HomeDramaနာမည်ကျော်တွေများစွာ ပါဝင်ထားတဲ့ အက်ရှင်စွန့်စားခန်းရုပ်ရှင် The Pirates: Goblin Flag 

နာမည်ကျော်တွေများစွာ ပါဝင်ထားတဲ့ အက်ရှင်စွန့်စားခန်းရုပ်ရှင် The Pirates: Goblin Flag 

၂၀၁၄ ခုနှစ်မှာ ထွက်ရှိခဲ့ပြီး အောင်မြင်မှုတွေ ရရှိခဲ့တဲ့ The Pirates ရုပ်ရှင်ရဲ့ နောက်ဆက်တွဲအဖြစ် The Pirates: Goblin Flag ရုပ်ရှင်ကားသစ်ဟာ ထပ်မံ ထွက်ရှိလာတော့မှာ ဖြစ်ပါတယ်။

The Pirates: Goblin Flag ရုပ်ရှင်ကတော့ အက်ရှင်စွန့်စားခန်းတွေနဲ့ ဟာသနှောထားတဲ့ ရုပ်ရှင်ဇာတ်ကားဖြစ်ပြီး ပျောက်ဆုံးနေတဲ့ ရတနာသိုက်ကို ပင်လယ်ပြင်မှာ ရှာဖွေနေကြတဲ့ လူတစ်စုအကြောင်း ကြည့်ရှုရမှာ ဖြစ်ပါတယ်။ ဒီဇာတ်ကားထဲမှာတော့ Kang Ha Neul ၊ Han Hyo Joo ၊ Lee Kwang Soo ၊ EXO အဖွဲ့ဝင် Sehun ၊ Chae Soo Bin နဲ့ Kwon Sang Woo တို့က အဓိက ပါဝင်သရုပ်ဆောင်ထားပါတယ်။

Photo via mydramalist

Kang Ha Neul ကတော့ သူခိုးဓားပြခေါင်းဆောင် Woo Moo Chi အဖြစ် သရုပ်ဆောင်ထားပြီး Han Hyo Joo ကတော့ ခပ်ကြမ်းကြမ်း ပင်လယ်ဓားပြခေါင်းဆောင် Hae Rang အဖြစ် သရုပ်ဆောင်ထားပါတယ်။ Lee Kwang Soo ကတော့ ပင်လယ်ဓားပြတွေရဲ့ ဘုရင်ဖြစ်ချင်တဲ့ အိပ်မက်မက်နေတဲ့ Mak Yi အဖြစ် သရုပ်ဆောင်ထားပြီး EXO အဖွဲ့ဝင် Sehun ကတော့ ပါရမီထူးတဲ့ မြားပစ်သမား Han Goong အဖြစ် သရုပ်ဆောင်ထားပါတယ်။

Photo via mydramalist

ဒါတင်မက Chae Soo Bin ကတော့ လူလိမ်တစ်ယောက်ဖြစ်တဲ့ Han Geum အဖြစ် သရုပ်ဆောင်ထားပြီး Kwon Sang Woo ကတော့ ဗီလိန် Boo Heung Soo အဖြစ် သရုပ်ဆောင်ထားပါတယ်။ ဇာတ်ကားရဲ့ တရားဝင်ထွက်ရှိထားတဲ့ ပိုစတာထဲမှာတော့ ရတနာတွေနောက်ကို လိုက်နေတဲ့ ပင်လယ်ဓားပြတွေ၊ သူခိုးဓားပြတွေနဲ့ သူပုန်တွေဆိုပြီး အုပ်စုသုံးစု ပါဝင်နေတာကို တွေ့ရပါတယ်။

Photo via mydramalist

Hae Rang (Han Hyo Joo) ကတော့ ပင်လယ်ပြင်မှာ စိုးမိုးနိုင်တဲ့ ဩဇာအာဏာရှိသူဖြစ်ပြီး သူမဟာ ပင်လယ်ဓားပြလှေကြီးရဲ့ ပိုင်ရှင်လည်း ဖြစ်ပါတယ်။ Woo Moo Chi ကတော့ သူ့ရဲ့ သူခိုးဝရမ်းပြေးအုပ်စုရဲ့ ခေါင်းဆောင်ဖြစ်ပြီး ဂိုလျော‌ပြည်ရဲ့ အကောင်းဆုံးသော ဓားသမားတစ်ယောက်လည်း ဖြစ်ပါတယ်။

Photo via mydramalist

Han Goong (Sehun) ကတော့ အလွန်ထူးချွန်တဲ့ မြားပစ်သမားဖြစ်ပြီး သူ ချိန်ရွယ်လိုက်တာနဲ့ ပစ်မှတ်ပေါင်း (၁၀၀)လောက်ကို ပစ်ခွင်းနိုင်တယ်လို့ ဆိုပါတယ်။ ဒါပေမယ့် သူဟာ လူတွေကို လှည့်ဖြားရာမှာ ကျွမ်းကျင်လှတဲ့ လူလိမ်မလေး Hae Geum (Chae Soo Bin)နဲ့ ပဟေဠိဆန်တဲ့ ဆက်ဆံရေးတစ်ခု ရှိထားပါတယ်။

တစ်ဖက်မှာလည်း Mak Yi (Lee Kwang Soo)ဟာ Hae Rang ကို သူ့ရဲ့ ပြိုင်ဘက်တစ်ယောက်အဖြစ် မြင်နေပြီး သူသာလျှင် ပင်လယ်ဓားပြတွေရဲ့ ဘုရင်ဖြစ်လာရမယ်လို့ ကျုံးဝါးနေတာ ဖြစ်ပါတယ်။

ဒီဇာတ်ကားကိုတော့ ဒါရိုက်တာ Kim Jeong Hoon က ရိုက်ကူးထားပြီး ဘတ်ဂျက် ကိုရီးယားဝမ် (၂၃.၅)ဘီလျံ သုံးစွဲထားတယ်လို့ သိရပါတယ်။ The Pirates: Goblin Flag ရုပ်ရှင်ဇာတ်ကားကိုတော့ လာမယ့် ဇန်နဝါရီလ(၂၆)ရက်နေ့မှာ စတင်ရုံတင်ပြသသွားမှာ ဖြစ်ပါတယ်။

Glasgow

Source: soompi

 

RELATED ARTICLES

Most Popular