HomeCelebs Update NewsKoreaအိပ်မက်တွေတကယ်ဖြစ်လာဖို့ အချိန်ပိုင်းအလုပ်များစွာနဲ့ ကြိုးစားခဲ့ရတဲ့ Lee Joon 

အိပ်မက်တွေတကယ်ဖြစ်လာဖို့ အချိန်ပိုင်းအလုပ်များစွာနဲ့ ကြိုးစားခဲ့ရတဲ့ Lee Joon 

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

ကိုရီးယားဆယ်လီအများစုဟာ အောင်မြင်ကျော်ကြားတဲ့ ဘဝရောက်အောင် အခက်အခဲများစွာကို ဖြတ်သန်းကြရပါတယ်။ တစ်ချို့တွေိဆိုရင် ခက်ခဲကျပ်တည်းတဲ့ မိသားစုအခြေအနေကြောင့် ပင်ပင်ပန်းပန်းနဲ့ ဇွဲမလျှော့ဘဲ ကြိုးစားခဲ့လို့သာ အောင်မြင်ခဲ့ကြတာ ဖြစ်ပါတယ်။ ဒီလို အောက်သက်ကျေတဲ့ဘဝကနေ စတားတစ်ယောက်အဖြစ် အောင်မြင်လာခဲ့သူတစ်ယောက်ကတော့ Idol အဖွဲ့ဝင်ဟောင်းလည်းဖြစ်၊ သရုပ်ဆောင်တစ်ယောက်လည်းဖြစ်တဲ့ Lee Joon ပါပဲ။

Lee Joon ဟာ ပွဲမထွက်ခင်ဘဝတုန်းက အချိန်ပိုင်းအလုပ်တွေ အများကြီးကို လုပ်ကိုင်ခဲ့ရသူ ဖြစ်ပါတယ်။ အချိန်ပိုင်းအလုပ်တွေ များလွန်းလို့ “part-time king” လို့ အခေါ်ခံရတဲ့အထိ ရုန်းကန်ခဲ့ရသူလည်း ဖြစ်ပါတယ်။ Lee Joon ဟာ ဘားဝိတ်တာအလုပ်မျိုးကနေ သန့်ရှင်းရေးအထိ အလုပ်မျိုးစုံကို မရွေးဘဲ လုပ်ခဲ့ဖူးတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ဖျော်ဖြေရေးလောကထဲမှာလည်း အချိန်ပိုင်းအလုပ်ပေါင်းစုံကို လုပ်ခဲ့ဖူးပါသေးတယ်။

Photo: leejoonphils/ Instagram

ကုန်ပစ္စည်းတွေရဲ့ ကြော်ငြာပေါင်းစုံမှာ မထင်မရှား မော်ဒယ်လ်အဖြစ်နဲ့လည်း လုပ်ကိုင်ခဲ့ဖူးပါတယ်။ mukbang မော်ဒယ်လ်လည်း လုပ်ခဲ့ဖူးသလို အချိုရည်ကြော်ငြာ၊ နှုတ်ခမ်းနီကြော်ငြာနဲ့ ဆံပင်တုကြော်ငြာတွေမှာပါ မော်ဒယ်လ်အနေနဲ့ ပါဝင်သရုပ်ဆောင်ခဲ့ဖူးပါတယ်။

အဲ့ဒီ့အချိန်မှာ Lee Joon ဟာ အချိန်ပိုင်းအလုပ်များစွာကြောင့် အတော်အသင့် ဝင်ငွေကောင်းနေပြီလို့ ဆိုနိုင်ပါတယ်။ သို့ပေမယ့် ငယ်ရွယ်တဲ့အချိန်မှာတင် မနားတမ်း ကြိုးစားနေခဲ့ရတဲ့ နောက်ကွယ်မှာတော့ အကြောင်းပြချက်တစ်ခု ရှိနေပါသေးတယ်။ အဲ့ဒါကတော့ ဖခင်ဖြစ်သူရဲ့ စီးပွားရေးဟာ ဒေဝါလီခံလိုက်ရတဲ့အတွက် Lee Joon ဟာ ငွေကြေးခက်ခဲတဲ့ ဘဝနဲ့ ကြီးပြင်းလာခဲ့ရလို့ပါပဲ။

