HomeCelebs Update NewsKoreaအသည္းမာတဲ့ မိန္းကေလးေတြေၾကာင့္ ခ်စ္ကံေခၿပီး အသည္းကြဲခဲ့ၾကဖူးတဲ့ Idol (၁၁)ေယာက္

အသည္းမာတဲ့ မိန္းကေလးေတြေၾကာင့္ ခ်စ္ကံေခၿပီး အသည္းကြဲခဲ့ၾကဖူးတဲ့ Idol (၁၁)ေယာက္

အောက်တွင် ယူနီကုဒ်ဖြင့် ဖတ်ပါ။

k-pop Idol ဆိုတာမ်ိဳးဟာ ရုပ္ေခ်ာ၊ ခ်မ္းသာၿပီး အရည္အခ်င္းမ်ိဳးစုံနဲ႔ ျပည့္စုံေနလို႔ ပ်ိဳတိုင္းႀကိဳက္တဲ့ ႏွင္းဆီခိုင္ေတြလို႔ အေပၚယံ သတ္မွတ္ထားၾကေပမယ့္ သူတို႔သည္လည္း အသည္းကြဲဖူးၾကပါတယ္။ ပ်ိဳေမတိုင္းရဲ႕ အိပ္မက္ထဲက မင္းသားေလးေတြ ျဖစ္ေနေပမယ့္ အသည္းမာတဲ့ မိန္းကေလးေတြနဲ႔ ေတြ႕တဲ့အခါ အျငင္းခံရတဲ့ ခံစားခ်က္က Idol ေတြကို ခံစားရခက္ေစမွာ အမွန္ပါ။ ဒီလို အသည္းကြဲဖူးတဲ့ Idol (၁၁)ေယာက္ကေတာ့ …

(၁) Block B ရဲ႕ ZICO
Photo: channel korea

ZICO ရဲ႕ ေျပာျပခ်က္အရ နာမည္ေက်ာ္ ဆယ္လီအမ်ိဳးသမီးတစ္ဦးကို ႏွစ္ခါတိတိ ခ်စ္ခြင့္ပန္ဖူးေပမယ့္ ႏွစ္ခါလုံး အျငင္းခံခဲ့ရတယ္လို႔ ဆိုပါတယ္။ ဒါဟာ ေတာ္ေတာ္ေလး ခါးသီးမယ့္ ခံစားခ်က္မ်ိဳးပါပဲ။

(၂) BTOB ရဲ႕ Minhyuk
Photo: soompi

Minhyuk ကေတာ့ အလယ္တန္းေက်ာင္းသားဘ၀တုန္းက သူ႔ထက္တစ္ႏွစ္ငယ္တဲ့ ေကာင္မေလးတစ္ေယာက္ကို တစ္ဖတ္သတ္ခ်စ္ခဲ့ဖူးတယ္လို႔ ဆိုပါတယ္။ အံ့ၾသဖို႔ေကာင္းတာကေတာ့ ေလးႏွစ္တိတိ တိတ္တိတ္ေလး ခုိးခ်စ္ေနခဲ့ၿပီးမွ ေကာင္မေလးကို ဖြင့္ေျပာခဲ့တာပါပဲ။ အဲ့ဒီ့ေကာင္မေလးဟာ Minhyuk ရဲ႕ အခ်စ္ကို လက္ခံခဲ့ေပမယ့္လည္း ခ်စ္သူဘ၀မွာ တစ္ဖတ္သတ္ဆန္တဲ့ အခ်စ္ေတြကို Minhyuk ဘက္ကပဲ ေပးဆပ္ခဲ့ရတာေၾကာင့္ ေနာက္ဆုံးမွာ လမ္းခြဲခဲ့ရတယ္လို႔ သိရပါတယ္။

