HomeCelebs Update NewsKoreaမန်နေဂျာဟောင်းဆီမှာ ဝမ်(၁)ဘီလျံ အလိမ်ခံလိုက်ရတဲ့ Lisa 

မန်နေဂျာဟောင်းဆီမှာ ဝမ်(၁)ဘီလျံ အလိမ်ခံလိုက်ရတဲ့ Lisa 

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

BLACKPINK အဖွဲ့က Lisa ဟာ မန်နေဂျာဟောင်းရဲ့ လှည့်ဖျားမှုနဲ့ ဝမ်(၁)ဘီလျံခန့် အလိမ်ခံလိုက်ရတယ်လို့ သိရပါတယ်။ A လို့ လူတွေခေါ်ကြတဲ့ အဆိုပါ မန်နေဂျာဟောင်းဟာ YG Entertainment မှာ ကာလကြာရှည်စွာ အလုပ်လုပ်ခဲ့သူတစ်ဦးဖြစ်ပြီး အမေရိကန်ဒေါ်လာ (၈)သိန်းနဲ့ ညီမျှတဲ့ ဝမ်(၁)ဘီလျံကို Lisa ဆီက လိမ်လည်သွားတာ ဖြစ်ပါတယ်။

အဆိုပါ မန်နေဂျာ A ဟာ Lisa ရှာဖွေထားတဲ့ ငွေကြေးတွေကို အိမ်ခြံမြေစျေးကွက်မှာ မြှုပ်နှံပေးမယ်လို့ ပြောလာပြီး Lisa က ယုံယုံကြည်ကြည်နဲ့ ပေးအပ်လိုက်တဲ့အခါ အားလုံးကို လောင်းကစားလုပ်ပစ်လိုက်တယ်လို့ သတင်းဌာနတွေရဲ့ ဖော်ပြချက်အရ သိရပါတယ်။

Photo: lalalalisa_m/ Instagram

မန်နေဂျာ A ဟာ BLACKPINK အဖွဲ့ ပွဲထွက်တဲ့အချိန်တည်းက အဖွဲ့အတွက် အလုပ်လုပ်ပေးလာခဲ့သူဖြစ်ပြီး YG ကုမ္ပဏီထဲမှာလည်း ယုံကြည်ရသူတစ်ယောက်အဖြစ် လူသိများခဲ့သူ ဖြစ်ပါတယ်။ သူဟာ Lisa ဟာ လူသစ်တန်းဘဝတည်းက ယုံကြည်စိတ်ချရသူတွေထဲမှာ ပါဝင်ခဲ့သူဖြစ်ပြီး အခုလိုဖြစ်ရပ်ကို ကြုံလိုက်ရတဲ့အတွက် Lisa အပါအဝင် ကုမ္ပဏီက လူတွေအားလုံးက အံ့အားသင့်နေကြရတယ်လို့ ဆိုပါတယ်။

“Lisa က ငယ်ငယ်လေးတည်းက နိုင်ငံရပ်ခြားမှာ တစ်ယောက်တည်း လာနေရတဲ့သူဖြစ်လို့ ဒီလိုကိစ္စတွေမှာ မသိနားမလည်တဲ့ ကောင်မလေးတစ်ယောက်ပါ။ ဒီလိုကိစ္စတွေ ဒီလောကထဲမှာ ဖြစ်လာတာဟာလည်း သိပ်ကိုဆိုးရွားပါတယ်။ ဒါဟာ ကုမ္ပဏီရဲ့ စီမံခန့်ခွဲမှု ပုံရိပ်ကို ကျဆင်းစေနိုင်တဲ့ လေးနက်တဲ့ ကိစ္စတစ်ခုလည်း ဖြစ်ပါတယ် …” လို့ နီးစပ်တဲ့အတွင်းသတင်းတစ်ခုက ပြောထားပါတယ်။

Photo: lalalalisa_m/ Instagram

Lisa ကတော့ သစ္စာအဖောက်ခံရလိုက်တဲ့ ခံစားချက်နဲ့အတူ ကြောက်ရွံ့ထိတ်လန့်ပြီး စိတ်လှုပ်ရှားတဲ့ အခြေအနေမျိုး ဖြစ်နေတယ်လို့ သိရပါတယ်။ ဒီသတင်းနဲ့ ပတ်သက်ပြီး YG Entertainment ကလည်း အတည်ပြုထားကာ တောင်းပန်စကား ဆိုထားပါတယ်။

