HomeCelebs Update NewsKoreaSasaeng တွေနဲ့ လေယာဉ်အတူစီးရတဲ့ အတွေ့အကြုံကို ပြောပြခဲ့တဲ့ V

Sasaeng တွေနဲ့ လေယာဉ်အတူစီးရတဲ့ အတွေ့အကြုံကို ပြောပြခဲ့တဲ့ V

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

BTS အဖွဲ့က V ဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာလ(၁၄)ရက်နေ့က Naver ရဲ့ V Live မှာ live ထုတ်လွှင့်ခဲ့ပြီး ပရိသတ်တွေရဲ့မေးခွန်းတွေကို ဖြေကြားခဲ့ပါတယ်။ အဆိုပါ live ထဲမှာ မေးရင်းဖြေရင်းနဲ့ပဲ sasaeng (အစွန်းရောက်ပရိသတ်)တွေအကြောင်းကို စကားရောက်သွားတဲ့အခါမှာတော့ သူကြုံတွေ့ခဲ့ရတဲ့ အတွေ့အကြုံတစ်ခုကို ပြန်လည်ပြောပြခဲ့တာ ဖြစ်ပါတယ်။

V ပြောသွားတာကတော့ လေယာဉ်စီးရာမှာ sasaeng တွေနဲ့ ကြုံရရင် တော်တော်လေး စိတ်အနှောင့်အယှက် ဖြစ်ရတယ်ဆိုတာပါပဲ။ sasaeng ဆိုတဲ့အတိုင်း အစွန်းရောက်လွန်းတဲ့ ပရိသတ်တွေဖြစ်တာကြောင့် ကိုယ်နှစ်သက်တဲ့ Idol ရဲ့ ကိုယ်ရေးကိုယ်တာတွေ၊ privacy တွေကို နားလည်မပေးတော့ဘဲ အတင်းကို ကျူးကျူးကျော်ကျော်တွေ ပြုလုပ်တတ်ကြပါတယ်။

Photo: vlive

“ကျွန်တော်တို့က လေယာဉ်ဆိုရင် စီးလုံးငှားပြီး သီးသန့်ခရီးသွားတတ်ကြပါတယ်။ ပြောရရင် သာမန်လိုပဲ ပုံမှန်လေယာဉ်တွေစီးပြီး သွားချင်ပါတယ်။ ဒါပေမယ့် ခရီးကတိုသည်ဖြစ်စေ၊ ရှည်သည်ဖြစ်စေ အများနဲ့စီးလိုက်မိတိုင်း ကျွန်တော်တို့ထိုင်မယ့် နေရာကို သူတို့က ကြိုသိနေပြီး ကျွန်တော်တို့ရှေ့မှာဖြစ်ဖြစ်၊ ဘေးချင်းကပ်လျက်မှာဖြစ်ဖြစ် လာထိုင်တတ်ကြပါတယ်။ အဲ့လိုကြီးကျတော့ ကျွန်တော်တို့အနေနဲ့ ကောင်းကောင်းလည်း အနားယူလို့ မရတော့ပါဘူး။ တော်တော်လည်း စိတ်မသက်မသာ ဖြစ်ရပါတယ်။ ရှင်းရှင်းပြောရရင် သူတို့အဲ့လိုတွေ မလုပ်ကြတော့ရင် သိပ်ကောင်းမှာပဲဗျာ။ အဲ့ဒါက ကြောက်ဖို့လည်း ကောင်းတယ်ဗျ” လို့ Live ထဲမှာ ပြောသွားတာ ဖြစ်ပါတယ်။

နာမည်ကျော်ကြားပြီး အောင်မြင်တာမှာလည်း ဘေးထွက်ဆိုးကျိုးအနေနဲ့ ဒီလိုအတွေ့အကြုံတွေ ခံစားရနိုင်တာပါပဲ။ ဘာပဲဖြစ်ဖြစ် sasaeng တွေအနေနဲ့လည်း ကိုယ်အားပေးတဲ့ Idol ကို ကိုယ့်ကြောင့်အနှောင့်အယှက်မဖြစ်အောင်၊ ထိခိုက်မှုမရှိအောင် နေပေးနိုင်ရင် နှစ်ဦးနှစ်ဘက် ပိုပြီးအဆင်ပြေကြမယ်ဆိုတာ တင်ပြရင်း …။

LaNina

Ref: soompi

(ဆံရစ်ဝိုင်းမီဒီယာမှ တင်ဆက်သော ကိုယ်တိုင်ရေး (သို့မဟုတ်) ဘာသာပြန်သတင်း၊ဆောင်းပါးများကို ခွင့်ပြုချက်တစ်စုံတစ်ရာ မရရှိဘဲ မိမိတို့၏အကျိုးစီးပွားအတွက် အခြားသော မီဒီယာစာမျက်နှာများပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းများ မပြုလုပ်ကြပါရန် သတိပေးအပ်ပါသည်။)

(Zawgyi Version)

