HomeEntertainmentMusicTay Tay ရဲ႕MV အသစ္ You Need To Calm Down ထဲက ျမွဳပ္ကြက္မ်ား

Tay Tay ရဲ႕MV အသစ္ You Need To Calm Down ထဲက ျမွဳပ္ကြက္မ်ား

အောက်တွင် ယူနီကုဒ်ဖြင့် ဖတ်ရှုပါ။

Swifties တို႔အတြက္ အမိုက္စားသီခ်င္းတစ္ပုဒ္ကို မၾကာေသးခင္ ရက္ပိုင္းကပဲ Tay Tay က ထုတ္လႊင့္လိုက္ပါတယ္။ “You Need To Calm Down” လို႔ အမည္ရတဲ့ music video ထြက္လာအၿပီးမွာေတာ့ Tay Tay ရဲ႕ ထုံးစံအတိုင္း ရည္ရြယ္ခ်က္၊ ညႊန္းဆိုခ်က္၊ ျမွဳပ္ကြက္မ်ားစြာကို အဆိုပါသီခ်င္းထဲမွာ ေတြ႕ရိွရပါတယ္။ ဒီ music video ထဲက Easter Egg ေတြက ဘာမ်ားျဖစ္မလည္းဆိုတာ တူတူဖတ္ၾကည့္လိုက္ၾကရေအာင္။

“MOM, I AM A RICH MAN”
Photo: youtube

Tay Tay ရဲ႕ MV ထဲက ျပထားသမွ် စာတန္းေတြဟာ ေနာက္လာမယ့္ သီခ်င္းေတြရဲ႕ ေခါင္းစဥ္၊ ဒါမွမဟုတ္ စာသားေတြ ျဖစ္ေနတတ္ပါတယ္။ သီခ်င္းစစခ်င္းမွာ ေတြ႕ရတဲ့ ေဘာင္ကြပ္ထားတဲ့ “Mom, I am a rich man” ဆိုတဲ့ စာသားေလးဟာ ေယဘူယ်အားျဖင့္ မၾကာခင္မွာ ထြက္လာေတာ့မယ့္ “Lover” အယ္လ္ဘမ္ထဲက သီခ်င္းနာမည္ျဖစ္ႏိုင္ေလာက္တယ္လို႔ ခန္႔မွန္းလို႔ရပါတယ္။

ဒီ့ထက္ပိုနက္နက္နဲနဲ စဥ္းစားၾကည့္တဲ့အခါ အဲ့ဒီ့စကားဟာ ၁၉၉၆ခုႏွစ္က အဆိုေတာ္ႀကီး Cher က အင္တာဗ်ဴးတစ္ခုမွာ ေျပာထားတဲ့စကား ျဖစ္ေနတာပါပဲ။ အဆိုပါ အင္တာဗ်ဴးမွာ “သမီးေလး တစ္ေန႔မွာ သူေဌးတစ္ေယာက္ကို လက္ထပ္ၿပီး ဘ၀ကို အေျခတက် ေနထိုင္ပါလို႔ ကၽြန္မအေမက ေျပာတယ္။ အေမ ကၽြန္မက သူေဌးပဲလို႔” Cher က ေျပာျပခဲ့ဖူးပါတယ္။ ဒါဟာ မိန္းကေလးတစ္ေယာက္ကို အခ်ိန္တန္၊ ခ်မ္းသာတဲ့ ေယာက္်ားကိုယူၿပီး မိသားစုနဲ႔ အေျခတက် ေနထိုင္ခိုင္းေလ့ရိွတဲ့ အယူအဆေတြကို တြန္းလွန္ထားတဲ့ စကားေလးပါ။ ဘ၀ရပ္တည္ဖို႔ ဘယ္သူ႔ကိုမွ မလိုအပ္တဲ့ သူေဌးမတစ္ေယာက္အျဖစ္ Tay Tay က သူ႔ကိုယ္သူ ပုံေဖာ္ျပတာမ်ိဳးလည္း ျဖစ္ႏိုင္သလို လာမယ့္အယ္လ္ဘမ္ထဲမွာ Cher နဲ႔အတူ သီခ်င္းတစ္ပုဒ္ ေပါင္းလုပ္ထားေလသလားဆိုတာလည္း ေတြးစရာပါ။

