HomeCelebs Update NewsKoreaဆင်းရဲကြပ်တည်းတဲ့ ဘဝကနေ အောင်မြင်ကျော်ကြားလာခဲ့တဲ့ ကိုရီးယားသရုပ်ဆောင်များ

ဆင်းရဲကြပ်တည်းတဲ့ ဘဝကနေ အောင်မြင်ကျော်ကြားလာခဲ့တဲ့ ကိုရီးယားသရုပ်ဆောင်များ

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

အောင်မြင်ကျော်ကြားတဲ့ သရုပ်ဆောင်တစ်ယောက် ဖြစ်လာဖို့ တစ်ယောက်နဲ့တစ်ယောက် လာရာလမ်းချင်း မတူညီကြပါဘူး။ တစ်ချို့က ရွှေလင်ဗန်းနဲ့ အချင်းဆေးပြီး ငွေဇွန်းကိုက် မွေးလာတဲ့ အသိုင်းအဝိုင်းကနေ လာကြတာရှိသလို ခက်ခဲပင်ပန်းလွန်းတဲ့ အခြေခံလူတန်းစားဘဝကနေ အောင်မြင်ကျော်ကြားတဲ့ သရုပ်ဆောင်ဘဝကို ရောက်လာသူတွေလည်း ရှိပါတယ်။ ဆင်းရဲခက်ခဲတဲ့ နောက်ခံကနေ အောင်မြင်ကျော်ကြားတဲ့ သရုပ်ဆောင်ဘဝကို ရောက်ရှိလာကြတဲ့ ကိုရီးယားသရုပ်ဆောင်တွေကတော့ …

Seo In Guk
Photo: seoinguk_/ Instagram

သရုပ်ဆောင် Seo In Guk ဟာ စားရေးသောက်ရေးတောင် အဆင်မပြေဘဲ ဆင်းရဲကြပ်တည်းတဲ့ မိသားစုကနေ မွေးဖွားလာခဲ့သူ ဖြစ်ပါတယ်။ Seo In Guk ရဲ့မိခင်ဟာဆိုရင် စက္ကူဂျပ်ဖာတွေ လိုက်ကောက်ပြီး မိသားစု ထမင်းဝဝစားရဖို့ လုပ်ခဲ့ရတဲ့အထိ ဆင်းရဲခဲ့တာပါ။

Park Shin Hye
Photo: ssinz7/ Instagram

Park Shin Hye ရဲ့ မင်းသမီးဖြစ်ချင်တဲ့ အိပ်မက်ကြောင့် ဆိုးလ်မြို့ကို တက်လာခဲ့တဲ့အချိန်မှာ မိဘတွေဟာ သူတို့သမီးလေးကို ပံ့ပိုးအားပေးချင်တာကြောင့် နယ်ကအလုပ်တွေအကုန်လုံးကို ထားပစ်ခဲ့ကြပါတယ်။ ဒါကြောင့်ပဲ မိဘတွေမှာ ငွေရေးကြေးရေး ကြပ်တည်းခက်ခဲတာတွေ ရင်ဆိုင်ခဲ့ရပေမယ့် Park Shin Hye ဟာ စိတ်မပျက်ခဲ့ဘဲ ကြိုးစားခဲ့တာကြောင့် အခုအချိန်မှာတော့ အောင်မြင်တဲ့ မင်းသမီးတစ်လက်အဖြစ် ရပ်တည်နေနိုင်ပါပြီ။

Han So Hee
Photo: xeesoxee/ Instagram

The World of the Married ဒရာမာနဲ့ အောင်မြင်မှုတွေ ရရှိခဲ့တဲ့ မင်းသမီးလေး Han So Hee ဟာလည်း သူမရဲ့အိပ်မက်ကို စတင်လျှောက်လှမ်းတဲ့ အချိန်တုန်းက အခက်အခဲတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ သရုပ်ဆောင်ဖြစ်ဖို့အတွက် ဆိုးလ်မြို့ကို တက်လာတုန်းက သူမလက်ထဲမှာ ကိုရီးယားဝမ်သုံးသိန်းပဲ ပါလာခဲ့တာပါ။ သူမ ဖြစ်ချင်တဲ့ အိပ်မက်လေးကို အကောင်အထည်ဖော်နိုင်ဖို့ ဘားဆိုင်မှာ တစ်နှစ်ကျော်လောက် ညလုံးပေါက် အလုပ်လုပ်ခဲ့ရသူ ဖြစ်ပါတယ်။

