HomeDramaထူးခြားတဲ့ဇာတ်လမ်းပုံစံနဲ့ ကြည့်ရှုရမယ့် Kim Go Eun ရဲ့ Yumi's Cells ဒရာမာအသစ်

ထူးခြားတဲ့ဇာတ်လမ်းပုံစံနဲ့ ကြည့်ရှုရမယ့် Kim Go Eun ရဲ့ Yumi’s Cells ဒရာမာအသစ်

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

မကြာခင်မှာ ထွက်ရှိလာတော့မယ့် tvN ရဲ့ ဒရာမာအသစ်လေးကတော့ ကြည့်နေကျ ကိုရီးယားဒရာမာတွေကနေ တမျိုးလေး ကွဲထွက်နေတဲ့ ရသသစ်ကို ခံစားရမှာပါ။

ဒရာမာရဲ့အမည်ကတော့ Yumi’s Cells ဖြစ်ပြီး မင်းသမီးလေး Kim Go Eun က အဓိကဇာတ်ကောင် Yumi အဖြစ် သရုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ နာမည်ကျော် ဝက်ဘ်တွန်းတစ်ခုကို အခြေခံရိုက်ကူးထားတာ ဖြစ်ပါတယ်။ သာမန်ရုံးဝန်ထမ်း မိန်းကလေးတစ်ယောက်ရဲ့ အတွေးတွေ၊ ခံစားမှုတွေနဲ့ လုပ်ရပ်တွေကို ထိန်းချုပ်ထားတဲ့ သူမရဲ့ ဦးနှောက်က ဆဲလ်လေးတွေရဲ့ ရှုထောင့်ကနေ ကြည့်ရှုရမှာလည်း ဖြစ်ပါတယ်။

Photo via soompi

သရုပ်ဆောင်တွေအနေနဲ့ Yumi အဖြစ် Kim Go Eun ၊ Goo Woong အဖြစ် Ahn Bo Hyun ၊ Ruby အဖြစ် Lee Yoo Bi ၊ Sae Yi အဖြစ် Park Ji Hyun နဲ့ Yoo Babi အဖြစ် GOT7 အဖွဲ့က Jinyoung တို့က ပါဝင်သရုပ်‌ဆောင်ထားပါတယ်။ ဒါ့အပြင် SHINee အဖွဲ့က Minho ကလည်း Woo Gi ဆိုတဲ့ ဇာတ်ရုပ်နဲ့ အထူးဧည့်သည်သရုပ်ဆောင်အဖြစ် ပါဝင်ထားပါသေးတယ်။

Photo via soompi

Kim Go Eun သရုပ်ဆောင်ထားတဲ့ Yumi ကတော့ တသမတ်တည်း တူညီနေတဲ့ နေ့စဉ်ဘဝမှာ နေထိုင်ပြီး ပျင်းရိငြီးငွေ့နေတဲ့ သာမန်ရုံးဝန်ထမ်း ကောင်မလေးတစ်ယောက် ဖြစ်ပါတယ်။ တစ်နေ့ပြီးတစ်နေ့ တက်ကြွနေအောင် အကောင်းဆုံး ကျော်ဖြတ်နေပေမယ့် တစုံတခု လိုအပ်နေတာကိုတော့ သူမ အမြဲတမ်း ခံစားနေမိပါတယ်။ ဒီလိုနဲ့ တစ်နေ့မှာတော့ သူမရဲ့ နှလုံးသားကို ခုန်ပေါက်လှုပ်ရှားစေပြီး သူမရဲ့ဆဲလ်လေးတွေကို တုံ့ပြန်စေတဲ့ လူတစ်ယောက်နဲ့ တွေ့လိုက်ရပါတယ်။

Photo via soompi

Ahn Bo Hyun သရုပ်ဆောင်ထားတဲ့ Goo Woong ကတော့ ဂိမ်း developer တစ်ယောက်ဖြစ်ပြီး သူ့ရဲ့ ဦးနှောက်ဟာ “Yes”/ “No” နှစ်ခုနဲ့ပဲ အလုပ်လုပ်သူ ဖြစ်ပါတယ်။ သူဟာ စိတ်ခံစားချက်တွေကို ထုတ်မပြတတ်သူ ဖြစ်သလို သပ်သပ်ရပ်ရပ် နေထိုင်ဖို့ကိုလည်း လုံးဝ မတတ်ကျွမ်းသူ ဖြစ်ပါတယ်။ သို့ပေမယ့်လည်း သူ့ရဲ့ ရိုးသားတဲ့ပုံစံကပဲ သူ့ကို ပိုပြီးဆွဲဆောင်မှုရှိအောင် ပုံဖော်ထားတာ ဖြစ်ပါတယ်။

ဒီဒရာမာကိုတော့ ဒါရိုက်တာ Lee Sang Yeob က ရိုက်ကူးပေးထားပြီး Kim Yoon Joo နဲ့ Kim Kyung Ran တို့က ပူးတွဲပြီး ဇာတ်ညွှန်း ရေးသားပေးထားပါတယ်။ ဒါတင်မက ဒီဒရာမာဟာ live action နဲ့  3D animation ကို ရောစပ်ပြီး ပြသမယ့် ပထမဆုံး ကိုရီးယားဇာတ်လမ်းတွဲလည်း ဖြစ်ပါတယ်။

Yumi’s Cells ကိုတော့ လာမယ့် စက်တင်ဘာလ (၁၇)ရက်မှာ စတင်ထုတ်လွှင့် ပြသမှာ ဖြစ်ပါတယ်။

Glasgow

Source: soompi

(Zawgyi Version)