(၃) EXO ရဲ႕ D.O.
Photo: fanpop

D.O. ကလည္း တစ္ခါတုန္းက သူ႔ရဲ႕အခ်စ္ဦးအေၾကာင္းကို ေျပာျပခဲ့ဖူးၿပီး သူရိုက္ဖူးတဲ့ ဒရာမာေတြထဲကလို စိတ္ကူးယဥ္ဆန္တဲ့ အခ်စ္ဇာတ္လမ္းမ်ိဳး လုံး၀မဟုတ္ခဲ့ဘူးလို႔ ဆိုပါတယ္။ “အရမ္း၀မ္းနည္းဖို႔ေကာင္းၿပီး စိတ္ဓာတ္က်စရာေကာင္းတဲ့ အခ်စ္မ်ိဳးဆိုတာ ကၽြန္ေတာ္ မွတ္မိေနခဲ့ပါတယ္။ ကၽြန္ေတာ္က သူ႔ကို သိပ္စြဲလန္းေနခဲ့တာေလ။ လူတစ္ေယာက္က ခ်စ္သူအေပၚ အရမ္းစြဲလန္းလာၿပီဆိုတာနဲ႔ သူ႔ခ်စ္သူဆီက ဂရုစိုက္မႈေတြ ဆုံးရႈံးရၿပီဆိုတာ ကၽြန္ေတာ္ အဲ့ဒီ့တုန္းကတည္းက သင္ယူခဲ့ရပါတယ္” လို႔ D.O. က ေျပာျပဖူးပါတယ္။

(၄) INFINITE အဖြဲ႕ရဲ႕ Sunggyu
Photo: soompi

Sunggyu ရဲ႕အခ်စ္ဦးကေတာ့ ေက်ာင္းတုန္းက တီး၀ိုင္းအဖြဲ႔၀င္တစ္ေယာက္လို႔ သိရပါတယ္။ အဲ့ဒီ့ေက်ာင္းတီး၀ိုင္းမွာ Sunggyu က ကီးဘုတ္န႔ဲ အဆိုပိုင္းကို တာ၀န္ယူခဲ့ရတာပါ။ ၀ိုင္းေတာ္သားအခ်င္းခ်င္းဆိုေတာ့ တျဖည္းျဖည္းနဲ႔ အဲ့ဒီ့ေကာင္မေလးကို ခ်စ္မိခဲ့လို႔ သူမအတြက္ ရည္ရြယ္ၿပီး အခ်စ္သီခ်င္းေတြလည္း ခဏခဏ ဆိုျပခဲ့သူပါ။ စိတ္မေကာင္းစရာကေတာ့ ဒရာမာေတြထဲကလို ျပန္အခ်စ္မခံခဲ့ရတာပါပဲ။

(၅) BTS ရဲ႕ J Hope
Photo: billboard

အထက္တန္းေက်ာင္းသား အရြယ္တုန္းက J Hope မွာ ခ်စ္သူမိန္းကေလးတစ္ေယာက္ ရိွခဲ့ဖူးပါတယ္။ ဒါေပမယ့္ အဲ့ဒီ့ေကာင္မေလးဟာ အျခားေကာင္ေလးတစ္ေယာက္ကို ေရြးခ်ယ္ၿပီး J Hope ကို ထားရစ္ခဲ့တယ္လို႔ ဆိုပါတယ္။ ေတာ္ေတာ္မိုက္မဲတဲ့ ေကာင္မေလးလို႔ပဲ ေျပာရမွာပါ။

(၆) Henry
Photo: asianwiki

Henry ဆီမွာ တစ္ဦးတည္း ခ်စ္ခဲ့ရတဲ့ ခ်စ္သူတစ္ေယာက္ ရိွခဲ့ဖူးၿပီး ကေနဒါမွာ ေနတုန္းက (၇)ႏွစ္တာ တြဲခဲ့သူလို႔ ဆိုပါတယ္။ ဒါေပမယ့္ Henry ရဲ႕ အခ်စ္ဆုံးသူငယ္ခ်င္းနဲ႔ ေဖာက္ျပန္ေနခဲ့လို႔ ေၾကကြဲစရာ အဆုံးသတ္ခဲ့ရပါတယ္။

(၇) Big Star ရဲ႕ Sunghak

The Unit reality show မွာ Sunghak က သူ႔ရဲ႕ငယ္ခ်စ္ဦးအေၾကာင္းကို ေဖာက္သည္ခ်ခဲ့ဖူးပါတယ္။ အလယ္တန္းေက်ာင္းသား အရြယ္တည္းက သူနဲ႔ တြဲခဲ့တဲ့ ေကာင္မေလးဟာ တစ္ျခားေကာင္ေလးအတြက္နဲ႔ သူ႔ကို ထားခဲ့တယ္လို႔ ဆိုပါတယ္။ ျဖစ္ခ်င္ေတာ့ Sunghak ရဲ႕ ခ်စ္သူေကာင္မေလး ေရြးခ်ယ္သြားတဲ့သူဟာ The Unit အစီအစဥ္ထဲမွာပဲ ပါ၀င္ေနတဲ့ Marco ျဖစ္ေနတာပါပဲ။

