HomeCelebs Update NewsKorea2NE1 တုန်းက အခက်အခဲတွေကို ရင်ဖွင့်လာတဲ့ Minzy ကြောင့် Dara မျက်ရည်ကျခဲ့ရ

2NE1 တုန်းက အခက်အခဲတွေကို ရင်ဖွင့်လာတဲ့ Minzy ကြောင့် Dara မျက်ရည်ကျခဲ့ရ

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

Gong Minzy ဟာ Video Star အစီအစဉ်ကို ဧည့်သည်အဖြစ် လာရောက်ခဲ့ပြီး ၂၀၁၆ခုနှစ်တုန်းက သူမရဲ့အဖွဲ့ 2NE1 ကနေ ကျောခိုင်းထွက်ခွာခဲ့တုန်းက ခံစားခဲ့ရတဲ့ ခံစားချက်တွေ၊ အခက်အခဲတွေကို ရင်ဖွင့်သွားပါတယ်။ အဆိုပါအစီအစဉ်မှာ Minzy နဲ့အတူ Dara လည်း ဧည့်သည်အဖြစ် ပါဝင်ခဲ့ပါတယ်။

သူမရင်ဖွင့်ထားတဲ့ ပထမဆုံးအချက်ကတော့ အဖွဲ့ဟာ promotion တစ်ခုနဲ့တစ်ခုကြားမှာ အချိန်အကြာကြီး ရပ်နားထားရတဲ့အကြောင်းပါ။ 2NE1 ဟာ ပရိသတ်တွေကြားမှာ အောင်မြင်ခဲ့တဲ့ တကယ့်သီချင်းကောင်းများစွာကို ပိုင်ဆိုင်ထားပေမယ့် အဖွဲ့သက်တမ်း ခုနှစ်နှစ်တာကာလမှာ full-length အယ်လ်ဘမ် နှစ်ချပ်သာ ထွက်ရှိနိုင်ခဲ့ပါတယ်။

Photo: All The K-Jam/ YouTube

“ကျွန်မတို့မှာ နားရတဲ့အချိန်တွေ အများကြီးပဲ။ full-length အယ်လ်ဘမ်ဆိုရင် နှစ်ချပ်ပဲရှိတယ်။ အိုလံပစ်လိုပဲ လေးနှစ်မှ တစ်ခါ comeback လုပ်နိုင်ခဲ့တယ်။ အဲ့လိုနားထားရတဲ့အချိန်တွေမှာ အရမ်းရုန်းကန်ခဲ့ရတယ်။ စိတ်တွေလည်း အရမ်းဖိစီးခဲ့ရတယ်။ ပြီးတော့ စိတ်ဓာတ်တွေလည်း အကြီးအကျယ် ကျခဲ့ရတယ်…” လို့ Minzy က ဆိုပါတယ်။

Minzy ဟာ 2NE1 အဖွဲ့က ထွက်ခွာဖို့ ဆုံးဖြတ်ချက်ချပြီးနောက်မှာ သတင်းအတုပေါင်းများစွာနဲ့ အဆိုးမြင်မှတ်ချက်ပေါင်းများစွာကြောင့် ခံစားခဲ့ရပါတယ်။ အဲ့ဒီ့အချိန်တုန်းက သူမဟာ အသက်အရွယ်အရ ငယ်ရွယ်သေးတာကြောင့် ဒီဒဏ်တွေကို လက်ခံနိုင်ဖို့ သိပ်ကိုခက်ခဲခဲ့ပါတယ်။

