HomeCelebs Update NewsKorea၂၀၂၀ထဲမှာ (၂၉)နှစ်ပြည့်ကြတော့မယ့် Idolငါးယောက်

၂၀၂၀ထဲမှာ (၂၉)နှစ်ပြည့်ကြတော့မယ့် Idolငါးယောက်

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

အရွယ်နဲ့မလိုက်ဖက်အောင် ငယ်ရွယ်နုပျိုလွန်းသူတွေကို ပြပါဆိုရင် ကေပေါ့ပ်အိုင်ဒေါတွေကလည်း ထိပ်ဆုံးက ပါဝင်ပါတယ်။ ပရိသတ်တွေရဲ့ မျက်စိထဲမှာ ဆယ်ကျော်သက်လေးတွေလိုပဲ ထင်မှတ်နေကြပေမယ့် ဒီအိုင်ဒေါငါးယောက်ကတော့ လာမယ့် ၂၀၂၀ခုနှစ်မှာ (၂၉)နှစ်ပြည့်ကြတော့မှာပါ။ ကိုရီးယားအသက်နဲ့တွက်ရင်တော့ အသက်(၃၀)ပြည့်ကြတော့မှာ ဖြစ်ပါတယ်။ သူတို့ငါးယောက်ကတော့ …

Red Velvet အဖွဲ့က Irene

Photo: renebaebae/ Instagram

Irene ဟာ Red Velvet အဖွဲ့ထဲက အကြီးဆုံးအဖွဲ့ဝင် ဖြစ်ပါတယ်။ သူမဟာ ၁၉၉၁ခုနှစ် မတ်လ (၂၉)ရက်နေ့မှာ မွေးဖွားခဲ့တာကြောင့် လာမယ့် ၂၀၂၀ထဲမှာ (၂၉)နှစ်ပြည့်တော့မှာ ဖြစ်ပါတယ်။ Irene ဟာ သူမရဲ့ လှပတင့်တယ်လွန်းလှတဲ့ visual နဲ့ ကျော်ကြားလွန်းလှသူဖြစ်တာနဲ့အညီ အသက်(၃၀)နားကို ချဉ်းကပ်လာပေမယ့် အရေးအကြောင်းလေးတစ်ခုမျှတောင် မထင်ဘဲ ဆယ်ကျော်သက်ကလေးလိုပဲ ငယ်ရွယ်လှပနေဆဲပါ။

MAMAMOO အဖွဲ့က Solar

Photo: solar.mamamoo/ Instagram

Solar ဟာ MAMAMOO အဖွဲ့ရဲ့ခေါင်းဆောင်ဖြစ်ပြီး သူမရဲ့ဆွဲဆောင်မှုရှိလွန်းတဲ့ ရုပ်သွင်နဲ့ ညှို့အားပြင်းလွန်းတဲ့ အမိုက်စား ဘော်ဒီကြောင့် မိန်းကလေးတွေ အားကျရသူလည်း ဖြစ်ပါတယ်။ ၁၉၉၁ခုနှစ် ဖေဖော်ဝါရီလ (၂၁)ရက်နေ့မှာ မွေးဖွားသူဖြစ်တာကြောင့် လာမယ့် ၂၀၂၀ ဖေဖော်ဝါရီမှာ အသက်(၂၉)နှစ်ပြည့်တော့မှာပါ။ တစ်ချို့ပရိသတ်တွေကတော့ ဒီလိုနုနယ်တဲ့ရုပ်ကလေးကြောင့် အသက်ကို သိရတဲ့အခါ ရှော့ခ်ဖြစ်သွားကြပါတယ်။

EXO အဖွဲ့က Suho

Photo: kimjuncotton/ Instagram

EXO ရဲ့ခေါင်းဆောင်ဖြစ်တဲ့ Suho ဟာလည်း လာမယ့် ၂၀၂၀ထဲမှာ (၂၉)နှစ်ပြည့်တော့မှာပါ။ သူ့ရဲ့မွေးနေ့ကတော့ ၁၉၉၁ခုနှစ် မေလ (၂၂)ရက်နေ့ ဖြစ်ပါတယ်။ အသက်ဆိုတာ နံပါတ်တစ်ခုမျှသာဆိုတဲ့ စကားကိုတော့ စင်ပေါ်မှာ အမိုက်စား ပါဖောမန့်တွေနဲ့ တက်ကြွစွာ ဖျော်ဖြေနေဆဲဖြစ်တဲ့ Suho ကိုကြည့်လိုက်ရင် ကောင်းကောင်းကြီး သိသွားမှာပါ။

