HomeEntertainmentMusicJessie J ရဲ့ အင်တာဗျူးကို ပါးပါးလေး စော်လိုက်တဲ့ Nicki Minaj 

Jessie J ရဲ့ အင်တာဗျူးကို ပါးပါးလေး စော်လိုက်တဲ့ Nicki Minaj 

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

နာမည်ကျော် ရက်ပ်ပါ Nicki Minaj ကတော့ မကြာသေးခင်က အင်တာဗျူးတစ်ခုမှာ အဆိုတော် Jessie J ရဲ့ ပြောစကားတစ်ခုကြောင့် စိတ်အနှောင့်အယှက် ဖြစ်သွားပုံ ရပါတယ်။

အဲဒါကတော့ Jessie J ဟာ Glamour မဂ္ဂဇင်းနဲ့ အင်တာဗျူးမှာ Bang Bang သီချင်းအကြောင်းကို ပြောထားတဲ့ကိစ္စ ဖြစ်ပါတယ်။ Bang Bang သီချင်းဟာ Jessie J ၊ Ariana Grande နဲ့ Nicki Minaj တို့သုံးယောက် ပူးပေါင်းဖန်တီးထားတဲ့ နာမည်ကျော် သီချင်းတစ်ပုဒ် ဖြစ်ပြီး ဒီသီချင်းနဲ့ ပတ်သက်လို့ အမှတ်တရတွေ ပြန်ပြောရာမှာ Nicki  က ဒီသီချင်းမှာ ပါချင်တယ်ဆိုလို့ သုံးယောက် ဖြစ်လာတယ်ဆိုတဲ့ စကားကြောင့် ဖြစ်ပါတယ်။

Photo: nickiminaj/ Instagram

ဒီစကားနဲ့ ပတ်သက်ပြီး အသက်(၃၈)နှစ်အရွယ် Nicki ကတော့ သူမရဲ့တွစ်တာအကောင့်မှာ Jessie J ကို မန်းရှင်းခေါ်ပြီး ပြန်ဖြဲထားတာ ဖြစ်ပါတယ်။ “အသည်းလေး Jessie J ရေ … ငါက အဲဒီသီချင်းကို ကြားပြီး ပါ,ပါရစေလို့ ခွင့်တောင်းခဲ့တာ မဟုတ်ဘူးပါဟယ်။ ဓာတ်ပြားတိုက်က ငါ့ကို ဒီထဲမှာ ပါခိုင်းပြီး ပိုက်ဆံပေးခဲ့တာပါ … ”

“ငါက အဲဒီသီချင်းကို ဘယ်ကနေ ဘယ်လို ကြားရမှာတုန်း? ငါ့ကို monitor ကြီးများ မှတ်နေလို့လား ?? … ငါက သီချင်းတွေကို တိတ်တိတ်လေး လိုက်ရှာဖွေ မွှေနှောက်နေရမှာလားဟယ် … ဂယက်တွေပါ။ ဒီစကားမျိုးပဲ ဟိုတလောလေးက တစ်ယောက်က ပြောထားသေးတယ်။ တော်ကြပါတော့ … ချစ်တယ်နော် … ” လို့ Nicki က သူမရဲ့ တွစ်တာမှာ ပြောထားတာ ဖြစ်ပါတယ်။

Photo: nickiminaj/ Twitter

အင်တာဗျူးထဲမှာ Jessie J ပြောထားတာကတော့ “Bang Bang ကို Max Martin က ရေးထားတာပါ။ ပြီးတော့ အဲဒါကို Ariana ဆိုတယ်။ ကျွန်မလည်း ဆိုတယ်။ ကျွန်မတို့နှစ်ယောက်လုံး ဒီသီချင်းကို ကြိုက်ကြတယ်။ အဲဒါနဲ့ ကျွန်မတို့နှစ်ယောက်လုံးလည်း ဒါဆိုရင် ငါတို့ လုပ်လိုက်ကြမယ်ပေါ့။ ပြီးတော့ Ariana က ဒုတိယပိုဒ်ကို ဆိုတယ်။ ကျွန်မက ပထမပိုဒ်ကို ဆိုတယ် … ”

“အဲဒီနောက် Nicki က ဒီသီချင်းကို စတူဒီယိုမှာ ကြားသွားပြီး သူလည်း ပါမယ်ပေါ့။ ကျွန်မတို့က သူ့ကို ပါမလားလို့ သွားမေးတာ မဟုတ်ဘူး။ သူကလည်း ဒီသီချင်းကို ကြိုက်ပြီး ဆိုချင်တာ။ ကျွန်မ ဘယ်တော့မှ မေ့မှာ မဟုတ်ဘူး။ အဲဒီတုန်းက ကျွန်မက လန်ဒန်က တိုက်ခန်းမှာ။ အိပ်ရာပေါ်မှာ လှဲနေတုန်း Nicki ပါတဲ့ ဗားရှင်းက ကျွန်မဆီ ရောက်လာတာ …  ”

