HomeCelebs Update NewsKoreaInstagram မှာ လက်ရှိဖော်လိုဝါအများဆုံး ကိုရီးယားမင်းသား(၅)ယောက်

Instagram မှာ လက်ရှိဖော်လိုဝါအများဆုံး ကိုရီးယားမင်းသား(၅)ယောက်

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ဖတ္ပါ။

ဒရာမာတွေ၊ ရုပ်ရှင်တွေ ကြည့်ပြီးလို့ မင်းသားကို ကြိုက်သွားပြီဆိုရင် သူတကယ်သုံးတဲ့ သူ့ရဲ့ဆိုရှယ်မီဒီယာအကောင့်ကို ဖော်လိုလုပ်ရတာဟာ ပရိသတ်တစ်ယောက်ရဲ့ လုပ်နေကျအလုပ်တစ်ခုပါပဲ။ ကိုယ်ကြိုက်တဲ့ အနုပညာရှင်ရဲ့ တကယ့်အကောင့်စစ်ကို ဖော်လိုလုပ်ထားခြင်းအားဖြင့် သူ့ရဲ့လှုပ်ရှားမှုတွေကို အချိန်နဲ့အမျှ သိနိုင်ပြီး သူတို့ရဲ့အကြိုက်တွေကအစ သိနိုင်ခွင့်ရတဲ့ အကျိုးကျေးဇူးလည်း ရှိနိုင်ပါသေးတယ်။ လက်ရှိဧပြီလအတွက်ကို ကြည့်မယ်ဆိုရင်တော့ Instagram မှာ king ဖြစ်နေတဲ့ ဖော်လိုဝါအများဆုံး မင်းသားချောငါးယောက် ရှိနေပါတယ်။ သူတို့ကတော့ …

(5) Ji Chang Wook
Photo: jichangwook/ Instagram

မင်းသားချော Ji Chang Wook ရဲ့ IG အကောင့်ကို ကြည့်မယ်ဆိုရင်တော့ သူ့ရဲ့နေ့စဉ်လှုပ်ရှားမှုပုံရိပ်တွေ၊ သူနှစ်သက်တဲ့ ရှုခင်းပုံတွေ၊ adventures တွေကို မြင်ရမှာဖြစ်တာကြောင့် သူ့ဘဝထဲကို ခဏလောက် ရှုမြင်ခွင့် ရရှိမှာ ဖြစ်ပါတယ်။ လက်ရှိအချိန်မှာတော့ Ji Chang Wook ဟာ ဖော်လိုဝါပေါင်း (၁၁)သန်းနဲ့ (၂)သိန်းစွန်းစွန်းကို ပိုင်ဆိုင်ထားပါတယ်။ သူ့ရဲ့ official IG ကတော့ jichangwook ဖြစ်ပါတယ်။

(4) Nam Joo Hyuk
Photo: skawngur/ Instagram

Nam Joo Hyuk ကတော့ မော်ဒယ်လ်ဘက်ကနေ သရုပ်ဆောင်ဘက်ကို ရောက်လာသူဖြစ်ပြီး သူဟာလည်း IG မှာ လွှမ်းမိုးနိုင်စွမ်းရှိတဲ့ မင်းသားတစ်ယောက်ပါပဲ။ ဒါကြောင့်လည်း ဖော်လိုဝါအများဆုံး ငါးယောက်ထဲမှာ နံပါတ်(၄)နေရာကို ချိတ်နေတာပါ။ သူ့ရဲ့ IG ကို ကြည့်မယ်ဆိုရင်တော့ ဆွဲဆောင်မှုရှိလွန်းတဲ့ visual ဖြစ်နေမှုတွေကိုသာမက သူ ဘယ်လိုအနုပညာရှင်တွေကို နှစ်သက်လေးစားတယ်ဆိုတာကိုပါ သိနိုင်မှာပါ။ လက်ရှိအချိန်အထိ ဖော်လိုဝါပေါင်း (၁၁)သန်းနဲ့ (၂)သိန်း (၅)သောင်းကျော်ကို ပိုင်ဆိုင်ထားပါတယ်။ Ji Chang Wook နဲ့ ယှဉ်ရင်တော့ သောင်းဂဏန်းလောက်ပဲ ကွာတာ တွေ့ရပါတယ်။ Nam Joo Hyuk ရဲ့ official IG ကတော့ skawngur ဖြစ်ပါတယ်။

