HomeBiographyသိသြားရင္ မ်က္ရည္၀ဲရေစမယ့္ Sana ရဲ႕ စိတ္မေကာင္းစရာ အျဖစ္အပ်က္ေလးေတြ

သိသြားရင္ မ်က္ရည္၀ဲရေစမယ့္ Sana ရဲ႕ စိတ္မေကာင္းစရာ အျဖစ္အပ်က္ေလးေတြ

အောက်တွင် ယူနီကုဒ်ဖြင့် ဖတ်ပါ။

Sana လို႔ေျပာလိုက္တာနဲ႔ အၿမဲတမ္း ၿပံဳးေပ်ာ္ေနတတ္ၿပီး တက္ၾကြလန္းဆန္းေနတဲ့ TWICE အဖြဲ႔၀င္ေကာင္မေလးတစ္ေယာက္လို႔ ျမင္မိၾကမွာပါ။ သူဟာ အၿမဲတမ္း အေကာင္းျမင္တတ္ၿပီး အလြယ္တကူနဲ႔ အရႈံးေပးေလ့မရိွတဲ့ ေကာင္မေလးတစ္ေယာက္ မွန္ေပမယ့္ သူ႔ဘ၀ထဲမွာေတာ့ ခက္ခဲၾကမ္းတမ္းမႈေတြ ရိွေနခဲ့ပါတယ္။ မိသားစုအေပၚထားတဲ့ ခ်စ္ခင္စိတ္နဲ႔ ပေရာ္ဖက္ရွင္နယ္တစ္ေယာက္မွာ ရိွရမယ့္ အေနအထားေတြ မွ်တညီညြတ္ေနေအာင္ သည္းခံစိတ္နဲ႔ ႀကံ႕ႀကံ႕ခံေနတဲ့အခါ Sana ရဲ႕ ဘ၀အစိတ္အပိုင္းအခ်ိဳ႕ဟာ ေၾကကြဲစရာေကာင္းေလာက္ေအာင္ ထိခိုက္၀မ္းနည္းရေစပါတယ္။

အသက္(၁၅)ႏွစ္အရြယ္ေလးနဲ႔ ကိုရီးယားကို တစ္ေယာက္တည္း ေျပာင္းလာခဲ့ရပါတယ္။

Sana ဟာ လမ္းေပၚမွာ သူလိုကိုယ္လို သြားလာေနရင္း Cast Manager ေတြရဲ႕ သတိထားမႈကို ရရိွၿပီးTrainee လုပ္ဖို႔ ကမ္းလွမ္းခံခဲ့ရသူ ျဖစ္ပါတယ္။ ပထမဆုံးအႀကိမ္ ကိုရီးယားကို လာၿပီး Trainee အျဖစ္ ေလ့က်င့္ဖို႔ ဆုံးျဖတ္ခ်ိန္ဟာ ၂၀၁၂ခုႏွစ္ျဖစ္ၿပီး အဲ့ဒီ့အခ်ိန္တုန္းက အလယ္တန္းေက်ာင္းသူပဲ ရိွပါေသးတယ္။ သူမရဲ႕မိဘေတြကေတာ့ ေဖ်ာ္ေျဖေရးေလာကထဲကို၀င္ႏိုင္ဖို႔အတြက္နဲ႔ အဲ့ဒီ့အရြယ္ေလးကို ေက်ာင္းထြက္ၿပီး ႏိုင္ငံရပ္ျခားကို တစ္ေယာက္တည္း လႊတ္လိုက္ဖို႔ စိတ္မခ်ခ်င္ခဲ့ပါဘူး။

