HomeCelebs Update NewsKoreaCrash Landing On You ထဲမှာ Son Ye Jin ဝတ်ခဲ့တဲ့ တန်ဖိုးကြီးဇိမ်ခံအဝတ်အထည်များ

Crash Landing On You ထဲမှာ Son Ye Jin ဝတ်ခဲ့တဲ့ တန်ဖိုးကြီးဇိမ်ခံအဝတ်အထည်များ

ဟစ်ဖြစ်တဲ့ ကိုရီးယားဒရာမာတစ်ခုရဲ့ ပြယုဂ်ကို ပြောပါဆိုရင် ထူးခြားပြီး ထင်ရှားတဲ့ ဖက်ရှင်ရွေးချယ်မှုတွေနဲ့ တန်ဖိုးကြီး အဝတ်အစားတွေလည်း ပါဝင်ပါတယ်။ မကြာသေးမီအချိန်ကပဲ မြန်မာပရိသတ်တွေကြားမှာ အတော်လေး ခေတ်စားသွားတဲ့ Crash Landing On You ဇာတ်လမ်းတွဲထဲမှာဆိုရင်လည်း Yoon Seri အဖြစ် သရုပ်ဆောင်ထားတဲ့ မင်းသမီး Son Ye Jin က တောင်ကိုရီးယားရဲ့ အထက်တန်းလွှာဇာတ်ရုပ်နဲ့ လိုက်ဖက်အောင် ဇိမ်ခံပစ္စည်းတွေနဲ့ ဖက်ရှင်အဝတ်အထည်တွေကိုသာ အသုံးပြု ဆင်မြန်းသွားတာ တွေ့ရပါတယ်။ သူမ ဆင်မြန်းသွားတဲ့ အဝတ်အထည် အသုံးအဆောင်တွေရဲ့ အမှတ်တံဆိပ်တွေနဲ့ တန်ဖိုးတွေကို ကြည့်လိုက်တဲ့အခါမှာတော့ …

ရှင်းသန့်တဲ့ အနက်ရောင်ဝတ်စုံ
Photo: Instagram

ရုပ်သံလိုင်းတွေအတွက် အစမ်းပြသတဲ့ အပိုင်းတစ်ခုမှာ ယွန်းဆယ်ရီ ဝတ်ဆင်သွားတဲ့ အနက်ရောင်ဝတ်စုံကတော့ Balmain လို့ခေါ်တဲ့ အမှတ်တံဆိပ်ဖြစ်ပြီး တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ (၂၃၀၀) တန်ကြေးရှိပါတယ်။ အဲ့ဒီ့အပိုင်းမှာ တောင်ကိုရီးယားရဲ့ ထိပ်တန်းသူဌေးမိသားစုက ဆင်းသက်လာပြီး ကိုယ်ပိုင်ကုမ္ပဏီတစ်ခုကို ဘယ်သူ့ရဲ့အကူအညီမှ မပါဘဲ တည်ထောင်ထားနိုင်တဲ့ သူဌေးမလေးတစ်ယောက်ရဲ့အသွင်ကို အဆိုပါ ရှင်းသန့်တဲ့ အနက်ရောင်ဝတ်စုံလေးက ပိုမိုပီပြင်စေခဲ့ပါတယ်။

Burberry နဲ့ ရုံးတက်
Photo: Instagram

ယွန်းဆယ်ရီဟာ ဖဲကြိုးဖြတ်ဖွင့်လှစ်ရမယ့် အခမ်းအနားမျိုးကနေ သာမန်ရုံးတက်တာမျိုးအထိ သူမရဲ့ရုံးတက်ဝတ်စုံတွေကို အလေးအနက်ထားပြီး ဝတ်ဆင်ထားတာကို တွေ့ရပါတယ်။ ဖဲကြိုးဖြတ်တဲ့အခန်းမှာ သူမ ဝတ်ဆင်ထားတဲ့ ဝတ်စုံကတော့ ဖက်ရှင် runway ပေါ်မှာ နောက်ဆုံးထွက်ထားတဲ့ အသစ်စက်စက် ဖက်ရှင်ဒီဇိုင်း ဖြစ်ပါတယ်။ အသားရောင် Burberry ဝတ်စုံဖြစ်ပြီး တန်ကြေးအားဖြင့် တစ်စုံလုံးပေါင်းလိုက်ရင် ဒေါ်လာ(၈၅၄၀) တန်ဖိုး ရှိပါတယ်။