Photo: jessiej_fan_mmhb/ Instagram

“အဲဒီမှာ ကျွန်မ အိပ်ရာအစွန်းလေးမှာ ဖုန်းလေးကို ကိုင်ပြီး ထိုင်နေမိတာ။ ပြီးတော့ ကြမ်းပြင်ကို ငေးကြည့်နေမိတယ်။ ငါက ဘယ်လိုလုပ် ဒီသီချင်းလေးကို ရလိုက်မိတာပါလိမ့်ပေါ့။ အဲဒီအချိန်မှာ ပြိုင်ပွဲတစ်ခုကို ပြိုင်ပြီး အနိုင်ရသွားသလိုပဲ ခံစားခဲ့ရတယ် … ” လို့ Jessie J က ဆိုထားတာပါ။

Jessie ရဲ့ စကားအရ သူမဟာ Nicki ကို မကောင်းတဲ့စိတ် တစ်ခုခုနဲ့ ရည်ရွယ်ပြီး ပြောလိုက်တာ မဟုတ်ပေမယ့် Nicki ဘက်ကတော့ သူမအပေါ် ကျောတယ်လို့ ထင်သွားတာ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ တကယ်ဆိုရင် Jessie ဟာ Nicki ပါဝင် သီဆိုထားတဲ့ ဗားရှင်းနဲ့ကျမှ သီချင်းရဲ့ တကယ့် ပြီးပြည့်စုံမှုကို ခံစားလိုက်ရကြောင်း ချီးမွမ်းပြီးတောင် ပြောထားတာပါ။

ဒါတင်မက Bang Bang လို သီချင်းမျိုးဟာ မိန်းကလေးတွေရဲ့ စွမ်းအားကို အကောင်းဆုံး ဖော်ပြနိုင်တဲ့ သီချင်းတစ်ပုဒ် ဖြစ်ပြီး အလားတူ သီချင်းမျိုးတွေ ထပ်လုပ်ချင်တဲ့ ဆန္ဒမျိုးတောင် သူမမှာ ရှိသေးတယ်လို့လည်း Jessie က ဆိုထားတာ ဖြစ်ပါတယ်။

Glasgow

Source: hollywoodlife

(Zawgyi Version)

နာမည္ေက်ာ္ ရက္ပ္ပါ Nicki Minaj ကေတာ့ မၾကာေသးခင္က အင္တာဗ်ဴးတစ္ခုမွာ အဆိုေတာ္ Jessie J ရဲ႕ ေျပာစကားတစ္ခုေၾကာင့္ စိတ္အေႏွာင့္အယွက္ ျဖစ္သြားပုံ ရပါတယ္။

အဲဒါကေတာ့ Jessie J ဟာ Glamour မဂၢဇင္းနဲ႔ အင္တာဗ်ဴးမွာ Bang Bang သီခ်င္းအေၾကာင္းကို ေျပာထားတဲ့ကိစၥ ျဖစ္ပါတယ္။ Bang Bang သီခ်င္းဟာ Jessie J ၊ Ariana Grande နဲ႔ Nicki Minaj တို႔သုံးေယာက္ ပူးေပါင္းဖန္တီးထားတဲ့ နာမည္ေက်ာ္ သီခ်င္းတစ္ပုဒ္ ျဖစ္ၿပီး ဒီသီခ်င္းနဲ႔ ပတ္သက္လို႔ အမွတ္တရေတြ ျပန္ေျပာရာမွာ Nicki  က ဒီသီခ်င္းမွာ ပါခ်င္တယ္ဆိုလို႔ သုံးေယာက္ ျဖစ္လာတယ္ဆိုတဲ့ စကားေၾကာင့္ ျဖစ္ပါတယ္။

Photo: nickiminaj/ Instagram

ဒီစကားနဲ႔ ပတ္သက္ၿပီး အသက္(၃၈)ႏွစ္အ႐ြယ္ Nicki ကေတာ့ သူမရဲ႕တြစ္တာအေကာင့္မွာ Jessie J ကို မန္းရွင္းေခၚၿပီး ျပန္ၿဖဲထားတာ ျဖစ္ပါတယ္။ “အသည္းေလး Jessie J ေရ … ငါက အဲဒီသီခ်င္းကို ၾကားၿပီး ပါ,ပါရေစလို႔ ခြင့္ေတာင္းခဲ့တာ မဟုတ္ဘူးပါဟယ္။ ဓာတ္ျပားတိုက္က ငါ့ကို ဒီထဲမွာ ပါခိုင္းၿပီး ပိုက္ဆံေပးခဲ့တာပါ … ”

