HomeEntertainmentFilmRichard Madden နဲ့ Priyanka Chopra Jonas တို့ ပါဝင်ထားတဲ့ စပိုင်ဇာတ်လမ်းတွဲ Citadel

Richard Madden နဲ့ Priyanka Chopra Jonas တို့ ပါဝင်ထားတဲ့ စပိုင်ဇာတ်လမ်းတွဲ Citadel

သရုပ်ဆောင် Richard Madden နဲ့ Priyanka Chopra တို့ ပါဝင်ထားတဲ့ Citadel ဇာတ်လမ်းတွဲရဲ့ ထွေလာကတော့ မကြာခင်ကပဲ ထွက်ရှိလာခဲ့ပါတယ်။ ဒီဇာတ်လမ်းတွဲထဲမှာတော့ Joe နဲ့ Anthony Russo တို့က Producer တွေအနေနဲ့ ပါဝင်ထားကြပါတယ်။ Russo Brothers ဟာ Netflix ရဲ့ The Gray Man ရုပ်ရှင်ကို ရိုက်ကူးပြီးနောက်မှာ ပုံစံဆင်တူတဲ့ စပိုင်ပရောဂျက်တစ်ခုကို ထပ်မံဖန်တီးထားကြတာ ဖြစ်ပါတယ်။

photo credit Prime Video

ဇာတ်လမ်းအကျဉ်းကတော့ ကမ္ဘာလုံးဆိုင်ရာ စပိုင်အေဂျင်စီတစ်ခု ဖြစ်တဲ့ Citadel အဖွဲ့အစည်းကြီး ကျဆုံးသွားပြီး နောက်မှာတော့ ဒီအဖွဲ့အစည်းထဲက အေးဂျင့်တွေရဲ့ မှတ်ဉာဏ်တွေကိုလည်း ဖျက်ပစ်လိုက်ကြပါတယ်။ Citadel အဖွဲ့အစည်း မရှိတော့တာကြောင့် Manticore ဆိုတဲ့ ဒုစရိုက်အဖွဲ့အစည်းတစ်ခုဟာ အလွန်အာဏာကြီးမားလာကြပြီး Citadel အေးဂျင့်တွေက မှတ်ဉာဏ်တွေ ပြန်ရလာအောင် ကြိုးစားရင်း ဒီဒုစရိုက်အဖွဲ့အစည်းကြီးကို တားဆီးဖို့ ကြိုးစားကြတာကို မြင်တွေ့ရမှာပါ။

ဒီထွေလာထဲမှာတော့ အတိတ်မေ့နေတဲ့ အေးဂျင့်နှစ်ယောက်ကို မြင်တွေ့ရမှာ ဖြစ်ပြီး Mason Kane ဆိုတဲ့ အေးဂျင့်ကတော့ အခြားအေးဂျင့်တစ်ယောက်ဖြစ်တဲ့ Nadia Sinh ကလွဲရင် အခြားဘာကိုမှ မမှတ်မိတော့တာကို မြင်တွေ့ခဲ့ရပါတယ်။ အဲဒီနောက်မှာတော့ Mason Kane ဟာ Nadia ကို သူမကိုယ်သူမ စပိုင်တစ်ယောက် ဖြစ်တယ်ဆိုတာကို သတိရလာအောင်‌ ကြိုးစားနေပြီး Manticore အဖွဲ့အစည်းကြီးကို အတူတကွ ရင်ဆိုင်ရတော့မှာ ဖြစ်ပါတယ်။

Richard Madden ၊ Priyanka Chopra Jonas နဲ့ Stanley Tucci တို့က အဓိကပါဝင်သရုပ်ဆောင်ထားပြီး အခြားနာမည်ကြီး သရုပ်ဆောင်တွေဖြစ်တဲ့ Lesley Manville ၊ Osy Ikhile နဲ့ Roland Moller တို့ ပါဝင်ထားကြပါတယ်။ ဒါ့အပြင် Prime Video ကတော့ ဒီဇာတ်လမ်းတွဲအတွက် ဘတ်ဂျက်အနေနဲ့ ဒေါ်လာသန်း(၂၅၀)တောင် အသုံးပြုထားတာကြောင့် ပရိသတ်တွေ အကြိုက်တွေ့စေမယ့် ဇာတ်လမ်းတွဲတစ်ခု ဖြစ်လာမှာပါ။ ဒီဇာတ်လမ်းတွဲကိုတော့ လာမယ့် ဧပြီလ (၂၈)ရက်နေ့မှာ Prime Video ကနေ စတင်ပြသသွားတော့မှာ ဖြစ်ပါတယ်။

Legos

Source: Screenrant

RELATED ARTICLES

Most Popular