HomeCelebs Update NewsKoreaThe Return of Superman: တစ်ချိန်က ပရိသတ်အချစ်တော်လေးတွေရဲ့ လက်ရှိပုံရိပ်များ
The Return of Superman: တစ်ချိန်က ပရိသတ်အချစ်တော်လေးတွေရဲ့ လက်ရှိပုံရိပ်များ
အောက်တွင် ဇော်ဂျီဖြင့် ဖတ်ပါ။
The Return of Superman ရှိုးဟာ ကိုရီးယားရသစုံရှိုးတွေထဲက လူကြိုက်များတဲ့ ရှိုးတစ်ခု ဖြစ်ပါတယ်။ ဒီရှိုးရဲ့ အဓိက အကြောင်းအရာကတော့ နာမည်ကျော် ဆယ်လီဖခင်တွေဟာ သူတို့ရဲ့သားသား၊မီးမီးလေးတွေနဲ့ (၄၈)နာရီကြာ အတူတူ နေထိုင်ရာက ဖြစ်ပေါ်လာတဲ့ ဖြစ်ရပ်လေးတွေကို ပရိသတ်တွေအတွက် တင်ဆက်ပေးတဲ့ reality variety show တစ်ခု ဖြစ်ပါတယ်။
၂၀၁၃ခုနှစ်မှာ KBS2 ရုပ်သံလိုင်းက စတင်ထုတ်လွှင့်ခဲ့တဲ့ ဒီရှိုးမှာ ဆယ်လီဖခင်များစွာနဲ့ သူတို့ရဲ့သားသား၊မီးမီးလေးတွေလည်း ပါဝင်ခဲ့ကြပြီး ဖြစ်ပါတယ်။ ရှိုးအစပိုင်းမှာ ပါဝင်ခဲ့ကြတဲ့ cast အဟောင်းတွေဟာ ကလေးတွေရဲ့ ကြီးပြင်းလာမှုအရ အသက်အရွယ်တစ်ခုကိုရောက်ရင် ရှိုးကနေ ထွက်ခွာသွားကြရပါတယ်။ အူဝဲဘဝလေးတည်းက ပရိသတ်တွေရဲ့ မျက်စိရှေ့အောက်မှာတင် တစထက်တစ အရွယ်ရောက် ကြီးပြင်းလာကြတဲ့ ကလေးလေးတွေဟာ ရှိုးကနေ ထွက်ခွာသွားရင်တော့ ပရိသတ်နဲ့ အတိုင်းအတာတစ်ခုလောက်ထိ မျက်ခြည်ပြတ်သွားတတ်ကြပါတယ်။ ဒါကြောင့် The Return of Superman (TROS) ရှိုးမှာ ပါဝင်ခဲ့ကြဖူးတဲ့ အဖွဲ့ဝင်ဟောင်း သားသား၊ မီးမီးလေးတွေရဲ့ ယနေ့အချိန် ပုံရိပ်လေးတွေကို မျှဝေပေးလိုက်ပါတယ်။
Five Siblings
Photo: dglee20/ Instagram
Photo: dglee20/ Instagram
ဘောလုံးသမား Lee Dong Gook ရဲ့ အမွှာသမီးလေး နှစ်တွဲနဲ့ အငယ်ဆုံးသားလေး Lee Si An တို့ဟာ TROS မှာ ၂၀၁၅ခုနှစ်ကနေ ၂၀၁၉ခုနှစ်အထိ ပါဝင်ခဲ့ကြပါတယ်။ Lee Jae Si ၊ Lee Jae Ah ၊ Lee Seol Ah ၊ Lee Soo Ah နဲ့ Lee Si An ဆိုတဲ့ မောင်နှမငါးယောက်ဟာ TROS ပရိသတ်တွေ ချစ်ခဲ့ရတဲ့ ကလေးလေးတွေ ဖြစ်ပြီး အခုဆိုရင်တော့ တော်တော်ကြီးကို အရွယ်ရောက်လာကြပြီ ဖြစ်ပါတယ်။
Song Triplets
Photo: songilkook/ Instagram
Photo: songilkook/ Instagram
မြန်မာပရိသတ်တွေကြားမှာ ဂျူမုံလို့ လူသိများတဲ့ မင်းသား Song Il Gook နဲ့ တရားရုံးချုပ် တရားသူကြီး Jung Seung Yeon တို့က မွေးဖွားထားတဲ့ သုံးမွှာပူးညီအစ်ကိုတို့ကတော့ ၂၀၁၄ခုနှစ်ကနေ ၂၀၁၇ခုနှစ်အထိ ရှိုးမှာ ပါဝင်ခဲ့ကြပါတယ်။ သုံးမွှာပူးလေးတွေကတော့ ပရိသတ်တွေက ချစ်ကြလွန်းလို့ special episode ဆိုပြီး သူတို့ချည်းပဲ သီးသန့်တောင် အပိုင်းတွေ ရိုက်ကူး၊ ထုတ်လွှင့်ပေးခဲ့ရတာ ဖြစ်ပါတယ်။ ငယ်ငယ်က အစားမက်ပြီး ချစ်စရာကောင်းတဲ့ သုံးမွှာပူးလေးတွေဟာ အခုအခါမှာတော့ အရွယ်ရောက်လာတဲ့ လူချောလေးတွေ ဖြစ်နေကြပါပြီ။