စျေးကြီးတဲ့ ထသွားထလာဝတ်စုံ
Photo: Instagram

ဒရာမာထဲမှာ ယွန်းဆယ်ရီနဲ့ ဗိုလ်ကြီးတို့ ဆွစ်ဇာလန်နိုင်ငံမှာ အမှတ်တမဲ့ ဆုံတဲ့အခန်းတွေ ပါဝင်ပါတယ်။ အဲ့ဒီ့ထဲက တစ်ခန်းမှာ ယွန်းဆယ်ရီဝတ်ဆင်ထားတဲ့ ဝတ်စုံကတော့ ရှပ်အစင်းကြားအောက်ခံမှာ အပေါ်ထပ်ဆွယ်တာလေးနဲ့ အောက်က အနက်ရောင် စကပ်အတွန့်လေးဖြစ်ပြီး စလင်းဘတ်အသေးလေး လွယ်ထားတာ တွေ့ရမှာပါ။ ဒီတစ်စုံလုံးဟာ နာမည်ကြီး အမှတ်တံဆိပ်တစ်ခုဖြစ်တဲ့ Celine brand တွေဖြစ်ပြီး တန်ဖိုးအားဖြင့် တစ်စုံလုံးကို ဒေါ်လာ (၃၂၇၀)တန်ပါတယ်။

အိမ်မှာနေရင်းဝတ်တဲ့ LV
Photo: Instagram

ယွန်းဆယ်ရီဟာ အိမ်မှာနေရင်းနဲ့တောင်မှ တန်ဖိုးကြီးအဝတ်အစားတွေကိုသာ ဆင်မြန်းတတ်သူပါ။ သူမရဲ့ မိထွေးတော် အိမ်ကို လာလည်တဲ့အခန်းမှာ သူမ ဝတ်ဆင်ထားတဲ့ ငွေရောင်အပြောင်ဂါဝန်နဲ့ အပေါ်ထပ် ကုတ်အင်္ကျီအမည်းဟာ နာမည်ကြီး LV တံဆိပ်တွေ ဖြစ်ပါတယ်။ အဲ့ဒီ့ဝတ်စုံဟာ နာမည်ကြီးဒီဇိုင်နာ Nicolas Ghesquière ရဲ့ ၂၀၁၉အတွက် ဆောင်းရာသီ collection ထဲက ဖြစ်ပါတယ်။ တန်ဖိုးအားဖြင့် ဒေါ်လာ(၇၇၂၀) တန်ကြေး ရှိပါတယ်။

ထင်းလင်းနေတဲ့ အဖြူရောင်ဝတ်စုံ
Photo: Instagram

မြောက်ကိုရီးယားကနေ အိမ်ကို ပြန်ရောက်လာတဲ့ ယွန်းဆယ်ရီတစ်ယောက် ကလဲ့စားချေဖို့ စောကြောနေတဲ့အချိန်မှာ သူမ ဝတ်ဆင်ထားတဲ့ အဖြူရောင်ကုတ်အင်္ကျီကတော့ Off-White အမှတ်တံဆိပ် ဖြစ်ပြီး ဒေါ်လာ(၁၅၅၅) တန်ပါတယ်။ သူမ ကိုင်ထားတဲ့ အမည်းရောင်လက်ကိုင်အိတ်ကတော့ Longchamp အမှတ်တံဆိပ်ဖြစ်ပြီး ဒေါ်လာ(၅၉၀) တန်ကြေး ရှိပါတယ်။

Chanel နဲ့ ရှော့ပင်းထွက်
Photo: Instagram

စီအီးအိုအတွက် ဒေါ်လာ(၂၁၀၀၀)ကျော် တန်ဖိုးရှိတဲ့ ဝတ်စုံကို ခရက်ဒစ်ကတ်လေး တစ်ချက်ဆွဲပြီး ဝယ်ပေးလိုက်နိုင်တဲ့ မိန်းမတစ်ယောက်ဟာ သူကိုယ်တိုင်ရော ဘယ်လိုဝတ်စုံကို ရှော့ပင်းထွက်ရင်း ဝတ်မယ် ထင်ပါသလဲ။ အဆိုပါအခန်းမှာ ယွန်းဆယ်ရီဝတ်ထားတဲ့ ဝတ်စုံကတော့ ချည်သားနဲ့သိုးမွေး ပေါင်းစပ်ရက်လုပ်ထားတဲ့ ဝတ်စုံဖြစ်ပြီး နာမည်ကြီး Chanel အမှတ်တံဆိပ်ရဲ့ ၂၀၁၉-၂၀၂၀ ဆောင်းရာသီအတွက် ထုတ်ထားတဲ့ collection ထဲက ဖြစ်ပါတယ်။ တန်ဖိုးအားဖြင့် ဒေါ်လာ(၁၀၃၉၀) တန်ပါတယ်။

ဒါကတော့ နာမည်ကြီး ကိုရီးယားဒရာမာ Crash Landing On You ထဲက မင်းသမီးလေး Son Ye Jin ဝတ်ဆင်ခဲ့တဲ့ တန်ဖိုးကြီးအဝတ်အစားတွေရဲ့ တန်ဖိုးတွေပဲ ဖြစ်ပါတယ်။ ဖတ်မိလို့ သဘောကျရင် မိတ်ဆွေတွေ ဖတ်နိုင်အောင် ရှဲသွားပေးလိုက်ပါဦး။

LaNina

 

RELATED ARTICLES

Most Popular