(၈) BIGBANG အဖြဲ႔ရဲ႕ Seungri
Photo: the straits times

Seungri ရဲ႕အျဖစ္ကေတာ့ ငိုအားထက္ ရယ္အားသန္ရမလိုပါ။ သူဟာ ေကာင္မေလးတစ္ေယာက္နဲ႔ တစ္ႏွစ္ေလာက္ တြဲခဲ့ဖူးပါတယ္။ အဲ့ဒီ့ေကာင္မေလးဟာ G-Dragon နဲ႔လည္း သိကၽြမ္းရင္းႏွီးတယ္လို႔ ဆိုပါတယ္။ Seungri ဘက္ကသာ ခ်စ္သူအျဖစ္နဲ႔ သတ္မွတ္ခဲ့ေပမယ့္ ေကာင္မေလးဘက္ကေတာ့ သူတို႔ႏွစ္ေယာက္က တြဲေနခဲ့တယ္လို႔ လုံး၀မထင္ခဲ့ဘူးလို႔ ဆိုပါသတဲ့။ Seungri ကေတာ့ အဲ့ဒီ့ေကာင္မေလးကို တကယ္လည္း ႏွစ္သက္ၿပီး စာေတြလည္း မၾကာခဏ ပို႔သလို ေကာင္မေလးရဲ႕အေမနဲ႔ေတာင္ ခဏခဏ ဖုန္းေျပာဖူးတယ္လို႔ ဆိုပါတယ္။ ဒီလိုနဲ႔ပဲ ဇာတ္လမ္းေလးဟာ တစ္ဖတ္သတ္ဆန္ဆန္ ေအာင့္သီးေအာင့္သက္နဲ႔ပဲ အဆုံးသတ္ခဲ့ရပါတယ္။

(၉) BTS ရဲ႕ V
Photo: channel korea

V အထက္တန္းေက်ာင္းသား အရြယ္တုန္းက တစ္ဖတ္သတ္ခ်စ္ဖူးတဲ့ ေကာင္မေလးတစ္ေယာက္ ရိွပါတယ္။ ဒါနဲ႔ပဲ သူလည္း ရိွသမွ်သတၱိအားလုံး စုေဆာင္းၿပီး ဖြင့္ေျပာဖို႔ရာအတြက္ မိုးရြာတဲ့ေန႔တစ္ေန႔မွာ ေကာင္မေလးဆီ ဖုန္းေခၚခဲ့ပါတယ္။ သို႔ေပမယ့္ ေကာင္မေလးဟာ ဖုန္းကို လုံး၀မကိုင္တဲ့အတြက္ V လည္း လက္ေလွ်ာ႔လိုက္တယ္လို႔ သိရပါတယ္။

(၁၀) Super Junior ရဲ႕ Kyuhyun
Photo: hype malaysia

Kyuhyun ရဲ႕ ဇာတ္လမ္းကေတာ့ စိုင္းထီးဆိုင္ ဆန္ပါတယ္။ အေၾကာင္းကေတာ့ နာ႔စ္မေလးကို ခ်စ္မိခဲ့လို႔ပါ။ တစ္ခါတုန္းက ကားအက္ဆီးဒင့္ ျဖစ္ခဲ့ရလို႔ ေဆးရုံတက္ခဲ့ရၿပီး အဲ့ဒီ့က နာ႔စ္မေလးကို ခ်စ္မိခဲ့တာလို႔ ဆိုပါတယ္။ အဲ့ဒါနဲ႔ပဲ အားေမြးၿပီး နာ႔စ္မေလးဆီက ဖုန္းနံပါတ္ေတာင္းတဲ့အခါမွာေတာ့ ေကာင္မေလးက ခ်စ္သူရိွတယ္ဆိုၿပီး သူ႔ကို ျငင္းခဲ့ပါသတဲ့။ ဒီလိုနဲ႔ အေတာ္ၾကာတဲ့ တစ္ေန႔မွာေတာ့ Super Junior အဖြဲ႕ရဲ႕ ပရိသတ္နဲ႔ ေတြ႕ဆုံၿပီး လက္မွတ္ေရးထိုးပြဲ ျပဳလုပ္ခဲ့ရာ အဲ့ဒီ့နာ႔စ္မေလးကို ျပန္ေတြ႕လိုက္ရတယ္လို႔ ဆိုပါတယ္။ ကံဆိုးခ်င္ေတာ့ နာ႔စ္မေလးက သူ႔လက္မွတ္ရဖို႔ တန္းစီေနတာမဟုတ္ဘဲ Eunhyuk ရဲ႕ လက္မွတ္ကိုရဖို႔ တန္းစီေနတာကို ေတြ႕ခဲ့ရတယ္လို႔ ဆိုပါတယ္။ ဒီလိုနဲ႔ပဲ တစ္ခန္းရပ္တဲ့ အခ်စ္ဇာတ္လမ္းေလး ျဖစ္သြားပါေတာ့တယ္။

