HomeCelebs Update NewsKoreaစစ်မှုထမ်းဝင်ရောက်သွားပြီဖြစ်တဲ့ SHINee ရဲ့ Taemin 

စစ်မှုထမ်းဝင်ရောက်သွားပြီဖြစ်တဲ့ SHINee ရဲ့ Taemin 

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

ယနေ့ မေလ(၃၁)ရက်နေ့မှာတော့ SHINee အဖွဲ့ဝင် Taemin ဟာ စစ်မှုထမ်း ဝင်ရောက်သွားပြီ ဖြစ်ပါတယ်။

Taemin ဟာ သူ့ကိုချစ်ခင်အားပေးတဲ့ ပရိသတ်တွေနဲ့ သတင်းထောက်တွေ ဝန်းရံထားတဲ့ ChungCheong တောင်ပိုင်းခရိုင်က Nonsan စစ်ရေးလေ့ကျင့်မှုစင်တာကို ဝင်ရောက်သွားတာ ဖြစ်ပါတယ်။ Taemin ဟာ အခြေခံ စစ်ရေးလေ့ကျင့်မှုတွေ သင်ယူပြီးမြောက်သွားရင်တော့ တပ်တွင်းက ဂီတတီးဝိုင်းမှာ တာဝန်ထမ်းဆောင်ရမှာ ဖြစ်ပါတယ်။

Photo: bumkeyk/ Instagram

စစ်မှုထမ်းသွားရောက်တော့မယ့် Taemin ကို နှုတ်ဆက်တဲ့အနေနဲ့ Key ကတော့ သူ့ရဲ့အင်စတာဂရမ်မှာ Taemin နဲ့ ကျန်အဖွဲ့ဝင်တွေ ရိုက်ကူးထားတဲ့ အမှတ်တရဓာတ်ပုံကို တင်ထားပြီး ဘေးကင်းစွာနဲ့ ပြန်လာခဲ့ပါလို့ ကပ်ပရှင်မှာ ရေးသားထားတာ တွေ့ရပါတယ်။

Minho ကတော့ စစ်ရေးလေ့ကျင့်မှုစင်တာကို အတူလိုက်ပို့ခဲ့ပြီး ကားပေါ်မှာ ရိုက်ထားတဲ့ ဆယ်လ်ဖီပုံကို IG မှာ တင်ထားပါတယ်။ ပုံမှာတော့ “မင်းဘက်မှာ ငါအမြဲတမ်း ရှိတယ်။ ဘေးကင်း ကျန်းမာစွာနဲ့ ပြန်လာခဲ့ပါ Taemin ရေ … ။ မင်းကို အမြဲ အားပေးချစ်ခင်နေမယ် …  ” လို့ ကပ်ပရှင် တပ်ထားတာ တွေ့ရပါတယ်။

Photo: choiminho_1209/ Instagram

SHINee အဖွဲ့ထဲမှာတော့ Taemin ဟာ နောက်ဆုံး စစ်မှုထမ်းဝင်ခဲ့သူ ဖြစ်ပါတယ်။ Onew ၊ Minho နဲ့ Key တို့ကတော့ သူတို့ရဲ့ စစ်မှုထမ်းတာဝန်ကို အသီးသီး ထမ်းဆောင်ပြီးပြီ ဖြစ်ကာ မနှစ်ကပဲ စစ်မှုထမ်းက ပြန်လာကြတာ ဖြစ်ပါတယ်။

Photo via soompi

SHINee ဟာ ပရိသတ်တွေ ကာလကြာရှည် စောင့်စားခဲ့ရတဲ့ လူစုံတက်စုံနဲ့ comeback ကိုတော့ ဖေဖော်ဝါရီလမှာ Don’t Call Me နဲ့ ပြန်လာခဲ့ပါတယ်။ Taemin ကတော့ သူ စစ်မှုထမ်း မဝင်ရောက်ခင် ယခုလအစောပိုင်းမှာပဲ Advice လို့ အမည်ရတဲ့ ဆိုလိုအယ်လ်ဘမ်ကို ထွက်ရှိထားပါတယ်။