Haru
Photo: tabloisdad/ Instagram
Photo: tabloisdad/ Instagram
Haru လေးကတော့ ရက်ပ်ပါလည်းဖြစ်၊ အဆိုတော်လည်းဖြစ်တဲ့ Tablo နဲ့ သရုပ်ဆောင် Kang Hye Jung တို့ရဲ့ သမီးလေး ဖြစ်ပါတယ်။ ရှိုးရဲ့ မင်းသမီးလေးတစ်လက်လို့ ပြောရလောက်အောင် ချစ်စရာကောင်းပြီး ကလေးအချင်းချင်းကြားမှာလည်း ရေပန်းစားသူလေး ဖြစ်ပါတယ်။ Haru လေးကတော့ ၂၀၁၃ခုနှစ်ကနေ ၂၀၁၅ခုနှစ်အထိ ပါဝင်ခဲ့ပါတယ်။ ငယ်ငယ်ကချစ်ဖို့ကောင်းတဲ့ မီးမီးလေးကတော့ အခုအချိန်မှာ ချစ်စရာကောင်မလေးတစ်ယောက် ဖြစ်နေပါပြီ။
Sarang
Photo: akiyamachoo/ Instagram
Photo: akiyamachoo/ Instagram
Choo Sarang လေးကတော့ MMA အားကစားသမား Choo Sung Hoon နဲ့ ဂျပန်မော်ဒယ်လ် Shiho Yano တို့ရဲ့ သမီးလေး ဖြစ်ပါတယ်။ Sarang ရဲ့ အစားမက်တဲ့ပုံလေးတွေ၊ ချစ်စရာကောင်းတဲ့ ဟန်ပန်အမူအရာလေးတွေရဲ့ ရှိုးပရိသတ်တွေအတွက် အသည်းခိုက်စရာ ဖြစ်ခဲ့တာပါ။ Sarang ကတော့ ၂၀၁၃ခုနှစ်ကနေ ၂၀၁၇ခုနှစ်အထိ ပါဝင်ခဲ့ပါတယ်။
Ko Seung Jae
Photo: ecojiyong/ Instagram
Photo: ecojiyong/ Instagram
Seung Jae လေးကတော့ Idol အဆိုတော်ဟောင်း၊ စီးပွားရေးလုပ်ငန်းရှင် Ko Ji Young နဲ့ ပရော်ဖက်ဆာ Heo Yang Lim တို့ရဲ့သားလေး ဖြစ်ပါတယ်။ ၂၀၁၇ခုနှစ်ကနေ ၂၀၁၉ခုနှစ်အထိ ပါဝင်ခဲ့တဲ့ Seung Jae လေးကတော့ ဒီနေ့အချိန်အထိ ပရိသတ်တွေရဲ့အချစ်ကို ရရှိနေတုန်းပါပဲ။
So Eul နဲ့ Da Eul
Photo: yoonj.lee/ Instagram
Photo: yoonj.lee/ Instagram
ဒီချစ်စရာမောင်နှမ နှစ်ယောက်ကတော့ သရုပ်ဆောင် Lee Beom Soo နဲ့ အင်္ဂလိပ်စကားပြန် Lee Yoo Jin တို့ရဲ့ ကလေးတွေ ဖြစ်ပါတယ်။ ၂၀၁၆ခုနှစ်ကနေ ၂၀၁၇ခုနှစ်အထိ ရှိုးမှာ ပါဝင်ခဲ့ကြတဲ့ မောင်နှမနှစ်ယောက်ဟာ အခုဆိုရင်တော့ ချစ်စရာကောင်းစွာနဲ့ပဲ ကြီးပြင်းလာကြပါပြီ။
ဒါကတော့ The Return of Superman မှာ ပါဝင်ခဲ့ကြဖူးတဲ့ အဖွဲ့ဝင်ဟောင်း သားသား၊ မီးမီးလေးတွေရဲ့ ယနေ့အချိန်မှာ မြင်တွေ့ရမယ့် ပုံရိပ်လေးတွေပဲ ဖြစ်ပါတယ်။ စာဖတ်သူတို့အချစ်ဆုံး သားသား၊ မီးမီးလေးတွေ ရှိရင်လည်း ပြောခဲ့ပါဦး။
Glasgow
(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)
(Zawgyi Version)
Five Siblings
Song Triplets
Haru
Sarang
Ko Seung Jae
So Eul နဲ့ Da Eul
Glasgow
RELATED ARTICLES
Most Popular