(၁၁) BIGBANG ရဲ႕ G-Dragon
Photo: SBS

G-Dragon ဟာ BIGBANG အဖြဲ႕ ပြဲထြက္ကာစမွာ J လို႔ နာမ္စားသုံးၿပီး သီခ်င္းအခ်ိဳ႕ သီဆိုခဲ့ဖူးပါတယ္။ အဲ့ဒီ့ J ဆိုတာ ဘယ္သူ႔ကို ရည္ညႊန္းမွန္း အခ်ိန္အတန္ၾကာတဲ့အထိ မသိခဲ့ရပါဘူး။ ေနာက္မွ ထြက္ေပၚလာတဲ့ သတင္းေတြအရ အဲ့ဒီ့ J ဆိုတဲ့ နာမ္စားဟာ Kim Jinah ဆိုသူ အမ်ိဳးသမီးျဖစ္ၿပီး G-Dragon ပြဲမထြက္ရေသးခင္ကတည္းက ျငငး္ထားသူလို႔ ဆိုပါတယ္။ သူမဆီမွာလည္း ရည္းစားရိွၿပီး GD နဲ႔ သူငယ္ခ်င္းလိုပဲ ဆက္ေနခ်င္တဲ့ အေၾကာင္းျပခ်က္နဲ႔ ျငင္းခဲ့တာလို႔ သိရပါတယ္။

ဒါကေတာ့ အခ်စ္ေရးမွာ ကံေခခဲ့ဖူးတဲ့ Idol ေတြပါပဲ။ အမ်ားစုဟာ နာမည္မေက်ာ္ၾကားခင္မွာ အျငင္းခံခဲ့ရတာ၊ အလွည့္စားခံခဲ့ရတာ ျဖစ္တာေၾကာင့္ နာမည္ေက်ာ္ၾကားမႈဟာ အခ်စ္စစ္ကို ရွာေဖြရာမွာေရာ အသုံး၀င္မွာလားဆိုတာကေတာ့ စိတ္၀င္စားစရာပါပဲ။

Xei

Ref: koreaboo

(Unicode Version)

k-pop Idol ဆိုတာမျိုးဟာ ရုပ်ချော၊ ချမ်းသာပြီး အရည်အချင်းမျိုးစုံနဲ့ ပြည့်စုံနေလို့ ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်တွေလို့ အပေါ်ယံ သတ်မှတ်ထားကြပေမယ့် သူတို့သည်လည်း အသည်းကွဲဖူးကြပါတယ်။ ပျိုမေတိုင်းရဲ့ အိပ်မက်ထဲက မင်းသားလေးတွေ ဖြစ်နေပေမယ့် အသည်းမာတဲ့ မိန်းကလေးတွေနဲ့ တွေ့တဲ့အခါ အငြင်းခံရတဲ့ ခံစားချက်က Idol တွေကို ခံစားရခက်စေမှာ အမှန်ပါ။ ဒီလို အသည်းကွဲဖူးတဲ့ Idol (၁၁)ယောက်ကတော့ …