Apink အဖွဲ့က Chorong

Photo: Apinkpcr/ Twitter

Apink အဖွဲ့ရဲ့အသက်အကြီးဆုံးအဖွဲ့ဝင်ဖြစ်သလို အဖွဲ့ခေါင်းဆောင်လည်းဖြစ်တဲ့ Chorong ဟာ အသက်(၃၀)နား နီးကပ်လာပေမယ့် မြီးကောင်ပေါက်မလေးတစ်ယောက်ရဲ့ ပျိုမျစ်နုနယ်မှုနဲ့ တက်ကြွလန်းဆန်းမှုတေွ ရှိနေဆဲပါ။ သူမရဲ့မွေးနေ့ကတော့ ၁၉၉၁ခုနှစ် မတ်လ (၃)ရက်နေ့ ဖြစ်ပါတယ်။ တစ်ချို့ကတော့ သူမဟာ အသက်ကြီးမလာဘဲ ကြည့်လိုက်တိုင်း ပိုပိုငယ်လာပြီး လှလာတယ်လို့ မှတ်ချက်ပေးကြပါတယ်။

Girls’ Generation အဖွဲ့က Seohyun 

Photo: seojuhyun_s/ Instagram

Seohyun ဟာ Girls’ Generation အဖွဲ့ထဲက အငယ်ဆုံးအဖွဲ့ဝင်ပါ။ သူမရဲ့ သွက်လက်တက်ကြွတဲ့ ပုံစံလေးတွေကို အမြဲမြင်တွေ့နေရတဲ့ ပရိသတ်တွေဟာ Seohyun တစ်ယောက် အသက်(၃၀)နားကပ်လာတာကိုတော့ သတိမထားမိကြပါဘူး။ သူမကိုတော့ ၁၉၉၁ခုနှစ် ဇွန်လ (၂၈)ရက်နေ့မှာ မွေးဖွားခဲ့ပါတယ်။ Seohyun ဟာ အဖွဲ့နဲ့ စပြီးပွဲထွက်ကတည်းက ပရိသတ်ရဲ့အချစ်ကို ရရှိခဲ့သလို မင်းသမီးအဖြစ်လည်း လှုပ်ရှားသေးတာကြောင့် ကေပေါ့ပ်နဲ့ ဒရာမာပရိသတ်အားလုံးရဲ့ အသည်းနှလုံးကို ရရှိထားသူ ဖြစ်ပါတယ်။

ဒါကတော့ လာမယ့် ၂၀၂၀ခုနှစ်ထဲမှာ အသက်(၂၉)နှစ် အသီးသီး ပြည့်ကြတော့မယ့် ထိပ်တန်း အိုင်ဒေါငါးယောက် ဖြစ်ပါတယ်။ ဘယ်တစ်ယောက်က စာဖတ်သူရဲ့ အသည်းကျော်လည်းဆိုတာ ပြောပြခဲ့ပါဦး။

LaNina

(ဆံရစ်ဝိုင်းမီဒီယာမှ တင်ဆက်သော ကိုယ်တိုင်ရေး (သို့မဟုတ်) ဘာသာပြန်သတင်း၊ဆောင်းပါးများကို ခွင့်ပြုချက်တစ်စုံတစ်ရာ မရရှိဘဲ မိမိတို့၏အကျိုးစီးပွားအတွက် အခြားသော မီဒီယာစာမျက်နှာများပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းများ မပြုလုပ်ကြပါရန် သတိပေးအပ်ပါသည်။)

(Zawgyi Version)