IU
Photo: dlwlrma/ Instagram

သရုပ်ဆောင်လည်းဖြစ်၊ အဆိုတော်လည်းဖြစ်တဲ့ IU ဟာ မူလ ကလေးဘဝတုန်းကတော့ သာယာစိုပြည်တဲ့ မိသားစုဘဝလေးကို ပိုင်ဆိုင်ခဲ့သူပါ။ သို့ပေမယ့် ကံဆိုးမိုးမှောင်ကျချင်တော့ သူမရဲ့မိသားစုဟာ ရုတ်တရက် အကြွေးတွေနဲ့ဝိုင်းပြီး သိပ်ကိုခက်ခဲခဲ့ရပါတယ်။ ဒါကြောင့်ပဲ IU နဲ့ သူမရဲ့မောင်လေးဟာ အဘွားဖြစ်သူရဲ့အိမ်မှာ သွားနေခဲ့ကြရပါတယ်။ အဘွားရဲ့ အိမ်လေးမှာ ကြပ်ကြပ်တည်းတည်း၊ ခက်ခက်ခဲခဲနဲ့ အချိန်အတန်ကြာ နေထိုင်ကုန်ဆုံးခဲ့ပြီးမှ သူမဘဝရဲ့ လမ်းစကို ရှာဖွေတွေ့ရှိခဲ့တာ ဖြစ်ပါတယ်။

Park Bo Gum
Photo: parkbogum0fficial/ Instagram

Park Bo Gum ကတော့ သူ့ရဲ့အနုပညာခရီးအစမှာတင် အခက်အခဲတွေနဲ့ ရင်ဆိုင်ခဲ့ရသူ ဖြစ်ပါတယ်။ သူ့ရဲ့ဖခင်ဖြစ်သူဟာ ငွေတိုးချေးတဲ့လူတွေဆီက ပိုက်ဆံချေးငှားခဲ့ပြီး သားဖြစ်သူ Park Bo Gum ရဲ့နာမည်နဲ့ အာမခံလုပ်ထားခဲ့တာပါ။ ဒီလိုနဲ့ Park Bo Gum ဟာ အသက်(၂၂)နှစ်မှာ အကြွေးတွေကို လုံးဝမဆပ်နိုင်တော့လို့ လူမွဲစာရင်း ခံယူခဲ့ရပါတယ်။ သူပွဲထွက်ပြီးနောက်ပိုင်းမှာလည်း အတိုးတွေ မတရားတက်နေတဲ့ အကြွေးတွေကို ဆပ်ခဲ့ရပါသေးတယ်။

Rain (Jung Ji Hoon)
Photo: rain_oppa/ Instagram

အဆိုတော်၊ သရုပ်ဆောင်တစ်ယောက်ဖြစ်တဲ့ Rain ဟာ ကလေးဘဝတုန်းက အခက်အခဲများစွာနဲ့ ကြီးပြင်းလာခဲ့ရသူ ဖြစ်ပါတယ်။ တစ်ခါတစ်လေဆိုရင် အိမ်မှာ စားစရာလုံးဝမရှိလို့ ရက်ပေါင်းများစွာ ဘာမှမစားဘဲ အငတ်နေခဲ့ရတဲ့အထိ ခက်ခဲခဲ့တာပါ။ ဒါ့အပြင် မိခင်ဖြစ်သူရဲ့ ကျန်းမာရေးဟာလည်း ဆေးကုသဖို့ ငွေကြေးမတတ်နိုင်ခဲ့တာကြောင့် တစ်နှစ်ပြီးတစ်နှစ် ပိုပိုဆိုးရွားလာခဲ့ပါတယ်။ ဒီဒဏ်တွေကြောင့်ပဲ Rain ပွဲထွက်ပြီး နှစ်နှစ်အကြာ ၂၀၀၀ခုနှစ်မှာ မိခင်ဖြစ်သူဟာ ဆုံးပါးကွယ်လွန်သွားခဲ့ပါတယ်။