(၁) Block B ရဲ့ ZICO
Photo: channel korea

ZICO ရဲ့ ပြောပြချက်အရ နာမည်ကျော် ဆယ်လီအမျိုးသမီးတစ်ဦးကို နှစ်ခါတိတိ ချစ်ခွင့်ပန်ဖူးပေမယ့် နှစ်ခါလုံး အငြင်းခံခဲ့ရတယ်လို့ ဆိုပါတယ်။ ဒါဟာ တော်တော်လေး ခါးသီးမယ့် ခံစားချက်မျိုးပါပဲ။

(၂) BTOB ရဲ့ Minhyuk
Photo: soompi

Minhyuk ကတော့ အလယ်တန်းကျောင်းသားဘဝတုန်းက သူ့ထက်တစ်နှစ်ငယ်တဲ့ ကောင်မလေးတစ်ယောက်ကို တစ်ဖတ်သတ်ချစ်ခဲ့ဖူးတယ်လို့ ဆိုပါတယ်။ အံ့သြဖို့ကောင်းတာကတော့ လေးနှစ်တိတိ တိတ်တိတ်လေး ခိုးချစ်နေခဲ့ပြီးမှ ကောင်မလေးကို ဖွင့်ပြောခဲ့တာပါပဲ။ အဲ့ဒီ့ကောင်မလေးဟာ Minhyuk ရဲ့ အချစ်ကို လက်ခံခဲ့ပေမယ့်လည်း ချစ်သူဘဝမှာ တစ်ဖတ်သတ်ဆန်တဲ့ အချစ်တွေကို Minhyuk ဘက်ကပဲ ပေးဆပ်ခဲ့ရတာကြောင့် နောက်ဆုံးမှာ လမ်းခွဲခဲ့ရတယ်လို့ သိရပါတယ်။

(၃) EXO ရဲ့ D.O.
Photo: fanpop

D.O. ကလည်း တစ်ခါတုန်းက သူ့ရဲ့အချစ်ဦးအကြောင်းကို ပြောပြခဲ့ဖူးပြီး သူရိုက်ဖူးတဲ့ ဒရာမာတွေထဲကလို စိတ်ကူးယဉ်ဆန်တဲ့ အချစ်ဇာတ်လမ်းမျိုး လုံးဝမဟုတ်ခဲ့ဘူးလို့ ဆိုပါတယ်။ “အရမ်းဝမ်းနည်းဖို့ကောင်းပြီး စိတ်ဓာတ်ကျစရာကောင်းတဲ့ အချစ်မျိုးဆိုတာ ကျွန်တော် မှတ်မိနေခဲ့ပါတယ်။ ကျွန်တော်က သူ့ကို သိပ်စွဲလန်းနေခဲ့တာလေ။ လူတစ်ယောက်က ချစ်သူအပေါ် အရမ်းစွဲလန်းလာပြီဆိုတာနဲ့ သူ့ချစ်သူဆီက ဂရုစိုက်မှုတွေ ဆုံးရှုံးရပြီဆိုတာ ကျွန်တော် အဲ့ဒီ့တုန်းကတည်းက သင်ယူခဲ့ရပါတယ်” လို့ D.O. က ပြောပြဖူးပါတယ်။

(၄) INFINITE အဖွဲ့ရဲ့ Sunggyu
Photo: soompi

Sunggyu ရဲ့အချစ်ဦးကတော့ ကျောင်းတုန်းက တီးဝိုင်းအဖွဲ့ဝင်တစ်ယောက်လို့ သိရပါတယ်။ အဲ့ဒီ့ကျောင်းတီးဝိုင်းမှာ Sunggyu က ကီးဘုတ်နဲ့ အဆိုပိုင်းကို တာဝန်ယူခဲ့ရတာပါ။ ဝိုင်းတော်သားအချင်းချင်းဆိုတော့ တဖြည်းဖြည်းနဲ့ အဲ့ဒီ့ကောင်မလေးကို ချစ်မိခဲ့လို့ သူမအတွက် ရည်ရွယ်ပြီး အချစ်သီချင်းတွေလည်း ခဏခဏ ဆိုပြခဲ့သူပါ။ စိတ်မကောင်းစရာကတော့ ဒရာမာတွေထဲကလို ပြန်အချစ်မခံခဲ့ရတာပါပဲ။

