HomeBiographyမိန္းကေလးေတြရဲ႕ အိပ္မက္ထဲက မင္းသားေလး Lee Min Ho ရဲ႕ဘ၀အေၾကာင္း

မိန္းကေလးေတြရဲ႕ အိပ္မက္ထဲက မင္းသားေလး Lee Min Ho ရဲ႕ဘ၀အေၾကာင္း

အောက်တွင် ယူနီကုဒ်ဖြင့် ဖတ်ပါ။

ျမန္မာပရိသတ္ေတြၾကားမွာ မိန္းကေလးထုရဲ႕ အသည္းႏွလုံးကို အဓိက ေနရာယူထားႏိုင္တဲ့ ကိုရီးယားမင္းသားတစ္လက္ကို ေျပာပါဆိုရင္ Lee Min Ho ဟာ ထိပ္တန္းေနရာမွာ ရိွေနမွာပါ။ သူဟာ သရုပ္ေဆာင္အလုပ္အျပင္ သီခ်င္းလည္း ဆိုေပမယ့္ ျမန္မာပရိသတ္အမ်ားစုကေတာ့ သူ႔ကိုမင္းသားအျဖစ္နဲ႔ပဲ လူသိမ်ားပါတယ္။

Lee Min Ho ဆိုၿပီး ေကာင္မေလးေတြ သည္းသည္းလႈပ္ ခ်စ္သြားၾကရတဲ့အထိ သူ႔ကို ေအာင္ျမင္ေစခဲ့တဲ့ ဇာတ္လမ္းတြဲကေတာ့ ၂၀၀၉ခုႏွစ္က ထြက္ရိွခဲ့တဲ့ Boys Over Flowers ျဖစ္ပါတယ္။ အဲ့ဒီ့ဇာတ္လမ္းတြဲထဲက “ဂူဂၽြန္ပ်ိဳ”ဆိုတဲ့ မာနႀကီးၿပီး ဘုကလန္႔တိုက္တတ္သေလာက္ အင္မတန္ခ်မ္းသာၿပီး ရုပ္ေခ်ာလြန္းတဲ့ သူေဌးသားေလး ဇာတ္ရုပ္ေၾကာင့္ပဲ Lee Min Ho ဟာ မိန္းကေလးေတြရဲ႕ အိပ္မက္ထဲက မင္းသားေလးတစ္ပါးလို သတ္မွတ္ခံခဲ့ရသူ ျဖစ္ပါတယ္။

Boys Over Flowers ဟာ ကိုရီးယားႏိုင္ငံတြင္းမွာတင္ မဟုတ္ဘဲ အာရွႏိုင္ငံအမ်ားအျပားမွာပါ မထင္မွတ္ထားေလာက္တဲ့ ေအာင္ျမင္မႈေတြကို ရရိွခဲ့ပါတယ္။ ဒါေၾကာင့္ပဲ Lee Min Ho ဟာ (၄၅)ႏွစ္ေျမာက္ Baeksang Art Awards ဆုေပးပြဲမွာ အေကာင္းဆုံးမ်က္ႏွာသစ္ သရုပ္ေဆာင္ဆုအျဖစ္ Best New Actor Award ကို ရရိွခဲ့တာပါ။ Lee Min Ho ဟာ City Hunter ၊ The Heirs ၊ Faith နဲ႔ The Legend of the Blue Sea ဇာတ္လမ္းတြဲေတြေၾကာင့္လည္း ကိုရီးယားရဲ႕ ထိပ္တန္း ေခါင္းေဆာင္မင္းသားတစ္လက္အျဖစ္ အသိအမွတ္ျပဳခံခဲ့ရပါတယ္။

