HomeCelebs Update NewsKoreaYouTube မွာ ကိုယ္ပိုင္content တင္ခြင့္ရတဲ့ ပထမဆုံးေကေပါ့ပ္ အမ်ိဳးသမီးအဖြဲ႔ျဖစ္လာမယ့္ TWICE

YouTube မွာ ကိုယ္ပိုင္content တင္ခြင့္ရတဲ့ ပထမဆုံးေကေပါ့ပ္ အမ်ိဳးသမီးအဖြဲ႔ျဖစ္လာမယ့္ TWICE

အောက်တွင် ယူနီကုဒ်ဖြင့် ဖတ်ပါ။

TWICE အဖြဲ႔ကေတာ့ သမိုင္းတြင္မယ့္ စံခ်ိန္တစ္ခုကို တင္လိုက္ႏိုင္ျပန္ပါၿပီ။ ဒီတစ္ခါကေတာ့ ကိုယ္ပိုင္ content ကို YouTube မွာ တင္ခြင့္ရေတာ့မယ့္ ပထမဆုံး ကိုရီးယားေကေပါ့ပ္ အမ်ိဳးသမီးအဖြဲ႔ အျဖစ္နဲ႔ပါ။

ၾသဂုတ္လ(၂၀)ရက္ေန႔မွာ JYP Entertainment က ထုတ္ျပန္တဲ့ ေၾကျငာခ်က္အရ TWICE အဖြဲ႔ရဲ႕ ကိုယ္ပိုင္ Content အပိုငး္ဆက္ေတြကို YouTube မွာ လႊင့္တင္သြားေတာ့မွာျဖစ္ေၾကာင္း သိရပါတယ္။ အဆိုပါ ရိႈးမွာေတာ့ ၂၀၁၉ခုႏွစ္မွာ ျပဳလုပ္ထားတဲ့ TWICELIGHTS ကမာၻလွည့္ေဖ်ာ္ေျဖေရးခရီးစဥ္အေၾကာင္း အပါအ၀င္ အဖြဲ႔၀င္တစ္ဦးခ်င္းစီနဲ႔ အတြင္းက်က် ေမးျမန္းထားတဲ့ အင္တာဗ်ဴးေတြ ပါ၀င္မွာျဖစ္တယ္လို႔ သိရပါတယ္။ ဒါ့အျပင္ အဖြဲ႔၀င္(၉)ေယာက္စလုံးရဲ႕ စတိတ္စင္ ေနာက္ကြယ္က ဇာတ္လမ္းေတြ၊ ေအာင္ျမင္ဖို႔အတြက္ ရုန္းကန္ႀကိဳးစားလာခဲ့ရတဲ့ ျဖစ္ရပ္ေတြကိုပါ တင္ဆက္သြားမယ္လို႔ ေၾကျငာထားပါတယ္။

https://www.instagram.com/p/Bwiubajg9Pe/

“ဒီရိႈးထဲမွာ သူတို႔ရဲ႕စတင္ပြဲထြက္တဲ့ အခ်ိန္ကစၿပီး ဒီေလးႏွစ္အတြင္း သူတို႔ေတြ ခံစားေပးဆပ္ခဲ့ရတဲ့ ေခၽြးေတြ၊ မ်က္ရည္ေတြ၊ လူေတြမျမင္ရႏိုင္တဲ့ အားထုတ္ႀကိဳးပမ္းမႈေတြနဲ႔ ဒီအဖြဲ႔ႀကီး ဒီလိုေအာင္ျမင္လာတာနဲ႔အတူ ျဖတ္သန္းခဲ့ရတဲ့ သူတို႔အားလုံးရဲ႕ အေတြ႕အႀကံဳေတြအားလုံးကို ေဖာ္ျပေပးသြားမွာပါ။ ဒါဟာ TWICE အဖြဲ႔က လႊင့္ထုတ္ေနက် Content ေတြနဲ႔ လုံး၀မတူဘဲ ကြဲကြဲျပားျပား တင္ဆက္သြားမယ့္ ရိႈးျဖစ္တာေၾကာင့္ ပရိသတ္ေတြအတြက္ေတာ့ တကယ့္ကို စိတ္လႈပ္ရွားစရာပါ” လို႔ JYP Entertainment က ေၾကျငာခ်က္မွာ ေျပာထားပါတယ္။

https://www.instagram.com/p/B0ap1TdlUoZ/

အဆိုပါ TWICE original YouTube စီးရီးဟာ လက္ရိွအခ်ိန္မွာေတာ့ ထုတ္လုပ္ေရးအပိုင္းကို ျပဳလုပ္ေနဆဲ ျဖစ္ၿပီး ၂၀၂၀ခုႏွစ္ ပထမႏွစ္၀က္ပိုင္းအကုန္ေလာက္မွာ ONCE ေတြဆီကို လႊင့္ထုတ္ေပးႏိုင္မယ္လို႔ လ်ာထားပါတယ္။ ရိုက္ကူးမႈေတြအားလုံးကို ယခု၂၀၁၉ခုႏွစ္အတြင္းမွာ အၿပီးသတ္ လုပ္သြားမွာျဖစ္ၿပီး ေနာက္ပိုင္းတည္းျဖတ္ကိစၥရပ္အားလုံးကို ၂၀၂၀ႏွစ္၀က္မတိုင္ခင္မွာ အၿပီးလုပ္သြားမယ္လို႔ တစ္ဆက္တည္း ေၾကျငာထားပါတယ္။