Photo: 2ne1official/ Instagram

“ကျွန်မ အဖွဲ့ကထွက်တော့ လူတွေက ပြောကြတယ်။ ကျွန်မက အဖွဲ့ကို သစ္စာဖောက်တယ်။ ကောလာဟလတွေ လျှောက်ဖြန့်တယ်ဆိုပြီးတော့ပေါ့။ တကယ်တော့ သူတို့က သတင်းတုတွေကို ဖြန့်နေကြတာ။ အဲ့ဒါက ကျွန်မအတွက် အခက်ခဲဆုံးအချိန်ပါပဲ။ အဲ့ဒီ့တုန်းက ကျွန်မအသက်က (၂၂)နှစ်ပဲ ရှိသေးတယ်လေ။ အဲ့ဒါကြောင့် ကျွန်မ သတင်းတွေလည်း မဖတ်ဘူး။ ကွန်းမန့်တွေလည်း လိုက်မဖတ်ဘူး။ ကျွန်မအတွက် အဲ့ဒီ့ရိုက်ခတ်မှုတွေကို ကိုင်တွယ်နိုင်ဖို့က သိပ်ကိုခက်ခဲခဲ့ပါတယ်…” လို့ Minzy က ရင်ဖွင့်ထားတာပါ။

အဖွဲ့ကထွက်ပြီး ခရီးရှည်ကြီးကို ဆက်လက်လျှောက်လှမ်းခဲ့ရပေမယ့် Minzy ကို အမြဲအားပေးနေခဲ့သူတစ်ယောက်တော့ ရှိပါတယ်။ သူမကတော့ အားလုံးချစ်ကြတဲ့ Dara ပဲ ဖြစ်ပါတယ်။ Dara ကြောင့်သာ စိတ်ခွန်အားတွေ၊ စိတ်ဓာတ် တက်ကြွမှုတွေ ရှာတွေ့ခဲ့တာပါလို့လည်း Minzy က ဆိုပါသေးတယ်။

Photo: 2ne1official/ Instagram

“ကျွန်မဘေးက သူ့ကို ကြည့်လိုက်တော့ သူက ဘယ်နေရာမှာဖြစ်ဖြစ် အမြဲတက်ကြွနေတဲ့သူဆိုတာ တွေ့ရတယ်။ သူ့ကိုယ်သူ အမြဲစိန်ခေါ်မှုအသစ်တွေ ပေးတယ်။ အမြဲတမ်း တိုးတက်အောင် လုပ်နေတယ်။ ကျွန်မ နားထားရတဲ့အချိန်မှာ သူ့ကိုကြည့်ပြီးတော့ပဲ အားတွေ ပြန်တက်ရတာ။ သူက ကျွန်မရဲ့အားအင်တွေ စုဆောင်းရာပါပဲ။ ပြီးတော့ သူက အဖွဲ့ထဲမှာဆိုရင် မိခင်သဖွယ်ပဲ။ ကျွန်မတို့ကို အမြဲတမ်း ဂရုစိုက်တယ်။ ကျွန်မတို့အတွက် အမြဲတွေးပေးတယ်… ” လို့ Dara ရဲ့ ကောင်းသတင်းကို Minzy က ချီးမွမ်းခဲ့ပါတယ်။

Minzy ဆီက ဒီစကားကို ကြားလိုက်ရတဲ့အခါမှာ Dara တစ်ယောက် မျက်ရည်မဆည်နိုင်ဖြစ်ပြီး ငိုကြွေးပါတော့တယ်။ အဲ့ဒီ့နောက် 2NE1 အဖွဲ့မှာတုန်းက Minzy ကို ကောင်းကောင်း ဂရုမစိုက်နိုင်ခဲ့ဘူးလို့လည်း သူ့ကိုယ်သူ အပြစ်တင်ခဲ့ပါသေးတယ်။ Minzy နဲ့ Dara တို့နှစ်ယောက်ဟာ 2NE1 အဖွဲ့မှာတုန်းက ရှိခဲ့တဲ့ အမှတ်တရတွေကို သတိရပြီး နှစ်ယောက်သား ငိုချကြပါတော့တယ်။