သို႔ေပမယ့္ ဒါဟာ သူမရဲ႕တကယ့္အိပ္မက္ပါလို႔ Sana က မရမက ေတာင္းဆိုခဲ့ၿပီး ကိုရီးယားကို တစ္ေယာက္တည္း ေရာက္လာခဲ့ပါတယ္။ သူမဘ၀ရဲ႕ အႀကီးမားဆုံးေသာ အခြင့္အေရးႀကီးကို မရေသးခင္ ႏိုင္ငံရပ္ျခားမွာ တစ္ေယာက္တည္း ေနထိုင္ၿပီး ႏွစ္ႏွစ္ေလာက္ အျပင္းအထန္ ေလ့က်င့္ခဲ့ပါတယ္။ ဒီလိုနဲ႔ ပြဲထြက္ကာနီး SIXMIX အဖြဲ႕ထဲက အဖြဲ႔၀င္တစ္ေယာက္ ထြက္သြားတဲ့အခါ Sana က လူစားထိုးအေနနဲ႔ ေရြးခ်ယ္ခံခဲ့ရပါတယ္။ Nayeon ၊ Momo တို႔နဲ႔အတူ ၂၀၁၄ခုႏွစ္မွာ ပြဲထြက္ႏိုင္ဖို႔ ဦးတည္ႀကိဳးပမ္းခဲ့ေပမယ့္ အျခားအဖြဲ႔၀င္ေတြက ထုတ္ပယ္ခံခဲ့ရလို႔ အဖြဲ႔လည္း ပ်က္သြားခဲ့ပါတယ္။ အဲ့ဒီ့ေနာက္မွာေတာ့ SIXTEEN reality show ထဲမွာ ပါ၀င္ဖို႔အတြက္ တစ္ႏွစ္တိတိ ေစာင့္ဆိုင္းဖို႔ ဖိအားေပးခံခဲ့ရပါေသးတယ္။

Photo: koreaboo

ဖိအားမ်ားစြာရဲ႕ ဒဏ္ကို ႀကံ႕ႀကံ႕ခံခဲ့ရပါတယ္။ 

Sana ဟာ Trainee ဘ၀ အသက္ငယ္ငယ္ေလးကေနစလို႔ TWICE အဖြဲ႔၀င္ျဖစ္လာၿပီး လူထုေရွ႕ကို ေရာက္လာတဲ့အထိ အၿမဲတမ္း ၾကည့္ေကာင္းေနေအာင္ ႀကိဳးစားခဲ့ရတာေၾကာင့္ စိတ္ဖိစီးမႈမ်ားစြာ ရရိွခဲ့သူပါ။ မနက္မိုးလင္းလို႔ အိပ္ရာကႏိုးလာတာနဲ႔ “ငါ့မ်က္ႏွာႀကီး ဘယ္ေလာက္ ေဖာင္းကားေနၿပီလဲ”ဆိုတဲ့ အေၾကာင္းကို ပထမဆုံးေတြးေတာရတဲ့အထိ ျဖစ္ခဲ့ရပါတယ္။ သူမဟာ အဖြဲ႕ထဲက ၾကည့္အေကာင္းဆုံး မိန္းကေလးစာရင္းထဲမွာ ပါတဲ့သူျဖစ္ေပမယ့္ ကိုယ့္ကိုယ္ကို ယုံၾကည္မႈအပိုင္းမွာ အားငယ္ေနတတ္ခဲ့သူလည္း ျဖစ္ပါတယ္။

ဘယ္ေလာက္ပဲဖုံးကြယ္ဖို႔ ႀကိဳးစားေပမယ့္ မိသားစုကို အၿမဲလြမ္းေနရသူပါ။

ဇူလိုင္လအေစာပိုင္းက ျပဳလုပ္ခဲ့တဲ့ TWICE ရဲ႕ Fantasy Park Concert ေဖ်ာ္ေျဖပြဲမွာဆိုရင္ Sana တစ္ေယာက္ မ်က္ရည္မထိန္းႏိုင္ ျဖစ္ခဲ့ရဖူးပါတယ္။ ေအာက္ကၾကည့္ေနတဲ့ ပရိသတ္ထဲမွာ သူမရဲ႕မိသားစုေတြလည္း ပါ၀င္ေနတာေၾကာင့္ အိမ္ကိုလြမ္းတဲ့ အလြမ္းေတြဟာ မထိန္းႏိုင္ေအာင္ ဆို႔တက္လာခဲ့ပုံပါပဲ။ ငယ္ငယ္ေလးတည္းက အိမ္နဲ႔ခြဲခဲ့ရတဲ့သူတစ္ေယာက္ရဲ႕ စိတ္ထဲမွာေတာ့ ေသခ်ာေပါက္ အထီးက်န္ျခင္းေတြ ရိွေနမယ္ဆိုတာ မွန္းဆၾကည့္လို႔ ရပါတယ္။

