HomeCelebs Update NewsKoreaတရားမ၀င္လုပ္ငန္းေတြ လုပ္ကိုင္ေနေၾကာင္း ေဖာ္ထုတ္ခံလိုက္ရတဲ့ Daesung ရဲ႕အေဆာက္အအုံ

တရားမ၀င္လုပ္ငန္းေတြ လုပ္ကိုင္ေနေၾကာင္း ေဖာ္ထုတ္ခံလိုက္ရတဲ့ Daesung ရဲ႕အေဆာက္အအုံ

အောက်တွင် ယူနီကုဒ်ဖြင့် ဖတ်ပါ။

BIGBANG အဖြဲ႕ရဲ႕ အဖြဲ႕၀င္ Daesung ပိုင္ဆိုင္ထားတဲ့ အေဆာက္အအုံတစ္ခုဟာ ျပည့္တန္ဆာလုပ္ငန္းနဲ႔ အျခားေသာ တရားမ၀င္စီးပြားေရး လုပ္ငန္းမ်ား အေျခခ်ထားရာေနရာျဖစ္ေနတယ္လို႔ သိရပါတယ္။

Daesung ဟာ အဆိုပါ အေဆာက္အအုံကို စစ္မႈထမ္းမ၀င္ေရာက္ခင္ေလးတင္ကမွ ၀ယ္ယူခဲ့တာျဖစ္ၿပီး Channel A ရဲ႕ စုံစမ္းစစ္ေဆးမႈအရ အဲ့ဒီ့အေဆာက္အအုံထဲမွာ အခုလို တရားမ၀င္လုပ္ငန္းေတြနဲ႔ ျပည့္တန္ဆာ၊ ေဖ်ာ္ေျဖေရးလုပ္ငန္းေတြ လုပ္ကိုင္ေနေၾကာင္း ေတြ႕ရိွခဲ့ၾကရတာ ျဖစ္ပါတယ္။

Daesung ဟာ Gangnam ၿမိဳ႕လယ္ေခါင္က ယင္းအေဆာက္အအုံကို ကိုရီးယား၀မ္ (၃၁)ဘီလ်ံနဲ႔ ၂၀၁၇ခုႏွစ္ ႏို၀င္ဘာလက ၀ယ္ယူခဲ့တာျဖစ္ပါတယ္။ လက္ရိွ ေပါက္ေစ်းမ်ားအရ အဆိုပါ အေဆာက္အအုံရဲ႕ ငွားရမ္းခဟာ တစ္လကို ၀မ္သန္း(၁၀၀)ခန္႔ ရိွေနတယ္လို႔လည္း သိရပါတယ္။

©koreaboo

ယခုစုံစမ္းစစ္ေဆးမႈ ျပဳလုပ္ခံထားရတဲ့ အေဆာက္အအုံရဲ႕ အစိတ္အပိုင္းေတြကေတာ့ ေျမေအာက္ခန္း၊ ငါးလႊာနဲ႔ ရွစ္လႊာတို႔ ျဖစ္ၿပီး ဓာတ္ပုံစတူဒီယိုနဲ႔ စားေသာက္ဆိုင္ေတြလို႔ နာမည္ခံထားပါတယ္။ သို႔ေပမယ့္ ျပင္ပကေန စုံစမ္းစစ္ေဆးၾကည့္တဲ့အခါ ငါးလႊာနဲ႔ ရွစ္လႊာ အထပ္ေတြကို ေသခ်ာစြာ မျမင္ရသလို ဓာတ္ေလွကားမွာလည္း ငါးလႊာနဲ႔ ရွစ္လႊာကိုသြားမယ့္ နံပါတ္ေတြ မရိွဘူးလုိ႔ ဆိုပါတယ္။