အ႐ြယ္နဲ႔မလိုက္ဖက္ေအာင္ ငယ္႐ြယ္ႏုပ်ိဳလြန္းသူေတြကို ျပပါဆိုရင္ ေကေပါ့ပ္အိုင္ေဒါေတြကလည္း ထိပ္ဆုံးက ပါဝင္ပါတယ္။ ပရိသတ္ေတြရဲ႕ မ်က္စိထဲမွာ ဆယ္ေက်ာ္သက္ေလးေတြလိုပဲ ထင္မွတ္ေနၾကေပမယ့္ ဒီအိုင္ေဒါငါးေယာက္ကေတာ့ လာမယ့္ ၂၀၂၀ခုႏွစ္မွာ (၂၉)ႏွစ္ျပည့္ၾကေတာ့မွာပါ။ ကိုရီးယားအသက္နဲ႔တြက္ရင္ေတာ့ အသက္(၃၀)ျပည့္ၾကေတာ့မွာ ျဖစ္ပါတယ္။ သူတို႔ငါးေယာက္ကေတာ့ …

Red Velvet အဖြဲ႕က Irene

Photo: renebaebae/ Instagram

Irene ဟာ Red Velvet အဖြဲ႕ထဲက အႀကီးဆုံးအဖြဲ႕ဝင္ ျဖစ္ပါတယ္။ သူမဟာ ၁၉၉၁ခုႏွစ္ မတ္လ (၂၉)ရက္ေန႔မွာ ေမြးဖြားခဲ့တာေၾကာင့္ လာမယ့္ ၂၀၂၀ထဲမွာ (၂၉)ႏွစ္ျပည့္ေတာ့မွာ ျဖစ္ပါတယ္။ Irene ဟာ သူမရဲ႕ လွပတင့္တယ္လြန္းလွတဲ့ visual နဲ႔ ေက်ာ္ၾကားလြန္းလွသူျဖစ္တာနဲ႔အညီ အသက္(၃၀)နားကို ခ်ဥ္းကပ္လာေပမယ့္ အေရးအေၾကာင္းေလးတစ္ခုမွ်ေတာင္ မထင္ဘဲ ဆယ္ေက်ာ္သက္ကေလးလိုပဲ ငယ္႐ြယ္လွပေနဆဲပါ။

MAMAMOO အဖြဲ႕က Solar

Photo: solar.mamamoo/ Instagram

Solar ဟာ MAMAMOO အဖြဲ႕ရဲ႕ေခါင္းေဆာင္ျဖစ္ၿပီး သူမရဲ႕ဆြဲေဆာင္မႈရွိလြန္းတဲ့ ႐ုပ္သြင္နဲ႔ ညႇိဳ႕အားျပင္းလြန္းတဲ့ အမိုက္စား ေဘာ္ဒီေၾကာင့္ မိန္းကေလးေတြ အားက်ရသူလည္း ျဖစ္ပါတယ္။ ၁၉၉၁ခုႏွစ္ ေဖေဖာ္ဝါရီလ (၂၁)ရက္ေန႔မွာ ေမြးဖြားသူျဖစ္တာေၾကာင့္ လာမယ့္ ၂၀၂၀ ေဖေဖာ္ဝါရီမွာ အသက္(၂၉)ႏွစ္ျပည့္ေတာ့မွာပါ။ တစ္ခ်ိဳ႕ပရိသတ္ေတြကေတာ့ ဒီလိုႏုနယ္တဲ့႐ုပ္ကေလးေၾကာင့္ အသက္ကို သိရတဲ့အခါ ေရွာ့ခ္ျဖစ္သြားၾကပါတယ္။

EXO အဖြဲ႕က Suho

Photo: kimjuncotton/ Instagram

EXO ရဲ႕ေခါင္းေဆာင္ျဖစ္တဲ့ Suho ဟာလည္း လာမယ့္ ၂၀၂၀ထဲမွာ (၂၉)ႏွစ္ျပည့္ေတာ့မွာပါ။ သူ႔ရဲ႕ေမြးေန႔ကေတာ့ ၁၉၉၁ခုႏွစ္ ေမလ (၂၂)ရက္ေန႔ ျဖစ္ပါတယ္။ အသက္ဆိုတာ နံပါတ္တစ္ခုမွ်သာဆိုတဲ့ စကားကိုေတာ့ စင္ေပၚမွာ အမိုက္စား ပါေဖာမန႔္ေတြနဲ႔ တက္ႂကြစြာ ေဖ်ာ္ေျဖေနဆဲျဖစ္တဲ့ Suho ကိုၾကည့္လိုက္ရင္ ေကာင္းေကာင္းႀကီး သိသြားမွာပါ။

