HomeDramaSeason 2 နဲ့ ဇာတ်သိမ်းတော့မယ့် Hospital Playlist 

Season 2 နဲ့ ဇာတ်သိမ်းတော့မယ့် Hospital Playlist 

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

ဒရာမာပရိသတ်တွေ အကြိုက်တွေ့နေကြတဲ့ Hospital Playlist ဇာတ်လမ်းတွဲကတော့ Season 2 နဲ့ပဲ ဇာတ်သိမ်းတော့မယ်လို့ သိရပါတယ်။

စက်တင်ဘာလ(၁၆)ရက်နေ့မှာ ထွက်ရှိလာတဲ့ ရုပ်ရှင်လောကထဲက သတင်းများအရ tvN က ထုတ်လွှင့်ပြသနေတဲ့ Hospital Playlist ဇာတ်လမ်းတွဲဟာ လက်ရှိ ထုတ်လွှင့်နေတဲ့ season 2 နဲ့ပဲ ဇာတ်လမ်းကို အဆုံးသတ်သွားမယ်လို့ ဆိုပါတယ်။

ဒီသတင်းနဲ့ ပတ်သက်ပြီး ဒရာမာရဲ့ ရိုက်ကူးရေးအဖွဲ့ကတော့ အခုလို တုံ့ပြန်ထားပါတယ်။ “တစ်နေ့နေ့မှာ Season အသစ် ရိုက်ကူးဖို့ အစီအစဉ်ရှိလာမယ်ဆိုရင်တော့ ရိုက်ကူးရေးအဖွဲ့သားတွေရော၊ သရုပ်ဆောင်တွေအားလုံးကပါ သေချာပေါက် ဆုံစည်းပြီး အလုပ်ပြန်တွဲလုပ်ဖြစ်ကြဦးမှာပါ။ ဒါပေမယ့် အခုထိကတော့ တိကျတဲ့ အစီအစဉ်ရယ်လို့ မရှိသေးပါဘူး … ” လို့ ပြောထားပါတယ်။

Photo via mydramalist

Hospital Playlist ရဲ့ ဒါရိုက်တာ Shin Won Ho ကလည်း season 2 အတွက် သတင်းစာရှင်းလင်းပွဲမှာ အလားတူပုံစံမျိုး ပြောကြားထားပါသေးတယ်။ “မူလအစီအစဉ်ကတော့ ဒီ season ကိုပဲ သုံးနှစ်အတွင်းမှာ ထုတ်လွှင့်သွားဖို့ပါ။ ဒါပေမယ့် ကျွန်တော် သရုပ်ဆောင်တွေကို ပြောထားတာ ရှိပါတယ် … ”

“အဲဒါကတော့ သူတို့ကို season အသစ်အတွက် အပိုင်ချည်ထားတာမျိုး မဖြစ်ချင်တာကြောင့် သူတို့အနေနဲ့ တခြားပရော့ဂျက်အသစ်တွေကို လက်ခံချင်လည်း လက်ခံနိုင်တယ်ဆိုတဲ့အကြောင်းပါ။ ကျွန်တော် ပြောထားတာက နောက်ကျမှ ကျွန်တော်တို့ ပြန်ဆုံပြီး ပြန်ရိုက်ကြဖို့ ဖြစ်လာရင်လည်း အတူလုပ်လိုက်ကြရုံပဲပေါ့။ အခုကတော့ season 3 အတွက် အစီအစဉ် မရှိသေးပါဘူး … ” လို့ ပြောထားပါတယ်။

Photo via mydramalist

ဒီဒရာမာထဲမှာတော့ Jo Jung Suk ၊ Yoo Yeon Seok ၊ Jung Kyung Ho ၊ Kim Dae Myung နဲ့ Jeon Mi Do တို့က အဓိက ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဒီစီးရီးရဲ့ season 1 ကိုတော့ ၂၀၂၀ ခုနှစ် မတ်လမှာ ထုတ်လွှင့်ခဲ့တာ ဖြစ်ပြီး season 2 ကိုတော့ ၂၀၂၁ ခုနှစ် ဇွန်လမှာ ထုတ်လွှင့်ထားတာ ဖြစ်ပါတယ်။

season 2 ရဲ့ ဇာတ်သိမ်းပိုင်းကိုတော့ စက်တင်ဘာလ(၁၆)ရက်နေ့မှာ ထုတ်လွှင့်မှာ ဖြစ်ပါတယ်။

Glasgow

Source: soompi

(Zawgyi Version)