အထူးသျဖင့္ ဓာတ္ပုံစတူဒီယိုလို႔ အမည္ခံထားတဲ့ ရွစ္လႊာကို သံတံခါးႀကီးတစ္ခုနဲ႔ ပိုင္းျခားထားၿပီး ဧည့္သည္ေတြအေနနဲ႔ ပုံမွန္အတိုင္း ၀င္ခ်င္တိုင္း၀င္လို႔ မရဘူးလို႔ ဆိုပါတယ္။ အဆိုပါ ရွစ္လႊာနဲ႔ ပတ္သက္ၿပီး ဘယ္လိုစီးပြားေရးေတြ လုပ္ေဆာင္ေနလည္းဆိုတာကို ေဘးနားပတ္၀န္းက်င္က အျခားစီးပြားေရးလုပ္ငန္းရွင္ေတြကို Channel A က ေမးျမန္းစုံစမ္းခဲ့ရာမွာေတာ့ “အဲ့ဒါက ဘားပါ။ သူက ညဘက္မွ ဖြင့္ပါတယ္။ အဲ့ဒီ့ဘားက ထူးေတာ့ထူးဆန္းတယ္။ အဲ့ဒီ့ကိုလာတဲ့ မိန္းကေလးေတြဟာ ႏိုင္ငံျခားျဖစ္ကားေတြကို ေမာင္းလာၾကတယ္။ ဇိမ္ခန္းနဲ႔ တူတယ္” လို႔ ပလတ္စတစ္ ဆာဂ်ရီေဆးခန္းပိုင္ရွင္တစ္ေယာက္က ေျဖၾကားထားပါတယ္။

ညဘက္ေရာက္လာတိုင္း အဆိုပါ အေဆာက္အအုံနားမွာ လူေတြအမ်ားႀကီး ရုန္းစုရုန္းစု ျဖစ္လာၾကၿပီး ဇိမ္ခံကားအေကာင္းစားႀကီးေတြ ေရာက္လာတတ္တဲ့အျပင္ ေန႔ဘက္မွာ ေမွာင္မည္းကာ အသက္မရိွသလို ျဖစ္ေနတဲ့ ငါးလႊာနဲ႔ ရွစ္လႊာဟာလည္း မီးေတြထိန္ထိန္လင္းေနတတ္တယ္လုိ႔ ဆိုပါတယ္။ အမ်ိဳးသမီးေတြဟာ အေဆာက္အအုံထဲက ထြက္လာေလ့ရိွၿပီး လာေရာက္တဲ့ အမ်ိဳးသားေတြကို ခရီးဦးႀကိဳျပဳၾကတယ္လို႔ သိရပါတယ္။ Channel A ဟာ သတင္းေထာက္တစ္ေယာက္ကို အထဲ၀င္ၿပီး စုံစမ္းခိုင္းဖို႔ ႀကိဳးစားခဲ့ေပမယ့္ အဖြဲ႕၀င္ျဖစ္မွ ၀င္လို႔ရမယ္ဆိုတာေၾကာင့္ မေအာင္ျမင္ခဲ့ဘူးလို႔ ဆိုပါတယ္။

သုိ႔ေသာ္လည္း ဘားထဲက အတြင္းသတင္းတစ္ခုက Channel A ကို တိတ္တဆိတ္ သတင္းေပးခဲ့တယ္လို႔ ဆိုပါတယ္။ “ငါးလႊာလုံးက လူတစ္ေယာက္တည္းရဲ႕ နာမည္ေအာက္မွာ လႈပ္ရွားေနတယ္ဆိုတာ မဟုတ္ပါဘူး။ အလႊာတစ္လႊာစီတိုင္းမွာ လုပ္ငန္းရွင္တစ္ေယာက္စီ ရိွၾကပါတယ္။ အဲ့ဒီ့မွာ တစ္ေနရာစီက လာၾကတဲ့ မိန္းကေလးေတြ ရိွပါတယ္။ ေျပာရမယ္ဆိုရင္ေတာ့ လွ်ို႕၀ွက္ ဇိမ္ခန္းႀကီးတစ္ခုပါ”လို႔ အတြင္းသတင္းက ဆိုပါတယ္။

အဆိုပါ အေဆာက္အအုံက တရားမ၀င္ ေဖ်ာ္ေျဖေရးလုပ္ငန္းတစ္ခုရဲ႕ ၀န္ထမ္းတစ္ေယာက္ကလည္း “အထဲမွာ ႏွစ္နာရီေလာက္ ေပ်ာ္ပါးၿပီးရင္ ေကာင္မေလးေတြနဲ႔ သူတို႔ထြက္သြားတဲ့အခါ ထုံးစံအတိုင္း ခရီးဆက္ေလ့ ရိွၾကပါတယ္။ ေငြသားနဲ႔ေပးရင္ေတာ့ XX ၀မ္ က်သင့္ပါတယ္။ ၀န္ေဆာင္ခထပ္ေပးရင္ေတာ့ ဟိုတယ္ခန္းျဖစ္ျဖစ္၊ မိုတယ္ခန္းျဖစ္ျဖစ္ စီစဥ္ေပးပါေသးတယ္”လို႔ ေျဖၾကားထားပါတယ္။

