HomeFood၀ိတ္ခ်ဖို႔ႀကိဳးစားေနသူေတြ ဘာလို႔ Green Tea လက္ဖက္ရည္ၾကမ္းကို ေသာက္သင့္သလဲ

၀ိတ္ခ်ဖို႔ႀကိဳးစားေနသူေတြ ဘာလို႔ Green Tea လက္ဖက္ရည္ၾကမ္းကို ေသာက္သင့္သလဲ

အောက်တွင် ယူနီကုဒ်ဖြင့် ဖတ်ရှုပါ။

၀ိတ္ခ်ဖို႔ ႀကိဳးစားၾကရာမွာ အစားအေသာက္ထိန္းရမွာတို႔၊ ကိုယ္လက္လႈပ္ရွားမႈ ျပဳလုပ္ရမွာတို႔ကို လူအမ်ားက ေျပာေလ့ရိွၾကေပမယ့္ တကယ္ေကာင္းက်ိဳးရိွလို႔ မေျပာဘဲ ထားၾကတဲ့ လွ်ိဳ႕၀ွက္ခ်က္တစ္ခုကေတာ့ Green Tea ပဲ ျဖစ္ပါတယ္။ Green Tea ဟာ ၀ိတ္ခ်ေနသူေတြအတြက္ တကယ္အေထာက္အကူျပဳၿပီး မွီ၀ဲသင့္တဲ့ သဘာ၀ေဆးဖက္၀င္ပစၥည္းပါ။

အဆီေတြေလာင္ကၽြမ္းေစဖို႔ ကူညီေပးျခင္း။

၀ိတ္က်ဖို႔ဆိုရင္ ခႏၶာကိုယ္က ပိုေနတဲ့အဆီေတြကို ေလာင္ကၽြမ္းၿပီး ဖယ္ရွားႏိုင္ဖို႔ လိုအပ္ပါတယ္။ အဲ့ဒီ့အဆီဆဲေတြကို ခႏၶာကိုယ္က ဘယ္လိုဖယ္ရွားလည္းဆိုေတာ့ အဆီဆဲလ္ေတြကို ၿဖိဳခြဲၿပီး ေသြးထဲမွာအတူတူ ေရာ၀င္စီးဆင္းေစပါတယ္။ သဘာ၀ Green Tea မွာ အဲ့ဒီ့ျဖစ္စဥ္ကို အားေပးတဲ့ အန္တီေအာက္ဆီးဒင့္ဓာတ္ေတြ အမ်ားအျပား ပါ၀င္ပါတယ္။ ဒါေၾကာင့္ Green Tea ပုံမွန္ ေသာက္သုံးေပးေလ အဆီေလာင္ကၽြမ္းဖို႔ကို ပိုၿပီးလြယ္ကူေလ ျဖစ္ပါတယ္။

Photo: pixabay
အစာစားခ်င္စိတ္မျဖစ္ေစဘဲ တင္းတိမ္ေစျခင္း။

၀ိတ္က်ခ်င္တဲ့လူေတြအားလုံး ရင္ဆိုင္ရတဲ့ အခက္အခဲဟာ ရိွေနတဲ့ အဆီပိုေတြဆိုတာထက္ အစားနဲ႔ပါးစပ္ မျပတ္ခ်င္တဲ့စိတ္ပဲ ျဖစ္ပါတယ္။ Green Tea ဟာ အစာစားခ်င္းစိတ္ကို ထိန္းခ်ဳပ္ေပးၿပီး တင္းတိမ္ေစတာေၾကာင့္ ေန႔လယ္ဘက္မွာ ေရေႏြးၾကမ္းေလးတစ္ခြက္ ေသာက္သုံးေပးလိုက္ရုံနဲ႔ သြားရည္စာေတြကို ခဏခဏေတာင့္တေနတာမ်ိဳးကို ထိန္းခ်ဳပ္လာႏိုင္မွာ ျဖစ္ပါတယ္။ သြားရည္စာေတြ မစားျဖစ္ေလ ၀ိတ္ပိုက်ႏိုင္ေလမို႔ ေန႔လယ္ေန႔ခင္း မုန္႔စားခ်ိန္မွာ Green Tea လက္ဖက္ရည္ေလးတစ္ခြက္နဲ႔ ကိုယ့္ရဲ႕ေဘာ္ဒီအလွကို ထိန္းသိမ္းႏိုင္ပါတယ္ေနာ္။