ဒရာမာပရိသတ္ေတြ အႀကိဳက္ေတြ႕ေနၾကတဲ့ Hospital Playlist ဇာတ္လမ္းတြဲကေတာ့ Season 2 နဲ႔ပဲ ဇာတ္သိမ္းေတာ့မယ္လို႔ သိရပါတယ္။

စက္တင္ဘာလ(၁၆)ရက္ေန႔မွာ ထြက္ရွိလာတဲ့ ႐ုပ္ရွင္ေလာကထဲက သတင္းမ်ားအရ tvN က ထုတ္လႊင့္ျပသေနတဲ့ Hospital Playlist ဇာတ္လမ္းတြဲဟာ လက္ရွိ ထုတ္လႊင့္ေနတဲ့ season 2 နဲ႔ပဲ ဇာတ္လမ္းကို အဆုံးသတ္သြားမယ္လို႔ ဆိုပါတယ္။

ဒီသတင္းနဲ႔ ပတ္သက္ၿပီး ဒရာမာရဲ့ ရိုက္ကူးေရးအဖြဲ႕ကေတာ့ အခုလို တုံ႔ျပန္ထားပါတယ္။ “တစ္ေန႔ေန႔မွာ Season အသစ္ ရိုက္ကူးဖို႔ အစီအစဥ္ရွိလာမယ္ဆိုရင္ေတာ့ ရိုက္ကူးေရးအဖြဲ႕သားေတြေရာ၊ သ႐ုပ္ေဆာင္ေတြအားလုံးကပါ ေသခ်ာေပါက္ ဆုံစည္းၿပီး အလုပ္ျပန္တြဲလုပ္ျဖစ္ၾကဦးမွာပါ။ ဒါေပမယ့္ အခုထိကေတာ့ တိက်တဲ့ အစီအစဥ္ရယ္လို႔ မရွိေသးပါဘူး … ” လို႔ ေျပာထားပါတယ္။

Photo via mydramalist

Hospital Playlist ရဲ့ ဒါရိုက္တာ Shin Won Ho ကလည္း season 2 အတြက္ သတင္းစာရွင္းလင္းပြဲမွာ အလားတူပုံစံမ်ိဳး ေျပာၾကားထားပါေသးတယ္။ “မူလအစီအစဥ္ကေတာ့ ဒီ season ကိုပဲ သုံးႏွစ္အတြင္းမွာ ထုတ္လႊင့္သြားဖို႔ပါ။ ဒါေပမယ့္ ကၽြန္ေတာ္ သ႐ုပ္ေဆာင္ေတြကို ေျပာထားတာ ရွိပါတယ္ … ”

“အဲဒါကေတာ့ သူတို႔ကို season အသစ္အတြက္ အပိုင္ခ်ည္ထားတာမ်ိဳး မျဖစ္ခ်င္တာေၾကာင့္ သူတို႔အေနနဲ႔ တျခားပေရာ့ဂ်က္အသစ္ေတြကို လက္ခံခ်င္လည္း လက္ခံနိုင္တယ္ဆိုတဲ့အေၾကာင္းပါ။ ကၽြန္ေတာ္ ေျပာထားတာက ေနာက္က်မွ ကၽြန္ေတာ္တို႔ ျပန္ဆုံၿပီး ျပန္ရိုက္ၾကဖို႔ ျဖစ္လာရင္လည္း အတူလုပ္လိုက္ၾက႐ုံပဲေပါ့။ အခုကေတာ့ season 3 အတြက္ အစီအစဥ္ မရွိေသးပါဘူး … ” လို႔ ေျပာထားပါတယ္။

Photo via mydramalist

ဒီဒရာမာထဲမွာေတာ့ Jo Jung Suk ၊ Yoo Yeon Seok ၊ Jung Kyung Ho ၊ Kim Dae Myung နဲ႔ Jeon Mi Do တို႔က အဓိက ပါဝင္သ႐ုပ္ေဆာင္ထားပါတယ္။ ဒီစီးရီးရဲ့ season 1 ကိုေတာ့ ၂၀၂၀ ခုႏွစ္ မတ္လမွာ ထုတ္လႊင့္ခဲ့တာ ျဖစ္ၿပီး season 2 ကိုေတာ့ ၂၀၂၁ ခုႏွစ္ ဇြန္လမွာ ထုတ္လႊင့္ထားတာ ျဖစ္ပါတယ္။

season 2 ရဲ့ ဇာတ္သိမ္းပိုင္းကိုေတာ့ စက္တင္ဘာလ(၁၆)ရက္ေန႔မွာ ထုတ္လႊင့္မွာ ျဖစ္ပါတယ္။

Glasgow

Source: soompi

RELATED ARTICLES

Most Popular