အေဆာက္အအုံရဲ႕ တစ္၀က္ေက်ာ္ဟာ တရားမ၀င္လုပ္ငန္းေတြကို လုပ္ကိုင္ေနၾကတာျဖစ္ၿပီး ၄င္းအေဆာက္အအုံရဲ႕ ေအးဂ်င့္ကို ဆက္သြယ္ေမးျမန္းရာမွာေတာ့ “အဲ့ဒီ့အေၾကာင္းေတြကို မသိဘူး” လို႔ ဆိုပါတယ္။

“Daesung က အေဆာက္အအုံကိုပဲ ပိုင္တာပါ။ အဲ့ဒီ့ထဲမွာ လုပ္ေနတဲ့ စီးပြားေရးလုပ္ငန္းေတြက သူနဲ႔ ဘာမွမဆိုင္ပါဘူး။ အဲ့ဒီ့အေဆာက္အဦးကို ၀ယ္တုန္းက လုပ္ငန္းလိုင္စင္တင္ျပတဲ့ လုပ္ငန္းေတြကိုပဲ သိထားပါတယ္။ တကယ္လို႔ တရားမ၀င္လုပ္ငန္းေတြ လုပ္ကိုင္ေနတယ္လို႔ အတည္ျပဳႏိုင္တာနဲ႔ အဲ့ဒီ့လူေတြကို ငွားရမ္းထားတဲ့ စာခ်ဳပ္ကို ဖ်က္သိမ္းသြားမွာပါ”လို႔ Daesung ရဲ႕ အိမ္ရာကိုယ္စားလွယ္က ဆိုပါတယ္။

သို႔ေပမယ့္လည္း အျခားေသာ အိမ္ရာကိုယ္စားလွယ္မ်ားကေတာ့ Daesung အေနနဲ႔ ဒီေလာက္ အႀကီးအက်ယ္ေတြ လုပ္ကိုင္ေနတဲ့ လုပ္ငန္းေတြကို မသိဘူးဆိုတာ မျဖစ္ႏိုင္ဘူးလို႔ ေ၀ဖန္ေနၾကပါတယ္။ “Daesung က အဲ့ဒီ့အေၾကာင္းေတြကို သိသိႀကီးနဲ႔ ၀ယ္လိုက္တယ္ဆိုတာ ရာႏႈန္းျပည့္ ေသခ်ာပါတယ္။ ကၽြန္ေတာ္တို႔ အိမ္ရာကိုယ္စားလွယ္ေတြအေနနဲ႔ လူတစ္ေယာက္က အေဆာက္အအုံတစ္ခုကို ၀ယ္ေတာ့မယ္ဆိုရင္ အလႊာတိုင္း၊ အခန္းတိုင္းကို ေသေသခ်ာခ်ာ၊ ေစ့ေစ့စပ္စပ္ လိုက္ျပရပါတယ္။ အေဆာက္အဦးတစ္ခုကို အထဲမွာ ဘာရိွမွန္းလည္းမသိ၊ ၾကည့္လည္းမၾကည့္ဘဲ ၀ယ္တဲ့လူမ်ိဳး ဒီကမာၻမွာ ရိွပါ့မလား”ဆိုၿပီး အိမ္ရာကိုယ္စားလွယ္တစ္ေယာက္က ေျပာထားပါတယ္။