Tay Tay နဲ႔ (၁၃)ဂဏန္း
Photo: youtube

(၁၃)ဆိုတဲ့ဂဏန္းဟာ Tay Tay အတြက္ လပ္ကီးနံပါတ္ပါ။ သူမရဲ႕ ေဖ်ာ္ေျဖပြဲတိုင္းမွာ (၁၃)ဂဏန္းကို လက္ေပၚမွာ ေရးထားေလ့ ရိွသူပါ။ အခုလည္း (၁၃)ဆိုတဲ့ဂဏန္းကို လည္ဆြဲအျဖစ္ ဆြဲထားပါတယ္။ ဒါ့အျပင္ ယခုဗီြဒီယိုမွာပါတဲ့ အရာေတာ္ေတာ္မ်ားမ်ားဟာလည္း (၁၃)ဂဏန္းေတြ ျဖစ္ေနတာပါပဲ။ ဗန္ကားထဲက အံစာတုံးေတြဟာ စုစုေပါင္း (၁၃)ခုရိွၿပီး လိင္တူခ်စ္သူေတြကို ဆႏၵျပေနၾကသူ အေရအတြက္ဟာလည္း (၁၃)ေယာက္ ျဖစ္ပါတယ္။

ေၾကာင္ေလး Benjamin Button
Photo: youtube

“ME!” MV ထဲမွာ ပရိသတ္နဲ႔ စတင္မိတ္ဆက္ေပးထားတဲ့ ေၾကာင္ေလး Benjamin Button ရဲ႕ ပုံတူနဲ႔ ထုတ္ထားတဲ့ လက္ပတ္နာရီကို ဒီ MV ထဲမွာ ၀တ္ဆင္ထားပါတယ္။ ဒီနာရီအပါအ၀င္ MV ထဲက သူမ သုံးျပထားတဲ့ အသုံးအေဆာင္ေတြကို အျပင္မွာ တကယ္၀ယ္ယူလို႔ ရေနပါၿပီ။

Lover Phone
Photo: youtube

အယ္လ္ဘမ္ရဲ႕နာမည္ “Lover”နဲ႔ စာလုံးေဖာင့္ပါတူတဲ့ ဖုန္းကာဗာေလးကလည္း ဒီ MV ထဲမွာ Swifties ေလးေတြ သေဘာက်ၾကတဲ့ ပစၥည္းတစ္ခုပါပဲ။ ဒါဟာ အယ္လ္ဘမ္ရဲ႕ နာမည္ဆိုတာထက္ အထဲမွာပါမယ့္ သီခ်င္းရဲ႕နာမည္လည္း ျဖစ္ႏိုင္တယ္လို႔ ထင္ေၾကးေပးေနၾကပါတယ္။ Fan Fact တစ္ခုကို ေျပာရမယ္ဆိုရင္ေတာ့ ၂၀၁၂ခုႏွစ္က ထုတ္ခဲ့တဲ့ “RED” အယ္လ္ဘမ္ေနာက္ပိုင္းမွာ Title Track ေတြ မပါေတာ့တာ ၾကာေနၿပီ ျဖစ္ပါတယ္။

ကိတ္မုန္႔အခန္း


အသည္းပုံကိတ္မုန္႔ကို Tay Tay က လက္နဲ႔တစ္ဆုပ္ ကိုင္ၿပီး ဖ်စ္ညွစ္တဲ့အခန္းဟာ Blank Space MV  ထဲက အခန္းနဲ႔တူေနပါတယ္။

