HomeCelebs Update NewsKoreaBaekhyun သီခ်င္းထဲက UN Village ဆိုတာ ဘယ္လိုေနရာလဲ? ဘယ္သူေတြ ေနၾကတာလဲ?

Baekhyun သီခ်င္းထဲက UN Village ဆိုတာ ဘယ္လိုေနရာလဲ? ဘယ္သူေတြ ေနၾကတာလဲ?

အောက်တွင် ယူနီကုဒ်ဖြင့် ဖတ်ပါ။

အခုေနာက္ပိုင္း ေကေပါ့ပ္ပရိသတ္ေတြၾကားထဲမွာ စိတ္၀င္စားေနၾကတဲ့ အရာတစ္ခုကေတာ့ UN Village ဆိုတဲ့ေနရာပါ။ UN Village ကို EXO ရဲ႕ Baekhyun က အရင္ဆုံး သီခ်င္းလုပ္ဆိုခဲ့ၿပီး မၾကာေသးခင္က Kang Daniel နဲ႔ TWICE အဖြဲ႔က JiHyo တို႔ ခ်ိန္းေတြ႕ေနတဲ့ ေနရာကလည္း အဆိုပါ UN Village ပဲ ျဖစ္ေနျပန္ပါတယ္။ ဒါေၾကာင့္ UN Village ဆိုတာ ဘယ္လိုေနရာလည္း၊ ဘယ္သူေတြ ေနထိုင္ၾကလည္းဆိုတာကို ေဖာ္ျပေပးလိုက္ပါတယ္။

UN Village ဟာ ဆိုးလ္ၿမိဳ႕ရဲ႕ ဟာနမ္ေဒါင္မွာရိွတဲ့ ရပ္ကြက္တစ္ခု ျဖစ္ပါတယ္။ သူ႔ရဲ႕ညာဘက္အျခမ္းမွာ ဟန္ျမစ္ရိွၿပီးေတာ့ နမ္ဆန္းေတာင္နဲ႔လည္း နီးပါတယ္။ ဒါေၾကာင့္ UN Village မွာရိွတဲ့ အိမ္ေတြဟာ ရင္သပ္ရႈေမာဖြယ္ရာ ရႈခင္းကို ပိုင္ဆိုင္ထားပါတယ္။ ဒါ့အျပင္ UN Village ရပ္ကြက္ဟာ ေျမမ်က္ႏွာသြင္ျပင္ အေနအထားအရ ေလေကာင္းေလသန္႔ရရိွၿပီး က်န္းမာေရးေကာင္းေစတဲ့ အေနအထားမ်ိဳးနဲ႔ တည္ေဆာက္ထားတယ္လို႔ သိရပါတယ္။

©mansion-global

UN Village ဟာ ဆိုးလ္ၿမိဳ႕လယ္ေခါင္နဲ႔လည္း အလြန္နီးကပ္ၿပီးေတာ့ တကယ့္ ေပၚျပဴလာေနရာျဖစ္တဲ့ ဂန္နမ္ရပ္ကြက္နဲ႔လည္း နီးပါတယ္။ ဒါေၾကာင့္ အျပစ္ေျပာစရာမရိွတဲ့ တကယ့္ ေနရာေကာင္းတစ္ခုလို႔ ေျပာလို႔ရပါတယ္။

အစပိုင္းမွာေတာ့ UN Village ဟာ သံရုံးေတြရဲ႕ ရုံးစိုက္ရာေနရာအျဖစ္ ေက်ာ္ၾကားပါတယ္။ ဆလိုဗက္ကီးယား၊ အီဂ်စ္၊ ယူႏိုက္တက္ အာရပ္ဘ္ေဆာ္ဘြားမ်ားႏိုင္ငံ စတဲ့ႏိုင္ငံေတြရဲ႕ သံရုံးမ်ားစြာ တည္ရိွပါတယ္။