Copyright @actorleeminho IG

Lee Min Ho ကိုေတာ့ ၁၉၈၇ခုႏွစ္ ဇြန္လ(၂၂)ရက္ေန႔မွာ ေတာင္ကိုရီးယားႏိုင္ငံ၊ ဆိုးလ္ၿမိဳ႕ရဲ႕ Dongjak ရပ္ကြက္မွာ ေမြးဖြားခဲ့ပါတယ္။ လက္ရိွမွာေတာ့ အသက္(၃၂)ႏွစ္အရြယ္ ရိွေနပါၿပီ။ Lee Min Ho ဟာ ငယ္ငယ္တုန္းကေတာ့ ေဘာလုံးသမားျဖစ္ခ်င္ခဲ့သူပါ။ တကယ့္ ပေရာ္ဖက္ရွင္နယ္ ေဘာလုံးသမားတစ္ေယာက္ ျဖစ္ခ်င္ခဲ့တာေၾကာင့္ ေဘာလုံးအားကစားကို ရူးသြပ္စြာ ေလ့က်င့္ခဲ့ပါတယ္။ ဒါေၾကာင့္ပဲ ပေရာ္ဖက္ရွင္နယ္ ေဘာလုံးကစားသမားေဟာင္းတစ္ေယာက္ ျဖစ္ခဲ့ၿပီး ေတာင္ကိုရီးယား ေဘာလုံးအသင္းရဲ႕ မန္ေနဂ်ာလည္းျဖစ္တဲ့ Cha Bum-Kum ရဲ႕ လူငယ္ေဘာလုံးအသင္းမွာ ေရြးခ်ယ္ခံခဲ့ရပါတယ္။ ကံမေကာင္းခ်င္ေတာ့ ငါးတန္းေက်ာင္းသား အရြယ္မွာ ထိခိုက္ဒဏ္ရာ ရရိွခဲ့တာေၾကာင့္ သူျဖစ္ခ်င္လြန္းတဲ့ ေဘာလုံးသမားအိပ္မက္ကို စြန္႔လႊတ္ခဲ့ရပါတယ္။ ဒီလိုနဲ႔ အထက္တန္းေက်ာင္း တက္ေရာက္ၿပီး ဒုတိယႏွစ္မွာပဲ သရုပ္ေဆာင္ဘက္ကို ေျခဦးလွည့္ခဲ့ပါတယ္။

အထက္တန္းေက်ာင္းအၿပီးမွာေတာ့ Konkuk University မွာ ေက်ာင္း၀င္ခြင့္ရခဲ့ပါတယ္။ အဲ့ဒီ့တကၠသိုလ္မွာပဲ ရုပ္ရွင္နဲ႔အႏုပညာဘာသာရပ္ကို အဓိကယူၿပီး ေလးႏွစ္တာ ပညာဆည္းပူးၿပီးေနာက္ B.A ဘြဲ႕ကို ရရိွခဲ့ပါတယ္။ Lee Min Ho တစ္ေယာက္ ေတာင္ကိုရီးယားရုပ္ရွင္ေလာကကို စတင္ေျခဦးခ်ခဲ့တဲ့ အခ်ိန္ကေတာ့ ၂၀၀၃ခုႏွစ္ပါ။ EBS ရုပ္သံလိုင္းက ထုတ္လႊင့္ျပသခဲ့တဲ့ Nonstop 5 နဲ႔ Recipe of Love ဇာတ္လမ္းတြဲေတြမွာ စတင္ၿပီး ၀င္ေရာက္အေရြးခံခဲ့ပါတယ္။ Secret Campus ဆိုတဲ့ ဇာတ္လမ္းတြဲအတြက္ လူေရြးပြဲ၀င္ၿပီး ပါ၀င္သရုပ္ေဆာင္ခြင့္ ရၿပီးတဲ့ေနာက္မွာေတာ့ သူ႔ရဲ႕ပြဲဦးထြက္က လွပလာခဲ့ပါတယ္။

Copyright @actorleeminho IG

၂၀၀၉ခုႏွစ္မွာေတာ့ ေတာင္ကိုရီးယားမွာေရာ အာရွတစ္လႊားမွာပါ ၀က္၀က္ကြဲ ေအာင္ျမင္ခဲ့တဲ့ Boys Over Flowers ဇာတ္လမ္းတြဲရဲ႕ ေခါင္းေဆာင္မင္းသားအျဖစ္ ေနရာရခဲ့ၿပီး ထိပ္တန္းမင္းသားတစ္ေယာက္အျဖစ္ ေအာင္ျမင္မႈခရီး စတင္ခဲ့ပါတယ္။ သူဟာ လက္ရိွအခ်ိန္အထိ ဇာတ္လမ္းတြဲနဲ႔ ရုပ္ရွင္ဇာတ္ကားေပါင္း ငါးဆယ္ေက်ာ္မွာ ပါ၀င္သရုပ္ေဆာင္ထားပါတယ္။

