HomeCelebs Update NewsKoreaကြာရွင္းတဲ့ကိစၥေၾကာင့္ New Journey to the West ထဲက ႏုတ္ထြက္လိုက္တဲ့ Ahn Jae Hyun

ကြာရွင္းတဲ့ကိစၥေၾကာင့္ New Journey to the West ထဲက ႏုတ္ထြက္လိုက္တဲ့ Ahn Jae Hyun

အောက်တွင် ယူနီကုဒ်ဖြင့် ဖတ်ပါ။

Ahn Jae Hyun ဟာ New Journey to the West အစီအစဥ္ရဲ႕ season 2 တည္းက ပင္တိုင္ပါ၀င္ခဲ့တဲ့ cast တစ္ေယာက္ ျဖစ္ေပမယ့္ မင္းသမီး Goo Hye Sun နဲ႔ အိမ္ေထာင္ေရး အရႈပ္အရွင္းေတြေၾကာင့္ ရိႈးထဲက ထြက္ခြာသြားခဲ့ၿပီ ျဖစ္ပါတယ္။

အတြင္းပိုင္း နီးစပ္တဲ့လူတစ္ေယာက္ရဲ႕ အဆိုအရ Ahn Jae Hyun ဟာ New Journey to the West season အသစ္အတြက္ ေသခ်ာစဥ္းစားခဲ့ၿပီးမွ သူ႔ရဲ႕ေနာက္ဆုံး ဆုံးျဖတ္ခ်က္ကို ထုတ္လုပ္ေရးအဖြဲ႕သားေတြကို အသိေပးခဲ့တာ ျဖစ္တယ္လို႔ သိရပါတယ္။ သူ႔ရဲ႕ ဆုံးျဖတ္ခ်က္ကေတာ့ ေနာက္လာမယ့္ Season 7 မွာ ပါ၀င္ေတာ့မွာ မဟုတ္ဘဲ ဆႏၵအေလ်ာက္ ႏုတ္ထြက္သြားတာပါ။

Photo: aagbanjh/ Instagram

“Ahn Jae Hyun ဟာ New Journey to the West ထဲက ပင္တိုင္အဖြဲ႔သားတစ္ေယာက္ ျဖစ္ေပမယ့္ သူ႔ရဲ႕ေနာက္ဆုံး ဆုံးျဖတ္ခ်က္ကို ခ်မွတ္လိုက္ပါၿပီ။ သူက ဟိုတေလာကပဲ သူ႔ရဲ႕ပုဂၢိဳလ္ေရးကိစၥေတြေၾကာင့္ ထုတ္လုပ္ေရးအဖြဲ႕သားေတြနဲ႔ ရိႈးကို မထိခိုက္ေစခ်င္ဘူးလို႔ ေျပာခဲ့ပါေသးတယ္။ အခုအေျခအေနက သူ႔အတြက္ အဆင္ေတာ့မေျပပါဘူး။ ကိစၥေတြက ဒီလိုျဖစ္လာကတည္းက ရသစုံရိႈးထဲမွာ ပရိသတ္ေတြ ရယ္ေမာေအာင္ တင္ဆက္ေနရတာကလည္း သူ႔အတြက္ သက္ေသာင့္သက္သာ မျဖစ္ေတာ့ပါဘူး”  လို႔ အတြင္းသတင္းက ဆိုပါတယ္။

Photo: allkpop

ေနာက္ထပ္ အတြင္းသတင္းတစ္ခုကလည္း ပထမတစ္ခုနဲ႔ အလားတူပဲ ေျဖၾကားထားပါတယ္။ “New Journey to the West season အသစ္မွာ သူ မပါေတာ့ဘူးလို႔ ကၽြန္ေတာ္ ၾကားပါတယ္။ ကၽြန္ေတာ္ သိသေလာက္ကေတာ့ မၾကာေသးခင္ကပဲ သူ႔ရဲ႕ဆႏၵကို ထုတ္လုပ္ေရးအဖြဲ႕ကို ေျပာျပၿပီးေတာ့ ေနာက္ season အသစ္မွာ မပါေတာ့ဘူးလို႔ ဆုံးျဖတ္သြားတာပါ” လို႔ ဆိုပါတယ္။

Ahn Jae Hyun ဟာ New Journey to the West ရသစုံရိႈးမွာ season 2 ကတည္းက ပါ၀င္လာခဲ့တဲ့ ပင္တိုင္ main cast တစ္ေယာက္ပါ။ ရိႈးထဲမွာ ပါ၀င္ထားတဲ့ သူ႔ရဲ႕ကာရိုက္တာပုံစံေၾကာင့္လည္း ၾကည့္ရႈသူေတြရဲ႕ ခ်စ္ျခင္းေမတၱာကို ရရိွခဲ့သူ ျဖစ္ပါတယ္။