ေလ့က်င့္ခန္းကို ပိုထိေရာက္ေစျခင္း။

တစ္ေန႔ကို Green Tea တစ္ခြက္ (သို႔မဟုတ္) ႏွစ္ခြက္ေလာက္ ေသာက္ေပးျခင္းဟာ သင္ေန႔စဥ္ျပဳလုပ္ေနတဲ့ ေလ့က်င့္ခန္းကို ပိုၿပီးထိေရာက္မႈ ရိွေစပါတယ္။ မၾကာေသးမီက ျပဳလုပ္ထားတဲ့ ရွာေဖြစမ္းသပ္မႈတစ္ခုအရ Green Tea ေသာက္ၿပီး ေလ့က်င့္ခန္းလုပ္သူေတြဟာ ေလ့က်င့္ခန္းခ်ည္းပဲ လုပ္သူေတြထက္ (၁၇)ရာခိုင္ႏႈန္း အဆီပိုေလာင္ကၽြမ္းၾကတယ္လို႔ သိရပါတယ္။

Photo: pixabay
အစာေခ်စနစ္ကို ပိုေကာင္းမြန္ေစျခင္း။

Green Tea ဟာ အစာေခ်စနစ္ကို ပိုမိုေကာင္းမြန္ျမန္ဆန္ေစပါတယ္။ အားလုံးသိထားၾကတဲ့အတိုင္းပဲ အစာေခ်စနစ္ ျမန္ဆန္ေလ၊ အဆီေတြ ပိုေလာင္ကၽြမ္းေလ၊ ၀ိတ္ပိုက်ေလ ျဖစ္ပါတယ္။ ဒါေၾကာင့္ Green Tea ေလး ပုံမွန္ေသာက္သုံးေပးမယ္ဆိုရင္ ဗိုက္ထဲမွာ ျပည့္က်ပ္ညပ္တဲ့ ဖီလင္မ်ိဳးမရိွေတာ့ဘဲ ရွင္းရွင္းေလးနဲ႔ ေပါ့ေပါ့ပါးပါး ေနလို႔ထုိင္လို႔ပါ ေကာင္းမြန္ေစပါလိမ့္မယ္။

ကဲ … ဒါဆိုရင္ ၀ိတ္က်ခ်င္လို႔ Diet လုပ္ေနသူေလးေတြပဲျဖစ္ျဖစ္၊ ေလ့က်င့္ခန္းလုပ္ေနသူေတြပဲျဖစ္ျဖစ္ Green Tea ေလးကိုလည္း လက္စြဲေတာ္ေလးအျဖစ္ မွီ၀ဲလုိက္မယ္ဆိုရင္ ခ်ိဖတို႔ ခ်ိမတို႔လိုခ်င္တဲ့ သြယ္လ်လွပေသာ ပန္းတိုင္ေလးကို သာမန္ထက္ပိုၿပီး ျမန္ျမန္ေရာက္ႏိုင္ပါလိမ့္မယ္လို႔ ေဆာ္ၾသလိုက္ရပါတယ္ေနာ္။

Xei

Source: allwomenstalk

(Unicode Version)

ဝိတ်ချဖို့ ကြိုးစားကြရာမှာ အစားအသောက်ထိန်းရမှာတို့၊ ကိုယ်လက်လှုပ်ရှားမှု ပြုလုပ်ရမှာတို့ကို လူအများက ပြောလေ့ရှိကြပေမယ့် တကယ်ကောင်းကျိုးရှိလို့ မပြောဘဲ ထားကြတဲ့ လျှို့ဝှက်ချက်တစ်ခုကတော့ Green Tea ပဲ ဖြစ်ပါတယ်။ Green Tea ဟာ ဝိတ်ချနေသူတွေအတွက် တကယ်အထောက်အကူပြုပြီး မှီဝဲသင့်တဲ့ သဘာဝဆေးဖက်ဝင်ပစ္စည်းပါ။

အဆီတွေလောင်ကျွမ်းစေဖို့ ကူညီပေးခြင်း။

ဝိတ်ကျဖို့ဆိုရင် ခန္ဓာကိုယ်က ပိုနေတဲ့အဆီတွေကို လောင်ကျွမ်းပြီး ဖယ်ရှားနိုင်ဖို့ လိုအပ်ပါတယ်။ အဲ့ဒီ့အဆီဆဲတွေကို ခန္ဓာကိုယ်က ဘယ်လိုဖယ်ရှားလည်းဆိုတော့ အဆီဆဲလ်တွေကို ဖြိုခွဲပြီး သွေးထဲမှာအတူတူ ရောဝင်စီးဆင်းစေပါတယ်။ သဘာ၀ Green Tea မှာ အဲ့ဒီ့ဖြစ်စဉ်ကို အားပေးတဲ့ အန်တီအောက်ဆီးဒင့်ဓာတ်တွေ အများအပြား ပါဝင်ပါတယ်။ ဒါကြောင့် Green Tea ပုံမှန် သောက်သုံးပေးလေ အဆီလောင်ကျွမ်းဖို့ကို ပိုပြီးလွယ်ကူလေ ဖြစ်ပါတယ်။

