HomeCelebs Update NewsKoreaကြောင်နဲ့တူတဲ့မိန်းကလေးမျိုးကို သဘောကျတယ်ဆိုတဲ့ Gong Yoo

ကြောင်နဲ့တူတဲ့မိန်းကလေးမျိုးကို သဘောကျတယ်ဆိုတဲ့ Gong Yoo

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

မင်းသားချော Gong Yoo ဟာ ကိုရီးယားဒရာမာလောကမှာ ကောင်မလေးတွေ သည်းသည်းလှုပ်ရတဲ့ မင်းသားတစ်ယောက် ဖြစ်ပါတယ်။ Gong Yoo ဟာ ယောက်ျားပီသတယ်။ ချစ်တတ်တယ်။ ကြင်နာတတ်ပြီး ဂရုလည်းစိုက်တတ်တဲ့ personality တွေရှိနေတာကြောင့် မိန်းကလေးတွေရဲ့ စိတ်ကူးယဉ်အိပ်မက်ထဲမှာ အမြဲလိုလို ပါနေတဲ့ မင်းသားတစ်လက်လည်း ဖြစ်ပါတယ်။ Gong Yoo နဲ့ ပတ်သက်ပြီး မိန်းကလေးတွေ အသိချင်ဆုံးမေးခွန်းကတော့ ဘယ်လိုမိန်းကလေးမျိုးကို သဘောကျလည်းဆိုတာပါပဲ။

ဒီမေးခွန်းနဲ့ ပတ်သက်ရင်တော့ ၂၀၁၇ခုနှစ်လောက်က Gong Yoo ပါဝင်ထားတဲ့ အင်တာဗျူးတစ်ခုမှာ ဖြေဆိုခဲ့ပုံကနေ အဖြေထွက်လာခဲ့ပါတယ်။ အဆိုပါအင်တာဗျူးမှာတော့ အချစ်နဲ့ dating လုပ်တဲ့အကြောင်းတွေ ပြောရာမှာ သူသဘောကျတဲ့ မိန်းကလေးပုံစံကို ပြောပြခဲ့ပါတယ်။

Photo: gongyoo7010/ Instagram

“ကျွန်တော်က ကြောင်လေးတွေနဲ့တူတဲ့ မိန်းကလေးမျိုးကို ကြိုက်ပါတယ်…” လို့ Gong Yoo က ဆိုထားပါတယ်။

သူ့ရဲ့ထူးခြားတဲ့ အဖြေနဲ့ပတ်သက်ပြီး ကြောင်လေးတွေရဲ့ ဘယ်လိုအကျင့်စရိုက်မျိုးကို မိန်းကလေးတွေမှာ တွေ့ချင်တာလည်းဆိုတာကိုလည်း ထပ်ပြီးရှင်းပြထားပါသေးတယ်။

“တစ်ခြားလူအပေါ်မှာ အားကိုးတတ်တဲ့ မိန်းကလေးတွေထက်စာရင် တက်တက်ကြွကြွနဲ့ ကိုယ့်ဘာသာကိုယ် ဘယ်လိုရပ်တည်ရမယ်ဆိုတာ သိတဲ့ မိန်းကလေးမျိုးကို ကြိုက်တယ်…” လို့ ရှင်းပြထားပါတယ်။

Photo: gongyoo7010/ Instagram

ဒါတင်မက MBC ရုပ်သံလိုင်းနဲ့ အင်တာဗျူးတစ်ခုမှာလည်း သူသဘောကျတဲ့ မိန်းကလေးပုံစံနောက်တစ်မျိုးကို ပြောပြထားပါသေးတယ်။

“ဘေးနားမှာရှိနေရင် ကျွန်တော့်အတွက် ပေါ့ပေါ့ပါးပါးနဲ့ သက်သောင့်သက်သာ ခံစားရစေတဲ့ မိန်းကလေးမျိုးကို ကြိုက်တယ်ခင်ဗျ…” လို့ ဆိုပါတယ်။

ဒီတော့ Gong Yoo သဘောကျတဲ့ မိန်းကလေးပုံစံကို အကျဉ်းချုပ်လိုက်မယ်ဆိုရင် ကြောင်လေးတစ်ကောင်လို ပေါ့ပါးတက်ကြွပြီး ကိုယ့်အားကိုယ်ကိုးတတ်တဲ့အပြင် စိတ်သက်သာရာလည်းရစေတဲ့ ပုံစံမျိုးလို့ ယူဆလို့ ရပါတယ်။

LaNina

(Zawgyi Version)