https://www.instagram.com/p/B1JqKrGFPMT/

စိတ္ေရာကိုယ္ပါ ေပ်ာ္ရႊင္ေနေအာင္ အၿမဲႀကိဳးစားေနခဲ့ရသူပါ။

Sana ကို ၾကည့္လိုက္ရင္ အၿမဲတမ္း ၿပံဳးရႊင္ၿပီး ရယ္ေမာေပ်ာ္ရႊင္ေနေလ့ရိွတယ္လို႔ အျခားအဖြဲ႔၀င္ေတြကိုယ္တိုင္က ေျပာဖူးၾကပါတယ္။ ဒါဟာ တကယ္ေတာ့ အဲ့လိုေပ်ာ္ရႊင္ေနပုံေပါက္ေအာင္ တမင္ႀကိဳးစားယူထားရတဲ့အရာ ျဖစ္ေနပါတယ္။ ပင္ကိုစရိုက္က ေပ်ာ္ေပ်ာ္ေနတတ္တာ မွန္ေပမယ့္ အၿမဲတမ္း ၿပံဳးေပ်ာ္ေနဖို႔ေတာ့ မလြယ္ကူတဲ့အေၾကာင္း သူမကိုယ္တိုင္က ေျပာျပထားဖူးပါတယ္။

SIXTEEN အစီအစဥ္ရဲ႕ minor B Team အဖြဲ႔၀င္ျဖစ္ခဲ့တုန္းကဆိုရင္ ေလ့က်င့္ရမယ့္အခ်ိန္မွာ အျခားအဖြဲ႕၀င္ေတြ ေရာက္မလာၾကလို႔ သူမရဲ႕ ၿပံဳးေပ်ာ္ေနတဲ့ပုံစံ လုံး၀ေပ်ာက္သြားၿပီး စိတ္ဓာတ္က်ေနတဲ့ပုံမ်ိဳးအထိ ျဖစ္သြားဖူးပါတယ္။ အင္တာဗ်ဴးတစ္ခုမွာ ေျပာျပထားခ်က္အရ Sana ဟာ ၀မ္းနည္းလာတဲ့အခါ တစ္ေယာက္တည္း ၾကယ္ေတြ သြားၾကည့္ေလ့ရိွတယ္လုိ႔ ဆိုပါတယ္။ သို႔ေပမယ့္ ဆိုးလ္မွာကေတာ့ ၾကယ္ေတြကို ၾကည့္ဖို႔ အဲ့ေလာက္မလြယ္ကူတာေၾကာင့္ ၀မ္းနည္းတဲ့အခ်ိန္ေတြဟာ သူမအတြက္ ခက္ခဲမယ္ဆိုတာ အေသအခ်ာပါပဲ။

သူငယ္ခ်င္းက ၀မ္းနည္းရင္ လိုက္ၿပီး၀မ္းနည္းတတ္တဲ့ ေကာင္မေလးပါ။

SIXTEEN အစီအစဥ္ထဲက Momo အထုတ္ခံလိုက္ရတဲ့အခါ Sana တစ္ေယာက္ ၀မ္းနည္းပက္လက္ ျဖစ္ခဲ့ရဖူးပါတယ္။ သူတို႔ႏွစ္ေယာက္ရဲ႕ အိပ္မက္က အတူတူ ပြဲထြက္ခြင့္ရဖို႔ ျဖစ္တာေၾကာင့္ အခ်စ္ဆုံးသူငယ္ခ်င္းက ထြက္သြားရတဲ့အေပၚမွာ မ်က္ရည္မဆည္ႏိုင္ ျဖစ္ခဲ့ရပါေသးတယ္။