Apink အဖြဲ႕က Chorong

Photo: Apinkpcr/ Twitter

Apink အဖြဲ႕ရဲ႕အသက္အႀကီးဆုံးအဖြဲ႕ဝင္ျဖစ္သလို အဖြဲ႕ေခါင္းေဆာင္လည္းျဖစ္တဲ့ Chorong ဟာ အသက္(၃၀)နား နီးကပ္လာေပမယ့္ ၿမီးေကာင္ေပါက္မေလးတစ္ေယာက္ရဲ႕ ပ်ိဳမ်စ္ႏုနယ္မႈနဲ႔ တက္ႂကြလန္းဆန္းမႈေတြ ရွိေနဆဲပါ။ သူမရဲ႕ေမြးေန႔ကေတာ့ ၁၉၉၁ခုႏွစ္ မတ္လ (၃)ရက္ေန႔ ျဖစ္ပါတယ္။ တစ္ခ်ိဳ႕ကေတာ့ သူမဟာ အသက္ႀကီးမလာဘဲ ၾကည့္လိုက္တိုင္း ပိုပိုငယ္လာၿပီး လွလာတယ္လို႔ မွတ္ခ်က္ေပးၾကပါတယ္။

Girls’ Generation အဖြဲ႕က Seohyun 

Photo: seojuhyun_s/ Instagram

Seohyun ဟာ Girls’ Generation အဖြဲ႕ထဲက အငယ္ဆုံးအဖြဲ႕ဝင္ပါ။ သူမရဲ႕ သြက္လက္တက္ႂကြတဲ့ ပုံစံေလးေတြကို အၿမဲျမင္ေတြ႕ေနရတဲ့ ပရိသတ္ေတြဟာ Seohyun တစ္ေယာက္ အသက္(၃၀)နားကပ္လာတာကိုေတာ့ သတိမထားမိၾကပါဘူး။ သူမကိုေတာ့ ၁၉၉၁ခုႏွစ္ ဇြန္လ (၂၈)ရက္ေန႔မွာ ေမြးဖြားခဲ့ပါတယ္။ Seohyun ဟာ အဖြဲ႕နဲ႔ စၿပီးပြဲထြက္ကတည္းက ပရိသတ္ရဲ႕အခ်စ္ကို ရရွိခဲ့သလို မင္းသမီးအျဖစ္လည္း လႈပ္ရွားေသးတာေၾကာင့္ ေကေပါ့ပ္နဲ႔ ဒရာမာပရိသတ္အားလုံးရဲ႕ အသည္းႏွလုံးကို ရရွိထားသူ ျဖစ္ပါတယ္။

ဒါကေတာ့ လာမယ့္ ၂၀၂၀ခုႏွစ္ထဲမွာ အသက္(၂၉)ႏွစ္ အသီးသီး ျပည့္ၾကေတာ့မယ့္ ထိပ္တန္း အိုင္ေဒါငါးေယာက္ ျဖစ္ပါတယ္။ ဘယ္တစ္ေယာက္က စာဖတ္သူရဲ႕ အသည္းေက်ာ္လည္းဆိုတာ ေျပာျပခဲ့ပါဦး။

LaNina

(ဆံရစ္ဝိုင္းမီဒီယာမွ တင္ဆက္ေသာ ကိုယ္တိုင္ေရး (သို႔မဟုတ္) ဘာသာျပန္သတင္း၊ေဆာင္းပါးမ်ားကို ခြင့္ျပဳခ်က္တစ္စုံတစ္ရာ မရရွိဘဲ မိမိတို႔၏အက်ိဳးစီးပြားအတြက္ အျခားေသာ မီဒီယာစာမ်က္ႏွာမ်ားေပၚတြင္ ျပန္လည္ကူးယူေဖာ္ျပျခင္းမ်ား မျပဳလုပ္ၾကပါရန္ သတိေပးအပ္ပါသည္။)

RELATED ARTICLES

Most Popular