BTS အဖြဲ႕က V ဟာ ၿပီးခဲ့တဲ့ ဒီဇင္ဘာလ(၁၄)ရက္ေန႔က Naver ရဲ႕ V Live မွာ live ထုတ္လႊင့္ခဲ့ၿပီး ပရိသတ္ေတြရဲ႕ေမးခြန္းေတြကို ေျဖၾကားခဲ့ပါတယ္။ အဆိုပါ live ထဲမွာ ေမးရင္းေျဖရင္းနဲ႔ပဲ sasaeng (အစြန္းေရာက္ပရိသတ္)ေတြအေၾကာင္းကို စကားေရာက္သြားတဲ့အခါမွာေတာ့ သူႀကဳံေတြ႕ခဲ့ရတဲ့ အေတြ႕အႀကဳံတစ္ခုကို ျပန္လည္ေျပာျပခဲ့တာ ျဖစ္ပါတယ္။

V ေျပာသြားတာကေတာ့ ေလယာဥ္စီးရာမွာ sasaeng ေတြနဲ႔ ႀကဳံရရင္ ေတာ္ေတာ္ေလး စိတ္အေႏွာင့္အယွက္ ျဖစ္ရတယ္ဆိုတာပါပဲ။ sasaeng ဆိုတဲ့အတိုင္း အစြန္းေရာက္လြန္းတဲ့ ပရိသတ္ေတြျဖစ္တာေၾကာင့္ ကိုယ္ႏွစ္သက္တဲ့ Idol ရဲ႕ ကိုယ္ေရးကိုယ္တာေတြ၊ privacy ေတြကို နားလည္မေပးေတာ့ဘဲ အတင္းကို က်ဴးက်ဴးေက်ာ္ေက်ာ္ေတြ ျပဳလုပ္တတ္ၾကပါတယ္။

Photo: vlive

“ကြၽန္ေတာ္တို႔က ေလယာဥ္ဆိုရင္ စီးလုံးငွားၿပီး သီးသန႔္ခရီးသြားတတ္ၾကပါတယ္။ ေျပာရရင္ သာမန္လိုပဲ ပုံမွန္ေလယာဥ္ေတြစီးၿပီး သြားခ်င္ပါတယ္။ ဒါေပမယ့္ ခရီးကတိုသည္ျဖစ္ေစ၊ ရွည္သည္ျဖစ္ေစ အမ်ားနဲ႔စီးလိုက္မိတိုင္း ကြၽန္ေတာ္တို႔ထိုင္မယ့္ ေနရာကို သူတို႔က ႀကိဳသိေနၿပီး ကြၽန္ေတာ္တို႔ေရွ႕မွာျဖစ္ျဖစ္၊ ေဘးခ်င္းကပ္လ်က္မွာျဖစ္ျဖစ္ လာထိုင္တတ္ၾကပါတယ္။ အဲ့လိုႀကီးက်ေတာ့ ကြၽန္ေတာ္တို႔အေနနဲ႔ ေကာင္းေကာင္းလည္း အနားယူလို႔ မရေတာ့ပါဘူး။ ေတာ္ေတာ္လည္း စိတ္မသက္မသာ ျဖစ္ရပါတယ္။ ရွင္းရွင္းေျပာရရင္ သူတို႔အဲ့လိုေတြ မလုပ္ၾကေတာ့ရင္ သိပ္ေကာင္းမွာပဲဗ်ာ။ အဲ့ဒါက ေၾကာက္ဖို႔လည္း ေကာင္းတယ္ဗ်” လို႔ Live ထဲမွာ ေျပာသြားတာ ျဖစ္ပါတယ္။

နာမည္ေက်ာ္ၾကားၿပီး ေအာင္ျမင္တာမွာလည္း ေဘးထြက္ဆိုးက်ိဳးအေနနဲ႔ ဒီလိုအေတြ႕အႀကဳံေတြ ခံစားရႏိုင္တာပါပဲ။ ဘာပဲျဖစ္ျဖစ္ sasaeng ေတြအေနနဲ႔လည္း ကိုယ္အားေပးတဲ့ Idol ကို ကိုယ့္ေၾကာင့္အေႏွာင့္အယွက္မျဖစ္ေအာင္၊ ထိခိုက္မႈမရွိေအာင္ ေနေပးႏိုင္ရင္ ႏွစ္ဦးႏွစ္ဘက္ ပိုၿပီးအဆင္ေျပၾကမယ္ဆိုတာ တင္ျပရင္း …။

LaNina

Ref: soompi

(ဆံရစ္ဝိုင္းမီဒီယာမွ တင္ဆက္ေသာ ကိုယ္တိုင္ေရး (သို႔မဟုတ္) ဘာသာျပန္သတင္း၊ေဆာင္းပါးမ်ားကို ခြင့္ျပဳခ်က္တစ္စုံတစ္ရာ မရရွိဘဲ မိမိတို႔၏အက်ိဳးစီးပြားအတြက္ အျခားေသာ မီဒီယာစာမ်က္ႏွာမ်ားေပၚတြင္ ျပန္လည္ကူးယူေဖာ္ျပျခင္းမ်ား မျပဳလုပ္ၾကပါရန္ သတိေပးအပ္ပါသည္။)

RELATED ARTICLES

Most Popular