HomeCelebs Update NewsKoreaယူအက်စ် ဓာတ်ပြားကုမ္ပဏီ Interscope Records နဲ့ စာချုပ်ချုပ်ဆိုလိုက်တဲ့ Somi 

ယူအက်စ် ဓာတ်ပြားကုမ္ပဏီ Interscope Records နဲ့ စာချုပ်ချုပ်ဆိုလိုက်တဲ့ Somi 

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

Somi ဟာ နာမည်ကျော် ယူအက်စ် ဓာတ်ပြားကုမ္ပဏီတစ်ခုဖြစ်တဲ့ Interscope Records နဲ့ စာချုပ်ချုပ်ဆိုပြီး အမေရိကန်ဂီတလောကထဲကို ဝင်ရောက်တော့မှာ ဖြစ်ပါတယ်။

ဒီအကြောင်းကိုတော့ YG Entertainment ရဲ့ လက်ခွဲကုမ္ပဏီဖြစ်တဲ့ Black Label က ဇွန်လ(၂၁)ရက်နေ့မှာ ပြောကြားခဲ့တာ ဖြစ်ပါတယ်။ “Somi ဟာ Universal Music Group ရဲ့လက်အောက်က ကုမ္ပဏီဖြစ်တဲ့ Interscope Records နဲ့ စာချုပ်တစ်ခု ချုပ်ဆိုလိုက်ပါတယ်…” လို့ ကြေငြာထားတာ ဖြစ်ပါတယ်။

Photo: somsomi0309/ Instagram

Interscope ရဲ့ ဒုဥက္ကဌ Sam Riback ကတော့ “Somi ဟာ သူမရဲ့တမူကွဲပြားတဲ့ဟန်နဲ့ ထင်ရှားပြီး ကမ္ဘာ့ပေါ့ပ်ဂီတလောကကို ချဉ်းကပ်ဖို့ နီးစပ်သူ ဖြစ်ပါတယ်။ သူမဟာ နိုင်ငံတကာမှာ ထွန်းပေါက်အောင်မြင်လာမယ့် နောက်ထပ်စတားတစ်ယောက်လို့ ပြောလို့ရပြီး ကျွန်တော်တို့နဲ့ Teddy Park ၊ Black Label ၊ YG family တစ်ခုလုံးနဲ့ကြားထဲက ဆက်ဆံရေးတွေကိုလည်း ပိုပြီးကောင်းမွန်တိုးတက်လာစေမယ့် ပေါင်းကူးတံတားလေးလို့ ပြောလို့ရပါတယ်… ” လို့ Variety သတင်းဌာနကို ပြောကြားထားပါတယ်။

ဒီကိစ္စအပေါ် ခံစားချက်ကို Somi ကလည်း Variety သတင်းဌာနဆီကို ပြောကြားထားပါသေးတယ်။ “Interscope နဲ့ Universal music family ကြီးကို ချိတ်ဆက်ပြီး အလုပ်တွေ လုပ်ရတော့မယ်ဆိုတော့ အရမ်းစိတ်လှုပ်ရှားနေပါတယ်။ သူတို့ဆီမှာ ကျွန်မအရမ်းကြိုက်နှစ်သက် အားကျရတဲ့ အဆိုတော်တွေ အများကြီးကို မွေးထုတ်ထားပြီး ဂီတသမိုင်းမှာလည်း ကြီးကျယ်တဲ့ မှတ်တိုင်တွေ အများကြီး စိုက်ထူထားနိုင်တဲ့ ကုမ္ပဏီတစ်ခုပါ။ ကျွန်မ career ရဲ့ နောက်ထပ် တစ်ဆင့် ခြေလှမ်းအသစ်ကို လှမ်းဖို့ အရမ်းမျှော်လင့်နေပါတယ်။ ပြီးတော့ ကျွန်မရဲ့သီချင်းတွေကိုလည်း ကမ္ဘာတစ်ခုလုံးဆီ ဝေမျှပို့ဆောင်ပေးဖို့ လုံးဝမစောင့်နိုင်တော့ပါဘူးရှင်… ” လို့ Somi က ပြောထားတာပါ။

Photo: somsomi0309/ Instagram

Interscope Records ဟာ လက်ရှိ ကမ္ဘာကျော် ဂီတအနုပညာရှင်များစွာရဲ့ ဓာတ်ပြားကုမ္ပဏီတစ်ခု ဖြစ်ပါတယ်။ BLACKPINK ၊ Lady Gaga ၊ Eminem ၊ Maroon 5 ၊ Kendrick Lamar ၊ U2 ၊ Madonna ၊ The Black Eyed Peas ၊ Lana Del Rey ၊ Dr. Dre ၊ Selena Gomez ၊ Imagine Dragons ၊ Ellie Goulding ၊ Billie Eilish အစရှိတဲ့ အနုပညာရှင်များစွာဟာ လက်ရှိမှာ ဒီဓာတ်ပြားကုမ္ပဏီနဲ့အတူ တေးသီချင်းများစွာ ထုတ်လုပ်နေကြတာ ဖြစ်ပါတယ်။

လက်ရှိအချိန်မှာတော့ Somi ဟာ သူမရဲ့ comeback အဖြစ် What You Waiting For နဲ့ ဇူလိုင်လ(၂၂)ရက်နေ့မှာ ပရိသတ်ဆီ ပြန်လာဖို့ စီစဉ်နေပါတယ်။

LaNina

Source: soompi

(Zawgyi Version)