Photo: koreaboo

အကကို ဝါသနာပါသူဖြစ်လို့ ဆိုးလ်အနုပညာအထက်တန်းကျောင်းမှာ အကဘာသာရပ်ကို အဓိကထားပြီး တက်ရောက်သင်ယူခဲ့ပေမယ့် သူ့ရဲ့အိမ်အခြေအနေကြောင့် လေ့ကျင့်ရာမှာ အဆင်မပြေခဲ့ပါဘူး။ Lee Joon ဟာ အကလေ့ကျင့်ဖို့ ဝတ်စုံအသစ်တောင် မဝယ်နိုင်ခဲ့တဲ့အတွက် ကျောင်းသားတွေကြားထဲမှာ အလှောင်ခံရတဲ့အထိ ဖြစ်ခဲ့ပါသေးတယ်။ သို့ပေမယ့် ဒီဖိအားတွေဟာ Lee Joon ကို စိတ်ပျက်မသွားစေဘဲ ပိုပြီးတော့တောင် စိတ်တက်ကြွစေဖို့ တွန်းအားဖြစ်လာခဲ့ပါတယ်။

နေ့ရောညပါ အကလေ့ကျင့်ပြီး အပြင်းအထန် ကြိုးစားခဲ့တာကြောင့် (၅၃)ယောက်ထဲမှာ ဒုတိယနေရာနဲ့ အောင်မြင်ခဲ့ပါတယ်။ ဒီလိုနဲ့ ကိုရီးယား အမျိုးသားအနုပညာတက္ကသိုလ်ကို ဝင်ခွင့်ရရှိခဲ့ပါတယ်။ သို့ပေမယ့် တက္ကသိုလ်က သူ့ရဲ့ဘဝအောင်မြင်ရေးအတွက် အာမခံချက်တစ်စုံတစ်ရာ မပေးနိုင်ဘူးလို့ ထင်တာကြောင့် ပထမနှစ်ဝက်မှာတင် ကျောင်းက ထွက်ခဲ့ပါတယ်။

Photo: leejoonphils/ Instagram

ငယ်ငယ်တည်းက ဝါသနာပါတဲ့ သရုပ်ဆောင်အလုပ်ကိုလည်း မစွန့်လွှတ်နိုင်တာကြောင့် မင်းသား၊ မင်းသမီးတွေ အလာများတဲ့ ဘားတွေမှာ အချိန်ပိုင်းဝင်လုပ်ရင်း အဆက်အသွယ်ရှာဖို့ ကြိုးစားခဲ့ရပါတယ်။ ဒီလိုနဲ့ နောက်ပိုင်းမှာတော့ MBLAQ အဖွဲ့နဲ့ ပွဲထွက်ခွင့်ရခဲ့ပြီး သရုပ်ဆောင်ဘက်မှာလည်း နာမည်တစ်လုံးရတဲ့အထိ အောင်မြင်လာခဲ့ပါတယ်။

ဒီနေ့အချိန်မှာတော့ Lee Joon ဟာ ပရိသတ်အခိုင်အမာ ရရှိထားပြီး သူ့ရဲ့အရည်အချင်းတွေကို ပြသထားနိုင်တဲ့ နာမည်ကျော် သရုပ်ဆောင်တစ်ယောက် ဖြစ်လို့နေပါပြီ။ ဒါဟာ မဆုတ်မနစ် ကြိုးစားမှုရဲ့ ရလဒ်ပဲလို့ ပြောရင်လည်း မှားမယ်မထင်ပါဘူးလို့ ဆိုရင်း … ။

LaNina

Source: koreaboo

(Zawgyi Version)