Xei

Ref: koreaboo

(Unicode Version)

TWICE အဖွဲ့ကတော့ သမိုင်းတွင်မယ့် စံချိန်တစ်ခုကို တင်လိုက်နိုင်ပြန်ပါပြီ။ ဒီတစ်ခါကတော့ ကိုယ်ပိုင် content ကို YouTube မှာ တင်ခွင့်ရတော့မယ့် ပထမဆုံး ကိုရီးယားကေပေါ့ပ် အမျိုးသမီးအဖွဲ့ အဖြစ်နဲ့ပါ။

သြဂုတ်လ(၂၀)ရက်နေ့မှာ JYP Entertainment က ထုတ်ပြန်တဲ့ ကြေငြာချက်အရ TWICE အဖွဲ့ရဲ့ ကိုယ်ပိုင် Content အပိုင်းဆက်တွေကို YouTube မှာ လွှင့်တင်သွားတော့မှာဖြစ်ကြောင်း သိရပါတယ်။ အဆိုပါ ရှိုးမှာတော့ ၂၀၁၉ခုနှစ်မှာ ပြုလုပ်ထားတဲ့ TWICELIGHTS ကမ္ဘာလှည့်ဖျော်ဖြေရေးခရီးစဉ်အကြောင်း အပါအဝင် အဖွဲ့ဝင်တစ်ဦးချင်းစီနဲ့ အတွင်းကျကျ မေးမြန်းထားတဲ့ အင်တာဗျူးတွေ ပါဝင်မှာဖြစ်တယ်လို့ သိရပါတယ်။ ဒါ့အပြင် အဖွဲ့ဝင်(၉)ယောက်စလုံးရဲ့ စတိတ်စင် နောက်ကွယ်က ဇာတ်လမ်းတွေ၊ အောင်မြင်ဖို့အတွက် ရုန်းကန်ကြိုးစားလာခဲ့ရတဲ့ ဖြစ်ရပ်တွေကိုပါ တင်ဆက်သွားမယ်လို့ ကြေငြာထားပါတယ်။

https://www.instagram.com/p/Bwiubajg9Pe/

“ဒီရှိုးထဲမှာ သူတို့ရဲ့စတင်ပွဲထွက်တဲ့ အချိန်ကစပြီး ဒီလေးနှစ်အတွင်း သူတို့တွေ ခံစားပေးဆပ်ခဲ့ရတဲ့ ချွေးတွေ၊ မျက်ရည်တွေ၊ လူတွေမမြင်ရနိုင်တဲ့ အားထုတ်ကြိုးပမ်းမှုတွေနဲ့ ဒီအဖွဲ့ကြီး ဒီလိုအောင်မြင်လာတာနဲ့အတူ ဖြတ်သန်းခဲ့ရတဲ့ သူတို့အားလုံးရဲ့ အတွေ့အကြုံတွေအားလုံးကို ဖော်ပြပေးသွားမှာပါ။ ဒါဟာ TWICE အဖွဲ့က လွှင့်ထုတ်နေကျ Content တွေနဲ့ လုံးဝမတူဘဲ ကွဲကွဲပြားပြား တင်ဆက်သွားမယ့် ရှိုးဖြစ်တာကြောင့် ပရိသတ်တွေအတွက်တော့ တကယ့်ကို စိတ်လှုပ်ရှားစရာပါ” လို့ JYP Entertainment က ကြေငြာချက်မှာ ပြောထားပါတယ်။

https://www.instagram.com/p/B0ap1TdlUoZ/

အဆိုပါ TWICE original YouTube စီးရီးဟာ လက်ရှိအချိန်မှာတော့ ထုတ်လုပ်ရေးအပိုင်းကို ပြုလုပ်နေဆဲ ဖြစ်ပြီး ၂၀၂၀ခုနှစ် ပထမနှစ်ဝက်ပိုင်းအကုန်လောက်မှာ ONCE တွေဆီကို လွှင့်ထုတ်ပေးနိုင်မယ်လို့ လျာထားပါတယ်။ ရိုက်ကူးမှုတွေအားလုံးကို ယခု၂၀၁၉ခုနှစ်အတွင်းမှာ အပြီးသတ် လုပ်သွားမှာဖြစ်ပြီး နောက်ပိုင်းတည်းဖြတ်ကိစ္စရပ်အားလုံးကို ၂၀၂၀နှစ်ဝက်မတိုင်ခင်မှာ အပြီးလုပ်သွားမယ်လို့ တစ်ဆက်တည်း ကြေငြာထားပါတယ်။

Xei

Ref: koreaboo

RELATED ARTICLES

Most Popular