ေက်ာက တက္တူး
Photo: youtube

Tay Tay ရဲ႕ေက်ာက တက္တူးပုံကေတာ့ ေျမြႏွစ္ေကာင္ လည္ခ်င္းယွက္ထားရာကေန လိပ္ျပာေလးေတြအျဖစ္ ေျပာင္းသြားတဲ့ပုံပါ။ ဒါဟာ သူမရဲ႕ မၾကာေသးခင္က ထြက္ထားတဲ့ ME ဆင္ဂယ္လ္ထဲက ျမင္ကြင္းကိုပဲ ညႊန္းဆိုထားတာလို႔ အေပၚယံအရ ေျပာလို႔ရပါတယ္။ ဒါေပမယ့္ ေျမြႏွစ္ေကာင္ဆိုတာကေတာ့ ကာလၾကာရွည္ မသင့္မျမတ္ျဖစ္ေနတဲ့ သူမနဲ႔ Katy Perry ရဲ႕ ဆက္ဆံေရးကို ညႊန္းဆိုထားတာပါ။

ေဒစီပန္းေလးနဲ႔ Kaylor fan မ်ား
Photo: youtube

မီးေလာင္ေနတဲ့ကားကို ေက်ာခိုင္းၿပီး သူမ သယ္ေဆာင္လာတဲ့အရာက ေကာ့ေတးခြက္ထဲက ေဒစီပန္းေလးပါ။ Tay Tay ဟာ bisexual ျဖစ္တယ္လို႔ ေကာလာဟလ ထြက္လာခဲ့ဖူးပါေသးတယ္။ ယခု MV ရဲ႕အေၾကာင္းအရာကလည္း လိင္တူခ်စ္သူေတြအေပၚ တန္းတူညီမွ် အခြင့္အေရးရရိွေရး လႈံ႔ေဆာ္ထားတာျဖစ္လို႔ သူမဟာ လိင္တူတစ္ဦးျဖစ္ၿပီး Karlie Kloss ဒိတ္ခဲ့တယ္ဆိုတဲ့ ထင္ေၾကးေပးခ်က္ေတြက အင္တာနက္မွာ ပလူပ်ံလို႔ ေနပါတယ္။ Karlie Kloss နဲ႔ Taylor Swift ႏွစ္ေယာက္ကို သေဘာတူၿပီး ship ေနၾကတဲ့ Kaylor အမည္ရ ပရိသတ္ေတြကေတာ့ ေဒစီပန္းဟာ သူတို႔ႏွစ္ေယာက္ရဲ႕ အမွတ္အသားဆိုတာ တန္းခနဲ သိၿပီးသားပါ။ ဒါေပမယ့္လည္း အခုအခ်ိန္မွာ Karlie Kloss က လက္ထပ္သြားၿပီျဖစ္လို႔ သူတို႔ႏွစ္ေယာက္ကို ship ေနၾကတဲ့ ဇာတ္လမ္းေတြကေတာ့ တစ္ခန္းရပ္သြားခဲ့ပါၿပီ။

နံပါတ္ (5)
Photo: youtube

Hayley Kiyoko ပစ္လိုက္တဲ့ ျမားက ပစ္မွတ္နံပါတ္ (5)ရဲ႕ အလယ္ဗဟိုတည့္တည့္ကို ထိမွန္သြားတဲ့အခန္းဟာ လာမယ့္အယ္လ္ဘမ္အတြက္ အရိပ္အျမြက္ေတြ ျပည့္လို႔ေနပါတယ္။ Tay Tay ရဲ႕ ထုံးစံအရ သူမအယ္လ္ဘမ္ထဲက ငါးပုဒ္ေျမာက္သီခ်င္းဟာ အၿမဲတမ္း အခံစားရဆုံးသီခ်င္း ျဖစ္ေနတတ္ပါတယ္။ Reputation အယ္လ္ဘမ္ထဲမွာဆို Delicate ၊ Red ထဲမွာဆို All Too Well ၊ Speak Now ထဲမွာဆို Dear John ၊ Fearless ထဲမွာဆို White Horse တို႔ဟာ ငါးပုဒ္ေျမာက္သီခ်င္းေတြပါ။ ဒါေၾကာင့္ အခုလာမယ့္အယ္လ္ဘမ္ရဲ႕ ငါးပုဒ္ေျမာက္သီခ်င္းဟာလည္း တကယ့္ဖီးလ္ရမယ့္ သီခ်င္းျဖစ္မယ္ဆိုတာ က်ိန္းေသသေလာက္ပါ။