Photo: pixabay
အစာစားချင်စိတ်မဖြစ်စေဘဲ တင်းတိမ်စေခြင်း။

ဝိတ်ကျချင်တဲ့လူတွေအားလုံး ရင်ဆိုင်ရတဲ့ အခက်အခဲဟာ ရှိနေတဲ့ အဆီပိုတွေဆိုတာထက် အစားနဲ့ပါးစပ် မပြတ်ချင်တဲ့စိတ်ပဲ ဖြစ်ပါတယ်။ Green Tea ဟာ အစာစားချင်းစိတ်ကို ထိန်းချုပ်ပေးပြီး တင်းတိမ်စေတာကြောင့် နေ့လယ်ဘက်မှာ ရေနွေးကြမ်းလေးတစ်ခွက် သောက်သုံးပေးလိုက်ရုံနဲ့ သွားရည်စာတွေကို ခဏခဏတောင့်တနေတာမျိုးကို ထိန်းချုပ်လာနိုင်မှာ ဖြစ်ပါတယ်။ သွားရည်စာတွေ မစားဖြစ်လေ ဝိတ်ပိုကျနိုင်လေမို့ နေ့လယ်နေ့ခင်း မုန့်စားချိန်မှာ Green Tea လက်ဖက်ရည်လေးတစ်ခွက်နဲ့ ကိုယ့်ရဲ့ဘော်ဒီအလှကို ထိန်းသိမ်းနိုင်ပါတယ်နော်။

လေ့ကျင့်ခန်းကို ပိုထိရောက်စေခြင်း။

တစ်နေ့ကို Green Tea တစ်ခွက် (သို့မဟုတ်) နှစ်ခွက်လောက် သောက်ပေးခြင်းဟာ သင်နေ့စဉ်ပြုလုပ်နေတဲ့ လေ့ကျင့်ခန်းကို ပိုပြီးထိရောက်မှု ရှိစေပါတယ်။ မကြာသေးမီက ပြုလုပ်ထားတဲ့ ရှာဖွေစမ်းသပ်မှုတစ်ခုအရ Green Tea သောက်ပြီး လေ့ကျင့်ခန်းလုပ်သူတွေဟာ လေ့ကျင့်ခန်းချည်းပဲ လုပ်သူတွေထက် (၁၇)ရာခိုင်နှုန်း အဆီပိုလောင်ကျွမ်းကြတယ်လို့ သိရပါတယ်။

Photo: pixabay
အစာချေစနစ်ကို ပိုကောင်းမွန်စေခြင်း။

Green Tea ဟာ အစာချေစနစ်ကို ပိုမိုကောင်းမွန်မြန်ဆန်စေပါတယ်။ အားလုံးသိထားကြတဲ့အတိုင်းပဲ အစာချေစနစ် မြန်ဆန်လေ၊ အဆီတွေ ပိုလောင်ကျွမ်းလေ၊ ဝိတ်ပိုကျလေ ဖြစ်ပါတယ်။ ဒါကြောင့် Green Tea လေး ပုံမှန်သောက်သုံးပေးမယ်ဆိုရင် ဗိုက်ထဲမှာ ပြည့်ကျပ်ညပ်တဲ့ ဖီလင်မျိုးမရှိတော့ဘဲ ရှင်းရှင်းလေးနဲ့ ပေါ့ပေါ့ပါးပါး နေလို့ထိုင်လို့ပါ ကောင်းမွန်စေပါလိမ့်မယ်။ ကဲ … ဒါဆိုရင် ဝိတ်ကျချင်လို့ Diet လုပ်နေသူလေးတွေပဲဖြစ်ဖြစ်၊ လေ့ကျင့်ခန်းလုပ်နေသူတွေပဲဖြစ်ဖြစ် Green Tea လေးကိုလည်း လက်စွဲတော်လေးအဖြစ် မှီဝဲလိုက်မယ်ဆိုရင် ချိဖတို့ ချိမတို့လိုချင်တဲ့ သွယ်လျလှပသော ပန်းတိုင်လေးကို သာမန်ထက်ပိုပြီး မြန်မြန်ရောက်နိုင်ပါလိမ့်မယ်လို့ ဆော်သြလိုက်ရပါတယ်နော်။

Xei

Source: allwomenstalk

 

RELATED ARTICLES

Most Popular