“ကျွန်တော်တို့ ရုံးတွင်းမှာ စုံစမ်းစစ်ဆေးကြည့်လိုက်တဲ့အခါ Lisa ဟာ သူမရဲ့မန်နေဂျာဟောင်း A ရဲ့ လိမ်ညာမှုကို ခံလိုက်ရတယ်ဆိုတာ သိလိုက်ရပါတယ်။ မန်နေဂျာ A ဟာ Lisa ယုံကြည်ခဲ့ရသူလည်း ဖြစ်တာကြောင့် အခုကိစ္စကို တိုးတိုးတိတ်တိတ်နဲ့ လုပ်ဆောင်ပေးဖို့ ကာယကံရှင်ဖြစ်တဲ့ Lisa က ဆန္ဒပြုထားပါတယ်။ မန်နေဂျာ A ဟာ သူယူထားတဲ့ ပိုက်ဆံတွေထဲက တစ်ချို့တစ်ဝက်ကိုတော့ ပြန်ပေးပြီးပြီလို့ သိရပါတယ်။ ကျန်တဲ့ပမာဏကိုတော့ သင့်တော်သလို ပြန်ခွဲပေးသွားမယ်လို့ သဘောတူထားပါတယ်။ အခုလက်ရှိမှာ မန်နေဂျာ A ဟာ YG ရဲ့ ဝန်ထမ်းလည်း မဟုတ်တော့ပါဘူး…။”

Photo: lalalalisa_m/ Instagram

“အခုလိုကိစ္စတွေဖြစ်လာပြီး ကျွန်တော်တို့ artist ကို ချစ်ပေးကြတဲ့ ပရိသတ်တွေအတွက် စိတ်ပူစရာတွေ ဖြစ်စေခဲ့လို့ ဦးညွတ်ပြီး တောင်းပန်ပါတယ်။ မန်နေဂျာ A ရဲ့ လက်မခံနိုင်ဖွယ်ရာ လုပ်ရပ်ကြောင့် ကျွန်တော်တို့အနေနဲ့ အရှက်ရမိပါတယ်။ စီမံခန့်ခွဲမှုနဲ့ ကြီးကြပ်ကွပ်ကဲရေးတို့နဲ့ ပတ်သက်ပြီး ကျွန်တော်တို့မှာ တာဝန်ရှိတယ်လို့လည်း ခံစားရပါတယ်။ ဒီလိုမျိုး နောက်တစ်ခါ ထပ်မဖြစ်နိုင်အောင် ကာကွယ်မှုအပိုင်းတွေကိုလည်း အခုကစပြီး လုပ်ဆောင်နေပါတယ်… ” လို့ YG  က ကြေငြာချက် ထုတ်ပြန်ထားပါတယ်။

LaNina

Source: allkpop, soompi

(Zawgyi Version)

BLACKPINK အဖြဲ႕က Lisa ဟာ မန္ေနဂ်ာေဟာင္းရဲ႕ လွည့္ဖ်ားမႈနဲ႔ ဝမ္(၁)ဘီလ်ံခန႔္ အလိမ္ခံလိုက္ရတယ္လို႔ သိရပါတယ္။ A လို႔ လူေတြေခၚၾကတဲ့ အဆိုပါ မန္ေနဂ်ာေဟာင္းဟာ YG Entertainment မွာ ကာလၾကာရွည္စြာ အလုပ္လုပ္ခဲ့သူတစ္ဦးျဖစ္ၿပီး အေမရိကန္ေဒၚလာ (၈)သိန္းနဲ႔ ညီမွ်တဲ့ ဝမ္(၁)ဘီလ်ံကို Lisa ဆီက လိမ္လည္သြားတာ ျဖစ္ပါတယ္။

အဆိုပါ မန္ေနဂ်ာ A ဟာ Lisa ရွာေဖြထားတဲ့ ေငြေၾကးေတြကို အိမ္ၿခံေျမေစ်းကြက္မွာ ျမႇဳပ္ႏွံေပးမယ္လို႔ ေျပာလာၿပီး Lisa က ယုံယုံၾကည္ၾကည္နဲ႔ ေပးအပ္လိုက္တဲ့အခါ အားလုံးကို ေလာင္းကစားလုပ္ပစ္လိုက္တယ္လို႔ သတင္းဌာနေတြရဲ႕ ေဖာ္ျပခ်က္အရ သိရပါတယ္။

Photo: lalalalisa_m/ Instagram

မန္ေနဂ်ာ A ဟာ BLACKPINK အဖြဲ႕ ပြဲထြက္တဲ့အခ်ိန္တည္းက အဖြဲ႕အတြက္ အလုပ္လုပ္ေပးလာခဲ့သူျဖစ္ၿပီး YG ကုမၸဏီထဲမွာလည္း ယုံၾကည္ရသူတစ္ေယာက္အျဖစ္ လူသိမ်ားခဲ့သူ ျဖစ္ပါတယ္။ သူဟာ Lisa ဟာ လူသစ္တန္းဘဝတည္းက ယုံၾကည္စိတ္ခ်ရသူေတြထဲမွာ ပါဝင္ခဲ့သူျဖစ္ၿပီး အခုလိုျဖစ္ရပ္ကို ႀကဳံလိုက္ရတဲ့အတြက္ Lisa အပါအဝင္ ကုမၸဏီက လူေတြအားလုံးက အံ့အားသင့္ေနၾကရတယ္လို႔ ဆိုပါတယ္။