Pop Queen ၿပိဳင္ပြဲ
Photo: youtube

Drag Queens ေတြက လက္ရိွ ေပါ့ပ္ေရစီးေၾကာင္းမွာ နာမည္ႀကီးေနတဲ့ အဆိုေတာ္ေတြပုံစံ ယွဥ္ၿပိဳင္ေနၾကတဲ့ ျမင္ကြင္းပါ။ အဲ့ဒီ့ျမင္ကြင္းမွာ ညႊန္းဆိုထားတဲ့ ေပါ့ပ္စတားေတြကေတာ့ Ariana Grande ၊ Lady Gaga ၊ Adele ၊ Cardi B ၊ Taylor Swift ၊ Beyonce`၊ Katy Perry နဲ႔ Nicki Minaj တို႔ ျဖစ္ပါတယ္။ RuPaul က သူကိုင္ေဆာင္လာတဲ့ သရဖူကို ေလထဲကို ေျမွာက္တင္လိုက္တဲ့အခ်ိန္ “We all got crowns” လို႔ စာသားက ဆိုထားတာေၾကာင့္ အဆိုေတာ္ေတြအားလုံးမွာ ကိုယ္ပိုင္သရဖူတစ္ခုစီ ရိွၿပီးသားျဖစ္လို႔ ဘယ္သူက ဘယ္သူ႔ထက္သာတယ္ဆိုတာေတြနဲ႔ လိုက္မယွဥ္သင့္တဲ့အေၾကာင္း ေျပာထားပါတယ္။

Ryan Reynolds
Photo: youtube

MV ထဲမွာ ပါသမွ်လူတိုင္းဟာ Gay ေတြခ်ည္းပါပဲ။ ဒါေပမယ့္ ဒီေလာက္ က်ားက်ားလ်ားလ်ား ရိွလွတဲ့ ကို Ryan Reynolds ႀကီးက ဘာလို႔ပါလာတာလည္းဆိုေတာ့ သူဆြဲေနတဲ့ ပန္းခ်ီကားေလးက အသက္ပါပဲ။ သူဆြဲေနတဲ့ ပန္းခ်ီကားထဲကပုံကေတာ့ LGBTQ ေတြအတြက္ အထိမ္းအမွတ္ေနရာလည္းျဖစ္၊ Gay Bar လည္းျဖစ္တဲ့ Stonewall Inn ရဲ႕ပုံ ျဖစ္ပါတယ္။ Tay Tay ကလည္း အဲ့ဒီ့ဘားမွာ တစ္ေခါက္သြားၿပီး ေဖ်ာ္ေျဖခဲ့ဖူးပါေသးတယ္။

ဘာဂါနဲ႔အာလူးေခ်ာင္းေၾကာ္မိတ္ဖက္
Photo: youtube

ဗီြဒီယိုရဲ႕ အဆုံးသတ္နား ေရာက္တဲ့အခါမွာေတာ့ အာလူးေခ်ာင္းေၾကာ္၀တ္စုံ ၀တ္ထားတဲ့ Tay Tay နဲ႔ Met Gala မွာ ၀တ္ဖူးတဲ့ ဟမ္ဘာဂါ၀တ္စုံကိုပဲ ၀တ္ထားတဲ့ Katy Perry တို႔ႏွစ္ေယာက္ရဲ႕ ေတြ႕ဆုံၾကပါတယ္။ ကိတ္မုန္႔ရန္ပြဲၾကားထဲမွာ အထီးတည္းျဖစ္ေနတဲ့ အာလူးေခ်ာင္းေၾကာ္ေလးနဲ႔ ဟမ္ဘာဂါေလးတို႔ မ်က္လုံးခ်င္းဆုံတဲ့အခါ ခ်စ္ခ်စ္ခင္ခင္ပဲ အရင္က အၿငိဳးအာဃာတေတြကို ေမ့ေဖ်ာက္လိုက္ၾကတယ္ဆိုတဲ့ သေဘာကို ေဆာင္ေနပါတယ္။

