HomeCelebs Update NewsKoreaရေတပ်မှာ စစ်မှုထမ်းဆောင်ဖို့ လျှောက်လွှာတင်ထားတဲ့ Park Bo Gum

ရေတပ်မှာ စစ်မှုထမ်းဆောင်ဖို့ လျှောက်လွှာတင်ထားတဲ့ Park Bo Gum

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

ယနေ့ ဇွန်လ(၂)ရက်နေ့မှာ သရုပ်ဆောင် Park Bo Gum ရဲ့အေဂျင်စီ Blossom Entertainment ဟာ Park Bo Gum အနေနဲ့ ယခုနှစ်အတွင်းမှာ စစ်မှုထမ်းဆောင်ရနိုင်ချေ ရှိတဲ့အကြောင်းကို တရားဝင် သတင်းထုတ်ပြန်လိုက်ပါတယ်။

Park Bo Gum ဟာ ရေတပ်မှာ တာဝန်ထမ်းဆောင်ဖို့ လျှောက်လွှာတင်ထားတယ်လို့ အေဂျင်စီက ထုတ်ပြန်ထားပါတယ်။ စစ်မှုထမ်းဆောင်ဖို့ရန်အတွက် ဇွန်လ(၁)ရက်နေ့မှာ လူတွေ့စစ်ဆေးမှု ပြုလုပ်ထားပြီး တကယ်လို့ အောင်မြင်မယ်ဆိုရင် ဩဂုတ်လမှာ တာဝန်ထမ်းဆောင်ရနိုင်ဖို့ များတယ်လို့ ဆိုထားပါတယ်။

Photo: parkb0gum/ Instagram

“သူက တိုးတိုးတိတ်တိတ်ပဲ လုပ်တတ်တာကြောင့် အခုကိစ္စကိုလည်း အေဂျင်စီမှာတောင် လူအနည်းစုပဲ သိထားကြပါတယ်။ အခုအချိန်မှာ ပရိသတ်တွေအနေနဲ့ သိချင်တာတွေ အများကြီး ရှိနေဦးမှာ ဖြစ်ပေမယ့် ရလဒ်ပေါ်မှာ မူတည်ပြီး ပြောင်းလဲမှုတေွ အများကြီး ဖြစ်သွားနိုင်ပါသေးတယ်။ ဒါကြောင့် အခုလောလောဆယ်မှာတော့ အသေးစိတ်တွေကို မပြောပြနိုင်သေးတာကို နားလည်ပေးကြပါလို့ တောင်းဆိုပါတယ်…” လို့ Blossom Entertainment က ပြောထားပါတယ်။

Photo: parkb0gum/ Instagram

Park Bo Gum ရဲ့ အနုပညာလှုပ်ရှားမှုနဲ့ ပတ်သက်ရင်တော့ သူပါဝင်ထားတဲ့ Seo Bok ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားဟာ ဒီနှစ်အတွင်းမှာပဲ အထူးပွဲ ပြသဖို့ ခန့်မှန်းထားပြီး Wonderland ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားထဲမှာလည်း ပါဝင်သရုပ်ဆောင်ထားတာကို တွေ့ရပါတယ်။ ဒရာမာအနေနဲ့ကတော့ tvN က ထုတ်လွှင့်မယ့် A Record of Youth မှာ ပါဝင်ထားပါတယ်။

LaNina

Source: soompi

(Zawgyi Version)

ယေန႔ ဇြန္လ(၂)ရက္ေန႔မွာ သ႐ုပ္ေဆာင္ Park Bo Gum ရဲ႕ေအဂ်င္စီ Blossom Entertainment ဟာ Park Bo Gum အေနနဲ႔ ယခုႏွစ္အတြင္းမွာ စစ္မႈထမ္းေဆာင္ရႏိုင္ေခ် ရွိတဲ့အေၾကာင္းကို တရားဝင္ သတင္းထုတ္ျပန္လိုက္ပါတယ္။

Park Bo Gum ဟာ ေရတပ္မွာ တာဝန္ထမ္းေဆာင္ဖို႔ ေလွ်ာက္လႊာတင္ထားတယ္လို႔ ေအဂ်င္စီက ထုတ္ျပန္ထားပါတယ္။ စစ္မႈထမ္းေဆာင္ဖို႔ရန္အတြက္ ဇြန္လ(၁)ရက္ေန႔မွာ လူေတြ႕စစ္ေဆးမႈ ျပဳလုပ္ထားၿပီး တကယ္လို႔ ေအာင္ျမင္မယ္ဆိုရင္ ဩဂုတ္လမွာ တာဝန္ထမ္းေဆာင္ရႏိုင္ဖို႔ မ်ားတယ္လို႔ ဆိုထားပါတယ္။

Photo: parkb0gum/ Instagram

“သူက တိုးတိုးတိတ္တိတ္ပဲ လုပ္တတ္တာေၾကာင့္ အခုကိစၥကိုလည္း ေအဂ်င္စီမွာေတာင္ လူအနည္းစုပဲ သိထားၾကပါတယ္။ အခုအခ်ိန္မွာ ပရိသတ္ေတြအေနနဲ႔ သိခ်င္တာေတြ အမ်ားႀကီး ရွိေနဦးမွာ ျဖစ္ေပမယ့္ ရလဒ္ေပၚမွာ မူတည္ၿပီး ေျပာင္းလဲမႈေတြ အမ်ားႀကီး ျဖစ္သြားႏိုင္ပါေသးတယ္။ ဒါေၾကာင့္ အခုေလာေလာဆယ္မွာေတာ့ အေသးစိတ္ေတြကို မေျပာျပႏိုင္ေသးတာကို နားလည္ေပးၾကပါလို႔ ေတာင္းဆိုပါတယ္…” လို႔ Blossom Entertainment က ေျပာထားပါတယ္။

Photo: parkb0gum/ Instagram

Park Bo Gum ရဲ႕ အႏုပညာလႈပ္ရွားမႈနဲ႔ ပတ္သက္ရင္ေတာ့ သူပါဝင္ထားတဲ့ Seo Bok ဆိုတဲ့ ႐ုပ္ရွင္ဇာတ္ကားဟာ ဒီႏွစ္အတြင္းမွာပဲ အထူးပြဲ ျပသဖို႔ ခန႔္မွန္းထားၿပီး Wonderland ဆိုတဲ့ ႐ုပ္ရွင္ဇာတ္ကားထဲမွာလည္း ပါဝင္သ႐ုပ္ေဆာင္ထားတာကို ေတြ႕ရပါတယ္။ ဒရာမာအေနနဲ႔ကေတာ့ tvN က ထုတ္လႊင့္မယ့္ A Record of Youth မွာ ပါဝင္ထားပါတယ္။

LaNina

Source: soompi

RELATED ARTICLES

Most Popular