Song Jae Rim
Photo: jaelim_song/ Instagram

မင်းသား Song Jae Rim ဟာ သူ့ရဲ့ပုဂ္ဂိုလ်ရေးဘဝအကြောင်းကို သိုသိုသိပ်သိပ် နေလေ့ရှိပေမယ့် သူ့ရဲ့ကလေးဘဝဟာလည်း ဆင်းရဲခက်ခဲခဲ့တဲ့အကြောင်း နောက်ပိုင်းမှာ ပေါ်ထွက်လာခဲ့ပါတယ်။ ဒါကြောင့်ပဲ Song Jae Rim ဟာ ငွေကြေးသုံးစွဲရာမှာလည်း စိစစ်သူတစ်ယောက် ဖြစ်လာခဲ့တာပါ။

Hyeri
Photo: hyeri_0609/ Instagram

Hyeri ဟာ အောင်မြင်လာပြီးနောက်ပိုင်း လူမှုရေးအသင်းအဖွဲ့တွေ၊ အကူအညီလိုအပ်နေသူတွေကို တောက်လျှောက် လှူဒါန်းလာခဲ့သူ ဖြစ်ပါတယ်။ အကြောင်းကတော့ သူမဟာလည်း ငယ်စဉ်က ဆင်းရဲတဲ့ မိသားစုကနေ မွေးဖွားလာခဲ့ရလို့ပါ။ သူမရဲ့မိခင်ဖြစ်သူဟာဆိုရင် နှစ်ပေါင်းဆယ်နဲ့ချီပြီး စက်ရုံအလုပ်သမအဖြစ် ပင်ပင်ပန်းပန်း လုပ်ကိုင်ခဲ့ရတာ ဖြစ်ပါတယ်။

တာထွက်မကောင်းခဲ့ပေမယ့် ရလဒ်ကောင်းအောင် ကြိုးစားနိုင်ခဲ့တဲ့ သူတို့ဟာ တကယ်ကို ချီးကျူးစရာပါလို့ ဆိုရင်း … ။

LaNina

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

(Zawgyi Version)

ေအာင္ျမင္ေက်ာ္ၾကားတဲ့ သ႐ုပ္ေဆာင္တစ္ေယာက္ ျဖစ္လာဖို႔ တစ္ေယာက္နဲ႔တစ္ေယာက္ လာရာလမ္းခ်င္း မတူညီၾကပါဘူး။ တစ္ခ်ိဳ႕က ေ႐ႊလင္ဗန္းနဲ႔ အခ်င္းေဆးၿပီး ေငြဇြန္းကိုက္ ေမြးလာတဲ့ အသိုင္းအဝိုင္းကေန လာၾကတာရွိသလို ခက္ခဲပင္ပန္းလြန္းတဲ့ အေျခခံလူတန္းစားဘဝကေန ေအာင္ျမင္ေက်ာ္ၾကားတဲ့ သ႐ုပ္ေဆာင္ဘဝကို ေရာက္လာသူေတြလည္း ရွိပါတယ္။ ဆင္းရဲခက္ခဲတဲ့ ေနာက္ခံကေန ေအာင္ျမင္ေက်ာ္ၾကားတဲ့ သ႐ုပ္ေဆာင္ဘဝကို ေရာက္ရွိလာၾကတဲ့ ကိုရီးယားသ႐ုပ္ေဆာင္ေတြကေတာ့ …

Seo In Guk
Photo: seoinguk_/ Instagram

သ႐ုပ္ေဆာင္ Seo In Guk ဟာ စားေရးေသာက္ေရးေတာင္ အဆင္မေျပဘဲ ဆင္းရဲၾကပ္တည္းတဲ့ မိသားစုကေန ေမြးဖြားလာခဲ့သူ ျဖစ္ပါတယ္။ Seo In Guk ရဲ႕မိခင္ဟာဆိုရင္ စကၠဴဂ်ပ္ဖာေတြ လိုက္ေကာက္ၿပီး မိသားစု ထမင္းဝဝစားရဖို႔ လုပ္ခဲ့ရတဲ့အထိ ဆင္းရဲခဲ့တာပါ။

Park Shin Hye
Photo: ssinz7/ Instagram

Park Shin Hye ရဲ႕ မင္းသမီးျဖစ္ခ်င္တဲ့ အိပ္မက္ေၾကာင့္ ဆိုးလ္ၿမိဳ႕ကို တက္လာခဲ့တဲ့အခ်ိန္မွာ မိဘေတြဟာ သူတို႔သမီးေလးကို ပံ့ပိုးအားေပးခ်င္တာေၾကာင့္ နယ္ကအလုပ္ေတြအကုန္လုံးကို ထားပစ္ခဲ့ၾကပါတယ္။ ဒါေၾကာင့္ပဲ မိဘေတြမွာ ေငြေရးေၾကးေရး ၾကပ္တည္းခက္ခဲတာေတြ ရင္ဆိုင္ခဲ့ရေပမယ့္ Park Shin Hye ဟာ စိတ္မပ်က္ခဲ့ဘဲ ႀကိဳးစားခဲ့တာေၾကာင့္ အခုအခ်ိန္မွာေတာ့ ေအာင္ျမင္တဲ့ မင္းသမီးတစ္လက္အျဖစ္ ရပ္တည္ေနႏိုင္ပါၿပီ။