Glasgow

Source: soompi

(Zawgyi Version)

ယေန႔ ေမလ(၃၁)ရက္ေန႔မွာေတာ့ SHINee အဖြဲ႕ဝင္ Taemin ဟာ စစ္မႈထမ္း ဝင္ေရာက္သြားၿပီ ျဖစ္ပါတယ္။

Taemin ဟာ သူ႔ကိုခ်စ္ခင္အားေပးတဲ့ ပရိသတ္ေတြနဲ႔ သတင္းေထာက္ေတြ ဝန္းရံထားတဲ့ ChungCheong ေတာင္ပိုင္းခ႐ိုင္က Nonsan စစ္ေရးေလ့က်င့္မႈစင္တာကို ဝင္ေရာက္သြားတာ ျဖစ္ပါတယ္။ Taemin ဟာ အေျခခံ စစ္ေရးေလ့က်င့္မႈေတြ သင္ယူၿပီးေျမာက္သြားရင္ေတာ့ တပ္တြင္းက ဂီတတီးဝိုင္းမွာ တာဝန္ထမ္းေဆာင္ရမွာ ျဖစ္ပါတယ္။

Photo: bumkeyk/ Instagram

စစ္မႈထမ္းသြားေရာက္ေတာ့မယ့္ Taemin ကို ႏႈတ္ဆက္တဲ့အေနနဲ႔ Key ကေတာ့ သူ႔ရဲ႕အင္စတာဂရမ္မွာ Taemin နဲ႔ က်န္အဖြဲ႕ဝင္ေတြ ႐ိုက္ကူးထားတဲ့ အမွတ္တရဓာတ္ပုံကို တင္ထားၿပီး ေဘးကင္းစြာနဲ႔ ျပန္လာခဲ့ပါလို႔ ကပ္ပရွင္မွာ ေရးသားထားတာ ေတြ႕ရပါတယ္။

Minho ကေတာ့ စစ္ေရးေလ့က်င့္မႈစင္တာကို အတူလိုက္ပို႔ခဲ့ၿပီး ကားေပၚမွာ ႐ိုက္ထားတဲ့ ဆယ္လ္ဖီပုံကို IG မွာ တင္ထားပါတယ္။ ပုံမွာေတာ့ “မင္းဘက္မွာ ငါအၿမဲတမ္း ရွိတယ္။ ေဘးကင္း က်န္းမာစြာနဲ႔ ျပန္လာခဲ့ပါ Taemin ေရ … ။ မင္းကို အၿမဲ အားေပးခ်စ္ခင္ေနမယ္ …  ” လို႔ ကပ္ပရွင္ တပ္ထားတာ ေတြ႕ရပါတယ္။

Photo: choiminho_1209/ Instagram

SHINee အဖြဲ႕ထဲမွာေတာ့ Taemin ဟာ ေနာက္ဆုံး စစ္မႈထမ္းဝင္ခဲ့သူ ျဖစ္ပါတယ္။ Onew ၊ Minho နဲ႔ Key တို႔ကေတာ့ သူတို႔ရဲ႕ စစ္မႈထမ္းတာဝန္ကို အသီးသီး ထမ္းေဆာင္ၿပီးၿပီ ျဖစ္ကာ မႏွစ္ကပဲ စစ္မႈထမ္းက ျပန္လာၾကတာ ျဖစ္ပါတယ္။

Photo via soompi

SHINee ဟာ ပရိသတ္ေတြ ကာလၾကာရွည္ ေစာင့္စားခဲ့ရတဲ့ လူစုံတက္စုံနဲ႔ comeback ကိုေတာ့ ေဖေဖာ္ဝါရီလမွာ Don’t Call Me နဲ႔ ျပန္လာခဲ့ပါတယ္။ Taemin ကေတာ့ သူ စစ္မႈထမ္း မဝင္ေရာက္ခင္ ယခုလအေစာပိုင္းမွာပဲ Advice လို႔ အမည္ရတဲ့ ဆိုလိုအယ္လ္ဘမ္ကို ထြက္ရွိထားပါတယ္။

Glasgow

Source: soompi

RELATED ARTICLES

Most Popular