Somi ဟာ နာမည္ေက်ာ္ ယူအက္စ္ ဓာတ္ျပားကုမၸဏီတစ္ခုျဖစ္တဲ့ Interscope Records နဲ႔ စာခ်ဳပ္ခ်ဳပ္ဆိုၿပီး အေမရိကန္ဂီတေလာကထဲကို ဝင္ေရာက္ေတာ့မွာ ျဖစ္ပါတယ္။

ဒီအေၾကာင္းကိုေတာ့ YG Entertainment ရဲ႕ လက္ခြဲကုမၸဏီျဖစ္တဲ့ Black Label က ဇြန္လ(၂၁)ရက္ေန႔မွာ ေျပာၾကားခဲ့တာ ျဖစ္ပါတယ္။ “Somi ဟာ Universal Music Group ရဲ႕လက္ေအာက္က ကုမၸဏီျဖစ္တဲ့ Interscope Records နဲ႔ စာခ်ဳပ္တစ္ခု ခ်ဳပ္ဆိုလိုက္ပါတယ္…” လို႔ ေၾကျငာထားတာ ျဖစ္ပါတယ္။

Photo: somsomi0309/ Instagram

Interscope ရဲ႕ ဒုဥကၠဌ Sam Riback ကေတာ့ “Somi ဟာ သူမရဲ႕တမူကြဲျပားတဲ့ဟန္နဲ႔ ထင္ရွားၿပီး ကမာၻ႔ေပါ့ပ္ဂီတေလာကကို ခ်ဥ္းကပ္ဖို႔ နီးစပ္သူ ျဖစ္ပါတယ္။ သူမဟာ ႏိုင္ငံတကာမွာ ထြန္းေပါက္ေအာင္ျမင္လာမယ့္ ေနာက္ထပ္စတားတစ္ေယာက္လို႔ ေျပာလို႔ရၿပီး ကြၽန္ေတာ္တို႔နဲ႔ Teddy Park ၊ Black Label ၊ YG family တစ္ခုလုံးနဲ႔ၾကားထဲက ဆက္ဆံေရးေတြကိုလည္း ပိုၿပီးေကာင္းမြန္တိုးတက္လာေစမယ့္ ေပါင္းကူးတံတားေလးလို႔ ေျပာလို႔ရပါတယ္… ” လို႔ Variety သတင္းဌာနကို ေျပာၾကားထားပါတယ္။

ဒီကိစၥအေပၚ ခံစားခ်က္ကို Somi ကလည္း Variety သတင္းဌာနဆီကို ေျပာၾကားထားပါေသးတယ္။ “Interscope နဲ႔ Universal music family ႀကီးကို ခ်ိတ္ဆက္ၿပီး အလုပ္ေတြ လုပ္ရေတာ့မယ္ဆိုေတာ့ အရမ္းစိတ္လႈပ္ရွားေနပါတယ္။ သူတို႔ဆီမွာ ကြၽန္မအရမ္းႀကိဳက္ႏွစ္သက္ အားက်ရတဲ့ အဆိုေတာ္ေတြ အမ်ားႀကီးကို ေမြးထုတ္ထားၿပီး ဂီတသမိုင္းမွာလည္း ႀကီးက်ယ္တဲ့ မွတ္တိုင္ေတြ အမ်ားႀကီး စိုက္ထူထားႏိုင္တဲ့ ကုမၸဏီတစ္ခုပါ။ ကြၽန္မ career ရဲ႕ ေနာက္ထပ္ တစ္ဆင့္ ေျခလွမ္းအသစ္ကို လွမ္းဖို႔ အရမ္းေမွ်ာ္လင့္ေနပါတယ္။ ၿပီးေတာ့ ကြၽန္မရဲ႕သီခ်င္းေတြကိုလည္း ကမာၻတစ္ခုလုံးဆီ ေဝမွ်ပို႔ေဆာင္ေပးဖို႔ လုံးဝမေစာင့္ႏိုင္ေတာ့ပါဘူးရွင္… ” လို႔ Somi က ေျပာထားတာပါ။

Photo: somsomi0309/ Instagram

Interscope Records ဟာ လက္ရွိ ကမာၻေက်ာ္ ဂီတအႏုပညာရွင္မ်ားစြာရဲ႕ ဓာတ္ျပားကုမၸဏီတစ္ခု ျဖစ္ပါတယ္။ BLACKPINK ၊ Lady Gaga ၊ Eminem ၊ Maroon 5 ၊ Kendrick Lamar ၊ U2 ၊ Madonna ၊ The Black Eyed Peas ၊ Lana Del Rey ၊ Dr. Dre ၊ Selena Gomez ၊ Imagine Dragons ၊ Ellie Goulding ၊ Billie Eilish အစရွိတဲ့ အႏုပညာရွင္မ်ားစြာဟာ လက္ရွိမွာ ဒီဓာတ္ျပားကုမၸဏီနဲ႔အတူ ေတးသီခ်င္းမ်ားစြာ ထုတ္လုပ္ေနၾကတာ ျဖစ္ပါတယ္။

လက္ရွိအခ်ိန္မွာေတာ့ Somi ဟာ သူမရဲ႕ comeback အျဖစ္ What You Waiting For နဲ႔ ဇူလိုင္လ(၂၂)ရက္ေန႔မွာ ပရိသတ္ဆီ ျပန္လာဖို႔ စီစဥ္ေနပါတယ္။

LaNina

Source: soompi

 

RELATED ARTICLES

Most Popular