“အေဆာက္အဦးပိုင္ရွင္အေနနဲ႔ ငွားရမ္းမယ့္လူနဲ႔ စာခ်ဳပ္ခ်ဳပ္ထားတာ ျဖစ္တဲ့အတြက္ အေဆာက္အအုံရဲ႕ မူလရည္ရြယ္ခ်က္ကို ထိန္းသိမ္းဖို႔ရာအတြက္ ပိုင္ရွင္မွာ တာ၀န္ရိွပါတယ္”လို႔ Gangnam ၿမိဳ႕ရဲ႕ ရုံးခန္းအေဆာက္အအုံဌာနက ေျပာထားပါတယ္။ Gangnam-gu ရုံးကေတာ့ Daesung ရဲ႕ အေဆာက္အအုံကို တင္းၾကပ္စြာ စစ္ေဆးမႈေတြ ျပဳလုပ္ဖို႔ စီစဥ္ေနၿပီး ဥပေဒခ်ိဳးေဖာက္မႈတစ္ခုခု ေတြ႕ရိွရတာနဲ႔ အေရးယူေဆာင္ရြက္မႈေတြ ျပဳလုပ္သြားမယ္လို႔ သိရပါတယ္။

Xei

Ref: koreaboo

(Unicode Version)

BIGBANG အဖွဲ့ရဲ့ အဖွဲ့ဝင် Daesung ပိုင်ဆိုင်ထားတဲ့ အဆောက်အအုံတစ်ခုဟာ ပြည့်တန်ဆာလုပ်ငန်းနဲ့ အခြားသော တရားမဝင်စီးပွားရေး လုပ်ငန်းများ အခြေချထားရာနေရာဖြစ်နေတယ်လို့ သိရပါတယ်။

Daesung ဟာ အဆိုပါ အဆောက်အအုံကို စစ်မှုထမ်းမဝင်ရောက်ခင်လေးတင်ကမှ ဝယ်ယူခဲ့တာဖြစ်ပြီး Channel A ရဲ့ စုံစမ်းစစ်ဆေးမှုအရ အဲ့ဒီ့အဆောက်အအုံထဲမှာ အခုလို တရားမဝင်လုပ်ငန်းတွေနဲ့ ပြည့်တန်ဆာ၊ ဖျော်ဖြေရေးလုပ်ငန်းတွေ လုပ်ကိုင်နေကြောင်း တွေ့ရှိခဲ့ကြရတာ ဖြစ်ပါတယ်။

Daesung ဟာ Gangnam မြို့လယ်ခေါင်က ယင်းအဆောက်အအုံကို ကိုရီးယားဝမ် (၃၁)ဘီလျံနဲ့ ၂၀၁၇ခုနှစ် နိုဝင်ဘာလက ဝယ်ယူခဲ့တာဖြစ်ပါတယ်။ လက်ရှိ ပေါက်ဈေးများအရ အဆိုပါ အဆောက်အအုံရဲ့ ငှားရမ်းခဟာ တစ်လကို ဝမ်သန်း(၁၀၀)ခန့် ရှိနေတယ်လို့လည်း သိရပါတယ်။

©koreaboo

ယခုစုံစမ်းစစ်ဆေးမှု ပြုလုပ်ခံထားရတဲ့ အဆောက်အအုံရဲ့ အစိတ်အပိုင်းတွေကတော့ မြေအောက်ခန်း၊ ငါးလွှာနဲ့ ရှစ်လွှာတို့ ဖြစ်ပြီး ဓာတ်ပုံစတူဒီယိုနဲ့ စားသောက်ဆိုင်တွေလို့ နာမည်ခံထားပါတယ်။ သို့ပေမယ့် ပြင်ပကနေ စုံစမ်းစစ်ဆေးကြည့်တဲ့အခါ ငါးလွှာနဲ့ ရှစ်လွှာ အထပ်တွေကို သေချာစွာ မမြင်ရသလို ဓာတ်လှေကားမှာလည်း ငါးလွှာနဲ့ ရှစ်လွှာကိုသွားမယ့် နံပါတ်တွေ မရှိဘူးလို့ ဆိုပါတယ်။