အဲ့ဒီ့မွာ ေနထိုင္သူေတြကေတာ့ ၀င္ေငြအလြန္ေကာင္းၿပီး အဆင့္အတန္း ျမင့္မားတဲ့ အထက္တန္းလႊာေတြ ျဖစ္ပါတယ္။ ရာထူးျမင့္ သံအမတ္ႀကီးမ်ား၊ ေအာင္ျမင္တဲ့ စီးပြားေရးလုပ္ငန္းရွင္မ်ားအစရိွသျဖင့္ ေနထိုင္ၾကၿပီး ဧရာမလုပ္ငန္းစုႀကီးေတြရဲ႕ ရုံးခ်ဳပ္ေတြလည္း ရိွပါတယ္။

©Kavenyou

ဒါ့အျပင္ ကိုရီးယားအႏုပညာေလာကရဲ႕ နာမည္ႀကီး ထိတ္ထိတ္ႀကဲေတြလည္း UN Village မွာ ေနထိုင္ၾကပါတယ္။ Shin Min Ah ၊ So Jisub ၊ Lee Jongsuk ၊ PSY ၊ BIGBANG အဖြဲ႕က T.O.P ၊ Kang Daniel ၊ Park NaRae ၊ Kim Tae Hee နဲ႔ Rain တို႔စုံတြဲ၊ BIGBANG အဖြဲ႕က Taeyang နဲ႔ Min HyoRin တို႔စုံတြဲ၊ Han HyoJoo ၊ BTS အဖြဲ႔က Suga နဲ႔ အျခားေသာ ဆယ္လီမ်ားစြာ ေနထိုင္ၾကပါတယ္။ အဆိုပါ ရပ္ကြက္အတြင္းမွာ ဂ်ာမန္လူမ်ိဳး အေျမာက္အမ်ားလည္း ေနထုိင္ၾကတယ္လို႔ သိရပါတယ္။

ဒီေလာက္သိရၿပီဆိုရင္ျဖင့္ UN Village ဟာ ေတာ္ရုံလူ အနားကပ္ႏိုင္တဲ့ ေနရာမဟုတ္ဘဲ တကယ့္ အထက္တန္းလႊာေတြ ေနထိုင္တဲ့ ဇိမ္ခံရပ္ကြက္တစ္ခုဆိုတာ သေဘာပိုက္ႏိုင္မယ္ ထင္ပါတယ္။ ဒါေၾကာင့္လည္း ဒီေနရာရဲ႕ လွပထည္၀ါမႈကို Baekhyun က သီခ်င္းစပ္ဆိုထားတာ ျဖစ္ႏိုင္ပါတယ္။

Xei

Ref: kpopmap

(Unicode Version)

အခုနောက်ပိုင်း ကေပေါ့ပ်ပရိသတ်တွေကြားထဲမှာ စိတ်ဝင်စားနေကြတဲ့ အရာတစ်ခုကတော့ UN Village ဆိုတဲ့နေရာပါ။ UN Village ကို EXO ရဲ့ Baekhyun က အရင်ဆုံး သီချင်းလုပ်ဆိုခဲ့ပြီး မကြာသေးခင်က Kang Daniel နဲ့ TWICE အဖွဲ့က JiHyo တို့ ချိန်းတွေ့နေတဲ့ နေရာကလည်း အဆိုပါ UN Village ပဲ ဖြစ်နေပြန်ပါတယ်။ ဒါကြောင့် UN Village ဆိုတာ ဘယ်လိုနေရာလည်း၊ ဘယ်သူတွေ နေထိုင်ကြလည်းဆိုတာကို ဖော်ပြပေးလိုက်ပါတယ်။

UN Village ဟာ ဆိုးလ်မြို့ရဲ့ ဟာနမ်ဒေါင်မှာရှိတဲ့ ရပ်ကွက်တစ်ခု ဖြစ်ပါတယ်။ သူ့ရဲ့ညာဘက်အခြမ်းမှာ ဟန်မြစ်ရှိပြီးတော့ နမ်ဆန်းတောင်နဲ့လည်း နီးပါတယ်။ ဒါကြောင့် UN Village မှာရှိတဲ့ အိမ်တွေဟာ ရင်သပ်ရှုမောဖွယ်ရာ ရှုခင်းကို ပိုင်ဆိုင်ထားပါတယ်။ ဒါ့အပြင် UN Village ရပ်ကွက်ဟာ မြေမျက်နှာသွင်ပြင် အနေအထားအရ လေကောင်းလေသန့်ရရှိပြီး ကျန်းမာရေးကောင်းစေတဲ့ အနေအထားမျိုးနဲ့ တည်ဆောက်ထားတယ်လို့ သိရပါတယ်။