ေနမေကာင္းလုိ႔ သီခ်င္းမဆိုႏိုင္တဲ့အခါ အျပစ္သားလို ငိုေၾကြးတတ္သူပါ။

TWICE အဖြဲ႔နဲ႔ ပြဲထြက္ၿပီး သိပ္မၾကာခင္မွာပဲ ျပဳလုပ္တဲ့ ေဖ်ာ္ေျဖပြဲတစ္ခုမွာေတာ့ Sana တစ္ေယာက္ ေနမေကာင္းျဖစ္ေနခဲ့ပါတယ္။ အေအးမိၿပီး ေနမေကာင္းတာေၾကာင့္ အသံလည္းမထြက္ခဲ့ပါဘူး။ သီခ်င္းေကာင္းေကာင္း မဆိုႏိုင္ခဲ့လို႔ ပရိသတ္ေတြအတြက္ တာ၀န္မေက်သလို ခံစားရၿပီး အျပစ္ရိွသူတစ္ေယာက္လို ငိုေၾကြးခဲ့ပါတယ္။ ေဘးကအဖြဲ႔၀င္ေတြက ၀ိုင္း၀န္းေခ်ာ႔ေမာ့ ေဖ်ာင္းဖ်ရတဲ့အထိ ျဖစ္ခဲ့ရသူပါ။

https://youtu.be/YCgHi0DAimo

ပရိသတ္ေတြရဲ႕အခ်စ္ေၾကာင့္ မ်က္ရည္မဆည္ႏိုင္ခဲ့သူပါ။

တိုင္းတစ္ပါးမွာ ႏွစ္ေပါက္ေအာင္ ခက္ခက္ခဲခဲ ႀကိဳးစားရုန္းကန္ၿပီး အထီးက်န္ေနခဲ့တဲ့ Sana ဟာ သူမကို ပရိသတ္ေတြအမ်ားႀကီးက ခ်စ္ေပးလိမ့္မယ္လို႔ မထင္မွတ္ခဲ့သူပါ။ TWICE နဲ႔ ပြဲထြက္ၿပီး ၂၀၁၆ခုႏွစ္မွာ ျပဳလုပ္တဲ့ လက္မွတ္ထိုးပြဲမွာေတာ့ ပရိသတ္ေတြ အမ်ားႀကီးကို ေတြ႕ရၿပီး လူအမ်ားႀကီးဆီက အခ်စ္ေတြကို ထိေတြ႕ခံစားလိုက္ရလို႔ စိတ္မထိန္းႏိုင္ေအာင္ ခံစားခဲ့ရသူေလးပါ။

ဒါကေတာ့ အၿမဲၿပံဳးေနတတ္တဲ့ ေကာင္မေလး Sana ရဲ႕ ၀မ္းနည္းစရာ ျဖစ္ရပ္ေလးေတြပါပဲ။ ေနာက္ထပ္လည္း ပရိသတ္ေတြဆီက အခ်စ္မ်ားစြာကို ဆက္လက္ရရိွဦးမယ့္ ေကာင္မေလးဆိုတာ တင္ျပရင္း … ။

Xei

Ref: koreaboo

(Unicode Version)

Sana လို့ပြောလိုက်တာနဲ့ အမြဲတမ်း ပြုံးပျော်နေတတ်ပြီး တက်ကြွလန်းဆန်းနေတဲ့ TWICE အဖွဲ့ဝင်ကောင်မလေးတစ်ယောက်လို့ မြင်မိကြမှာပါ။ သူဟာ အမြဲတမ်း အကောင်းမြင်တတ်ပြီး အလွယ်တကူနဲ့ အရှုံးပေးလေ့မရှိတဲ့ ကောင်မလေးတစ်ယောက် မှန်ပေမယ့် သူ့ဘဝထဲမှာတော့ ခက်ခဲကြမ်းတမ်းမှုတွေ ရှိနေခဲ့ပါတယ်။ မိသားစုအပေါ်ထားတဲ့ ချစ်ခင်စိတ်နဲ့ ပရော်ဖက်ရှင်နယ်တစ်ယောက်မှာ ရှိရမယ့် အနေအထားတွေ မျှတညီညွတ်နေအောင် သည်းခံစိတ်နဲ့ ကြံ့ကြံ့ခံနေတဲ့အခါ Sana ရဲ့ ဘဝအစိတ်အပိုင်းအချို့ဟာ ကြေကွဲစရာကောင်းလောက်အောင် ထိခိုက်ဝမ်းနည်းရစေပါတယ်။