လူထုလက္မွတ္ထိုးပြဲ
Photo: youtube

ဗီြဒီယိုၿပီးဆုံးသြားခ်ိန္မွာေတာ့ ပရိသတ္ေတြကို လိင္တူမ်ားအတြက္ တန္းတူညီမွ်အခြင့္အေရး ရရိွမႈ အက္ဥပေဒ ျပဌာန္းရန္အတြက္ သေဘာတူလက္မွတ္ထိုးၿပီး ၀ိုင္း၀န္းပူးေပါင္းဖို႔ တိုက္တြန္းဖိတ္ေခၚထားတာကို ေတြ႕ရပါတယ္။

တျခားေတြ႕ထားတဲ့ easter egg ေတြ ေတြ႕ခဲ့ရင္လည္း comment မွာ ေျပာေပးခဲ့ပါဦး။

Xei 

(Unicode Version)

Swifties တို့အတွက် အမိုက်စားသီချင်းတစ်ပုဒ်ကို မကြာသေးခင် ရက်ပိုင်းကပဲ Tay Tay က ထုတ်လွှင့်လိုက်ပါတယ်။ “You Need To Calm Down” လို့ အမည်ရတဲ့ music video ထွက်လာအပြီးမှာတော့ Tay Tay ရဲ့ ထုံးစံအတိုင်း ရည်ရွယ်ချက်၊ ညွှန်းဆိုချက်၊ မြှုပ်ကွက်များစွာကို အဆိုပါသီချင်းထဲမှာ တွေ့ရှိရပါတယ်။ ဒီ music video ထဲက Easter Egg တွေက ဘာများဖြစ်မလည်းဆိုတာ တူတူဖတ်ကြည့်လိုက်ကြရအောင်။

“MOM, I AM A RICH MAN”
Photo: youtube

Tay Tay ရဲ့ MV ထဲက ပြထားသမျှ စာတန်းတွေဟာ နောက်လာမယ့် သီချင်းတွေရဲ့ ခေါင်းစဉ်၊ ဒါမှမဟုတ် စာသားတွေ ဖြစ်နေတတ်ပါတယ်။ သီချင်းစစချင်းမှာ တွေ့ရတဲ့ ဘောင်ကွပ်ထားတဲ့ “Mom, I am a rich man” ဆိုတဲ့ စာသားလေးဟာ ယေဘူယျအားဖြင့် မကြာခင်မှာ ထွက်လာတော့မယ့် “Lover” အယ်လ်ဘမ်ထဲက သီချင်းနာမည်ဖြစ်နိုင်လောက်တယ်လို့ ခန့်မှန်းလို့ရပါတယ်။

ဒီ့ထက်ပိုနက်နက်နဲနဲ စဉ်းစားကြည့်တဲ့အခါ အဲ့ဒီ့စကားဟာ ၁၉၉၆ခုနှစ်က အဆိုတော်ကြီး Cher က အင်တာဗျူးတစ်ခုမှာ ပြောထားတဲ့စကား ဖြစ်နေတာပါပဲ။ အဆိုပါ အင်တာဗျူးမှာ “သမီးလေး တစ်နေ့မှာ သူဌေးတစ်ယောက်ကို လက်ထပ်ပြီး ဘဝကို အခြေတကျ နေထိုင်ပါလို့ ကျွန်မအမေက ပြောတယ်။ အမေ ကျွန်မက သူဌေးပဲလို့” Cher က ပြောပြခဲ့ဖူးပါတယ်။ ဒါဟာ မိန်းကလေးတစ်ယောက်ကို အချိန်တန်၊ ချမ်းသာတဲ့ ယောက်ျားကိုယူပြီး မိသားစုနဲ့ အခြေတကျ နေထိုင်ခိုင်းလေ့ရှိတဲ့ အယူအဆတွေကို တွန်းလှန်ထားတဲ့ စကားလေးပါ။ ဘဝရပ်တည်ဖို့ ဘယ်သူ့ကိုမှ မလိုအပ်တဲ့ သူဌေးမတစ်ယောက်အဖြစ် Tay Tay က သူ့ကိုယ်သူ ပုံဖော်ပြတာမျိုးလည်း ဖြစ်နိုင်သလို လာမယ့်အယ်လ်ဘမ်ထဲမှာ Cher နဲ့အတူ သီချင်းတစ်ပုဒ် ပေါင်းလုပ်ထားလေသလားဆိုတာလည်း တွေးစရာပါ။