Han So Hee
Photo: xeesoxee/ Instagram

The World of the Married ဒရာမာနဲ႔ ေအာင္ျမင္မႈေတြ ရရွိခဲ့တဲ့ မင္းသမီးေလး Han So Hee ဟာလည္း သူမရဲ႕အိပ္မက္ကို စတင္ေလွ်ာက္လွမ္းတဲ့ အခ်ိန္တုန္းက အခက္အခဲေတြနဲ႔ ရင္ဆိုင္ခဲ့ရပါတယ္။ သ႐ုပ္ေဆာင္ျဖစ္ဖို႔အတြက္ ဆိုးလ္ၿမိဳ႕ကို တက္လာတုန္းက သူမလက္ထဲမွာ ကိုရီးယားဝမ္သုံးသိန္းပဲ ပါလာခဲ့တာပါ။ သူမ ျဖစ္ခ်င္တဲ့ အိပ္မက္ေလးကို အေကာင္အထည္ေဖာ္ႏိုင္ဖို႔ ဘားဆိုင္မွာ တစ္ႏွစ္ေက်ာ္ေလာက္ ညလုံးေပါက္ အလုပ္လုပ္ခဲ့ရသူ ျဖစ္ပါတယ္။

IU
Photo: dlwlrma/ Instagram

သ႐ုပ္ေဆာင္လည္းျဖစ္၊ အဆိုေတာ္လည္းျဖစ္တဲ့ IU ဟာ မူလ ကေလးဘဝတုန္းကေတာ့ သာယာစိုျပည္တဲ့ မိသားစုဘဝေလးကို ပိုင္ဆိုင္ခဲ့သူပါ။ သို႔ေပမယ့္ ကံဆိုးမိုးေမွာင္က်ခ်င္ေတာ့ သူမရဲ႕မိသားစုဟာ ႐ုတ္တရက္ အေႂကြးေတြနဲ႔ဝိုင္းၿပီး သိပ္ကိုခက္ခဲခဲ့ရပါတယ္။ ဒါေၾကာင့္ပဲ IU နဲ႔ သူမရဲ႕ေမာင္ေလးဟာ အဘြားျဖစ္သူရဲ႕အိမ္မွာ သြားေနခဲ့ၾကရပါတယ္။ အဘြားရဲ႕ အိမ္ေလးမွာ ၾကပ္ၾကပ္တည္းတည္း၊ ခက္ခက္ခဲခဲနဲ႔ အခ်ိန္အတန္ၾကာ ေနထိုင္ကုန္ဆုံးခဲ့ၿပီးမွ သူမဘဝရဲ႕ လမ္းစကို ရွာေဖြေတြ႕ရွိခဲ့တာ ျဖစ္ပါတယ္။

Park Bo Gum
Photo: parkbogum0fficial/ Instagram

Park Bo Gum ကေတာ့ သူ႔ရဲ႕အႏုပညာခရီးအစမွာတင္ အခက္အခဲေတြနဲ႔ ရင္ဆိုင္ခဲ့ရသူ ျဖစ္ပါတယ္။ သူ႔ရဲ႕ဖခင္ျဖစ္သူဟာ ေငြတိုးေခ်းတဲ့လူေတြဆီက ပိုက္ဆံေခ်းငွားခဲ့ၿပီး သားျဖစ္သူ Park Bo Gum ရဲ႕နာမည္နဲ႔ အာမခံလုပ္ထားခဲ့တာပါ။ ဒီလိုနဲ႔ Park Bo Gum ဟာ အသက္(၂၂)ႏွစ္မွာ အေႂကြးေတြကို လုံးဝမဆပ္ႏိုင္ေတာ့လို႔ လူမြဲစာရင္း ခံယူခဲ့ရပါတယ္။ သူပြဲထြက္ၿပီးေနာက္ပိုင္းမွာလည္း အတိုးေတြ မတရားတက္ေနတဲ့ အေႂကြးေတြကို ဆပ္ခဲ့ရပါေသးတယ္။