အသက်(၁၅)နှစ်အရွယ်လေးနဲ့ ကိုရီးယားကို တစ်ယောက်တည်း ပြောင်းလာခဲ့ရပါတယ်။

Sana ဟာ လမ်းပေါ်မှာ သူလိုကိုယ်လို သွားလာနေရင်း Cast Manager တွေရဲ့ သတိထားမှုကို ရရှိပြီးTrainee လုပ်ဖို့ ကမ်းလှမ်းခံခဲ့ရသူ ဖြစ်ပါတယ်။ ပထမဆုံးအကြိမ် ကိုရီးယားကို လာပြီး Trainee အဖြစ် လေ့ကျင့်ဖို့ ဆုံးဖြတ်ချိန်ဟာ ၂၀၁၂ခုနှစ်ဖြစ်ပြီး အဲ့ဒီ့အချိန်တုန်းက အလယ်တန်းကျောင်းသူပဲ ရှိပါသေးတယ်။ သူမရဲ့မိဘတွေကတော့ ဖျော်ဖြေရေးလောကထဲကိုဝင်နိုင်ဖို့အတွက်နဲ့ အဲ့ဒီ့အရွယ်လေးကို ကျောင်းထွက်ပြီး နိုင်ငံရပ်ခြားကို တစ်ယောက်တည်း လွှတ်လိုက်ဖို့ စိတ်မချချင်ခဲ့ပါဘူး။

သို့ပေမယ့် ဒါဟာ သူမရဲ့တကယ့်အိပ်မက်ပါလို့ Sana က မရမက တောင်းဆိုခဲ့ပြီး ကိုရီးယားကို တစ်ယောက်တည်း ရောက်လာခဲ့ပါတယ်။ သူမဘဝရဲ့ အကြီးမားဆုံးသော အခွင့်အရေးကြီးကို မရသေးခင် နိုင်ငံရပ်ခြားမှာ တစ်ယောက်တည်း နေထိုင်ပြီး နှစ်နှစ်လောက် အပြင်းအထန် လေ့ကျင့်ခဲ့ပါတယ်။ ဒီလိုနဲ့ ပွဲထွက်ကာနီး SIXMIX အဖွဲ့ထဲက အဖွဲ့ဝင်တစ်ယောက် ထွက်သွားတဲ့အခါ Sana က လူစားထိုးအနေနဲ့ ရွေးချယ်ခံခဲ့ရပါတယ်။ Nayeon ၊ Momo တို့နဲ့အတူ ၂၀၁၄ခုနှစ်မှာ ပွဲထွက်နိုင်ဖို့ ဦးတည်ကြိုးပမ်းခဲ့ပေမယ့် အခြားအဖွဲ့ဝင်တွေက ထုတ်ပယ်ခံခဲ့ရလို့ အဖွဲ့လည်း ပျက်သွားခဲ့ပါတယ်။ အဲ့ဒီ့နောက်မှာတော့ SIXTEEN reality show ထဲမှာ ပါဝင်ဖို့အတွက် တစ်နှစ်တိတိ စောင့်ဆိုင်းဖို့ ဖိအားပေးခံခဲ့ရပါသေးတယ်။

