HomeAnimeသာမန်နဲ့မတူဘဲ တမူထူးခြားတဲ့ Shonen Anime ဇာတ်လမ်းတွဲများ

သာမန်နဲ့မတူဘဲ တမူထူးခြားတဲ့ Shonen Anime ဇာတ်လမ်းတွဲများ

Shonen Anime လို့ ပြောလိုက်ရင်တော့ ပရိသတ်တွေ အများစုဟာ One Piece နဲ့ Naruto တို့လို ဇာတ်လမ်းတွဲတေွကို ပြေးမြင်မိကြပါလိမ့်မယ်။ Shonen Anime အမျိူးအစားကတော့ အက်ရှင်ခန်းတွေများစွာ ပါဝင်ပြီး ပရိသတ်တွေ ရင်ထဲမှာ စွဲကျန်နေစေမယ့် ဇာတ်ကောင်တွေများစွာနဲ့ ဖန်တီးတည်ဆောက်ထားတဲ့ Anime တွေကို ပြောတာပဲ ဖြစ်ပါတယ်။ ဒါကြောင့်ပဲ ဒီတစ်ခါမှာတော့ ပုံမှန် Shonen Anime တွေ မဟုတ်ဘဲ ထူးဆန်းပြီး ကြောင်တောင်တောင်နိုင်တဲ့ Shonen Anime ဇာတ်လမ်းတွဲတွေကို ဖော်ပြပေးချင်ပါတယ်။

(7) Bobobo-bo Bo-bobo

photo via screenrant

ဒီ Anime ကတော့ ၂၀၀၃ ခုနှစ်မှာ ထွက်ရှိခဲ့ပြီးတော့ IMDb (7.0) ရရှိထားပါတယ်။ ဒီဇာတ်လမ်းတွဲကတော့ နာမည်ကတင် ထူးဆန်းနေတာ မဟုတ်ဘဲ ဇာတ်လမ်းကပါ ကြောင်တောင်တောင်နိုင်ပြီး ရယ်မောစရာတွေနဲ့ ပြည့်နှက်နေတဲ့ Anime တစ်ခုပဲ ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ ဗီလိန်အဖွဲ့အစည်းတစ်ခုဟာ တစ်ကမ္ဘာလုံးကို ကတုံးဖြစ်အောင် ပြုလုပ်ဖို့ ကြိုးစားနေတာကြောင့် အဓိကဇာတ်ကောင်က သူ့ရဲ့ နှာခေါင်းမွှေးနဲ့ တိုက်ခိုက်ကာ တားဆီးရပါတော့တယ်။

(6) Beelzebub

photo via screenrant

ဒီ Anime ကတော့ ၂၀၁၁ ခုနှစ်မှာ ထွက်ရှိခဲ့ပြီးတော့ IMDb (7.6) ရရှိထားပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ ဆိုးသွမ်းတဲ့ အထက်တန်း ကျောင်းသားတစ်ယောက်ဟာ ကလေးအရွယ် Demon Lord တစ်ယောက်ကို ရှာတွေ့ခဲ့ပါတယ်။ အဲဒီနောက်မှာတော့ သူတို့နှစ်ယောက်ဟာ သိပ်ကို သံယောဇဉ်တွယ်သွားကြတာကြောင့် အဲဒီကလေးကို မွေးစားထားနိုင်ဖို့ ကြိုးစားပါတော့တယ်။

(5) Assassination Classroom

photo via screenrant

ဒီ Anime ကတော့ ၂၀၁၅ ခုနှစ်မှာ ထွက်ရှိခဲ့ပြီး IMDb (8.0) ရရှိထားပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ ကျောင်းတစ်ကျောင်းရဲ့ အခန်း 3E က ကျောင်းသားတွေဟာ စာလုပ်ရမှာထက် အရေးကြီးတဲ့ တာဝန်တစ်ခု ရှိနေပါတယ်။ အဲဒါကတော့ ကျောင်းသားတွေဟာ သူတို့ရဲ့ဆရာကို စာသင်နှစ်မကုန်ခင်မှာ သတ်ပစ်ရမှာပဲ ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကို ဒီတိုင်းဖတ်လိုက်ကတည်းက ထူးဆန်းနေတာ ဖြစ်နေပေမယ့်လည်း တကယ် ကြည့်လိုက်ရင်တော့ အချိန်ကုန်ရကျိူးနပ်တဲ့ Anime ဇာတ်လမ်းတွဲတစ်ခု ဖြစ်ပါတယ်။

(4) Nichijou

photo via screenrant

ဒီ Anime ကတော့ ၂၀၁၁ ခုနှစ်မှာ ထွက်ရှိခဲ့ပြီးတော့ IMDb (8.3) ရရှိထားပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ အထက်တန်းကျောင်းသူလေး သုံးယောက်ရဲ့ နေ့စဉ်ဘဝကို မြင်တွေ့ရမှာ ဖြစ်ပြီး တစ်ရက်မှာတော့ သူတို့ဟာ နောက်ထပ် ကောင်မလေးတစ်ယောက်နဲ့ ရင်းနှီးသွားပါတော့တယ်။ ဒီဇာတ်လမ်းထဲမှာတော့ မထင်မှတ်ထားတဲ့ ကြောင်တောင်တောင် အဖြစ်အပျက်တွေကို မြင်တွေ့ရမှာ ဖြစ်ပြီး ရယ်စရာ အဖြစ်အပျက်တွေမျိူးစုံလည်း ပါဝင်နေပါတယ်။