Rain (Jung Ji Hoon)
Photo: rain_oppa/ Instagram

အဆိုေတာ္၊ သ႐ုပ္ေဆာင္တစ္ေယာက္ျဖစ္တဲ့ Rain ဟာ ကေလးဘဝတုန္းက အခက္အခဲမ်ားစြာနဲ႔ ႀကီးျပင္းလာခဲ့ရသူ ျဖစ္ပါတယ္။ တစ္ခါတစ္ေလဆိုရင္ အိမ္မွာ စားစရာလုံးဝမရွိလို႔ ရက္ေပါင္းမ်ားစြာ ဘာမွမစားဘဲ အငတ္ေနခဲ့ရတဲ့အထိ ခက္ခဲခဲ့တာပါ။ ဒါ့အျပင္ မိခင္ျဖစ္သူရဲ႕ က်န္းမာေရးဟာလည္း ေဆးကုသဖို႔ ေငြေၾကးမတတ္ႏိုင္ခဲ့တာေၾကာင့္ တစ္ႏွစ္ၿပီးတစ္ႏွစ္ ပိုပိုဆိုး႐ြားလာခဲ့ပါတယ္။ ဒီဒဏ္ေတြေၾကာင့္ပဲ Rain ပြဲထြက္ၿပီး ႏွစ္ႏွစ္အၾကာ ၂၀၀၀ခုႏွစ္မွာ မိခင္ျဖစ္သူဟာ ဆုံးပါးကြယ္လြန္သြားခဲ့ပါတယ္။

Song Jae Rim
Photo: jaelim_song/ Instagram

မင္းသား Song Jae Rim ဟာ သူ႔ရဲ႕ပုဂၢိဳလ္ေရးဘဝအေၾကာင္းကို သိုသိုသိပ္သိပ္ ေနေလ့ရွိေပမယ့္ သူ႔ရဲ႕ကေလးဘဝဟာလည္း ဆင္းရဲခက္ခဲခဲ့တဲ့အေၾကာင္း ေနာက္ပိုင္းမွာ ေပၚထြက္လာခဲ့ပါတယ္။ ဒါေၾကာင့္ပဲ Song Jae Rim ဟာ ေငြေၾကးသုံးစြဲရာမွာလည္း စိစစ္သူတစ္ေယာက္ ျဖစ္လာခဲ့တာပါ။

Hyeri
Photo: hyeri_0609/ Instagram

Hyeri ဟာ ေအာင္ျမင္လာၿပီးေနာက္ပိုင္း လူမႈေရးအသင္းအဖြဲ႕ေတြ၊ အကူအညီလိုအပ္ေနသူေတြကို ေတာက္ေလွ်ာက္ လႉဒါန္းလာခဲ့သူ ျဖစ္ပါတယ္။ အေၾကာင္းကေတာ့ သူမဟာလည္း ငယ္စဥ္က ဆင္းရဲတဲ့ မိသားစုကေန ေမြးဖြားလာခဲ့ရလို႔ပါ။ သူမရဲ႕မိခင္ျဖစ္သူဟာဆိုရင္ ႏွစ္ေပါင္းဆယ္နဲ႔ခ်ီၿပီး စက္႐ုံအလုပ္သမအျဖစ္ ပင္ပင္ပန္းပန္း လုပ္ကိုင္ခဲ့ရတာ ျဖစ္ပါတယ္။

တာထြက္မေကာင္းခဲ့ေပမယ့္ ရလဒ္ေကာင္းေအာင္ ႀကိဳးစားႏိုင္ခဲ့တဲ့ သူတို႔ဟာ တကယ္ကို ခ်ီးက်ဴးစရာပါလို႔ ဆိုရင္း … ။

LaNina

(ဆံရစ္ဝိုင္းဝက္ဘ္ဆိုဒ္တြင္ ေဖာ္ျပထားေသာ သတင္း၊ေဆာင္းပါးမ်ားကို အျခားမည္သည့္ ဝက္ဘ္ဆိုဒ္၊ Facebook စာမ်က္ႏွာတြင္မွ် ကူးယူေဖာ္ျပခြင့္ မျပဳပါေၾကာင္း အသိေပးအပ္ပါသည္။)

 

RELATED ARTICLES

Most Popular