Photo: koreaboo

ဖိအားများစွာရဲ့ ဒဏ်ကို ကြံ့ကြံ့ခံခဲ့ရပါတယ်။ 

Sana ဟာ Trainee ဘ၀ အသက်ငယ်ငယ်လေးကနေစလို့ TWICE အဖွဲ့ဝင်ဖြစ်လာပြီး လူထုရှေ့ကို ရောက်လာတဲ့အထိ အမြဲတမ်း ကြည့်ကောင်းနေအောင် ကြိုးစားခဲ့ရတာကြောင့် စိတ်ဖိစီးမှုများစွာ ရရှိခဲ့သူပါ။ မနက်မိုးလင်းလို့ အိပ်ရာကနိုးလာတာနဲ့ “ငါ့မျက်နှာကြီး ဘယ်လောက် ဖောင်းကားနေပြီလဲ”ဆိုတဲ့ အကြောင်းကို ပထမဆုံးတွေးတောရတဲ့အထိ ဖြစ်ခဲ့ရပါတယ်။ သူမဟာ အဖွဲ့ထဲက ကြည့်အကောင်းဆုံး မိန်းကလေးစာရင်းထဲမှာ ပါတဲ့သူဖြစ်ပေမယ့် ကိုယ့်ကိုယ်ကို ယုံကြည်မှုအပိုင်းမှာ အားငယ်နေတတ်ခဲ့သူလည်း ဖြစ်ပါတယ်။

ဘယ်လောက်ပဲဖုံးကွယ်ဖို့ ကြိုးစားပေမယ့် မိသားစုကို အမြဲလွမ်းနေရသူပါ။

ဇူလိုင်လအစောပိုင်းက ပြုလုပ်ခဲ့တဲ့ TWICE ရဲ့ Fantasy Park Concert ဖျော်ဖြေပွဲမှာဆိုရင် Sana တစ်ယောက် မျက်ရည်မထိန်းနိုင် ဖြစ်ခဲ့ရဖူးပါတယ်။ အောက်ကကြည့်နေတဲ့ ပရိသတ်ထဲမှာ သူမရဲ့မိသားစုတွေလည်း ပါဝင်နေတာကြောင့် အိမ်ကိုလွမ်းတဲ့ အလွမ်းတွေဟာ မထိန်းနိုင်အောင် ဆို့တက်လာခဲ့ပုံပါပဲ။ ငယ်ငယ်လေးတည်းက အိမ်နဲ့ခွဲခဲ့ရတဲ့သူတစ်ယောက်ရဲ့ စိတ်ထဲမှာတော့ သေချာပေါက် အထီးကျန်ခြင်းတွေ ရှိနေမယ်ဆိုတာ မှန်းဆကြည့်လို့ ရပါတယ်။

https://www.instagram.com/p/B1JqKrGFPMT/

စိတ်ရောကိုယ်ပါ ပျော်ရွှင်နေအောင် အမြဲကြိုးစားနေခဲ့ရသူပါ။

Sana ကို ကြည့်လိုက်ရင် အမြဲတမ်း ပြုံးရွှင်ပြီး ရယ်မောပျော်ရွှင်နေလေ့ရှိတယ်လို့ အခြားအဖွဲ့ဝင်တွေကိုယ်တိုင်က ပြောဖူးကြပါတယ်။ ဒါဟာ တကယ်တော့ အဲ့လိုပျော်ရွှင်နေပုံပေါက်အောင် တမင်ကြိုးစားယူထားရတဲ့အရာ ဖြစ်နေပါတယ်။ ပင်ကိုစရိုက်က ပျော်ပျော်နေတတ်တာ မှန်ပေမယ့် အမြဲတမ်း ပြုံးပျော်နေဖို့တော့ မလွယ်ကူတဲ့အကြောင်း သူမကိုယ်တိုင်က ပြောပြထားဖူးပါတယ်။

SIXTEEN အစီအစဉ်ရဲ့ minor B Team အဖွဲ့ဝင်ဖြစ်ခဲ့တုန်းကဆိုရင် လေ့ကျင့်ရမယ့်အချိန်မှာ အခြားအဖွဲ့ဝင်တွေ ရောက်မလာကြလို့ သူမရဲ့ ပြုံးပျော်နေတဲ့ပုံစံ လုံးဝပျောက်သွားပြီး စိတ်ဓာတ်ကျနေတဲ့ပုံမျိုးအထိ ဖြစ်သွားဖူးပါတယ်။ အင်တာဗျူးတစ်ခုမှာ ပြောပြထားချက်အရ Sana ဟာ ဝမ်းနည်းလာတဲ့အခါ တစ်ယောက်တည်း ကြယ်တွေ သွားကြည့်လေ့ရှိတယ်လို့ ဆိုပါတယ်။ သို့ပေမယ့် ဆိုးလ်မှာကတော့ ကြယ်တွေကို ကြည့်ဖို့ အဲ့လောက်မလွယ်ကူတာကြောင့် ဝမ်းနည်းတဲ့အချိန်တွေဟာ သူမအတွက် ခက်ခဲမယ်ဆိုတာ အသေအချာပါပဲ။

