HomeEntertainmentMusicMegan Thee Stallion နဲ့ Dua Lipa တို့ရဲ့ အမိုက်စားသီချင်းအသစ် Sweetest Pie

Megan Thee Stallion နဲ့ Dua Lipa တို့ရဲ့ အမိုက်စားသီချင်းအသစ် Sweetest Pie

၂၀၂၂ ခုနှစ်အတွက် လူငယ်တွေကြားမှာ ဟော့ဦးမယ့် အမိုက်စား ညှို့အားပြင်း သီချင်းတစ်ပုဒ် ထွက်ရှိလာပါတယ်။ အဲဒါကတော့ Megan Thee Stallion နဲ့ Dua Lipa တို့ရဲ့ Sweetest Pie ဆိုတဲ့ သီချင်းအသစ်ပဲ ဖြစ်ပါတယ်။

Sweetest Pie ကိုတော့ မနေ့က မတ်လ(၁၁)ရက်နေ့မှာ ထွက်ရှိလိုက်တာ ဖြစ်ပြီး အကြမ်းစား ညှို့အားတွေနဲ့ ဖန်တီးထားတဲ့ music video ပါ တပါတည်း ထွက်ရှိလာပါတယ်။ music video ထဲမှာတော့ ဆန်းကြယ်တဲ့ တောအုပ်ကြီးထဲက အလှနတ်ဘုရားမ နှစ်ယောက်အဖြစ် Megan နဲ့ Dua တို့ကို တွေ့ရှိရမှာ ဖြစ်ပါတယ်။ သီချင်းကတော့ မြူးကြွတဲ့ upbeat တွေနဲ့ ဖွဲ့စည်းတည်ဆောက်ထားတဲ့ ပေါ့ပ်အမျိုးအစား ဖြစ်ပါတယ်။

Photo: theestallion/ Instagram

ဒီပေါင်းစပ်ဖန်တီးမှုကတော့ Megan နဲ့ Dua တို့ရဲ့ ပထမဆုံး ဖြစ်ပါတယ်။ ဒီသီချင်း ဖြစ်ပေါ်လာပုံကတော့ ၂၀၂၁ ခုနှစ် ဇွန်လလောက်တုန်းက မြစ်ဖျားခံခဲ့တာ ဖြစ်ပါတယ်။ အဲဒါကတော့ ပရိသတ်ထဲက ပြန်လည် ဖန်တီးထားတဲ့ Megan နဲ့ Cardi B တို့ရဲ့ WAP သီချင်းနဲ့ Dua Lipa ရဲ့ Levitating သီချင်းကို mashup လုပ်ထားတဲ့အကြောင်း အင်တာဗျူးတစ်ခုမှာ Megan ကို မေးမြန်းခဲ့တာ ဖြစ်ပါတယ်။

“Dua Lipa အကြောင်း မေးလာပြီလား။ ကျွန်မ Dua Lipa ကို အရမ်းကြိုက်တယ်။ သူက အရမ်းဟော့တာလေ။ သူနဲ့ သီချင်းတစ်ပုဒ်လောက် တကယ် လုပ်ချင်တယ်။ အဲဒီ mashup ကို တွစ်တာမှာ တွေ့လိုက်တယ်။ တော်တော်မိုက်တာပဲ … ” လို့ Megan က ပြောခဲ့ပါတယ်။ ဒီစကားကို ပြန်ကြားသွားတဲ့ Dua Lipa ကတော့ “ရှင့်ကို ချစ်တယ် Megan ရေ … အဲဒါကို လုပ်လိုက်ကြရအောင် … ” လို့ သူမရဲ့ အင်စတာဂရမ် စတိုရီမှာ ပြန်တင်ပြီး အသိပေးခဲ့ပါတယ်။

Sweetest Pie ကတော့ Megan Thee Stallion ရဲ့ ဒုတိယမြောက် စတူဒီယိုအယ်လ်ဘမ်မှာ ပါဝင်မယ့် ဆင်ဂယ်လ်သီချင်း ဖြစ်ပါတယ်။ အချိုမြိန်ဆုံး pie မုန့်လေးရဲ့ အရသာကို မြည်းစမ်း နားထောင်ကြည့်ပြီးရင် စာဖတ်သူတို့ရဲ့ အမြင်ကိုလည်း ကောမန့်မှာ ပြန်လည် မျှဝေခဲ့ပါဦး။

Glasgow

RELATED ARTICLES

Most Popular