(3) The Disastrous Life of Saiki K.

photo via screenrant

ဒီဇာတ်လမ်းတွဲကတော့ ၂၀၁၆ ခုနှစ်မှာ ထွက်ရှိခဲ့တာဖြစ်ပြီး IMDb (8.3) ရရှိခဲ့ပါတယ်။ ဇာတ်လမ်းကတော့ Saiki Kusuo ဆိုတဲ့ အထက်တန်း ကျောင်းသားတစ်ယောက်ရဲ့ အကြောင်းကို ပုံဖော်ထားတာ ဖြစ်ပါတယ်။ သူဟာ သာမန်လူတစ်ယောက် မဟုတ်ဘဲ စိတ်စွမ်းအားတွေကို ပိုင်ဆိုင်ထားပေမယ့်လည်း သူ့ရဲ့စွမ်းအားတွေကို လျှို့ဝှက်ထားပြီးတော့ သာမန် ကျောင်းသားတစ်ယောက်လိုမျိူး နေထိုင်ဖို့ ကြိုးစားနေပါတယ်။

(2) JoJo’s Bizarre Adventure

photo via screenrant

ဒီ Anime ကတော့ ၂၀၁၂ ခုနှစ်မှာ ထွက်ရှိခဲ့ပြီး IMDb (8.4) ရရှိထားပါတယ်။ ဒီဇာတ်လမ်းတွဲကတော့ နာမည်အတိုင်းပဲ ထူးဆန်းပြီး ကြောင်တောင်တောင်နိုင်တဲ့ Anime တစ်ခု ဖြစ်ပါတယ်။ ဇာတ်ကောင်တွေရဲ့ ပို့စ်ပေးပုံတွေကလည်း သင့်ဘဝမှာ တစ်ခါမှ မမြင်ဖူးတဲ့ ကြောင်တောင်တောင်ပုံစံတွေကို မြင်တွေ့ရမှာပါ။ ဒီလိုကြောင်တောင်တောင်နိုင်တယ် ဆိုပေမယ့်လည်း ဇာတ်လမ်းကတော့ သင့်ကို တီဗွီရှေ့က မထချင်တော့လောက်အောင် ဆွဲဆောင်ထားနိုင်မယ့် ဇာတ်လမ်းမျိူး ဖြစ်ပါတယ်။ ပထမဆုံး Season မှာတော့ Jonathan Joestar နဲ့ မွေးစားသား Dio တို့ ရှိကြပြီး အသက်ကြီးလာတဲ့ အချိန်မှာတော့ Dio ဟာ သွေးစုပ်ဖုတ်ကောင် ဖြစ်သွားကာ Jonathan နဲ့ ရင်ဆိုင်ရပါတော့တယ်။

(1) Gintama

photo via screenrant

ဒီဇာတ်လမ်းတွဲကတော့ ၂၀၀၆ ခုနှစ်မှာ ထွက်ရှိခဲ့ပြီးတော့ IMDb (8.6) ရထားပါတယ်။ မတူညီတဲ့ timeline တစ်ခုမှာတော့ ဂျပန်နိုင်ငံဟာ ဂြိုဟ်သားတွေရဲ့ အုပ်စိုးမင်းမူခြင်းကို ခံနေရပါတယ်။ အဲဒီအချိန်မှာတော့ ဆာမူရိုင်းတစ်ယောက်နဲ့ သူ့ရဲ့သူငယ်ချင်းတွေဟာ အသက်မွေးဝမ်းကျောင်းအတွက် ကြုံရာကျပန်းအလုပ်တွေကို လုပ်နေရပါတယ်။ ဒီဇာတ်လမ်းတွဲကတော့ ပေါ့ပေါ့ပါးပါး ရယ်ရယ်မောမောနဲ့ ကြည့်ရှုရမယ့် ဇာတ်လမ်းလေးတစ်ခု ဖြစ်ပြီး Parody အမျိူးစား ဖြစ်တာကြောင့်လည်း တခြားနာမည်ကြီး Anime တွေကို သရော်ထားတာတွေကိုလည်း မြင်တွေ့ရမှာ ဖြစ်ပါတယ်။

ဒါကတော့ သာမန်ထက် ထူးခြားတဲ့ ဇာတ်လမ်းနဲ့ Shonen Anime တွေပဲ ဖြစ်ပါတယ်။ စာဖတ်သူတို့ နှစ်သက်တဲ့ အလားတူ anime တွေရှိရင်လည်း ကောမန့်မှာ ပြန်လည် ဝေမျှခဲ့ပါဦး။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

RELATED ARTICLES

Most Popular