ကိုရီးယားဆယ္လီအမ်ားစုဟာ ေအာင္ျမင္ေက်ာ္ၾကားတဲ့ ဘဝေရာက္ေအာင္ အခက္အခဲမ်ားစြာကို ျဖတ္သန္းၾကရပါတယ္။ တစ္ခ်ိဳ႕ေတြိဆိုရင္ ခက္ခဲက်ပ္တည္းတဲ့ မိသားစုအေျခအေနေၾကာင့္ ပင္ပင္ပန္းပန္းနဲ႔ ဇြဲမေလွ်ာ့ဘဲ ႀကိဳးစားခဲ့လို႔သာ ေအာင္ျမင္ခဲ့ၾကတာ ျဖစ္ပါတယ္။ ဒီလို ေအာက္သက္ေက်တဲ့ဘဝကေန စတားတစ္ေယာက္အျဖစ္ ေအာင္ျမင္လာခဲ့သူတစ္ေယာက္ကေတာ့ Idol အဖြဲ႕ဝင္ေဟာင္းလည္းျဖစ္၊ သ႐ုပ္ေဆာင္တစ္ေယာက္လည္းျဖစ္တဲ့ Lee Joon ပါပဲ။

Lee Joon ဟာ ပြဲမထြက္ခင္ဘဝတုန္းက အခ်ိန္ပိုင္းအလုပ္ေတြ အမ်ားႀကီးကို လုပ္ကိုင္ခဲ့ရသူ ျဖစ္ပါတယ္။ အခ်ိန္ပိုင္းအလုပ္ေတြ မ်ားလြန္းလို႔ “part-time king” လို႔ အေခၚခံရတဲ့အထိ ႐ုန္းကန္ခဲ့ရသူလည္း ျဖစ္ပါတယ္။ Lee Joon ဟာ ဘားဝိတ္တာအလုပ္မ်ိဳးကေန သန႔္ရွင္းေရးအထိ အလုပ္မ်ိဳးစုံကို မေ႐ြးဘဲ လုပ္ခဲ့ဖူးတယ္လို႔ ဆိုပါတယ္။ ဒါ့အျပင္ ေဖ်ာ္ေျဖေရးေလာကထဲမွာလည္း အခ်ိန္ပိုင္းအလုပ္ေပါင္းစုံကို လုပ္ခဲ့ဖူးပါေသးတယ္။

Photo: leejoonphils/ Instagram

ကုန္ပစၥည္းေတြရဲ႕ ေၾကာ္ျငာေပါင္းစုံမွာ မထင္မရွား ေမာ္ဒယ္လ္အျဖစ္နဲ႔လည္း လုပ္ကိုင္ခဲ့ဖူးပါတယ္။ mukbang ေမာ္ဒယ္လ္လည္း လုပ္ခဲ့ဖူးသလို အခ်ိဳရည္ေၾကာ္ျငာ၊ ႏႈတ္ခမ္းနီေၾကာ္ျငာနဲ႔ ဆံပင္တုေၾကာ္ျငာေတြမွာပါ ေမာ္ဒယ္လ္အေနနဲ႔ ပါဝင္သ႐ုပ္ေဆာင္ခဲ့ဖူးပါတယ္။

အဲ့ဒီ့အခ်ိန္မွာ Lee Joon ဟာ အခ်ိန္ပိုင္းအလုပ္မ်ားစြာေၾကာင့္ အေတာ္အသင့္ ဝင္ေငြေကာင္းေနၿပီလို႔ ဆိုႏိုင္ပါတယ္။ သို႔ေပမယ့္ ငယ္႐ြယ္တဲ့အခ်ိန္မွာတင္ မနားတမ္း ႀကိဳးစားေနခဲ့ရတဲ့ ေနာက္ကြယ္မွာေတာ့ အေၾကာင္းျပခ်က္တစ္ခု ရွိေနပါေသးတယ္။ အဲ့ဒါကေတာ့ ဖခင္ျဖစ္သူရဲ႕ စီးပြားေရးဟာ ေဒဝါလီခံလိုက္ရတဲ့အတြက္ Lee Joon ဟာ ေငြေၾကးခက္ခဲတဲ့ ဘဝနဲ႔ ႀကီးျပင္းလာခဲ့ရလို႔ပါပဲ။