Lee Min Ho မွာ Lee Young Jung လို႔ေခၚတဲ့ အစ္မတစ္ေယာက္လည္း ရိွပါတယ္။ အဲ့ဒီ့အစ္မကေတာ့ MYM Entertainment ရဲ႕ စီအီးအိုပါ။ Lee Min Ho ဟာ သရုပ္ေဆာင္ပိုင္းမွာတင္ မဟုတ္ဘဲ ဂီတဘက္မွာလည္း ထူးခၽြန္သူမို႔ Song For You ၊ My Everything နဲ႔ The Day လို႔ အမည္ရတဲ့ ေတးအယ္လ္ဘမ္ သုံးခ်ပ္ကိုလည္း သီဆိုထားပါေသးတယ္။

ေတာင္ကိုရီးယားႏိုင္ငံဟာ သူတို႔ရဲ႕ ယဥ္ေက်းမႈရိုးရာဓေလ့ေတြကို အႏုပညာကေနတစ္ဆင့္ ကမာၻသိေအာင္ ထိုးေဖာက္ေနတဲ့ ႏိုင္ငံတစ္ႏိုင္ငံ ျဖစ္တဲ့အေလ်ာက္ ပိုေကာင္းတဲ့ အႏုပညာဖန္တီးမႈေတြနဲ႔ ဘယ္လိုေရွ႕ဆက္ထိုးေဖာက္သြားမလည္းဆိုတာ အၿမဲတမ္း စဥ္းစားေတြးေတာေနတဲ့ ႏိုင္ငံလည္း ျဖစ္ပါတယ္။ မင္းသား Lee Min Ho ဟာလည္း သာမန္သရုပ္ေဆာင္တစ္ေယာက္အျဖစ္နဲ႔တင္ မဟုတ္ဘဲ ၂၀၁၄ခုႏွစ္က ႏိုင္ငံေတာ္အဆင့္ က်င္းပတဲ့ တတိယအႀကိမ္ေျမာက္ South Korean Presidential Committee for Cultural Enrichment အစည္းအေ၀းမွာ ကိုယ္စားလွယ္တစ္ေယာက္အျဖစ္နဲ႔ တက္ေရာက္ၿပီး လိုအပ္တဲ့ အႀကံဥာဏ္ေတြကို ၀ိုင္း၀န္းပ့ံပိုးေပးႏိုင္ခဲ့သူလည္း ျဖစ္ပါတယ္။

Copyright @actorleeminho IG

ေတာင္ကိုရီးယားရဲ႕ အႏုပညာေလာကႀကီး ဖြံ႕ၿဖိဳးတိုးတက္ေအာင္ စြမ္းစြမ္းတမံ ႀကိဳးစားေပးခဲ့တဲ့ ရလဒ္အေနနဲ႔ ၂၀၁၄ခုႏွစ္က က်င္းပခဲ့တဲ့ ငါးႀကိမ္ေျမာက္ Korean Popular Culture & Art Awards ဆုေပးပြဲႀကီးမွာ “Prime Minister Award” ဆုကို ရရိွခဲ့ပါတယ္။ ဒါ့အျပင္ အျခားေသာ ဆုေပါင္းမ်ားစြာကိုလည္း ဆြတ္ခူးရရိွထားသူတစ္ေယာက္ ျဖစ္ပါတယ္။

Lee Min Ho ဟာ ၂၀၀၆ခုႏွစ္ေလာက္တုန္းက ကားအက္ဆီးဒင့္တစ္ခု ျဖစ္ခဲ့ဖူးၿပီး ေသေလာက္တဲ့ ဒဏ္ရာေတြကို ရရိွခဲ့ပါတယ္။ အဲ့ဒီ့တုန္းက Min Ho နဲ႔ မင္းသား Jung Il Woo တို႔သူငယ္ခ်င္းႏွစ္ေယာက္ ခရီးထြက္ရာကေန ကားတိုက္မႈျဖစ္ခဲ့ၾကတာပါ။ ျပင္းထန္လြန္းတဲ့အရိွန္ေၾကာင့္ လမ္းသြားလမ္းလာ လူတစ္ဦးနဲ႔ ဒရိုင္ဘာတို႔ ေသဆုံးသြားခဲ့ၾကပါတယ္။ Min Ho ဟာ အသက္ေဘးကေန သီသီေလး လြတ္ေျမာက္ခဲ့ၿပီး ေပါင္ရိုးနဲ႔ ေျခက်င္း၀တ္အရိုးေတြ အက္သြားခဲ့ကာ ဒူးေခါင္းအရြတ္ေနရာကိုေတာ့ အဓိက ျပင္းျပင္းထန္ထန္ ထိခိုက္မိခဲ့ပါတယ္။ မင္းသား Jung Il Woo ကေတာ့ ေဆးရုံေပၚမွာ လေပါင္းမ်ားစြာ သတိလစ္ေမ့ေျမာေနခဲ့ပါတယ္။