(3) Park Seo Joon
Photo: bn_sj2013/ Instagram

မင်းသား Park Seo Joon ကတော့ ဖော်လိုဝါပေါင်း (၁၁.၇)သန်းကျော်ကို ပိုင်ဆိုင်ထားပါတယ်။ လတ်တလော ထွက်ရှိထားတဲ့ သူ့ရဲ့ Itaewon Class ဒရာမာကို ကြည့်ရှုသူတွေဆိုရင်လည်း သူ့ရဲ့အကောင့်မှာ ရိုက်ကွင်းနောက်ကွယ်က လျှပ်တစ်ပြတ် ရိုက်ချက်တွေကို ကြည့်ရှုရဦးမှာပါ။ လက်ရှိမှာတော့ ဖော်လိုဝါ (၁၁.၈)သန်းကျော် ပိုင်ဆိုင်ထားပါတယ်။ သူ့ရဲ့ official IG ကတော့ bn_sj2013 ဖြစ်ပါတယ်။

(2) Lee Min Ho
Photo: actorleeminho/ Instagram

နှုတ်ခမ်းနီမလေးတွေရဲ့ အသည်းစွဲ မင်းသားချော Lee Min Ho ကတော့ ဖော်လိုဝါအများဆုံးငါးယောက်စာရင်းမှာ ဒုတိယချိတ်နေပါတယ်။ သူ့ရဲ့ဒရာမာအသစ် The King: Eternal Monarch ကိုလည်း ယခုဧပြီလထဲမှာ စတင်ကြည့်ရှုကြရတော့မှာ ဖြစ်ပါတယ်။ လက်ရှိမှာတော့ ဖော်လိုဝါ (၁၂.၇)သန်းကျော် ပိုင်ဆိုင်ထားပါတယ်။ Lee Min Ho ရဲ့ official IG ကတော့ actorleeminho ဖြစ်ပါတယ်။

(1) Lee Jong Suk
Photo: jongsuk0206/ Instagram

မင်းသားချော Lee Jong Suk ဟာ လက်ရှိအချိန်မှာ စစ်မှုထမ်းတာဝန်ထမ်းဆောင်နေတာကြောင့် အနုပညာအလုပ်တွေ ရပ်စဲထားပေမယ့် ပရိသတ်တွေရဲ့ အားပေးမှုကတော့ လျော့ကျမသွားပါဘူး။ လတ်တလော ဖော်လိုဝါအများဆုံး မင်းသားစာရင်းထဲမှာ Lee Jong Suk က ဖော်လိုဝါ (၁၅)သန်းကျော်နဲ့ ပထမနေရာကို ရရှိထားပါတယ်။ သူ့ရဲ့ official IG ကတော့ jongsuk0206 ဖြစ်ပါတယ်။

ဒါကတော့ လတ်တလောမှာ IG ဖော်လိုဝါအများဆုံး မင်းသားငါးယောက်ကို ဖော်ပြပေးခဲ့တာပါ။ ဖော်လိုဝါအရေအတွက်ဟာ အချိန်နဲ့အမျှ အပြောင်းအလဲဖြစ်နိုင်တာကြောင့် နောက်ထပ်ကာလတစ်ခုလောက် ကြာသွားရင်တော့ ဒီစာရင်းတွေဟာလည်း အပြောင်းအလဲဖြစ်နိုင်ကြောင်း တင်ပြရင်း … ။

LaNina
(Zawgyi Version)