“Lisa က ငယ္ငယ္ေလးတည္းက ႏိုင္ငံရပ္ျခားမွာ တစ္ေယာက္တည္း လာေနရတဲ့သူျဖစ္လို႔ ဒီလိုကိစၥေတြမွာ မသိနားမလည္တဲ့ ေကာင္မေလးတစ္ေယာက္ပါ။ ဒီလိုကိစၥေတြ ဒီေလာကထဲမွာ ျဖစ္လာတာဟာလည္း သိပ္ကိုဆိုး႐ြားပါတယ္။ ဒါဟာ ကုမၸဏီရဲ႕ စီမံခန႔္ခြဲမႈ ပုံရိပ္ကို က်ဆင္းေစႏိုင္တဲ့ ေလးနက္တဲ့ ကိစၥတစ္ခုလည္း ျဖစ္ပါတယ္ …” လို႔ နီးစပ္တဲ့အတြင္းသတင္းတစ္ခုက ေျပာထားပါတယ္။

Photo: lalalalisa_m/ Instagram

Lisa ကေတာ့ သစၥာအေဖာက္ခံရလိုက္တဲ့ ခံစားခ်က္နဲ႔အတူ ေၾကာက္႐ြံ႕ထိတ္လန႔္ၿပီး စိတ္လႈပ္ရွားတဲ့ အေျခအေနမ်ိဳး ျဖစ္ေနတယ္လို႔ သိရပါတယ္။ ဒီသတင္းနဲ႔ ပတ္သက္ၿပီး YG Entertainment ကလည္း အတည္ျပဳထားကာ ေတာင္းပန္စကား ဆိုထားပါတယ္။

“ကြၽန္ေတာ္တို႔ ႐ုံးတြင္းမွာ စုံစမ္းစစ္ေဆးၾကည့္လိုက္တဲ့အခါ Lisa ဟာ သူမရဲ႕မန္ေနဂ်ာေဟာင္း A ရဲ႕ လိမ္ညာမႈကို ခံလိုက္ရတယ္ဆိုတာ သိလိုက္ရပါတယ္။ မန္ေနဂ်ာ A ဟာ Lisa ယုံၾကည္ခဲ့ရသူလည္း ျဖစ္တာေၾကာင့္ အခုကိစၥကို တိုးတိုးတိတ္တိတ္နဲ႔ လုပ္ေဆာင္ေပးဖို႔ ကာယကံရွင္ျဖစ္တဲ့ Lisa က ဆႏၵျပဳထားပါတယ္။ မန္ေနဂ်ာ A ဟာ သူယူထားတဲ့ ပိုက္ဆံေတြထဲက တစ္ခ်ိဳ႕တစ္ဝက္ကိုေတာ့ ျပန္ေပးၿပီးၿပီလို႔ သိရပါတယ္။ က်န္တဲ့ပမာဏကိုေတာ့ သင့္ေတာ္သလို ျပန္ခြဲေပးသြားမယ္လို႔ သေဘာတူထားပါတယ္။ အခုလက္ရွိမွာ မန္ေနဂ်ာ A ဟာ YG ရဲ႕ ဝန္ထမ္းလည္း မဟုတ္ေတာ့ပါဘူး…။”

Photo: lalalalisa_m/ Instagram

“အခုလိုကိစၥေတြျဖစ္လာၿပီး ကြၽန္ေတာ္တို႔ artist ကို ခ်စ္ေပးၾကတဲ့ ပရိသတ္ေတြအတြက္ စိတ္ပူစရာေတြ ျဖစ္ေစခဲ့လို႔ ဦးၫြတ္ၿပီး ေတာင္းပန္ပါတယ္။ မန္ေနဂ်ာ A ရဲ႕ လက္မခံႏိုင္ဖြယ္ရာ လုပ္ရပ္ေၾကာင့္ ကြၽန္ေတာ္တို႔အေနနဲ႔ အရွက္ရမိပါတယ္။ စီမံခန႔္ခြဲမႈနဲ႔ ႀကီးၾကပ္ကြပ္ကဲေရးတို႔နဲ႔ ပတ္သက္ၿပီး ကြၽန္ေတာ္တို႔မွာ တာဝန္ရွိတယ္လို႔လည္း ခံစားရပါတယ္။ ဒီလိုမ်ိဳး ေနာက္တစ္ခါ ထပ္မျဖစ္ႏိုင္ေအာင္ ကာကြယ္မႈအပိုင္းေတြကိုလည္း အခုကစၿပီး လုပ္ေဆာင္ေနပါတယ္… ” လို႔ YG  က ေၾကျငာခ်က္ ထုတ္ျပန္ထားပါတယ္။

LaNina

Source: allkpop, soompi

 

RELATED ARTICLES

Most Popular