ဒဏ္ရာေတြကျပင္းလို႔ အေရးေပၚ ခြဲစိတ္မႈ ျပဳလုပ္ခဲ့ရၿပီး (၁၈)လက္မအရြယ္ စတီးလ္ျပားကို ေျခေထာက္ထဲ ထည့္ခဲ့ရတယ္လို႔ Asia Times သတင္းစာရဲ႕ ေဖာ္ျပခ်က္အရ သိရပါတယ္။ ဒါေၾကာင့္ပဲ ေနာက္ဆက္တြဲအေနနဲ႔ ေျခေထာက္တစ္ဖက္ဟာ ေနာက္တစ္ဖက္ထက္ တိုသြားခဲ့ပါတယ္။ ဒါ့အျပင္ ဦးေႏွာက္တြင္း ေသြးယိုစီးတဲ့ ေ၀ဒနာကို ခံစားခဲ့ရၿပီး တစ္ခ်ိဳ႕ေသာ မွတ္ဥာဏ္ေတြကိုလည္း ေမ့ေပ်ာက္သြားခဲ့ပါတယ္။ Min Ho ဟာ အဲ့ဒီ့ဒဏ္ရာေတြေၾကာင့္ ေဆးရုံေပၚမွာ တစ္ႏွစ္ေလာက္ လမ္းမေလွ်ာက္ႏိုင္ဘဲ ေနခဲ့ရပါတယ္။

Copyright @actorleeminho IG

အဲ့ဒါေတြ ျဖစ္တုန္းက သူ႔အသက္ဟာ(၂၀)၀န္းက်င္ေလးပဲ ရိွပါေသးတယ္။ ဒီအေတြ႕အႀကံဳက ရခဲ့တဲ့ ဘ၀သင္ခန္းစာေၾကာင့္ပဲ အရာရာအေပၚ စိတ္ရွည္သည္းခံၿပီး တိတ္တဆိတ္နဲ႔ ဇြဲရိွရိွ ႀကိဳးစားရမယ္ဆိုတာ သိလာခဲ့တယ္လို႔ အင္တာဗ်ဴးတစ္ခုမွာ ေျဖၾကားခဲ့ပါေသးတယ္။

ကားအက္ဆီးဒင့္ဆိုတာ Min Ho နဲ႔ ရင္းႏွီးေနခဲ့ပုံ ရပါတယ္။ အသက္(၂၀)အရြယ္မွာ မေသလို႔ ကံေကာင္းခဲ့သလိုပဲ City Hunter ဇာတ္လမ္းတြဲ ရိုက္ကူးခဲ့တဲ့ ၂၀၁၁ခုႏွစ္မွာလည္း ေနာက္ထပ္ ကားအက္ဆီးဒင့္တစ္ခုနဲ႔ ထပ္ႀကံဳခဲ့ရျပန္ပါတယ္။ ဒီလိုဒဏ္ရာေတြ ရထားတာေၾကာင့္ပဲ စစ္မႈမထမ္းႏိုင္ခဲ့ဘဲ ဂန္နမ္းခရိုင္က အစိုးရရုံးမွာ ျပည္သူ႔၀န္ထမ္းအရာရိွအျဖစ္ အစားထိုး အမႈထမ္းခ့ဲရပါတယ္။

Copyright @actorleeminho IG

လက္ရိွအေျခအေနမွာေတာ့ Lee Min Ho ဟာ ေအာင္ျမင္တဲ့ ထိပ္တန္းမင္းသားတစ္လက္အျဖစ္ ရပ္တည္ေနၿပီး ပြဲအခမ္းအနားေတြမွာ သူ႔ရဲ႕မ်က္ႏွာေလး ခဏသြားျပရုံနဲ႔ ၀မ္သန္းနဲ႔ခ်ီ ရရိွေနသူလည္း ျဖစ္ပါတယ္။ လက္ရိွ ၂၀၁၉ခုႏွစ္အထိ သူ႔ရဲ႕ခ်မ္းသာၾကြယ္၀မႈကေတာ့ ခန္႔မွန္းေခ် ေဒၚလာ(၁၀)သန္းခန္႔ ရိွေနပါတယ္။