ဒရာမာေတြ၊ ႐ုပ္ရွင္ေတြ ၾကည့္ၿပီးလို႔ မင္းသားကို ႀကိဳက္သြားၿပီဆိုရင္ သူတကယ္သုံးတဲ့ သူ႔ရဲ႕ဆိုရွယ္မီဒီယာအေကာင့္ကို ေဖာ္လိုလုပ္ရတာဟာ ပရိသတ္တစ္ေယာက္ရဲ႕ လုပ္ေနက်အလုပ္တစ္ခုပါပဲ။ ကိုယ္ႀကိဳက္တဲ့ အႏုပညာရွင္ရဲ႕ တကယ့္အေကာင့္စစ္ကို ေဖာ္လိုလုပ္ထားျခင္းအားျဖင့္ သူ႔ရဲ႕လႈပ္ရွားမႈေတြကို အခ်ိန္နဲ႔အမွ် သိႏိုင္ၿပီး သူတို႔ရဲ႕အႀကိဳက္ေတြကအစ သိႏိုင္ခြင့္ရတဲ့ အက်ိဳးေက်းဇူးလည္း ရွိႏိုင္ပါေသးတယ္။ လက္ရွိဧၿပီလအတြက္ကို ၾကည့္မယ္ဆိုရင္ေတာ့ Instagram မွာ king ျဖစ္ေနတဲ့ ေဖာ္လိုဝါအမ်ားဆုံး မင္းသားေခ်ာငါးေယာက္ ရွိေနပါတယ္။ သူတို႔ကေတာ့ …

(5) Ji Chang Wook
Photo: jichangwook/ Instagram

မင္းသားေခ်ာ Ji Chang Wook ရဲ႕ IG အေကာင့္ကို ၾကည့္မယ္ဆိုရင္ေတာ့ သူ႔ရဲ႕ေန႔စဥ္လႈပ္ရွားမႈပုံရိပ္ေတြ၊ သူႏွစ္သက္တဲ့ ရႈခင္းပုံေတြ၊ adventures ေတြကို ျမင္ရမွာျဖစ္တာေၾကာင့္ သူ႔ဘဝထဲကို ခဏေလာက္ ရႈျမင္ခြင့္ ရရွိမွာ ျဖစ္ပါတယ္။ လက္ရွိအခ်ိန္မွာေတာ့ Ji Chang Wook ဟာ ေဖာ္လိုဝါေပါင္း (၁၁)သန္းနဲ႔ (၂)သိန္းစြန္းစြန္းကို ပိုင္ဆိုင္ထားပါတယ္။ သူ႔ရဲ႕ official IG ကေတာ့ jichangwook ျဖစ္ပါတယ္။

(4) Nam Joo Hyuk
Photo: skawngur/ Instagram

Nam Joo Hyuk ကေတာ့ ေမာ္ဒယ္လ္ဘက္ကေန သ႐ုပ္ေဆာင္ဘက္ကို ေရာက္လာသူျဖစ္ၿပီး သူဟာလည္း IG မွာ လႊမ္းမိုးႏိုင္စြမ္းရွိတဲ့ မင္းသားတစ္ေယာက္ပါပဲ။ ဒါေၾကာင့္လည္း ေဖာ္လိုဝါအမ်ားဆုံး ငါးေယာက္ထဲမွာ နံပါတ္(၄)ေနရာကို ခ်ိတ္ေနတာပါ။ သူ႔ရဲ႕ IG ကို ၾကည့္မယ္ဆိုရင္ေတာ့ ဆြဲေဆာင္မႈရွိလြန္းတဲ့ visual ျဖစ္ေနမႈေတြကိုသာမက သူ ဘယ္လိုအႏုပညာရွင္ေတြကို ႏွစ္သက္ေလးစားတယ္ဆိုတာကိုပါ သိႏိုင္မွာပါ။ လက္ရွိအခ်ိန္အထိ ေဖာ္လိုဝါေပါင္း (၁၁)သန္းနဲ႔ (၂)သိန္း (၅)ေသာင္းေက်ာ္ကို ပိုင္ဆိုင္ထားပါတယ္။ Ji Chang Wook နဲ႔ ယွဥ္ရင္ေတာ့ ေသာင္းဂဏန္းေလာက္ပဲ ကြာတာ ေတြ႕ရပါတယ္။ Nam Joo Hyuk ရဲ႕ official IG ကေတာ့ skawngur ျဖစ္ပါတယ္။

