HomeCelebs Update NewsKoreaလက္ထပ္ခ်င္တဲ့ မိန္းကေလးပုံစံကို ေျပာျပလာတဲ့ Jung Il Woo

လက္ထပ္ခ်င္တဲ့ မိန္းကေလးပုံစံကို ေျပာျပလာတဲ့ Jung Il Woo

အောက်တွင် ယူနီကုဒ်ဖြင့် ဖတ်ရှုပါ။

Jung Il Woo ကေတာ့ ကိုရီးယားဒရာမာႀကိဳက္တဲ့ မိန္းကေလးတိုင္း ႀကိဳက္ၾကတဲ့ မင္းသားေခ်ာတစ္လက္ ျဖစ္ပါတယ္။ သူ ပါ၀င္သရုပ္ေဆာင္ထားတဲ့”Haechi” ဆိုတဲ့ နန္းတြင္းဒရာမာဇာတ္လမ္းရဲ႕ ဇာတ္သိမ္းပိုင္း အမွတ္တရအျဖစ္ ယေန႔ ေမလ(၂)ရက္ေန႔ ျပဳလုပ္ခဲ့တဲ့ အင္တာဗ်ဴးမွာ သူ႔ရဲ႕အခ်စ္ေရးနဲ႔ ပတ္သက္တာေတြကို ေျဖၾကားေပးခဲ့တာပါ။

“အခ်စ္ေရးအေျခအေနကေရာ ဘယ္လိုပါလဲ”လို႔ ေမးျမန္းခဲ့ရာမွာ “လူေကာင္းတစ္ေယာက္နဲ႔ ေတြ႕ဆုံခဲ့မယ္ဆိုရင္ေတာ့ ကၽြန္ေတာ္ တြဲခ်င္ပါတယ္။ ကၽြန္ေတာ့္ႏွလုံးသားက တံခါးဖြင့္ထားပါတယ္”လို႔ ေျဖခဲ့ပါတယ္။

Photo: pinterest

လူေကာင္းဆိုတာ ဘယ္လိုလူမ်ိဳးကို ရည္ညႊန္းတာလည္းဆိုတဲ့ ေမးခြန္းကိုေတာ့ “ကၽြန္ေတာ္က ျပန္ၿပီးသင္ယူႏိုင္မယ့္ လူမ်ိဳးေပါ့။ ကၽြန္ေတာ့္ကိုလည္း နားလည္ေပးႏိုင္ၿပီး ကၽြန္ေတာ္ကလည္း နားလည္ေပးႏိုင္တဲ့ ေကာင္မေလးမ်ိဳး။ တစ္ေယာက္နဲ႔တစ္ေယာက္ အျပန္အလွန္ ႏွစ္သိမ့္ၿပီး ခ်စ္ခင္ေပးႏိုင္တာမ်ိဳးကို လိုခ်င္တယ္။ ငယ္ငယ္တုန္းကေတာ့ အျပင္ပန္း ပကာသနေတြ၊ ရုပ္ရည္ေတြကို ၾကည့္ခဲ့ဖူးတယ္။ ဒါေပမယ့္ အခုအခ်ိန္မွာေတာ့ ကၽြန္ေတာ့္ရဲ႕ စိတ္ကိုေရာ ရင္ထဲကိုပါ ဆက္သြယ္ၿပီး သိႏိုင္၊ခံစားႏိုင္တဲ့လူကိုပဲ လူေကာင္းလို႔ ထင္ေတာ့တယ္”လို႔ ေျဖၾကားသြားပါတယ္။

Photo: pinterest

သူက ဆက္လက္ၿပီး “လက္ထပ္ဖို႔အတြက္ကေတာ့ ေစာလြန္းေသးတယ္လို႔ ထင္ပါတယ္။ အခု ကၽြန္ေတာ့္အသက္က သုံးဆယ္ေက်ာ္ေနၿပီျဖစ္ေပမယ့္ ကၽြန္ေတာ္ ႀကိဳက္တဲ့သူ ေတြ႕ရင္ေတာ့ အိမ္ေထာင္ျပဳေကာင္း ျပဳႏိုင္တာေပါ့ေနာ္။ ဒါေပမယ့္ သရုပ္ေဆာင္တစ္ေယာက္အေနနဲ႔ စဥ္းစားၾကည့္ရင္ေတာ့ အိမ္ေထာင္မက်ခင္အခ်ိန္နဲ႔ အိမ္ေထာင္က်ၿပီးသြားခ်ိန္ ကမ္းလွမ္းလာတဲ့ ဇာတ္ေကာင္ေနရာေတြက မတူေတာ့တဲ့အတြက္ ကၽြန္ေတာ့္အတြက္ကေတာ့ အိမ္ေထာင္ျပဳဖို႔ ေစာပါေသးတယ္။ အခုေခတ္ႀကီးမွာ ကၽြန္ေတာ္တို႔က အသက္(၁၀၀)အထိ ေနႏိုင္ေတာ့မယ္လို႔ လူေတြက ေျပာေနၾကတာ ရိွတယ္ေလ။ ကၽြန္ေတာ္လည္း အိမ္ေထာင္မျပဳခင္ ဘ၀ကို ေကာင္းေကာင္းႀကီး ေပ်ာ္လိုက္ခ်င္ပါေသးတယ္”လို႔ ဆိုပါတယ္။