စာဖတ္သူတို႔ အႀကိဳက္ဆုံး မင္းသားထဲမွာ Lee Min Ho ေရာပါလားဆိုတာလည္း ေျပာျပေပးခဲ့ပါဦး။

Xei

(ဆံရစ္ဝိုင္းမီဒီယာစာမ်က္ႏွာေပၚတြင္ ေဖာ္ျပထားေသာ သတင္း၊ေဆာင္းပါးမ်ားကို ခြင့္ျပဳခ်က္ တစ္စုံတစ္ရာ မရရွိဘဲ မိမိတို႔ကိုယ္က်ိဳးအတြက္ ကူးယူသုံးစြဲျခင္း မျပဳလုပ္ၾကပါရန္ သတိေပးအပ္ပါသည္။)

(Unicode Version)

မြန်မာပရိသတ်တွေကြားမှာ မိန်းကလေးထုရဲ့ အသည်းနှလုံးကို အဓိက နေရာယူထားနိုင်တဲ့ ကိုရီးယားမင်းသားတစ်လက်ကို ပြောပါဆိုရင် Lee Min Ho ဟာ ထိပ်တန်းနေရာမှာ ရှိနေမှာပါ။ သူဟာ သရုပ်ဆောင်အလုပ်အပြင် သီချင်းလည်း ဆိုပေမယ့် မြန်မာပရိသတ်အများစုကတော့ သူ့ကိုမင်းသားအဖြစ်နဲ့ပဲ လူသိများပါတယ်။

Lee Min Ho ဆိုပြီး ကောင်မလေးတွေ သည်းသည်းလှုပ် ချစ်သွားကြရတဲ့အထိ သူ့ကို အောင်မြင်စေခဲ့တဲ့ ဇာတ်လမ်းတွဲကတော့ ၂၀၀၉ခုနှစ်က ထွက်ရှိခဲ့တဲ့ Boys Over Flowers ဖြစ်ပါတယ်။ အဲ့ဒီ့ဇာတ်လမ်းတွဲထဲက “ဂူဂျွန်ပျို”ဆိုတဲ့ မာနကြီးပြီး ဘုကလန့်တိုက်တတ်သလောက် အင်မတန်ချမ်းသာပြီး ရုပ်ချောလွန်းတဲ့ သူဌေးသားလေး ဇာတ်ရုပ်ကြောင့်ပဲ Lee Min Ho ဟာ မိန်းကလေးတွေရဲ့ အိပ်မက်ထဲက မင်းသားလေးတစ်ပါးလို သတ်မှတ်ခံခဲ့ရသူ ဖြစ်ပါတယ်။

Boys Over Flowers ဟာ ကိုရီးယားနိုင်ငံတွင်းမှာတင် မဟုတ်ဘဲ အာရှနိုင်ငံအများအပြားမှာပါ မထင်မှတ်ထားလောက်တဲ့ အောင်မြင်မှုတွေကို ရရှိခဲ့ပါတယ်။ ဒါကြောင့်ပဲ Lee Min Ho ဟာ (၄၅)နှစ်မြောက် Baeksang Art Awards ဆုပေးပွဲမှာ အကောင်းဆုံးမျက်နှာသစ် သရုပ်ဆောင်ဆုအဖြစ် Best New Actor Award ကို ရရှိခဲ့တာပါ။ Lee Min Ho ဟာ City Hunter ၊ The Heirs ၊ Faith နဲ့ The Legend of the Blue Sea ဇာတ်လမ်းတွဲတွေကြောင့်လည်း ကိုရီးယားရဲ့ ထိပ်တန်း ခေါင်းဆောင်မင်းသားတစ်လက်အဖြစ် အသိအမှတ်ပြုခံခဲ့ရပါတယ်။