(၅) BTS ရဲ့ J Hope
Photo: billboard

အထက်တန်းကျောင်းသား အရွယ်တုန်းက J Hope မှာ ချစ်သူမိန်းကလေးတစ်ယောက် ရှိခဲ့ဖူးပါတယ်။ ဒါပေမယ့် အဲ့ဒီ့ကောင်မလေးဟာ အခြားကောင်လေးတစ်ယောက်ကို ရွေးချယ်ပြီး J Hope ကို ထားရစ်ခဲ့တယ်လို့ ဆိုပါတယ်။ တော်တော်မိုက်မဲတဲ့ ကောင်မလေးလို့ပဲ ပြောရမှာပါ။

(၆) Henry
Photo: asianwiki

Henry ဆီမှာ တစ်ဦးတည်း ချစ်ခဲ့ရတဲ့ ချစ်သူတစ်ယောက် ရှိခဲ့ဖူးပြီး ကနေဒါမှာ နေတုန်းက (၇)နှစ်တာ တွဲခဲ့သူလို့ ဆိုပါတယ်။ ဒါပေမယ့် Henry ရဲ့ အချစ်ဆုံးသူငယ်ချင်းနဲ့ ဖောက်ပြန်နေခဲ့လို့ ကြေကွဲစရာ အဆုံးသတ်ခဲ့ရပါတယ်။

(၇) Big Star ရဲ့ Sunghak

The Unit reality show မှာ Sunghak က သူ့ရဲ့ငယ်ချစ်ဦးအကြောင်းကို ဖောက်သည်ချခဲ့ဖူးပါတယ်။ အလယ်တန်းကျောင်းသား အရွယ်တည်းက သူနဲ့ တွဲခဲ့တဲ့ ကောင်မလေးဟာ တစ်ခြားကောင်လေးအတွက်နဲ့ သူ့ကို ထားခဲ့တယ်လို့ ဆိုပါတယ်။ ဖြစ်ချင်တော့ Sunghak ရဲ့ ချစ်သူကောင်မလေး ရွေးချယ်သွားတဲ့သူဟာ The Unit အစီအစဉ်ထဲမှာပဲ ပါဝင်နေတဲ့ Marco ဖြစ်နေတာပါပဲ။

(၈) BIGBANG အဖွဲ့ရဲ့ Seungri
Photo: the straits times

Seungri ရဲ့အဖြစ်ကတော့ ငိုအားထက် ရယ်အားသန်ရမလိုပါ။ သူဟာ ကောင်မလေးတစ်ယောက်နဲ့ တစ်နှစ်လောက် တွဲခဲ့ဖူးပါတယ်။ အဲ့ဒီ့ကောင်မလေးဟာ G-Dragon နဲ့လည်း သိကျွမ်းရင်းနှီးတယ်လို့ ဆိုပါတယ်။ Seungri ဘက်ကသာ ချစ်သူအဖြစ်နဲ့ သတ်မှတ်ခဲ့ပေမယ့် ကောင်မလေးဘက်ကတော့ သူတို့နှစ်ယောက်က တွဲနေခဲ့တယ်လို့ လုံးဝမထင်ခဲ့ဘူးလို့ ဆိုပါသတဲ့။ Seungri ကတော့ အဲ့ဒီ့ကောင်မလေးကို တကယ်လည်း နှစ်သက်ပြီး စာတွေလည်း မကြာခဏ ပို့သလို ကောင်မလေးရဲ့အမေနဲ့တောင် ခဏခဏ ဖုန်းပြောဖူးတယ်လို့ ဆိုပါတယ်။ ဒီလိုနဲ့ပဲ ဇာတ်လမ်းလေးဟာ တစ်ဖတ်သတ်ဆန်ဆန် အောင့်သီးအောင့်သက်နဲ့ပဲ အဆုံးသတ်ခဲ့ရပါတယ်။

(၉) BTS ရဲ့ V
Photo: channel korea

V အထက်တန်းကျောင်းသား အရွယ်တုန်းက တစ်ဖတ်သတ်ချစ်ဖူးတဲ့ ကောင်မလေးတစ်ယောက် ရှိပါတယ်။ ဒါနဲ့ပဲ သူလည်း ရှိသမျှသတ္တိအားလုံး စုဆောင်းပြီး ဖွင့်ပြောဖို့ရာအတွက် မိုးရွာတဲ့နေ့တစ်နေ့မှာ ကောင်မလေးဆီ ဖုန်းခေါ်ခဲ့ပါတယ်။ သို့ပေမယ့် ကောင်မလေးဟာ ဖုန်းကို လုံးဝမကိုင်တဲ့အတွက် V လည်း လက်လျှော့လိုက်တယ်လို့ သိရပါတယ်။

