HomeCelebs Update NewsKoreaဆယ်စုနှစ်တွေကြာသည့်တိုင် မြီးကောင်ပေါက်လေးလို လှပနေဆဲ Song Hye Kyo

ဆယ်စုနှစ်တွေကြာသည့်တိုင် မြီးကောင်ပေါက်လေးလို လှပနေဆဲ Song Hye Kyo

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

Song Hye Kyo ဟာ ကိုရီးယားအနုပညာလောကမှာသာမက အာရှတိုက်တစ်ခွင်မှာပါ လွှမ်းမိုးနိုင်တဲ့ မင်းသမီးတစ်လက်ပါ။ မြန်မာပရိသတ်တွေကြားမှာဆိုရင်လည်း ကိုရီးယားဒရာမာတွေကို မကြည့်ဖြစ်တဲ့ ပရိသတ်တွေကြားမှာတောင် အွန်စောဆိုပြီး လူသိများကျော်ကြားတဲ့ မင်းသမီးချော ဖြစ်ပါတယ်။

Hye Kyo ဟာ ၂၀၀၀ခုနှစ်က ထွက်ရှိခဲ့တဲ့ Autumn in My Heart (ဆောင်းဦးရွက်ကြွေ ချစ်သက်သေ)စီးရီးနဲ့ တစ်ဟုန်ထိုး အောင်မြင်ခဲ့ပြီး ယနေ့အထိလည်း သူမကို စသိရ၊မြင်ရတဲ့ပုံစံလေးအတိုင်း မလျော့သွားတဲ့အလှတွေနဲ့ အောင်မြင်နေဆဲ ဖြစ်ပါတယ်။ သူမကို နှစ်ပေါင်းများစွာ အောင်မြင်စေတဲ့ လျှို့ဝှက်ချက်များစွာထဲမှာ သူမရဲ့တည်ငြိမ်ရှင်းသန့်ပြီး ကျက်သရေရှိတဲ့အလှကြောင့်လည်း ပါဝင်ပါတယ်။

Photo: suecommabonnie/ Instagram

စာရေးသူတို့ငယ်ငယ် သူမကို စတင်သိခဲ့ရတဲ့အချိန်ကနေ ယနေ့လက်ရှိအချိန်အထိ ဆယ်စုနှစ်တွေသာ တစ်ခုပြီးတစ်ခု ကုန်ဆုံးသွားပေမယ့် သူမရဲ့အောင်မြင်မှုနဲ့ အလှကတော့ တစ်စေ့လေးမှတောင် မလျော့သွားဘဲ ပိုလို့တောင် တိုးလာနေတာကို တွေ့ရပါတယ်။ Hye Kyo ဟာ အသက်(၃၈)နှစ်ရှိပြီဖြစ်ပေမယ့် နာမည်ကျော် အမှတ်တံဆိပ်များစွာရဲ့ brand ambassador အဖြစ် ခန့်အပ်ခံနေရဆဲဖြစ်ပြီး အာရှတိုက်ရဲ့ အလှအပပြယုဂ်တစ်ခုအဖြစ် သတ်မှတ်မယ်ဆိုရင်တောင် လွန်မယ်မထင်ပါဘူး။

Photo: suecommabonnie/ Instagram

အခုလည်း ကိုရီးယားရဲ့နာမည်ကျော် ဖက်ရှင်အမှတ်တံဆိပ်တစ်ခုဖြစ်တဲ့ SUECOMMA BONNIE brand ရဲ့ summer collection မှာ brand model အဖြစ်နဲ့ ပါဝင်ထားရပြန်တာကို တွေ့ရပါတယ်။ အဆိုပါ collection အတွက် ဖက်ရှင်အလှဓာတ်ပုံတွေကိုတော့ နေရောင်ခြည် သာယာလှပလွန်းတဲ့ အမေရိကန်ပြည်ထောင်စု၊ လော့စ်အိန်ဂျလိစ်မှာ ရိုက်ကူးထားတာ တွေ့ရပြီး ပုံအများစုကတော့ ကမ်းခြေမှာ ရိုက်ကူးထားတာ ဖြစ်ပါတယ်။

Photo: suecommabonnie/ Instagram

အဆိုပါ brand ရဲ့ Instagram မှာ တင်ထားတဲ့ ပုံတွေကို ကြည့်လိုက်ရတဲ့အခါ နွေရာသီဖက်ရှင်ဖြစ်တဲ့ အရောင်အသွေးစုံဖ အဝတ်အစားတွေနဲ့ Hye Kyo တစ်ယောက် နုနယ်ပျိုမျစ်စ မြီးကောင်ပေါက်လေးတစ်ယောက်ပမာ လှပနေတာကို တွေ့လိုက်ရပါတယ်။

Photo: suecommabonnie/ Instagram

ဝင်းဝါတဲ့အသားအရေ၊ သွယ်လျကျစ်လျစ်တဲ့ ခန္ဓာကိုယ်သွင်ပြင်နဲ့ တကယ့်နတ်သမီးလေးတစ်ပါး နတ်သက်ကြွေလာသလားရယ်လို့တောင် ခံစားရမှာပါ။ ဒီလိုအလှနဲ့ နုနယ်ပျိုမျစ်မှုကို ပိုင်ဆိုင်ထားတဲ့ Hye Kyo ဟာ အသက်အရွယ်အရ (၃၈)နှစ်ဖြစ်လို့ (၄၀)နားကပ်နေပြီဆိုတာ မြင်ရုံနဲ့တော့ ယုံနိုင်စရာမရှိတာ တကယ်ပါလို့ ဆိုရင်း …. ။

LaNina
(Zawgyi Version)