Copyright @actorleeminho IG

Lee Min Ho ကိုတော့ ၁၉၈၇ခုနှစ် ဇွန်လ(၂၂)ရက်နေ့မှာ တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့ရဲ့ Dongjak ရပ်ကွက်မှာ မွေးဖွားခဲ့ပါတယ်။ လက်ရှိမှာတော့ အသက်(၃၂)နှစ်အရွယ် ရှိနေပါပြီ။ Lee Min Ho ဟာ ငယ်ငယ်တုန်းကတော့ ဘောလုံးသမားဖြစ်ချင်ခဲ့သူပါ။ တကယ့် ပရော်ဖက်ရှင်နယ် ဘောလုံးသမားတစ်ယောက် ဖြစ်ချင်ခဲ့တာကြောင့် ဘောလုံးအားကစားကို ရူးသွပ်စွာ လေ့ကျင့်ခဲ့ပါတယ်။ ဒါကြောင့်ပဲ ပရော်ဖက်ရှင်နယ် ဘောလုံးကစားသမားဟောင်းတစ်ယောက် ဖြစ်ခဲ့ပြီး တောင်ကိုရီးယား ဘောလုံးအသင်းရဲ့ မန်နေဂျာလည်းဖြစ်တဲ့ Cha Bum-Kum ရဲ့ လူငယ်ဘောလုံးအသင်းမှာ ရွေးချယ်ခံခဲ့ရပါတယ်။ ကံမကောင်းချင်တော့ ငါးတန်းကျောင်းသား အရွယ်မှာ ထိခိုက်ဒဏ်ရာ ရရှိခဲ့တာကြောင့် သူဖြစ်ချင်လွန်းတဲ့ ဘောလုံးသမားအိပ်မက်ကို စွန့်လွှတ်ခဲ့ရပါတယ်။ ဒီလိုနဲ့ အထက်တန်းကျောင်း တက်ရောက်ပြီး ဒုတိယနှစ်မှာပဲ သရုပ်ဆောင်ဘက်ကို ခြေဦးလှည့်ခဲ့ပါတယ်။

အထက်တန်းကျောင်းအပြီးမှာတော့ Konkuk University မှာ ကျောင်းဝင်ခွင့်ရခဲ့ပါတယ်။ အဲ့ဒီ့တက္ကသိုလ်မှာပဲ ရုပ်ရှင်နဲ့အနုပညာဘာသာရပ်ကို အဓိကယူပြီး လေးနှစ်တာ ပညာဆည်းပူးပြီးနောက် B.A ဘွဲ့ကို ရရှိခဲ့ပါတယ်။ Lee Min Ho တစ်ယောက် တောင်ကိုရီးယားရုပ်ရှင်လောကကို စတင်ခြေဦးချခဲ့တဲ့ အချိန်ကတော့ ၂၀၀၃ခုနှစ်ပါ။ EBS ရုပ်သံလိုင်းက ထုတ်လွှင့်ပြသခဲ့တဲ့ Nonstop 5 နဲ့ Recipe of Love ဇာတ်လမ်းတွဲတွေမှာ စတင်ပြီး ဝင်ရောက်အရွေးခံခဲ့ပါတယ်။ Secret Campus ဆိုတဲ့ ဇာတ်လမ်းတွဲအတွက် လူရွေးပွဲဝင်ပြီး ပါဝင်သရုပ်ဆောင်ခွင့် ရပြီးတဲ့နောက်မှာတော့ သူ့ရဲ့ပွဲဦးထွက်က လှပလာခဲ့ပါတယ်။

Copyright @actorleeminho IG

၂၀၀၉ခုနှစ်မှာတော့ တောင်ကိုရီးယားမှာရော အာရှတစ်လွှားမှာပါ ဝက်ဝက်ကွဲ အောင်မြင်ခဲ့တဲ့ Boys Over Flowers ဇာတ်လမ်းတွဲရဲ့ ခေါင်းဆောင်မင်းသားအဖြစ် နေရာရခဲ့ပြီး ထိပ်တန်းမင်းသားတစ်ယောက်အဖြစ် အောင်မြင်မှုခရီး စတင်ခဲ့ပါတယ်။ သူဟာ လက်ရှိအချိန်အထိ ဇာတ်လမ်းတွဲနဲ့ ရုပ်ရှင်ဇာတ်ကားပေါင်း ငါးဆယ်ကျော်မှာ ပါဝင်သရုပ်ဆောင်ထားပါတယ်။

Lee Min Ho မှာ Lee Young Jung လို့ခေါ်တဲ့ အစ်မတစ်ယောက်လည်း ရှိပါတယ်။ အဲ့ဒီ့အစ်မကတော့ MYM Entertainment ရဲ့ စီအီးအိုပါ။ Lee Min Ho ဟာ သရုပ်ဆောင်ပိုင်းမှာတင် မဟုတ်ဘဲ ဂီတဘက်မှာလည်း ထူးချွန်သူမို့ Song For You ၊ My Everything နဲ့ The Day လို့ အမည်ရတဲ့ တေးအယ်လ်ဘမ် သုံးချပ်ကိုလည်း သီဆိုထားပါသေးတယ်။