(၁၀) Super Junior ရဲ့ Kyuhyun
Photo: hype malaysia

Kyuhyun ရဲ့ ဇာတ်လမ်းကတော့ စိုင်းထီးဆိုင် ဆန်ပါတယ်။ အကြောင်းကတော့ နာ့စ်မလေးကို ချစ်မိခဲ့လို့ပါ။ တစ်ခါတုန်းက ကားအက်ဆီးဒင့် ဖြစ်ခဲ့ရလို့ ဆေးရုံတက်ခဲ့ရပြီး အဲ့ဒီ့က နာ့စ်မလေးကို ချစ်မိခဲ့တာလို့ ဆိုပါတယ်။ အဲ့ဒါနဲ့ပဲ အားမွေးပြီး နာ့စ်မလေးဆီက ဖုန်းနံပါတ်တောင်းတဲ့အခါမှာတော့ ကောင်မလေးက ချစ်သူရှိတယ်ဆိုပြီး သူ့ကို ငြင်းခဲ့ပါသတဲ့။ ဒီလိုနဲ့ အတော်ကြာတဲ့ တစ်နေ့မှာတော့ Super Junior အဖွဲ့ရဲ့ ပရိသတ်နဲ့ တွေ့ဆုံပြီး လက်မှတ်ရေးထိုးပွဲ ပြုလုပ်ခဲ့ရာ အဲ့ဒီ့နာ့စ်မလေးကို ပြန်တွေ့လိုက်ရတယ်လို့ ဆိုပါတယ်။ ကံဆိုးချင်တော့ နာ့စ်မလေးက သူ့လက်မှတ်ရဖို့ တန်းစီနေတာမဟုတ်ဘဲ Eunhyuk ရဲ့ လက်မှတ်ကိုရဖို့ တန်းစီနေတာကို တွေ့ခဲ့ရတယ်လို့ ဆိုပါတယ်။ ဒီလိုနဲ့ပဲ တစ်ခန်းရပ်တဲ့ အချစ်ဇာတ်လမ်းလေး ဖြစ်သွားပါတော့တယ်။

(၁၁) BIGBANG ရဲ့ G-Dragon
Photo: SBS

G-Dragon ဟာ BIGBANG အဖွဲ့ ပွဲထွက်ကာစမှာ J လို့ နာမ်စားသုံးပြီး သီချင်းအချို့ သီဆိုခဲ့ဖူးပါတယ်။ အဲ့ဒီ့ J ဆိုတာ ဘယ်သူ့ကို ရည်ညွှန်းမှန်း အချိန်အတန်ကြာတဲ့အထိ မသိခဲ့ရပါဘူး။ နောက်မှ ထွက်ပေါ်လာတဲ့ သတင်းတွေအရ အဲ့ဒီ့ J ဆိုတဲ့ နာမ်စားဟာ Kim Jinah ဆိုသူ အမျိုးသမီးဖြစ်ပြီး G-Dragon ပွဲမထွက်ရသေးခင်ကတည်းက ငြင်းထားသူလို့ ဆိုပါတယ်။ သူမဆီမှာလည်း ရည်းစားရှိပြီး GD နဲ့ သူငယ်ချင်းလိုပဲ ဆက်နေချင်တဲ့ အကြောင်းပြချက်နဲ့ ငြင်းခဲ့တာလို့ သိရပါတယ်။

ဒါကတော့ အချစ်ရေးမှာ ကံခေခဲ့ဖူးတဲ့ Idol တွေပါပဲ။ အများစုဟာ နာမည်မကျော်ကြားခင်မှာ အငြင်းခံခဲ့ရတာ၊ အလှည့်စားခံခဲ့ရတာ ဖြစ်တာကြောင့် နာမည်ကျော်ကြားမှုဟာ အချစ်စစ်ကို ရှာဖွေရာမှာရော အသုံးဝင်မှာလားဆိုတာကတော့ စိတ်ဝင်စားစရာပါပဲ။

Xei

Ref: koreaboo

RELATED ARTICLES

Most Popular