Xei

Source: soompi.com

(Unicode Version)

Jung Il Woo ကတော့ ကိုရီးယားဒရာမာကြိုက်တဲ့ မိန်းကလေးတိုင်း ကြိုက်ကြတဲ့ မင်းသားချောတစ်လက် ဖြစ်ပါတယ်။ သူ ပါဝင်သရုပ်ဆောင်ထားတဲ့”Haechi” ဆိုတဲ့ နန်းတွင်းဒရာမာဇာတ်လမ်းရဲ့ ဇာတ်သိမ်းပိုင်း အမှတ်တရအဖြစ် ယနေ့ မေလ(၂)ရက်နေ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ သူ့ရဲ့အချစ်ရေးနဲ့ ပတ်သက်တာတွေကို ဖြေကြားပေးခဲ့တာပါ။

“အချစ်ရေးအခြေအနေကရော ဘယ်လိုပါလဲ”လို့ မေးမြန်းခဲ့ရာမှာ “လူကောင်းတစ်ယောက်နဲ့ တွေ့ဆုံခဲ့မယ်ဆိုရင်တော့ ကျွန်တော် တွဲချင်ပါတယ်။ ကျွန်တော့်နှလုံးသားက ဖွင့်ထားပါတယ်”လို့ ဖြေခဲ့ပါတယ်။

Photo: pinterest

လူကောင်းဆိုတာ ဘယ်လိုလူမျိုးကို ရည်ညွှန်းတာလည်းဆိုတဲ့ မေးခွန်းကိုတော့ “ကျွန်တော်က ပြန်ပြီးသင်ယူနိုင်မယ့် လူမျိုးပေါ့။ ကျွန်တော့်ကိုလည်း နားလည်ပေးနိုင်ပြီး ကျွန်တော်ကလည်း နားလည်ပေးနိုင်တဲ့ ကောင်မလေးမျိုး။ တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန် နှစ်သိမ့်ပြီး ချစ်ခင်ပေးနိုင်တာမျိုးကို လိုချင်တယ်။ ငယ်ငယ်တုန်းကတော့ အပြင်ပန်း ပကာသနတွေ၊ ရုပ်ရည်တွေကို ကြည့်ခဲ့ဖူးတယ်။ ဒါပေမယ့် အခုအချိန်မှာတော့ ကျွန်တော့်ရဲ့ စိတ်ကိုရော ရင်ထဲကိုပါ ဆက်သွယ်ပြီး သိနိုင်၊ခံစားနိုင်တဲ့လူကိုပဲ လူကောင်းလို့ ထင်တော့တယ်”လို့ ဖြေကြားသွားပါတယ်။

Photo: pinterest

သူက ဆက်လက်ပြီး “လက်ထပ်ဖို့အတွက်ကတော့ စောလွန်းသေးတယ်လို့ ထင်ပါတယ်။ အခု ကျွန်တော့်အသက်က သုံးဆယ်ကျော်နေပြီဖြစ်ပေမယ့် ကျွန်တော် ကြိုက်တဲ့သူ တွေ့ရင်တော့ အိမ်ထောင်ပြုကောင်း ပြုနိုင်တာပေါ့နော်။ ဒါပေမယ့် သရုပ်ဆောင်တစ်ယောက်အနေနဲ့ စဉ်းစားကြည့်ရင်တော့ အိမ်ထောင်မကျခင်အချိန်နဲ့ အိမ်ထောင်ကျပြီးသွားချိန် ကမ်းလှမ်းလာတဲ့ ဇာတ်ကောင်နေရာတွေက မတူတော့တဲ့အတွက် ကျွန်တော့်အတွက်ကတော့ အိမ်ထောင်ပြုဖို့ စောပါသေးတယ်။ အခုခေတ်ကြီးမှာ ကျွန်တော်တို့က အသက်(၁၀၀)အထိ နေနိုင်တော့မယ်လို့ လူတွေက ပြောနေကြတာ ရှိတယ်လေ။ ကျွန်တော်လည်း အိမ်ထောင်မပြုခင် ဘဝကို ကောင်းကောင်းကြီး ပျော်လိုက်ချင်ပါသေးတယ်”လို့ ဆိုပါတယ်။

Xei

Source: soompi.com

 

RELATED ARTICLES

Most Popular