တောင်ကိုရီးယားနိုင်ငံဟာ သူတို့ရဲ့ ယဉ်ကျေးမှုရိုးရာဓလေ့တွေကို အနုပညာကနေတစ်ဆင့် ကမ္ဘာသိအောင် ထိုးဖောက်နေတဲ့ နိုင်ငံတစ်နိုင်ငံ ဖြစ်တဲ့အလျောက် ပိုကောင်းတဲ့ အနုပညာဖန်တီးမှုတွေနဲ့ ဘယ်လိုရှေ့ဆက်ထိုးဖောက်သွားမလည်းဆိုတာ အမြဲတမ်း စဉ်းစားတွေးတောနေတဲ့ နိုင်ငံလည်း ဖြစ်ပါတယ်။ မင်းသား Lee Min Ho ဟာလည်း သာမန်သရုပ်ဆောင်တစ်ယောက်အဖြစ်နဲ့တင် မဟုတ်ဘဲ ၂၀၁၄ခုနှစ်က နိုင်ငံတော်အဆင့် ကျင်းပတဲ့ တတိယအကြိမ်မြောက် South Korean Presidential Committee for Cultural Enrichment အစည်းအဝေးမှာ ကိုယ်စားလှယ်တစ်ယောက်အဖြစ်နဲ့ တက်ရောက်ပြီး လိုအပ်တဲ့ အကြံဉာဏ်တွေကို ဝိုင်းဝန်းပံ့ပိုးပေးနိုင်ခဲ့သူလည်း ဖြစ်ပါတယ်။

Copyright @actorleeminho IG

တောင်ကိုရီးယားရဲ့ အနုပညာလောကကြီး ဖွံ့ဖြိုးတိုးတက်အောင် စွမ်းစွမ်းတမံ ကြိုးစားပေးခဲ့တဲ့ ရလဒ်အနေနဲ့ ၂၀၁၄ခုနှစ်က ကျင်းပခဲ့တဲ့ ငါးကြိမ်မြောက် Korean Popular Culture & Art Awards ဆုပေးပွဲကြီးမှာ “Prime Minister Award” ဆုကို ရရှိခဲ့ပါတယ်။ ဒါ့အပြင် အခြားသော ဆုပေါင်းများစွာကိုလည်း ဆွတ်ခူးရရှိထားသူတစ်ယောက် ဖြစ်ပါတယ်။

Lee Min Ho ဟာ ၂၀၀၆ခုနှစ်လောက်တုန်းက ကားအက်ဆီးဒင့်တစ်ခု ဖြစ်ခဲ့ဖူးပြီး သေလောက်တဲ့ ဒဏ်ရာတွေကို ရရှိခဲ့ပါတယ်။ အဲ့ဒီ့တုန်းက Min Ho နဲ့ မင်းသား Jung Il Woo တို့သူငယ်ချင်းနှစ်ယောက် ခရီးထွက်ရာကနေ ကားတိုက်မှုဖြစ်ခဲ့ကြတာပါ။ ပြင်းထန်လွန်းတဲ့အရှိန်ကြောင့် လမ်းသွားလမ်းလာ လူတစ်ဦးနဲ့ ဒရိုင်ဘာတို့ သေဆုံးသွားခဲ့ကြပါတယ်။ Min Ho ဟာ အသက်ဘေးကနေ သီသီလေး လွတ်မြောက်ခဲ့ပြီး ပေါင်ရိုးနဲ့ ခြေကျင်းဝတ်အရိုးတွေ အက်သွားခဲ့ကာ ဒူးခေါင်းအရွတ်နေရာကိုတော့ အဓိက ပြင်းပြင်းထန်ထန် ထိခိုက်မိခဲ့ပါတယ်။ မင်းသား Jung Il Woo ကတော့ ဆေးရုံပေါ်မှာ လပေါင်းများစွာ သတိလစ်မေ့မြောနေခဲ့ပါတယ်။