Photo: All The K-Jam/ YouTube

“ကျွန်မမှာ ဂရုစိုက်ပြတတ်တဲ့ အမူအကျင့်မျိုး မရှိခဲ့ပါဘူး။ နောက်ပိုင်းမှ ကိုယ့်ခံစားချက်တွေကို ပိုပြီးထုတ်ပြတတ်လာခဲ့တာပါ။ အခုဆိုရင် မက်ဆေ့ချ်တွေမှာတောင် အသည်းပုံလေးတွေ ထည့်ပို့တတ်နေပြီ။ ဒါပေမယ့် အကြီးဖြစ်တဲ့ အစ်မတစ်ယောက်အနေနဲ့ အဖွဲ့ထဲက အငယ်လေးကို ကောင်းကောင်း ဂရုမစိုက်နိုင်ခဲ့ဘူးလို့ ခံစားရပါတယ်။ ကျွန်မ အရမ်းစိတ်မကောင်းဖြစ်ရပါတယ်။ အဲ့ဒီ့အသက်ငယ်ငယ်လေးနဲ့ ဒါမျိုးတွေ ကြုံရတာ သိပ်ကိုခက်ခဲခဲ့မယ်ဆိုတာ ကျွန်မ တွေးကြည့်လို့ရပါတယ်။ နောင်တလည်းရမိပါတယ်… ” လို့ Dara က ဆိုပါတယ်။

Photo: koreaboo

အခုအချိန်မှာ Minzy ဟာ သူမရဲ့ကိုယ်ပိုင်လမ်းကြောင်းတစ်ခုကို လျှောက်လှမ်းနေပြီး Dara ကတော့ YG ရဲ့လက်အောက်မှာပဲ ဆက်လက်လုပ်ကိုင်နေကြပေမယ့် သူတို့နှစ်ယောက်ဟာ 2NE1 ဆိုတဲ့ အမည်အောက်မှာတော့ အမြဲတမ်း ညီအစ်မတွေအဖြစ် တည်ရှိနေကြဦးမယ်ဆိုတာ အသေအချာပါပဲ။

LaNina

Source: koreaboo

(Zawgyi Version)

Gong Minzy ဟာ Video Star အစီအစဥ္ကို ဧည့္သည္အျဖစ္ လာေရာက္ခဲ့ၿပီး ၂၀၁၆ခုႏွစ္တုန္းက သူမရဲ႕အဖြဲ႕ 2NE1 ကေန ေက်ာခိုင္းထြက္ခြာခဲ့တုန္းက ခံစားခဲ့ရတဲ့ ခံစားခ်က္ေတြ၊ အခက္အခဲေတြကို ရင္ဖြင့္သြားပါတယ္။ အဆိုပါအစီအစဥ္မွာ Minzy နဲ႔အတူ Dara လည္း ဧည့္သည္အျဖစ္ ပါဝင္ခဲ့ပါတယ္။

သူမရင္ဖြင့္ထားတဲ့ ပထမဆုံးအခ်က္ကေတာ့ အဖြဲ႕ဟာ promotion တစ္ခုနဲ႔တစ္ခုၾကားမွာ အခ်ိန္အၾကာႀကီး ရပ္နားထားရတဲ့အေၾကာင္းပါ။ 2NE1 ဟာ ပရိသတ္ေတြၾကားမွာ ေအာင္ျမင္ခဲ့တဲ့ တကယ့္သီခ်င္းေကာင္းမ်ားစြာကို ပိုင္ဆိုင္ထားေပမယ့္ အဖြဲ႕သက္တမ္း ခုႏွစ္ႏွစ္တာကာလမွာ full-length အယ္လ္ဘမ္ ႏွစ္ခ်ပ္သာ ထြက္ရွိႏိုင္ခဲ့ပါတယ္။

Photo: All The K-Jam/ YouTube

“ကြၽန္မတို႔မွာ နားရတဲ့အခ်ိန္ေတြ အမ်ားႀကီးပဲ။ full-length အယ္လ္ဘမ္ဆိုရင္ ႏွစ္ခ်ပ္ပဲရွိတယ္။ အိုလံပစ္လိုပဲ ေလးႏွစ္မွ တစ္ခါ comeback လုပ္ႏိုင္ခဲ့တယ္။ အဲ့လိုနားထားရတဲ့အခ်ိန္ေတြမွာ အရမ္း႐ုန္းကန္ခဲ့ရတယ္။ စိတ္ေတြလည္း အရမ္းဖိစီးခဲ့ရတယ္။ ၿပီးေတာ့ စိတ္ဓာတ္ေတြလည္း အႀကီးအက်ယ္ က်ခဲ့ရတယ္…” လို႔ Minzy က ဆိုပါတယ္။