မၾကာခင္မွာ ထြက္ရွိလာေတာ့မယ့္ tvN ရဲ႕ ဒရာမာအသစ္ေလးကေတာ့ ၾကည့္ေနက် ကိုရီးယားဒရာမာေတြကေန တမ်ိဳးေလး ကြဲထြက္ေနတဲ့ ရသသစ္ကို ခံစားရမွာပါ။

ဒရာမာရဲ႕အမည္ကေတာ့ Yumi’s Cells ျဖစ္ၿပီး မင္းသမီးေလး Kim Go Eun က အဓိကဇာတ္ေကာင္ Yumi အျဖစ္ သ႐ုပ္ေဆာင္သြားမွာ ျဖစ္ပါတယ္။ ဇာတ္လမ္းကေတာ့ နာမည္ေက်ာ္ ဝက္ဘ္တြန္းတစ္ခုကို အေျခခံ႐ိုက္ကူးထားတာ ျဖစ္ပါတယ္။ သာမန္႐ုံးဝန္ထမ္း မိန္းကေလးတစ္ေယာက္ရဲ႕ အေတြးေတြ၊ ခံစားမႈေတြနဲ႔ လုပ္ရပ္ေတြကို ထိန္းခ်ဳပ္ထားတဲ့ သူမရဲ႕ ဦးေႏွာက္က ဆဲလ္ေလးေတြရဲ႕ ရႈေထာင့္ကေန ၾကည့္ရႈရမွာလည္း ျဖစ္ပါတယ္။

Photo via soompi

သ႐ုပ္ေဆာင္ေတြအေနနဲ႔ Yumi အျဖစ္ Kim Go Eun ၊ Goo Woong အျဖစ္ Ahn Bo Hyun ၊ Ruby အျဖစ္ Lee Yoo Bi ၊ Sae Yi အျဖစ္ Park Ji Hyun နဲ႔ Yoo Babi အျဖစ္ GOT7 အဖြဲ႕က Jinyoung တို႔က ပါဝင္သ႐ုပ္‌ေဆာင္ထားပါတယ္။ ဒါ့အျပင္ SHINee အဖြဲ႕က Minho ကလည္း Woo Gi ဆိုတဲ့ ဇာတ္႐ုပ္နဲ႔ အထူးဧည့္သည္သ႐ုပ္ေဆာင္အျဖစ္ ပါဝင္ထားပါေသးတယ္။

Photo via soompi

Kim Go Eun သ႐ုပ္ေဆာင္ထားတဲ့ Yumi ကေတာ့ တသမတ္တည္း တူညီေနတဲ့ ေန႔စဥ္ဘဝမွာ ေနထိုင္ၿပီး ပ်င္းရိၿငီးေငြ႕ေနတဲ့ သာမန္႐ုံးဝန္ထမ္း ေကာင္မေလးတစ္ေယာက္ ျဖစ္ပါတယ္။ တစ္ေန႔ၿပီးတစ္ေန႔ တက္ႂကြေနေအာင္ အေကာင္းဆုံး ေက်ာ္ျဖတ္ေနေပမယ့္ တစုံတခု လိုအပ္ေနတာကိုေတာ့ သူမ အၿမဲတမ္း ခံစားေနမိပါတယ္။ ဒီလိုနဲ႔ တစ္ေန႔မွာေတာ့ သူမရဲ႕ ႏွလုံးသားကို ခုန္ေပါက္လႈပ္ရွားေစၿပီး သူမရဲ႕ဆဲလ္ေလးေတြကို တုံ႔ျပန္ေစတဲ့ လူတစ္ေယာက္နဲ႔ ေတြ႕လိုက္ရပါတယ္။

Photo via soompi

Ahn Bo Hyun သ႐ုပ္ေဆာင္ထားတဲ့ Goo Woong ကေတာ့ ဂိမ္း developer တစ္ေယာက္ျဖစ္ၿပီး သူ႔ရဲ႕ ဦးေႏွာက္ဟာ “Yes”/ “No” ႏွစ္ခုနဲ႔ပဲ အလုပ္လုပ္သူ ျဖစ္ပါတယ္။ သူဟာ စိတ္ခံစားခ်က္ေတြကို ထုတ္မျပတတ္သူ ျဖစ္သလို သပ္သပ္ရပ္ရပ္ ေနထိုင္ဖို႔ကိုလည္း လုံးဝ မတတ္ကြၽမ္းသူ ျဖစ္ပါတယ္။ သို႔ေပမယ့္လည္း သူ႔ရဲ႕ ႐ိုးသားတဲ့ပုံစံကပဲ သူ႔ကို ပိုၿပီးဆြဲေဆာင္မႈရွိေအာင္ ပုံေဖာ္ထားတာ ျဖစ္ပါတယ္။

ဒီဒရာမာကိုေတာ့ ဒါ႐ိုက္တာ Lee Sang Yeob က ႐ိုက္ကူးေပးထားၿပီး Kim Yoon Joo နဲ႔ Kim Kyung Ran တို႔က ပူးတြဲၿပီး ဇာတ္ၫႊန္း ေရးသားေပးထားပါတယ္။ ဒါတင္မက ဒီဒရာမာဟာ live action နဲ႔  3D animation ကို ေရာစပ္ၿပီး ျပသမယ့္ ပထမဆုံး ကိုရီးယားဇာတ္လမ္းတြဲလည္း ျဖစ္ပါတယ္။

Yumi’s Cells ကိုေတာ့ လာမယ့္ စက္တင္ဘာလ (၁၇)ရက္မွာ စတင္ထုတ္လႊင့္ ျပသမွာ ျဖစ္ပါတယ္။

Glasgow

Source: soompi

RELATED ARTICLES

Most Popular