Tay Tay နဲ့ (၁၃)ဂဏန်း
Photo: youtube

(၁၃)ဆိုတဲ့ဂဏန်းဟာ Tay Tay အတွက် လပ်ကီးနံပါတ်ပါ။ သူမရဲ့ ဖျော်ဖြေပွဲတိုင်းမှာ (၁၃)ဂဏန်းကို လက်ပေါ်မှာ ရေးထားလေ့ ရှိသူပါ။ အခုလည်း (၁၃)ဆိုတဲ့ဂဏန်းကို လည်ဆွဲအဖြစ် ဆွဲထားပါတယ်။ ဒါ့အပြင် ယခုဗွီဒီယိုမှာပါတဲ့ အရာတော်တော်များများဟာလည်း (၁၃)ဂဏန်းတွေ ဖြစ်နေတာပါပဲ။ ဗန်ကားထဲက အံစာတုံးတွေဟာ စုစုပေါင်း (၁၃)ခုရှိပြီး လိင်တူချစ်သူတွေကို ဆန္ဒပြနေကြသူ အရေအတွက်ဟာလည်း (၁၃)ယောက် ဖြစ်ပါတယ်။

ကြောင်လေး Benjamin Button
Photo: youtube

“ME!” MV ထဲမှာ ပရိသတ်နဲ့ စတင်မိတ်ဆက်ပေးထားတဲ့ ကြောင်လေး Benjamin Button ရဲ့ ပုံတူနဲ့ ထုတ်ထားတဲ့ လက်ပတ်နာရီကို ဒီ MV ထဲမှာ ဝတ်ဆင်ထားပါတယ်။ ဒီနာရီအပါအဝင် MV ထဲက သူမ သုံးပြထားတဲ့ အသုံးအဆောင်တွေကို အပြင်မှာ တကယ်ဝယ်ယူလို့ ရနေပါပြီ။

Lover Phone
Photo: youtube

အယ်လ်ဘမ်ရဲ့နာမည် “Lover”နဲ့ စာလုံးဖောင့်ပါတူတဲ့ ဖုန်းကာဗာလေးကလည်း ဒီ MV ထဲမှာ Swifties လေးတွေ သဘောကျကြတဲ့ ပစ္စည်းတစ်ခုပါပဲ။ ဒါဟာ အယ်လ်ဘမ်ရဲ့ နာမည်ဆိုတာထက် အထဲမှာပါမယ့် သီချင်းရဲ့နာမည်လည်း ဖြစ်နိုင်တယ်လို့ ထင်ကြေးပေးနေကြပါတယ်။ Fan Fact တစ်ခုကို ပြောရမယ်ဆိုရင်တော့ ၂၀၁၂ခုနှစ်က ထုတ်ခဲ့တဲ့ “RED” အယ်လ်ဘမ်နောက်ပိုင်းမှာ Title Track တွေ မပါတော့တာ ကြာနေပြီ ဖြစ်ပါတယ်။

ကိတ်မုန့်အခန်း


အသည်းပုံကိတ်မုန့်ကို Tay Tay က လက်နဲ့တစ်ဆုပ် ကိုင်ပြီး ဖျစ်ညှစ်တဲ့အခန်းဟာ Blank Space MV  ထဲက အခန်းနဲ့တူနေပါတယ်။

ကျောက တက်တူး
Photo: youtube

Tay Tay ရဲ့ကျောက တက်တူးပုံကတော့ မြွေနှစ်ကောင် လည်ချင်းယှက်ထားရာကနေ လိပ်ပြာလေးတွေအဖြစ် ပြောင်းသွားတဲ့ပုံပါ။ ဒါဟာ သူမရဲ့ မကြာသေးခင်က ထွက်ထားတဲ့ ME ဆင်ဂယ်လ်ထဲက မြင်ကွင်းကိုပဲ ညွှန်းဆိုထားတာလို့ အပေါ်ယံအရ ပြောလို့ရပါတယ်။ ဒါပေမယ့် မြွေနှစ်ကောင်ဆိုတာကတော့ ကာလကြာရှည် မသင့်မမြတ်ဖြစ်နေတဲ့ သူမနဲ့ Katy Perry ရဲ့ ဆက်ဆံရေးကို ညွှန်းဆိုထားတာပါ။