အထူးသဖြင့် ဓာတ်ပုံစတူဒီယိုလို့ အမည်ခံထားတဲ့ ရှစ်လွှာကို သံတံခါးကြီးတစ်ခုနဲ့ ပိုင်းခြားထားပြီး ဧည့်သည်တွေအနေနဲ့ ပုံမှန်အတိုင်း ဝင်ချင်တိုင်းဝင်လို့ မရဘူးလို့ ဆိုပါတယ်။ အဆိုပါ ရှစ်လွှာနဲ့ ပတ်သက်ပြီး ဘယ်လိုစီးပွားရေးတွေ လုပ်ဆောင်နေလည်းဆိုတာကို ဘေးနားပတ်ဝန်းကျင်က အခြားစီးပွားရေးလုပ်ငန်းရှင်တွေကို Channel A က မေးမြန်းစုံစမ်းခဲ့ရာမှာတော့ “အဲ့ဒါက ဘားပါ။ သူက ညဘက်မှ ဖွင့်ပါတယ်။ အဲ့ဒီ့ဘားက ထူးတော့ထူးဆန်းတယ်။ အဲ့ဒီ့ကိုလာတဲ့ မိန်းကလေးတွေဟာ နိုင်ငံခြားဖြစ်ကားတွေကို မောင်းလာကြတယ်။ ဇိမ်ခန်းနဲ့ တူတယ်” လို့ ပလတ်စတစ် ဆာဂျရီဆေးခန်းပိုင်ရှင်တစ်ယောက်က ဖြေကြားထားပါတယ်။

ညဘက်ရောက်လာတိုင်း အဆိုပါ အဆောက်အအုံနားမှာ လူတွေအများကြီး ရုန်းစုရုန်းစု ဖြစ်လာကြပြီး ဇိမ်ခံကားအကောင်းစားကြီးတွေ ရောက်လာတတ်တဲ့အပြင် နေ့ဘက်မှာ မှောင်မည်းကာ အသက်မရှိသလို ဖြစ်နေတဲ့ ငါးလွှာနဲ့ ရှစ်လွှာဟာလည်း မီးတွေထိန်ထိန်လင်းနေတတ်တယ်လို့ ဆိုပါတယ်။ အမျိုးသမီးတွေဟာ အဆောက်အအုံထဲက ထွက်လာလေ့ရှိပြီး လာရောက်တဲ့ အမျိုးသားတွေကို ခရီးဦးကြိုပြုကြတယ်လို့ သိရပါတယ်။ Channel A ဟာ သတင်းထောက်တစ်ယောက်ကို အထဲဝင်ပြီး စုံစမ်းခိုင်းဖို့ ကြိုးစားခဲ့ပေမယ့် အဖွဲ့ဝင်ဖြစ်မှ ဝင်လို့ရမယ်ဆိုတာကြောင့် မအောင်မြင်ခဲ့ဘူးလို့ ဆိုပါတယ်။

သို့သော်လည်း ဘားထဲက အတွင်းသတင်းတစ်ခုက Channel A ကို တိတ်တဆိတ် သတင်းပေးခဲ့တယ်လို့ ဆိုပါတယ်။ “ငါးလွှာလုံးက လူတစ်ယောက်တည်းရဲ့ နာမည်အောက်မှာ လှုပ်ရှားနေတယ်ဆိုတာ မဟုတ်ပါဘူး။ အလွှာတစ်လွှာစီတိုင်းမှာ လုပ်ငန်းရှင်တစ်ယောက်စီ ရှိကြပါတယ်။ အဲ့ဒီ့မှာ တစ်နေရာစီက လာကြတဲ့ မိန်းကလေးတွေ ရှိပါတယ်။ ပြောရမယ်ဆိုရင်တော့ လျှို့ဝှက် ဇိမ်ခန်းကြီးတစ်ခုပါ”လို့ အတွင်းသတင်းက ဆိုပါတယ်။

အဆိုပါ အဆောက်အအုံက တရားမဝင် ဖျော်ဖြေရေးလုပ်ငန်းတစ်ခုရဲ့ ဝန်ထမ်းတစ်ယောက်ကလည်း “အထဲမှာ နှစ်နာရီလောက် ပျော်ပါးပြီးရင် ကောင်မလေးတွေနဲ့ သူတို့ထွက်သွားတဲ့အခါ ထုံးစံအတိုင်း ခရီးဆက်လေ့ ရှိကြပါတယ်။ ငွေသားနဲ့ပေးရင်တော့ XX ဝမ် ကျသင့်ပါတယ်။ ဝန်ဆောင်ခထပ်ပေးရင်တော့ ဟိုတယ်ခန်းဖြစ်ဖြစ်၊ မိုတယ်ခန်းဖြစ်ဖြစ် စီစဉ်ပေးပါသေးတယ်”လို့ ဖြေကြားထားပါတယ်။