(3) Park Seo Joon
Photo: bn_sj2013/ Instagram

မင္းသား Park Seo Joon ကေတာ့ ေဖာ္လိုဝါေပါင္း (၁၁.၇)သန္းေက်ာ္ကို ပိုင္ဆိုင္ထားပါတယ္။ လတ္တေလာ ထြက္ရွိထားတဲ့ သူ႔ရဲ႕ Itaewon Class ဒရာမာကို ၾကည့္ရႈသူေတြဆိုရင္လည္း သူ႔ရဲ႕အေကာင့္မွာ ႐ိုက္ကြင္းေနာက္ကြယ္က လွ်ပ္တစ္ျပတ္ ႐ိုက္ခ်က္ေတြကို ၾကည့္ရႈရဦးမွာပါ။ လက္ရွိမွာေတာ့ ေဖာ္လိုဝါ (၁၁.၈)သန္းေက်ာ္ ပိုင္ဆိုင္ထားပါတယ္။ သူ႔ရဲ႕ official IG ကေတာ့ bn_sj2013 ျဖစ္ပါတယ္။

(2) Lee Min Ho
Photo: actorleeminho/ Instagram

ႏႈတ္ခမ္းနီမေလးေတြရဲ႕ အသည္းစြဲ မင္းသားေခ်ာ Lee Min Ho ကေတာ့ ေဖာ္လိုဝါအမ်ားဆုံးငါးေယာက္စာရင္းမွာ ဒုတိယခ်ိတ္ေနပါတယ္။ သူ႔ရဲ႕ဒရာမာအသစ္ The King: Eternal Monarch ကိုလည္း ယခုဧၿပီလထဲမွာ စတင္ၾကည့္ရႈၾကရေတာ့မွာ ျဖစ္ပါတယ္။ လက္ရွိမွာေတာ့ ေဖာ္လိုဝါ (၁၂.၇)သန္းေက်ာ္ ပိုင္ဆိုင္ထားပါတယ္။ Lee Min Ho ရဲ႕ official IG ကေတာ့ actorleeminho ျဖစ္ပါတယ္။

(1) Lee Jong Suk
Photo: jongsuk0206/ Instagram

မင္းသားေခ်ာ Lee Jong Suk ဟာ လက္ရွိအခ်ိန္မွာ စစ္မႈထမ္းတာဝန္ထမ္းေဆာင္ေနတာေၾကာင့္ အႏုပညာအလုပ္ေတြ ရပ္စဲထားေပမယ့္ ပရိသတ္ေတြရဲ႕ အားေပးမႈကေတာ့ ေလ်ာ့က်မသြားပါဘူး။ လတ္တေလာ ေဖာ္လိုဝါအမ်ားဆုံး မင္းသားစာရင္းထဲမွာ Lee Jong Suk က ေဖာ္လိုဝါ (၁၅)သန္းေက်ာ္နဲ႔ ပထမေနရာကို ရရွိထားပါတယ္။ သူ႔ရဲ႕ official IG ကေတာ့ jongsuk0206 ျဖစ္ပါတယ္။

ဒါကေတာ့ လတ္တေလာမွာ IG ေဖာ္လိုဝါအမ်ားဆုံး မင္းသားငါးေယာက္ကို ေဖာ္ျပေပးခဲ့တာပါ။ ေဖာ္လိုဝါအေရအတြက္ဟာ အခ်ိန္နဲ႔အမွ် အေျပာင္းအလဲျဖစ္ႏိုင္တာေၾကာင့္ ေနာက္ထပ္ကာလတစ္ခုေလာက္ ၾကာသြားရင္ေတာ့ ဒီစာရင္းေတြဟာလည္း အေျပာင္းအလဲျဖစ္ႏိုင္ေၾကာင္း တင္ျပရင္း … ။

LaNina

 

 

 

RELATED ARTICLES

Most Popular