©mansion-global

UN Village ဟာ ဆိုးလ်မြို့လယ်ခေါင်နဲ့လည်း အလွန်နီးကပ်ပြီးတော့ တကယ့် ပေါ်ပြူလာနေရာဖြစ်တဲ့ ဂန်နမ်ရပ်ကွက်နဲ့လည်း နီးပါတယ်။ ဒါကြောင့် အပြစ်ပြောစရာမရှိတဲ့ တကယ့် နေရာကောင်းတစ်ခုလို့ ပြောလို့ရပါတယ်။

အစပိုင်းမှာတော့ UN Village ဟာ သံရုံးတွေရဲ့ ရုံးစိုက်ရာနေရာအဖြစ် ကျော်ကြားပါတယ်။ ဆလိုဗက်ကီးယား၊ အီဂျစ်၊ ယူနိုက်တက် အာရပ်ဘ်ဆော်ဘွားများနိုင်ငံ စတဲ့နိုင်ငံတွေရဲ့ သံရုံးများစွာ တည်ရှိပါတယ်။

အဲ့ဒီ့မှာ နေထိုင်သူတွေကတော့ ဝင်ငွေအလွန်ကောင်းပြီး အဆင့်အတန်း မြင့်မားတဲ့ အထက်တန်းလွှာတွေ ဖြစ်ပါတယ်။ ရာထူးမြင့် သံအမတ်ကြီးများ၊ အောင်မြင်တဲ့ စီးပွားရေးလုပ်ငန်းရှင်များအစရှိသဖြင့် နေထိုင်ကြပြီး ဧရာမလုပ်ငန်းစုကြီးတွေရဲ့ ရုံးချုပ်တွေလည်း ရှိပါတယ်။

©Kavenyou

ဒါ့အပြင် ကိုရီးယားအနုပညာလောကရဲ့ နာမည်ကြီး ထိတ်ထိတ်ကြဲတွေလည်း UN Village မှာ နေထိုင်ကြပါတယ်။ Shin Min Ah ၊ So Jisub ၊ Lee Jongsuk ၊ PSY ၊ BIGBANG အဖွဲ့က T.O.P ၊ Kang Daniel ၊ Park NaRae ၊ Kim Tae Hee နဲ့ Rain တို့စုံတွဲ၊ BIGBANG အဖွဲ့က Taeyang နဲ့ Min HyoRin တို့စုံတွဲ၊ Han HyoJoo ၊ BTS အဖွဲ့က Suga နဲ့ အခြားသော ဆယ်လီများစွာ နေထိုင်ကြပါတယ်။ အဆိုပါ ရပ်ကွက်အတွင်းမှာ ဂျာမန်လူမျိုး အမြောက်အများလည်း နေထိုင်ကြတယ်လို့ သိရပါတယ်။

ဒီလောက်သိရပြီဆိုရင်ဖြင့် UN Village ဟာ တော်ရုံလူ အနားကပ်နိုင်တဲ့ နေရာမဟုတ်ဘဲ တကယ့် အထက်တန်းလွှာတွေ နေထိုင်တဲ့ ဇိမ်ခံရပ်ကွက်တစ်ခုဆိုတာ သဘောပိုက်နိုင်မယ် ထင်ပါတယ်။ ဒါကြောင့်လည်း ဒီနေရာရဲ့ လှပထည်ဝါမှုကို Baekhyun က သီချင်းစပ်ဆိုထားတာ ဖြစ်နိုင်ပါတယ်။

Xei

Ref: kpopmap

 

 

 

RELATED ARTICLES

Most Popular