Photo: koreaboo

အကကို ဝါသနာပါသူျဖစ္လို႔ ဆိုးလ္အႏုပညာအထက္တန္းေက်ာင္းမွာ အကဘာသာရပ္ကို အဓိကထားၿပီး တက္ေရာက္သင္ယူခဲ့ေပမယ့္ သူ႔ရဲ႕အိမ္အေျခအေနေၾကာင့္ ေလ့က်င့္ရာမွာ အဆင္မေျပခဲ့ပါဘူး။ Lee Joon ဟာ အကေလ့က်င့္ဖို႔ ဝတ္စုံအသစ္ေတာင္ မဝယ္ႏိုင္ခဲ့တဲ့အတြက္ ေက်ာင္းသားေတြၾကားထဲမွာ အေလွာင္ခံရတဲ့အထိ ျဖစ္ခဲ့ပါေသးတယ္။ သို႔ေပမယ့္ ဒီဖိအားေတြဟာ Lee Joon ကို စိတ္ပ်က္မသြားေစဘဲ ပိုၿပီးေတာ့ေတာင္ စိတ္တက္ႂကြေစဖို႔ တြန္းအားျဖစ္လာခဲ့ပါတယ္။

ေန႔ေရာညပါ အကေလ့က်င့္ၿပီး အျပင္းအထန္ ႀကိဳးစားခဲ့တာေၾကာင့္ (၅၃)ေယာက္ထဲမွာ ဒုတိယေနရာနဲ႔ ေအာင္ျမင္ခဲ့ပါတယ္။ ဒီလိုနဲ႔ ကိုရီးယား အမ်ိဳးသားအႏုပညာတကၠသိုလ္ကို ဝင္ခြင့္ရရွိခဲ့ပါတယ္။ သို႔ေပမယ့္ တကၠသိုလ္က သူ႔ရဲ႕ဘဝေအာင္ျမင္ေရးအတြက္ အာမခံခ်က္တစ္စုံတစ္ရာ မေပးႏိုင္ဘူးလို႔ ထင္တာေၾကာင့္ ပထမႏွစ္ဝက္မွာတင္ ေက်ာင္းက ထြက္ခဲ့ပါတယ္။

Photo: leejoonphils/ Instagram

ငယ္ငယ္တည္းက ဝါသနာပါတဲ့ သ႐ုပ္ေဆာင္အလုပ္ကိုလည္း မစြန႔္လႊတ္ႏိုင္တာေၾကာင့္ မင္းသား၊ မင္းသမီးေတြ အလာမ်ားတဲ့ ဘားေတြမွာ အခ်ိန္ပိုင္းဝင္လုပ္ရင္း အဆက္အသြယ္ရွာဖို႔ ႀကိဳးစားခဲ့ရပါတယ္။ ဒီလိုနဲ႔ ေနာက္ပိုင္းမွာေတာ့ MBLAQ အဖြဲ႕နဲ႔ ပြဲထြက္ခြင့္ရခဲ့ၿပီး သ႐ုပ္ေဆာင္ဘက္မွာလည္း နာမည္တစ္လုံးရတဲ့အထိ ေအာင္ျမင္လာခဲ့ပါတယ္။

ဒီေန႔အခ်ိန္မွာေတာ့ Lee Joon ဟာ ပရိသတ္အခိုင္အမာ ရရွိထားၿပီး သူ႔ရဲ႕အရည္အခ်င္းေတြကို ျပသထားႏိုင္တဲ့ နာမည္ေက်ာ္ သ႐ုပ္ေဆာင္တစ္ေယာက္ ျဖစ္လို႔ေနပါၿပီ။ ဒါဟာ မဆုတ္မနစ္ ႀကိဳးစားမႈရဲ႕ ရလဒ္ပဲလို႔ ေျပာရင္လည္း မွားမယ္မထင္ပါဘူးလို႔ ဆိုရင္း … ။

LaNina

Source: koreaboo

RELATED ARTICLES

Most Popular