ဒေစီပန်းလေးနဲ့ Kaylor fan များ
Photo: youtube

မီးလောင်နေတဲ့ကားကို ကျောခိုင်းပြီး သူမ သယ်ဆောင်လာတဲ့အရာက ကော့တေးခွက်ထဲက ဒေစီပန်းလေးပါ။ Tay Tay ဟာ bisexual ဖြစ်တယ်လို့ ကောလာဟလ ထွက်လာခဲ့ဖူးပါသေးတယ်။ ယခု MV ရဲ့အကြောင်းအရာကလည်း လိင်တူချစ်သူတွေအပေါ် တန်းတူညီမျှ အခွင့်အရေးရရှိရေး လှုံ့ဆော်ထားတာဖြစ်လို့ သူမဟာ လိင်တူတစ်ဦးဖြစ်ပြီး Karlie Kloss ဒိတ်ခဲ့တယ်ဆိုတဲ့ ထင်ကြေးပေးချက်တွေက အင်တာနက်မှာ ပလူပျံလို့ နေပါတယ်။ Karlie Kloss နဲ့ Taylor Swift နှစ်ယောက်ကို သဘောတူပြီး ship နေကြတဲ့ Kaylor အမည်ရ ပရိသတ်တွေကတော့ ဒေစီပန်းဟာ သူတို့နှစ်ယောက်ရဲ့ အမှတ်အသားဆိုတာ တန်းခနဲ သိပြီးသားပါ။ ဒါပေမယ့်လည်း အခုအချိန်မှာ Karlie Kloss က လက်ထပ်သွားပြီဖြစ်လို့ သူတို့နှစ်ယောက်ကို ship နေကြတဲ့ ဇာတ်လမ်းတွေကတော့ တစ်ခန်းရပ်သွားခဲ့ပါပြီ။

နံပါတ် (5)
Photo: youtube

Hayley Kiyoko ပစ်လိုက်တဲ့ မြားက ပစ်မှတ်နံပါတ် (5)ရဲ့ အလယ်ဗဟိုတည့်တည့်ကို ထိမှန်သွားတဲ့အခန်းဟာ လာမယ့်အယ်လ်ဘမ်အတွက် အရိပ်အမြွက်တွေ ပြည့်လို့နေပါတယ်။ Tay Tay ရဲ့ ထုံးစံအရ သူမအယ်လ်ဘမ်ထဲက ငါးပုဒ်မြောက်သီချင်းဟာ အမြဲတမ်း အခံစားရဆုံးသီချင်း ဖြစ်နေတတ်ပါတယ်။ Reputation အယ်လ်ဘမ်ထဲမှာဆို Delicate ၊ Red ထဲမှာဆို All Too Well ၊ Speak Now ထဲမှာဆို Dear John ၊ Fearless ထဲမှာဆို White Horse တို့ဟာ ငါးပုဒ်မြောက်သီချင်းတွေပါ။ ဒါကြောင့် အခုလာမယ့်အယ်လ်ဘမ်ရဲ့ ငါးပုဒ်မြောက်သီချင်းဟာလည်း တကယ့်ဖီးလ်ရမယ့် သီချင်းဖြစ်မယ်ဆိုတာ ကျိန်းသေသလောက်ပါ။