အဆောက်အအုံရဲ့ တစ်ဝက်ကျော်ဟာ တရားမဝင်လုပ်ငန်းတွေကို လုပ်ကိုင်နေကြတာဖြစ်ပြီး ၎င်းအဆောက်အအုံရဲ့ အေးဂျင့်ကို ဆက်သွယ်မေးမြန်းရာမှာတော့ “အဲ့ဒီ့အကြောင်းတွေကို မသိဘူး” လို့ ဆိုပါတယ်။

“Daesung က အဆောက်အအုံကိုပဲ ပိုင်တာပါ။ အဲ့ဒီ့ထဲမှာ လုပ်နေတဲ့ စီးပွားရေးလုပ်ငန်းတွေက သူနဲ့ ဘာမှမဆိုင်ပါဘူး။ အဲ့ဒီ့အဆောက်အဦးကို ဝယ်တုန်းက လုပ်ငန်းလိုင်စင်တင်ပြတဲ့ လုပ်ငန်းတွေကိုပဲ သိထားပါတယ်။ တကယ်လို့ တရားမဝင်လုပ်ငန်းတွေ လုပ်ကိုင်နေတယ်လို့ အတည်ပြုနိုင်တာနဲ့ အဲ့ဒီ့လူတွေကို ငှားရမ်းထားတဲ့ စာချုပ်ကို ဖျက်သိမ်းသွားမှာပါ”လို့ Daesung ရဲ့ အိမ်ရာကိုယ်စားလှယ်က ဆိုပါတယ်။

သို့ပေမယ့်လည်း အခြားသော အိမ်ရာကိုယ်စားလှယ်များကတော့ Daesung အနေနဲ့ ဒီလောက် အကြီးအကျယ်တွေ လုပ်ကိုင်နေတဲ့ လုပ်ငန်းတွေကို မသိဘူးဆိုတာ မဖြစ်နိုင်ဘူးလို့ ဝေဖန်နေကြပါတယ်။ “Daesung က အဲ့ဒီ့အကြောင်းတွေကို သိသိကြီးနဲ့ ဝယ်လိုက်တယ်ဆိုတာ ရာနှုန်းပြည့် သေချာပါတယ်။ ကျွန်တော်တို့ အိမ်ရာကိုယ်စားလှယ်တွေအနေနဲ့ လူတစ်ယောက်က အဆောက်အအုံတစ်ခုကို ဝယ်တော့မယ်ဆိုရင် အလွှာတိုင်း၊ အခန်းတိုင်းကို သေသေချာချာ၊ စေ့စေ့စပ်စပ် လိုက်ပြရပါတယ်။ အဆောက်အဦးတစ်ခုကို အထဲမှာ ဘာရှိမှန်းလည်းမသိ၊ ကြည့်လည်းမကြည့်ဘဲ ဝယ်တဲ့လူမျိုး ဒီကမ္ဘာမှာ ရှိပါ့မလား”ဆိုပြီး အိမ်ရာကိုယ်စားလှယ်တစ်ယောက်က ပြောထားပါတယ်။

“အဆောက်အဦးပိုင်ရှင်အနေနဲ့ ငှားရမ်းမယ့်လူနဲ့ စာချုပ်ချုပ်ထားတာ ဖြစ်တဲ့အတွက် အဆောက်အအုံရဲ့ မူလရည်ရွယ်ချက်ကို ထိန်းသိမ်းဖို့ရာအတွက် ပိုင်ရှင်မှာ တာဝန်ရှိပါတယ်”လို့ Gangnam မြို့ရဲ့ ရုံးခန်းအဆောက်အအုံဌာနက ပြောထားပါတယ်။ Gangnam-gu ရုံးကတော့ Daesung ရဲ့ အဆောက်အအုံကို တင်းကြပ်စွာ စစ်ဆေးမှုတွေ ပြုလုပ်ဖို့ စီစဉ်နေပြီး ဥပဒေချိုးဖောက်မှုတစ်ခုခု တွေ့ရှိရတာနဲ့ အရေးယူဆောင်ရွက်မှုတွေ ပြုလုပ်သွားမယ်လို့ သိရပါတယ်။

Xei

Ref: koreaboo

RELATED ARTICLES

Most Popular