“ငါက အဲဒီသီခ်င္းကို ဘယ္ကေန ဘယ္လို ၾကားရမွာတုန္း? ငါ့ကို monitor ႀကီးမ်ား မွတ္ေနလို႔လား ?? … ငါက သီခ်င္းေတြကို တိတ္တိတ္ေလး လိုက္ရွာေဖြ ေမႊေႏွာက္ေနရမွာလားဟယ္ … ဂယက္ေတြပါ။ ဒီစကားမ်ိဳးပဲ ဟိုတေလာေလးက တစ္ေယာက္က ေျပာထားေသးတယ္။ ေတာ္ၾကပါေတာ့ … ခ်စ္တယ္ေနာ္ … ” လို႔ Nicki က သူမရဲ႕ တြစ္တာမွာ ေျပာထားတာ ျဖစ္ပါတယ္။

Photo: nickiminaj/ Twitter

အင္တာဗ်ဴးထဲမွာ Jessie J ေျပာထားတာကေတာ့ “Bang Bang ကို Max Martin က ေရးထားတာပါ။ ၿပီးေတာ့ အဲဒါကို Ariana ဆိုတယ္။ ကြၽန္မလည္း ဆိုတယ္။ ကြၽန္မတို႔ႏွစ္ေယာက္လုံး ဒီသီခ်င္းကို ႀကိဳက္ၾကတယ္။ အဲဒါနဲ႔ ကြၽန္မတို႔ႏွစ္ေယာက္လုံးလည္း ဒါဆိုရင္ ငါတို႔ လုပ္လိုက္ၾကမယ္ေပါ့။ ၿပီးေတာ့ Ariana က ဒုတိယပိုဒ္ကို ဆိုတယ္။ ကြၽန္မက ပထမပိုဒ္ကို ဆိုတယ္ … ”

“အဲဒီေနာက္ Nicki က ဒီသီခ်င္းကို စတူဒီယိုမွာ ၾကားသြားၿပီး သူလည္း ပါမယ္ေပါ့။ ကြၽန္မတို႔က သူ႔ကို ပါမလားလို႔ သြားေမးတာ မဟုတ္ဘူး။ သူကလည္း ဒီသီခ်င္းကို ႀကိဳက္ၿပီး ဆိုခ်င္တာ။ ကြၽန္မ ဘယ္ေတာ့မွ ေမ့မွာ မဟုတ္ဘူး။ အဲဒီတုန္းက ကြၽန္မက လန္ဒန္က တိုက္ခန္းမွာ။ အိပ္ရာေပၚမွာ လွဲေနတုန္း Nicki ပါတဲ့ ဗားရွင္းက ကြၽန္မဆီ ေရာက္လာတာ …  ”

Photo: jessiej_fan_mmhb/ Instagram

“အဲဒီမွာ ကြၽန္မ အိပ္ရာအစြန္းေလးမွာ ဖုန္းေလးကို ကိုင္ၿပီး ထိုင္ေနမိတာ။ ၿပီးေတာ့ ၾကမ္းျပင္ကို ေငးၾကည့္ေနမိတယ္။ ငါက ဘယ္လိုလုပ္ ဒီသီခ်င္းေလးကို ရလိုက္မိတာပါလိမ့္ေပါ့။ အဲဒီအခ်ိန္မွာ ၿပိဳင္ပြဲတစ္ခုကို ၿပိဳင္ၿပီး အႏိုင္ရသြားသလိုပဲ ခံစားခဲ့ရတယ္ … ” လို႔ Jessie J က ဆိုထားတာပါ။

Jessie ရဲ႕ စကားအရ သူမဟာ Nicki ကို မေကာင္းတဲ့စိတ္ တစ္ခုခုနဲ႔ ရည္႐ြယ္ၿပီး ေျပာလိုက္တာ မဟုတ္ေပမယ့္ Nicki ဘက္ကေတာ့ သူမအေပၚ ေက်ာတယ္လို႔ ထင္သြားတာ ျဖစ္ေကာင္းျဖစ္ႏိုင္ပါတယ္။ တကယ္ဆိုရင္ Jessie ဟာ Nicki ပါဝင္ သီဆိုထားတဲ့ ဗားရွင္းနဲ႔က်မွ သီခ်င္းရဲ႕ တကယ့္ ၿပီးျပည့္စုံမႈကို ခံစားလိုက္ရေၾကာင္း ခ်ီးမြမ္းၿပီးေတာင္ ေျပာထားတာပါ။

ဒါတင္မက Bang Bang လို သီခ်င္းမ်ိဳးဟာ မိန္းကေလးေတြရဲ႕ စြမ္းအားကို အေကာင္းဆုံး ေဖာ္ျပႏိုင္တဲ့ သီခ်င္းတစ္ပုဒ္ ျဖစ္ၿပီး အလားတူ သီခ်င္းမ်ိဳးေတြ ထပ္လုပ္ခ်င္တဲ့ ဆႏၵမ်ိဳးေတာင္ သူမမွာ ရွိေသးတယ္လို႔လည္း Jessie က ဆိုထားတာ ျဖစ္ပါတယ္။

Glasgow

Source: hollywoodlife

 

RELATED ARTICLES

Most Popular