ဒဏ်ရာတွေကပြင်းလို့ အရေးပေါ် ခွဲစိတ်မှု ပြုလုပ်ခဲ့ရပြီး (၁၈)လက်မအရွယ် စတီးလ်ပြားကို ခြေထောက်ထဲ ထည့်ခဲ့ရတယ်လို့ Asia Times သတင်းစာရဲ့ ဖော်ပြချက်အရ သိရပါတယ်။ ဒါကြောင့်ပဲ နောက်ဆက်တွဲအနေနဲ့ ခြေထောက်တစ်ဖက်ဟာ နောက်တစ်ဖက်ထက် တိုသွားခဲ့ပါတယ်။ ဒါ့အပြင် ဦးနှောက်တွင်း သွေးယိုစီးတဲ့ ဝေဒနာကို ခံစားခဲ့ရပြီး တစ်ချို့သော မှတ်ဉာဏ်တွေကိုလည်း မေ့ပျောက်သွားခဲ့ပါတယ်။ Min Ho ဟာ အဲ့ဒီ့ဒဏ်ရာတွေကြောင့် ဆေးရုံပေါ်မှာ တစ်နှစ်လောက် လမ်းမလျှောက်နိုင်ဘဲ နေခဲ့ရပါတယ်။

Copyright @actorleeminho IG

အဲ့ဒါတွေ ဖြစ်တုန်းက သူ့အသက်ဟာ(၂၀)ဝန်းကျင်လေးပဲ ရှိပါသေးတယ်။ ဒီအတွေ့အကြုံက ရခဲ့တဲ့ ဘဝသင်ခန်းစာကြောင့်ပဲ အရာရာအပေါ် စိတ်ရှည်သည်းခံပြီး တိတ်တဆိတ်နဲ့ ဇွဲရှိရှိ ကြိုးစားရမယ်ဆိုတာ သိလာခဲ့တယ်လို့ အင်တာဗျူးတစ်ခုမှာ ဖြေကြားခဲ့ပါသေးတယ်။

ကားအက်ဆီးဒင့်ဆိုတာ Min Ho နဲ့ ရင်းနှီးနေခဲ့ပုံ ရပါတယ်။ အသက်(၂၀)အရွယ်မှာ မသေလို့ ကံကောင်းခဲ့သလိုပဲ City Hunter ဇာတ်လမ်းတွဲ ရိုက်ကူးခဲ့တဲ့ ၂၀၁၁ခုနှစ်မှာလည်း နောက်ထပ် ကားအက်ဆီးဒင့်တစ်ခုနဲ့ ထပ်ကြုံခဲ့ရပြန်ပါတယ်။ ဒီလိုဒဏ်ရာတွေ ရထားတာကြောင့်ပဲ စစ်မှုမထမ်းနိုင်ခဲ့ဘဲ ဂန်နမ်းခရိုင်က အစိုးရရုံးမှာ ပြည်သူ့ဝန်ထမ်းအရာရှိအဖြစ် အစားထိုး အမှုထမ်းခဲ့ရပါတယ်။

Copyright @actorleeminho IG

လက်ရှိအခြေအနေမှာတော့ Lee Min Ho ဟာ အောင်မြင်တဲ့ ထိပ်တန်းမင်းသားတစ်လက်အဖြစ် ရပ်တည်နေပြီး ပွဲအခမ်းအနားတွေမှာ သူ့ရဲ့မျက်နှာလေး ခဏသွားပြရုံနဲ့ ဝမ်သန်းနဲ့ချီ ရရှိနေသူလည်း ဖြစ်ပါတယ်။ လက်ရှိ ၂၀၁၉ခုနှစ်အထိ သူ့ရဲ့ချမ်းသာကြွယ်ဝမှုကတော့ ခန့်မှန်းချေ ဒေါ်လာ(၁၀)သန်းခန့် ရှိနေပါတယ်။

စာဖတ်သူတို့ အကြိုက်ဆုံး မင်းသားထဲမှာ Lee Min Ho ရောပါလားဆိုတာလည်း ပြောပြပေးခဲ့ပါဦး။

Xei

(ဆံရစ်ဝိုင်းမီဒီယာစာမျက်နှာပေါ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို ခွင့်ပြုချက် တစ်စုံတစ်ရာ မရရှိဘဲ မိမိတို့ကိုယ်ကျိုးအတွက် ကူးယူသုံးစွဲခြင်း မပြုလုပ်ကြပါရန် သတိပေးအပ်ပါသည်။)

 

RELATED ARTICLES

Most Popular