HomeEntertainmentFilmActor တွေနဲ့ Writer တွေရဲ့သပိတ်ကြောင့် ရုပ်ရှင်များစွာ Delay လိုက်ရတဲ့ Sony

Actor တွေနဲ့ Writer တွေရဲ့သပိတ်ကြောင့် ရုပ်ရှင်များစွာ Delay လိုက်ရတဲ့ Sony

WGA နဲ့ SAG-AFTRA Strikes ကြောင့် Sony Pictures စတူဒီယိုဟာ သူတို့ရဲ့ ရုပ်ရှင်(၇)ကားကို Delay လိုက်ရပါပြီ။ Writer’s Guild of America (WGA) ကတော့ ပြီးခဲ့တဲ့ မေလက စတင်ပြီး သပိတ်မှောက်ခဲ့တာ ဖြစ်ပါတယ်။ အကြောင်းကတော့ အလွန် Trend ဖြစ်လာတဲ့ A.I တွေကြောင့် သူတို့ရဲ့အလုပ်အကိုင်တွေ ပျောက်ကွယ်သွားမှာ စိုးရိမ်တာကြောင့် ဖြစ်ပါတယ်။

SAG-AFTRA သပိတ်ကတော့ ဇူလိုင်လ (၁၄)ရက်မှာ စတင်ခဲ့တာ ဖြစ်ပါတယ်။ အကြောင်းကတော့ ဇာတ်ညွှန်းရေးဆရာတွေလိုပဲ သူတို့ရဲ့အလုပ်အကိုင် ခိုင်မာမှု၊ မူပိုင်ခွင့်ကိစ္စတွေနဲ့ A.I တို့ကြောင့်ပဲ သပိတ်မှောက်နေကြတာ ဖြစ်ပါတယ်။ ဒါကြောင့်ပဲ ဟောလိဝုဒ်မှာတော့ ရုပ်ရှင်ပရောဂျက်အများစုဟာ ရပ်တန့်သွားကြပါပြီ။ နောက်ဆက်တွဲအနေနဲ့ Sony Pictures ဟာလည်း ရုပ်ရှင် (၇)ကားကို Delay လုပ်သွားပါတယ်။

photo credit Sony Pictures

လာမယ့် ဩဂုတ်လ (၁၁)ရက်နေ့မှာ ထွက်ရှိလာမယ့် Gran Turismo ရုပ်ရှင်ဟာ ဩဂုတ်လ (၂၅)ရက်နေ့ကို ရွှေ့သွားပြီး Madame Web ရုပ်ရှင်ဟာလည်း ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ (၁၄)ရက်နေ့ကနေ ဖေဖော်ဝါရီလ (၁၆)ရက်ကို ရွှေ့သွားပါတယ်။ ဒီနှစ်ကားဟာ ရက်ပိုင်းသာ ရွှေ့သွားပေမယ့်လည်း Ghostbusters Sequel ကတော့ ၂၀၂၃ ခုနှစ် ဒီဇင်ဘာ (၂၀)ရက်ကနေ ၂၀၂၄ ခုနှစ် မတ်လ (၂၉)ရက်နေ့ကို ပြောင်းသွားပါတယ်။

ဒါ့အပြင် Kraven the Hunter ကတော့ ၂၀၂၃ ခုနှစ် အောက်တိုဘာလ (၆)ရက်နေ့ကနေ ၂၀၂၄ ခုနှစ် ဩဂုတ်လ (၃၀)ရက်နေ့ကို Delay သွားပါတယ်။ Karate Kid ရုပ်ရှင်ကတော့ ၂၀၂၄ ခုနှစ် ဇွန်လ (၇)ရက်နေ့ကနေ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ (၁၃)ရက်ကို နောက်ဆုတ်သွားပါတယ်။ ဒါတင်မကသေးဘဲ Spider-Man: Beyond the Spider-Verse နဲ့ They Listen ရုပ်ရှင်တွေကတော့ ထွက်ရှိလာမယ့် နေ့အတိအကျတောင် မသိရတော့ပါဘူး။

photo credit Sony Pictures

Sony Pictures ဟာ ရုပ်ရှင်ကားများစွာကို ရုံတင်ရက် နောက်ဆုတ်ခဲ့ရုံတင် မဟုတ်ဘဲ ပရိသတ်တွေ စောင့်မျှော်နေတဲ့ Venom 3 ရဲ့ ရုံတင်ရက်ကိုလည်း ကြေညာခဲ့ပါတယ်။ Venom 3 ကတော့ လောလာဆယ် Untitled ဖြစ်နေပြီး ၂၀၂၄ ခုနှစ် ဇူလိုင် (၁၂)ရက်နေ့မှာ ရုံတင်သွားမယ်လို့ ကြေညာခဲ့ပါတယ်။ ယခုအချိန်အထိတော့ ဇာတ်ညွှန်းရေးဆရာတွေနဲ့ သရုပ်ဆောင်တွေရဲ့ သပိတ်ဟာ နှစ်ဖက်စလုံးမှာ တင်းမာမှုတွေ ဖြစ်နေဆဲ ဖြစ်ပြီး ဘယ်လိုအဆုံးသတ် ရလဒ်တွေ ထွက်ပေါ်လာမလည်းဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

Legos

Source: Screenrant

RELATED ARTICLES

Most Popular