Song Hye Kyo ဟာ ကိုရီးယားအႏုပညာေလာကမွာသာမက အာရွတိုက္တစ္ခြင္မွာပါ လႊမ္းမိုးႏိုင္တဲ့ မင္းသမီးတစ္လက္ပါ။ ျမန္မာပရိသတ္ေတြၾကားမွာဆိုရင္လည္း ကိုရီးယားဒရာမာေတြကို မၾကည့္ျဖစ္တဲ့ ပရိသတ္ေတြၾကားမွာေတာင္ အြန္ေစာဆိုၿပီး လူသိမ်ားေက်ာ္ၾကားတဲ့ မင္းသမီးေခ်ာ ျဖစ္ပါတယ္။

Hye Kyo ဟာ ၂၀၀၀ခုႏွစ္က ထြက္ရွိခဲ့တဲ့ Autumn in My Heart (ေဆာင္းဦး႐ြက္ေႂကြ ခ်စ္သက္ေသ)စီးရီးနဲ႔ တစ္ဟုန္ထိုး ေအာင္ျမင္ခဲ့ၿပီး ယေန႔အထိလည္း သူမကို စသိရ၊ျမင္ရတဲ့ပုံစံေလးအတိုင္း မေလ်ာ့သြားတဲ့အလွေတြနဲ႔ ေအာင္ျမင္ေနဆဲ ျဖစ္ပါတယ္။ သူမကို ႏွစ္ေပါင္းမ်ားစြာ ေအာင္ျမင္ေစတဲ့ လွ်ိဳ႕ဝွက္ခ်က္မ်ားစြာထဲမွာ သူမရဲ႕တည္ၿငိမ္ရွင္းသန႔္ၿပီး က်က္သေရရွိတဲ့အလွေၾကာင့္လည္း ပါဝင္ပါတယ္။

Photo: suecommabonnie/ Instagram

စာေရးသူတို႔ငယ္ငယ္ သူမကို စတင္သိခဲ့ရတဲ့အခ်ိန္ကေန ယေန႔လက္ရွိအခ်ိန္အထိ ဆယ္စုႏွစ္ေတြသာ တစ္ခုၿပီးတစ္ခု ကုန္ဆုံးသြားေပမယ့္ သူမရဲ႕ေအာင္ျမင္မႈနဲ႔ အလွကေတာ့ တစ္ေစ့ေလးမွေတာင္ မေလ်ာ့သြားဘဲ ပိုလို႔ေတာင္ တိုးလာေနတာကို ေတြ႕ရပါတယ္။ Hye Kyo ဟာ အသက္(၃၈)ႏွစ္ရွိၿပီျဖစ္ေပမယ့္ နာမည္ေက်ာ္ အမွတ္တံဆိပ္မ်ားစြာရဲ႕ brand ambassador အျဖစ္ ခန႔္အပ္ခံေနရဆဲျဖစ္ၿပီး အာရွတိုက္ရဲ႕ အလွအပျပယုဂ္တစ္ခုအျဖစ္ သတ္မွတ္မယ္ဆိုရင္ေတာင္ လြန္မယ္မထင္ပါဘူး။

Photo: suecommabonnie/ Instagram

အခုလည္း ကိုရီးယားရဲ႕နာမည္ေက်ာ္ ဖက္ရွင္အမွတ္တံဆိပ္တစ္ခုျဖစ္တဲ့ SUECOMMA BONNIE brand ရဲ႕ summer collection မွာ brand model အျဖစ္နဲ႔ ပါဝင္ထားရျပန္တာကို ေတြ႕ရပါတယ္။ အဆိုပါ collection အတြက္ ဖက္ရွင္အလွဓာတ္ပုံေတြကိုေတာ့ ေနေရာင္ျခည္ သာယာလွပလြန္းတဲ့ အေမရိကန္ျပည္ေထာင္စု၊ ေလာ့စ္အိန္ဂ်လိစ္မွာ ႐ိုက္ကူးထားတာ ေတြ႕ရၿပီး ပုံအမ်ားစုကေတာ့ ကမ္းေျခမွာ ႐ိုက္ကူးထားတာ ျဖစ္ပါတယ္။

Photo: suecommabonnie/ Instagram

အဆိုပါ brand ရဲ႕ Instagram မွာ တင္ထားတဲ့ ပုံေတြကို ၾကည့္လိုက္ရတဲ့အခါ ေႏြရာသီဖက္ရွင္ျဖစ္တဲ့ အေရာင္အေသြးစုံဖ အဝတ္အစားေတြနဲ႔ Hye Kyo တစ္ေယာက္ ႏုနယ္ပ်ိဳမ်စ္စ ၿမီးေကာင္ေပါက္ေလးတစ္ေယာက္ပမာ လွပေနတာကို ေတြ႕လိုက္ရပါတယ္။

Photo: suecommabonnie/ Instagram

ဝင္းဝါတဲ့အသားအေရ၊ သြယ္လ်က်စ္လ်စ္တဲ့ ခႏၶာကိုယ္သြင္ျပင္နဲ႔ တကယ့္နတ္သမီးေလးတစ္ပါး နတ္သက္ေႂကြလာသလားရယ္လို႔ေတာင္ ခံစားရမွာပါ။ ဒီလိုအလွနဲ႔ ႏုနယ္ပ်ိဳမ်စ္မႈကို ပိုင္ဆိုင္ထားတဲ့ Hye Kyo ဟာ အသက္အ႐ြယ္အရ (၃၈)ႏွစ္ျဖစ္လို႔ (၄၀)နားကပ္ေနၿပီဆိုတာ ျမင္႐ုံနဲ႔ေတာ့ ယုံႏိုင္စရာမရွိတာ တကယ္ပါလို႔ ဆိုရင္း …. ။

LaNina

 

RELATED ARTICLES

Most Popular