မင္းသားေခ်ာ Gong Yoo ဟာ ကိုရီးယားဒရာမာေလာကမွာ ေကာင္မေလးေတြ သည္းသည္းလႈပ္ရတဲ့ မင္းသားတစ္ေယာက္ ျဖစ္ပါတယ္။ Gong Yoo ဟာ ေယာက္်ားပီသတယ္။ ခ်စ္တတ္တယ္။ ၾကင္နာတတ္ၿပီး ဂ႐ုလည္းစိုက္တတ္တဲ့ personality ေတြရွိေနတာေၾကာင့္ မိန္းကေလးေတြရဲ႕ စိတ္ကူးယဥ္အိပ္မက္ထဲမွာ အၿမဲလိုလို ပါေနတဲ့ မင္းသားတစ္လက္လည္း ျဖစ္ပါတယ္။ Gong Yoo နဲ႔ ပတ္သက္ၿပီး မိန္းကေလးေတြ အသိခ်င္ဆုံးေမးခြန္းကေတာ့ ဘယ္လိုမိန္းကေလးမ်ိဳးကို သေဘာက်လည္းဆိုတာပါပဲ။

ဒီေမးခြန္းနဲ႔ ပတ္သက္ရင္ေတာ့ ၂၀၁၇ခုႏွစ္ေလာက္က Gong Yoo ပါဝင္ထားတဲ့ အင္တာဗ်ဴးတစ္ခုမွာ ေျဖဆိုခဲ့ပုံကေန အေျဖထြက္လာခဲ့ပါတယ္။ အဆိုပါအင္တာဗ်ဴးမွာေတာ့ အခ်စ္နဲ႔ dating လုပ္တဲ့အေၾကာင္းေတြ ေျပာရာမွာ သူသေဘာက်တဲ့ မိန္းကေလးပုံစံကို ေျပာျပခဲ့ပါတယ္။

Photo: gongyoo7010/ Instagram

“ကြၽန္ေတာ္က ေၾကာင္ေလးေတြနဲ႔တူတဲ့ မိန္းကေလးမ်ိဳးကို ႀကိဳက္ပါတယ္…” လို႔ Gong Yoo က ဆိုထားပါတယ္။

သူ႔ရဲ႕ထူးျခားတဲ့ အေျဖနဲ႔ပတ္သက္ၿပီး ေၾကာင္ေလးေတြရဲ႕ ဘယ္လိုအက်င့္စ႐ိုက္မ်ိဳးကို မိန္းကေလးေတြမွာ ေတြ႕ခ်င္တာလည္းဆိုတာကိုလည္း ထပ္ၿပီးရွင္းျပထားပါေသးတယ္။

“တစ္ျခားလူအေပၚမွာ အားကိုးတတ္တဲ့ မိန္းကေလးေတြထက္စာရင္ တက္တက္ႂကြႂကြနဲ႔ ကိုယ့္ဘာသာကိုယ္ ဘယ္လိုရပ္တည္ရမယ္ဆိုတာ သိတဲ့ မိန္းကေလးမ်ိဳးကို ႀကိဳက္တယ္…” လို႔ ရွင္းျပထားပါတယ္။

Photo: gongyoo7010/ Instagram

ဒါတင္မက MBC ႐ုပ္သံလိုင္းနဲ႔ အင္တာဗ်ဴးတစ္ခုမွာလည္း သူသေဘာက်တဲ့ မိန္းကေလးပုံစံေနာက္တစ္မ်ိဳးကို ေျပာျပထားပါေသးတယ္။

“ေဘးနားမွာရွိေနရင္ ကြၽန္ေတာ့္အတြက္ ေပါ့ေပါ့ပါးပါးနဲ႔ သက္ေသာင့္သက္သာ ခံစားရေစတဲ့ မိန္းကေလးမ်ိဳးကို ႀကိဳက္တယ္ခင္ဗ်…” လို႔ ဆိုပါတယ္။

ဒီေတာ့ Gong Yoo သေဘာက်တဲ့ မိန္းကေလးပုံစံကို အက်ဥ္းခ်ဳပ္လိုက္မယ္ဆိုရင္ ေၾကာင္ေလးတစ္ေကာင္လို ေပါ့ပါးတက္ႂကြၿပီး ကိုယ့္အားကိုယ္ကိုးတတ္တဲ့အျပင္ စိတ္သက္သာရာလည္းရေစတဲ့ ပုံစံမ်ိဳးလို႔ ယူဆလို႔ ရပါတယ္။

LaNina

RELATED ARTICLES

Most Popular