သူငယ်ချင်းက ဝမ်းနည်းရင် လိုက်ပြီးဝမ်းနည်းတတ်တဲ့ ကောင်မလေးပါ။

SIXTEEN အစီအစဉ်ထဲက Momo အထုတ်ခံလိုက်ရတဲ့အခါ Sana တစ်ယောက် ဝမ်းနည်းပက်လက် ဖြစ်ခဲ့ရဖူးပါတယ်။ သူတို့နှစ်ယောက်ရဲ့ အိပ်မက်က အတူတူ ပွဲထွက်ခွင့်ရဖို့ ဖြစ်တာကြောင့် အချစ်ဆုံးသူငယ်ချင်းက ထွက်သွားရတဲ့အပေါ်မှာ မျက်ရည်မဆည်နိုင် ဖြစ်ခဲ့ရပါသေးတယ်။

နေမကောင်းလို့ သီချင်းမဆိုနိုင်တဲ့အခါ အပြစ်သားလို ငိုကြွေးတတ်သူပါ။

TWICE အဖွဲ့နဲ့ ပွဲထွက်ပြီး သိပ်မကြာခင်မှာပဲ ပြုလုပ်တဲ့ ဖျော်ဖြေပွဲတစ်ခုမှာတော့ Sana တစ်ယောက် နေမကောင်းဖြစ်နေခဲ့ပါတယ်။ အအေးမိပြီး နေမကောင်းတာကြောင့် အသံလည်းမထွက်ခဲ့ပါဘူး။ သီချင်းကောင်းကောင်း မဆိုနိုင်ခဲ့လို့ ပရိသတ်တွေအတွက် တာဝန်မကျေသလို ခံစားရပြီး အပြစ်ရှိသူတစ်ယောက်လို ငိုကြွေးခဲ့ပါတယ်။ ဘေးကအဖွဲ့ဝင်တွေက ဝိုင်းဝန်းချော့မော့ ဖျောင်းဖျရတဲ့အထိ ဖြစ်ခဲ့ရသူပါ။

https://youtu.be/YCgHi0DAimo

ပရိသတ်တွေရဲ့အချစ်ကြောင့် မျက်ရည်မဆည်နိုင်ခဲ့သူပါ။

တိုင်းတစ်ပါးမှာ နှစ်ပေါက်အောင် ခက်ခက်ခဲခဲ ကြိုးစားရုန်းကန်ပြီး အထီးကျန်နေခဲ့တဲ့ Sana ဟာ သူမကို ပရိသတ်တွေအများကြီးက ချစ်ပေးလိမ့်မယ်လို့ မထင်မှတ်ခဲ့သူပါ။ TWICE နဲ့ ပွဲထွက်ပြီး ၂၀၁၆ခုနှစ်မှာ ပြုလုပ်တဲ့ လက်မှတ်ထိုးပွဲမှာတော့ ပရိသတ်တွေ အများကြီးကို တွေ့ရပြီး လူအများကြီးဆီက အချစ်တွေကို ထိတွေ့ခံစားလိုက်ရလို့ စိတ်မထိန်းနိုင်အောင် ခံစားခဲ့ရသူလေးပါ။

ဒါကတော့ အမြဲပြုံးနေတတ်တဲ့ ကောင်မလေး Sana ရဲ့ ဝမ်းနည်းစရာ ဖြစ်ရပ်လေးတွေပါပဲ။ နောက်ထပ်လည်း ပရိသတ်တွေဆီက အချစ်များစွာကို ဆက်လက်ရရှိဦးမယ့် ကောင်မလေးဆိုတာ တင်ပြရင်း … ။

Xei

Ref: koreaboo

 

RELATED ARTICLES

Most Popular