Minzy ဟာ 2NE1 အဖြဲ႕က ထြက္ခြာဖို႔ ဆုံးျဖတ္ခ်က္ခ်ၿပီးေနာက္မွာ သတင္းအတုေပါင္းမ်ားစြာနဲ႔ အဆိုးျမင္မွတ္ခ်က္ေပါင္းမ်ားစြာေၾကာင့္ ခံစားခဲ့ရပါတယ္။ အဲ့ဒီ့အခ်ိန္တုန္းက သူမဟာ အသက္အ႐ြယ္အရ ငယ္႐ြယ္ေသးတာေၾကာင့္ ဒီဒဏ္ေတြကို လက္ခံႏိုင္ဖို႔ သိပ္ကိုခက္ခဲခဲ့ပါတယ္။

Photo: 2ne1official/ Instagram

“ကြၽန္မ အဖြဲ႕ကထြက္ေတာ့ လူေတြက ေျပာၾကတယ္။ ကြၽန္မက အဖြဲ႕ကို သစၥာေဖာက္တယ္။ ေကာလာဟလေတြ ေလွ်ာက္ျဖန႔္တယ္ဆိုၿပီးေတာ့ေပါ့။ တကယ္ေတာ့ သူတို႔က သတင္းတုေတြကို ျဖန႔္ေနၾကတာ။ အဲ့ဒါက ကြၽန္မအတြက္ အခက္ခဲဆုံးအခ်ိန္ပါပဲ။ အဲ့ဒီ့တုန္းက ကြၽန္မအသက္က (၂၂)ႏွစ္ပဲ ရွိေသးတယ္ေလ။ အဲ့ဒါေၾကာင့္ ကြၽန္မ သတင္းေတြလည္း မဖတ္ဘူး။ ကြန္းမန႔္ေတြလည္း လိုက္မဖတ္ဘူး။ ကြၽန္မအတြက္ အဲ့ဒီ့႐ိုက္ခတ္မႈေတြကို ကိုင္တြယ္ႏိုင္ဖို႔က သိပ္ကိုခက္ခဲခဲ့ပါတယ္…” လို႔ Minzy က ရင္ဖြင့္ထားတာပါ။

အဖြဲ႕ကထြက္ၿပီး ခရီးရွည္ႀကီးကို ဆက္လက္ေလွ်ာက္လွမ္းခဲ့ရေပမယ့္ Minzy ကို အၿမဲအားေပးေနခဲ့သူတစ္ေယာက္ေတာ့ ရွိပါတယ္။ သူမကေတာ့ အားလုံးခ်စ္ၾကတဲ့ Dara ပဲ ျဖစ္ပါတယ္။ Dara ေၾကာင့္သာ စိတ္ခြန္အားေတြ၊ စိတ္ဓာတ္ တက္ႂကြမႈေတြ ရွာေတြ႕ခဲ့တာပါလို႔လည္း Minzy က ဆိုပါေသးတယ္။

Photo: 2ne1official/ Instagram

“ကြၽန္မေဘးက သူ႔ကို ၾကည့္လိုက္ေတာ့ သူက ဘယ္ေနရာမွာျဖစ္ျဖစ္ အၿမဲတက္ႂကြေနတဲ့သူဆိုတာ ေတြ႕ရတယ္။ သူ႔ကိုယ္သူ အၿမဲစိန္ေခၚမႈအသစ္ေတြ ေပးတယ္။ အၿမဲတမ္း တိုးတက္ေအာင္ လုပ္ေနတယ္။ ကြၽန္မ နားထားရတဲ့အခ်ိန္မွာ သူ႔ကိုၾကည့္ၿပီးေတာ့ပဲ အားေတြ ျပန္တက္ရတာ။ သူက ကြၽန္မရဲ႕အားအင္ေတြ စုေဆာင္းရာပါပဲ။ ၿပီးေတာ့ သူက အဖြဲ႕ထဲမွာဆိုရင္ မိခင္သဖြယ္ပဲ။ ကြၽန္မတို႔ကို အၿမဲတမ္း ဂ႐ုစိုက္တယ္။ ကြၽန္မတို႔အတြက္ အၿမဲေတြးေပးတယ္… ” လို႔ Dara ရဲ႕ ေကာင္းသတင္းကို Minzy က ခ်ီးမြမ္းခဲ့ပါတယ္။