Pop Queen ပြိုင်ပွဲ
Photo: youtube

Drag Queens တွေက လက်ရှိ ပေါ့ပ်ရေစီးကြောင်းမှာ နာမည်ကြီးနေတဲ့ အဆိုတော်တွေပုံစံ ယှဉ်ပြိုင်နေကြတဲ့ မြင်ကွင်းပါ။ အဲ့ဒီ့မြင်ကွင်းမှာ ညွှန်းဆိုထားတဲ့ ပေါ့ပ်စတားတွေကတော့ Ariana Grande ၊ Lady Gaga ၊ Adele ၊ Cardi B ၊ Taylor Swift ၊ Beyonce`၊ Katy Perry နဲ့ Nicki Minaj တို့ ဖြစ်ပါတယ်။ RuPaul က သူကိုင်ဆောင်လာတဲ့ သရဖူကို လေထဲကို မြှောက်တင်လိုက်တဲ့အချိန် “We all got crowns” လို့ စာသားက ဆိုထားတာကြောင့် အဆိုတော်တွေအားလုံးမှာ ကိုယ်ပိုင်သရဖူတစ်ခုစီ ရှိပြီးသားဖြစ်လို့ ဘယ်သူက ဘယ်သူ့ထက်သာတယ်ဆိုတာတွေနဲ့ လိုက်မယှဉ်သင့်တဲ့အကြောင်း ပြောထားပါတယ်။

Ryan Reynolds
Photo: youtube

MV ထဲမှာ ပါသမျှလူတိုင်းဟာ Gay တွေချည်းပါပဲ။ ဒါပေမယ့် ဒီလောက် ကျားကျားလျားလျား ရှိလှတဲ့ ကို Ryan Reynolds ကြီးက ဘာလို့ပါလာတာလည်းဆိုတော့ သူဆွဲနေတဲ့ ပန်းချီကားလေးက အသက်ပါပဲ။ သူဆွဲနေတဲ့ ပန်းချီကားထဲကပုံကတော့ LGBTQ တွေအတွက် အထိမ်းအမှတ်နေရာလည်းဖြစ်၊ Gay Bar လည်းဖြစ်တဲ့ Stonewall Inn ရဲ့ပုံ ဖြစ်ပါတယ်။ Tay Tay ကလည်း အဲ့ဒီ့ဘားမှာ တစ်ခေါက်သွားပြီး ဖျော်ဖြေခဲ့ဖူးပါသေးတယ်။

ဘာဂါနဲ့အာလူးချောင်းကြော်မိတ်ဖက်
Photo: youtube

ဗွီဒီယိုရဲ့ အဆုံးသတ်နား ရောက်တဲ့အခါမှာတော့ အာလူးချောင်းကြော်ဝတ်စုံ ဝတ်ထားတဲ့ Tay Tay နဲ့ Met Gala မှာ ဝတ်ဖူးတဲ့ ဟမ်ဘာဂါဝတ်စုံကိုပဲ ဝတ်ထားတဲ့ Katy Perry တို့နှစ်ယောက်ရဲ့ တွေ့ဆုံကြပါတယ်။ ကိတ်မုန့်ရန်ပွဲကြားထဲမှာ အထီးတည်းဖြစ်နေတဲ့ အာလူးချောင်းကြော်လေးနဲ့ ဟမ်ဘာဂါလေးတို့ မျက်လုံးချင်းဆုံတဲ့အခါ ချစ်ချစ်ခင်ခင်ပဲ အရင်က အငြိုးအာဃာတတွေကို မေ့ဖျောက်လိုက်ကြတယ်ဆိုတဲ့ သဘောကို ဆောင်နေပါတယ်။

လူထုလက်မှတ်ထိုးပွဲ
Photo: youtube

ဗွီဒီယိုပြီးဆုံးသွားချိန်မှာတော့ ပရိသတ်တွေကို လိင်တူများအတွက် တန်းတူညီမျှအခွင့်အရေး ရရှိမှု အက်ဥပဒေ ပြဌာန်းရန်အတွက် သဘောတူလက်မှတ်ထိုးပြီး ဝိုင်းဝန်းပူးပေါင်းဖို့ တိုက်တွန်းဖိတ်ခေါ်ထားတာကို တွေ့ရပါတယ်။

တခြားတွေ့ထားတဲ့ easter egg တွေ တွေ့ခဲ့ရင်လည်း comment မှာ ပြောပေးခဲ့ပါဦး။

Xei 

 

 

RELATED ARTICLES

Most Popular