မှာ Shawn နဲ့ လူချင်း တွေ့ဆုံနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။

LaNina

Ref: koreaboo

(ဆံရစ်ဝိုင်းမီဒီယာစာမျက်နှာပေါ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို ခွင့်ပြုချက် တစ်စုံတစ်ရာ မရရှိဘဲ မိမိတို့ကိုယ်ကျိုးအတွက် ကူးယူသုံးစွဲခြင်း မပြုလုပ်ကြပါရန် သတိပေးအပ်ပါသည်။)

RELATED ARTICLES

Most Popular