LaNina

(ဆံရစ္ဝိုင္းမီဒီယာစာမ်က္ႏွာေပၚတြင္ ေဖာ္ျပထားေသာ သတင္း၊ေဆာင္းပါးမ်ားကို ခြင့္ျပဳခ်က္ တစ္စုံတစ္ရာ မရရွိဘဲ မိမိတို႔ကိုယ္က်ိဳးအတြက္ ကူးယူသုံးစြဲျခင္း မျပဳလုပ္ၾကပါရန္ သတိေပးအပ္ပါသည္။)

(Unicode Version)

Ahn Jae Hyun ဟာ New Journey to the West အစီအစဉ်ရဲ့ season 2 တည်းက ပင်တိုင်ပါဝင်ခဲ့တဲ့ cast တစ်ယောက် ဖြစ်ပေမယ့် မင်းသမီး Goo Hye Sun နဲ့ အိမ်ထောင်ရေး အရှုပ်အရှင်းတွေကြောင့် ရှိုးထဲက ထွက်ခွာသွားခဲ့ပြီ ဖြစ်ပါတယ်။

အတွင်းပိုင်း နီးစပ်တဲ့လူတစ်ယောက်ရဲ့ အဆိုအရ Ahn Jae Hyun ဟာ New Journey to the West season အသစ်အတွက် သေချာစဉ်းစားခဲ့ပြီးမှ သူ့ရဲ့နောက်ဆုံး ဆုံးဖြတ်ချက်ကို ထုတ်လုပ်ရေးအဖွဲ့သားတွေကို အသိပေးခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။ သူ့ရဲ့ ဆုံးဖြတ်ချက်ကတော့ နောက်လာမယ့် Season 7 မှာ ပါဝင်တော့မှာ မဟုတ်ဘဲ ဆန္ဒအလျောက် နုတ်ထွက်သွားတာပါ။

Photo: aagbanjh/ Instagram

“Ahn Jae Hyun ဟာ New Journey to the West ထဲက ပင်တိုင်အဖွဲ့သားတစ်ယောက် ဖြစ်ပေမယ့် သူ့ရဲ့နောက်ဆုံး ဆုံးဖြတ်ချက်ကို ချမှတ်လိုက်ပါပြီ။ သူက ဟိုတလောကပဲ သူ့ရဲ့ပုဂ္ဂိုလ်ရေးကိစ္စတွေကြောင့် ထုတ်လုပ်ရေးအဖွဲ့သားတွေနဲ့ ရှိုးကို မထိခိုက်စေချင်ဘူးလို့ ပြောခဲ့ပါသေးတယ်။ အခုအခြေအနေက သူ့အတွက် အဆင်တော့မပြေပါဘူး။ ကိစ္စတွေက ဒီလိုဖြစ်လာကတည်းက ရသစုံရှိုးထဲမှာ ပရိသတ်တွေ ရယ်မောအောင် တင်ဆက်နေရတာကလည်း သူ့အတွက် သက်သောင့်သက်သာ မဖြစ်တော့ပါဘူး”  လို့ အတွင်းသတင်းက ဆိုပါတယ်။

Photo: allkpop

နောက်ထပ် အတွင်းသတင်းတစ်ခုကလည်း ပထမတစ်ခုနဲ့ အလားတူပဲ ဖြေကြားထားပါတယ်။ “New Journey to the West season အသစ်မှာ သူ မပါတော့ဘူးလို့ ကျွန်တော် ကြားပါတယ်။ ကျွန်တော် သိသလောက်ကတော့ မကြာသေးခင်ကပဲ သူ့ရဲ့ဆန္ဒကို ထုတ်လုပ်ရေးအဖွဲ့ကို ပြောပြပြီးတော့ နောက် season အသစ်မှာ မပါတော့ဘူးလို့ ဆုံးဖြတ်သွားတာပါ” လို့ ဆိုပါတယ်။

Ahn Jae Hyun ဟာ New Journey to the West ရသစုံရှိုးမှာ season 2 ကတည်းက ပါဝင်လာခဲ့တဲ့ ပင်တိုင် main cast တစ်ယောက်ပါ။ ရှိုးထဲမှာ ပါဝင်ထားတဲ့ သူ့ရဲ့ကာရိုက်တာပုံစံကြောင့်လည်း ကြည့်ရှုသူတွေရဲ့ ချစ်ခြင်းမေတ္တာကို ရရှိခဲ့သူ ဖြစ်ပါတယ်။

LaNina

(ဆံရစ်ဝိုင်းမီဒီယာစာမျက်နှာပေါ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို ခွင့်ပြုချက် တစ်စုံတစ်ရာ မရရှိဘဲ မိမိတို့ကိုယ်ကျိုးအတွက် ကူးယူသုံးစွဲခြင်း မပြုလုပ်ကြပါရန် သတိပေးအပ်ပါသည်။)

 

RELATED ARTICLES

Most Popular