HomeCelebs Update NewsKoreaကြင်နာကူညီတတ်တဲ့ စိတ်ထားကြောင့် လူချစ်လူခင်များတဲ့ Lee Kwang Soo

ကြင်နာကူညီတတ်တဲ့ စိတ်ထားကြောင့် လူချစ်လူခင်များတဲ့ Lee Kwang Soo

Lee Kwang Soo ဟာ နာမည်ကျော် ကိုရီးယားရသစုံရှိုးတစ်ခုဖြစ်တဲ့ Running Man ရဲ့ အဖွဲ့ဝင်ဖြစ်လာတည်းက ပရိသတ်အားပေးမှုကို တစ်ခဲနက် ရရှိထားသူ ဖြစ်ပါတယ်။ တစ်ချို့ကဆိုရင် Kwang Soo ကို အာရှတိုက်ရဲ့ မင်းသားလေးလို့တောင် တင်စားခေါ်ဝေါ်ကြပါသေးတယ်။

ပရိသတ်တွေဟာ သူ့ရဲ့ရယ်ရွှင်ဖွယ်ရာ ကိုယ်ရည်ကိုယ်သွေးတွေကြောင့် Kwang Soo ကို ချစ်ခင်ကြသလို နောက်ထပ် အကြောင်းရင်းတစ်ခုကြောင့်လည်း လေးစားချစ်ခင်ကြပါသေးတယ်။ အဲ့ဒါကတော့ သူ့ရဲ့ကြင်နာတတ်မှု၊ သူများအပေါ် ငဲ့ညှာစဉ်းစားပေးတတ်မှုနဲ့ အပြုအမူပိုင်းမှာ ယဉ်ကျေးလွန်းတာတို့ကြောင့် ဖြစ်ပါတယ်။

Photo: masijacoke850714/ Instagram

ဒါကြောင့်လည်း Kwang Soo ဟာ ကိုရီးယားရဲ့ လူချစ်လူခင်အများဆုံး ဆယ်လီတွေထဲမှာ ပါဝင်နေတာ ဖြစ်ပါတယ်။ ဒါ့အပြင် သူ့ရဲ့အတုယူဖွယ်ရာကောင်းတဲ့ ကိုယ်ရည်ကိုယ်သွေးတွေနဲ့ ပတ်သက်ပြီးတော့လည်း အခြားဆယ်လီများစွာက ဖွင့်ဟချီးကျူးထားကြပါသေးတယ်။

လုပ်ဖော်ကိုင်ဖက်တွေနဲ့ သူ့ရဲ့ဘေးနားက လူတွေအပေါ်မှာ ကြင်နာစွာ ဆက်ဆံတတ်တာကိုလည်း ရိုက်ကွင်းပြင်ပက ဖြစ်ရပ်လေးတွေ၊ ကင်မရာပုံရိပ်လေးတွေကနေတစ်ဆင့် မြင်ရလေ့ ရှိပါတယ်။ တစ်ခါကဆိုရင် ရုပ်ရှင်အထူးပွဲပြသနေတဲ့အချိန်မှာ အမှိုက်ကျနေတာတွေ့လို့ အမှိုက်တွေကုန်းကောက်နေတာကို တွေ့လိုက်ကြရပါသေးတယ်။ အဲ့ဒီ့တုန်းကဆိုရင် မီဒီယာတွေမှာတောင် Kwang Soo ရဲ့ စည်းကမ်းလိုက်နာမှုနဲ့ နိုင်ငံကြီးသားပီသမှုတို့ကို ချီးမွမ်းခန်း ဖွင့်လိုက်ကြပါသေးတယ်။

Photo: masijacoke850714/ Instagram

နှလုံးသားလှတဲ့ Kwang Soo ဟာ သူ့ရဲ့တစ်ရက်သော မွေးနေ့မှာတော့ သူ့ဆီရောက်လာတဲ့ မွေးနေ့တွေကို ကိုယ်ပိုင်အဖြစ် မသိမ်းခဲ့ဘဲ လိုအပ်နေတဲ့ ကလေးငယ်တွေကို ပြန်လည်ဝေငှပေးခဲ့ပါသေးတယ်။ Kwang Soo နဲ့ ပတ်သက်လို့ အထင်ကရဖြစ်ခဲ့တဲ့ သူရဲကောင်းဆန်ဆန် လုပ်ရပ်တစ်ခုလည်း ၂၀၀၉ခုနှစ်က ဖြစ်ခဲ့ပါသေးတယ်။

အဲ့ဒီ့တုန်းက Kwang Soo တစ်ယောက် အပြင်ထွက်တုန်း သက်ကြီးအဘိုးအဘွားစုံတွဲတစ်တွဲဟာ မူးယစ်ရမ်းကားနေတဲ့ အရက်သမားတစ်ယောက်ကြောင့် နာကျင်ထိခိုက်သွားရတာကို မြင်တွေ့လိုက်ရပါတယ်။ ဒီအခါမှာ Kwang Soo ဟာ ချက်ချင်းပဲ ရဲကို ဖုန်းဆက်အကြောင်းကြားပေးခဲ့ပြီး အဘိုးအဘွားစုံတွဲအတွက် သက်သေပါ ထွက်ဆိုပေးခဲ့ပါတယ်။

Photo: masijacoke850714/ Instagram

ကိစ္စက ဒီလောက်နဲ့တင် ပြီးသွားတာ မဟုတ်ပါဘူး။ အမှုအခင်းဖြစ်သွားတဲ့အတွက် တရားရုံးမှာ အမှုရင်ဆိုင်ရပြီး Kwang Soo ဟာ တရားရုံးအထိ လိုက်လံကာ မျက်မြင်သက်သေအဖြစ် ထွက်ဆိုပေးခဲ့ပါတယ်။ အဲ့ဒီ့အချိန်တုန်းက သူဟာ Running Man နဲ့ အခြားရိုက်ကူးရေးတွေကြောင့် အလုပ်တွေ တအားများနေခဲ့ပေမယ့် အဘိုးအဘွားစုံတွဲမှာ တရားမျှတမှု မရရှိလိုက်မှာကို စိုးရိမ်တဲ့အတွက် စေတနာအပြည့်နဲ့ ကူညီပေးခဲ့ပါတယ်။

တော်ရုံဆယ်လီတွေဆိုရင် သာမန်လူတွေရဲ့ အရေးကိစ္စကို ဒီလောက်ထိ ထဲထဲဝင်ဝင် ကူညီပေးဖို့ဆိုတာ မဖြစ်နိုင်ပေမယ့် နှလုံးသားလှပတဲ့ Kwang Soo ကတော့ ကိုယ်ကျိုးမငဲ့ဘဲ တတ်နိုင်သမျှ ကူညီပေးခဲ့တာဟာ ချီးကျူးလေးစားစရာ ဖြစ်ပါတယ်။

ဒါကြောင့်လည်း Lee Kwang Soo ဆိုပြီး လူချစ်လူခင် အများဆုံး ကိုရီးယားဆယ်လီတွေထဲမှာ ပါဝင်နေတာ ဖြစ်ကြောင်း တင်ပြရင်း … ။

LaNina
RELATED ARTICLES

Most Popular