Minzy ဆီက ဒီစကားကို ၾကားလိုက္ရတဲ့အခါမွာ Dara တစ္ေယာက္ မ်က္ရည္မဆည္ႏိုင္ျဖစ္ၿပီး ငိုေႂကြးပါေတာ့တယ္။ အဲ့ဒီ့ေနာက္ 2NE1 အဖြဲ႕မွာတုန္းက Minzy ကို ေကာင္းေကာင္း ဂ႐ုမစိုက္ႏိုင္ခဲ့ဘူးလို႔လည္း သူ႔ကိုယ္သူ အျပစ္တင္ခဲ့ပါေသးတယ္။ Minzy နဲ႔ Dara တို႔ႏွစ္ေယာက္ဟာ 2NE1 အဖြဲ႕မွာတုန္းက ရွိခဲ့တဲ့ အမွတ္တရေတြကို သတိရၿပီး ႏွစ္ေယာက္သား ငိုခ်ၾကပါေတာ့တယ္။

Photo: All The K-Jam/ YouTube

“ကြၽန္မမွာ ဂ႐ုစိုက္ျပတတ္တဲ့ အမူအက်င့္မ်ိဳး မရွိခဲ့ပါဘူး။ ေနာက္ပိုင္းမွ ကိုယ့္ခံစားခ်က္ေတြကို ပိုၿပီးထုတ္ျပတတ္လာခဲ့တာပါ။ အခုဆိုရင္ မက္ေဆ့ခ်္ေတြမွာေတာင္ အသည္းပုံေလးေတြ ထည့္ပို႔တတ္ေနၿပီ။ ဒါေပမယ့္ အႀကီးျဖစ္တဲ့ အစ္မတစ္ေယာက္အေနနဲ႔ အဖြဲ႕ထဲက အငယ္ေလးကို ေကာင္းေကာင္း ဂ႐ုမစိုက္ႏိုင္ခဲ့ဘူးလို႔ ခံစားရပါတယ္။ ကြၽန္မ အရမ္းစိတ္မေကာင္းျဖစ္ရပါတယ္။ အဲ့ဒီ့အသက္ငယ္ငယ္ေလးနဲ႔ ဒါမ်ိဳးေတြ ႀကဳံရတာ သိပ္ကိုခက္ခဲခဲ့မယ္ဆိုတာ ကြၽန္မ ေတြးၾကည့္လို႔ရပါတယ္။ ေနာင္တလည္းရမိပါတယ္… ” လို႔ Dara က ဆိုပါတယ္။

Photo: koreaboo

အခုအခ်ိန္မွာ Minzy ဟာ သူမရဲ႕ကိုယ္ပိုင္လမ္းေၾကာင္းတစ္ခုကို ေလွ်ာက္လွမ္းေနၿပီး Dara ကေတာ့ YG ရဲ႕လက္ေအာက္မွာပဲ ဆက္လက္လုပ္ကိုင္ေနၾကေပမယ့္ သူတို႔ႏွစ္ေယာက္ဟာ 2NE1 ဆိုတဲ့ အမည္ေအာက္မွာေတာ့ အၿမဲတမ္း ညီအစ္မေတြအျဖစ္ တည္ရွိေနၾကဦးမယ္ဆိုတာ အေသအခ်ာပါပဲ။

LaNina

Source: koreaboo

RELATED ARTICLES

Most Popular